Friday, August 14, 2015

ရွှေမန်း နဲ့ မောင်မောင်သိမ်းကို နေအိမ်အကျယ်ချုပ် ထားလိုက်တယ် ထူးခြားလှတဲ့ သတင်းမဟုတ်ပါ


လောလောဆယ် ဒီလို သုံးသပ်ပါတယ်
၂၀၁၀ ရွေးကောက်ပွဲမှာအဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်ဒီ နဲ့ တိုင်းရင်းသားပါတီတွေကို အတင်းဘေးဖယ်ထားခဲ့တယ် ဖွတ်ပါတီ နဲ့အတူ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အန်ဒီအက်ဖ် ကျားဖြူ နဲ့ အခြားပါတီငယ်လေးတွေဟာ နိုင်ငံတကာကိုအပြကောင်းအောင်ထည့်ထားတဲ့ ပွဲတက်အိမ်ဖြည့်ပါတီသက်သက်တွေသာဖြစ်တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဖွတ်ပါတီဟာ နည်းမျိုးစုံညစ်လုံးသုံးပြီး ရွေးကောက်ပွဲကို အနိုင်ပိုင်းခဲ့တယ် ရွှေမန်းဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရပ်ကွက် ကျေးရွာ လုံးဝမရှိပဲ စစ်တပ်နယ်မြေသီးသန့်ဖြစ်တဲ့ နေပြည်တော် ဇဗ္ဗူသီရိမဲဆန္ဒနယ်ကနေ ဝင်အရွေးခံတာဖြစ်တယ်
၂၀၁၀ ရွေးကောက်ပွဲမှအောက်လမ်းနည်းနဲ့ အနိုင်ယူခဲ့တဲ့ ဖွတ်ပါတီဟာ အိမ်ဖြည့်ပါတီတွေကို ရွေးကောက်ပွဲအပြီးမှာ ကန်ထုတ်လိုက်ပြီး အစိုးရအဖွဲ့ကို ဖွတ်ပါတီထိပ်ပိုင်းလူတွေနဲ့သာ ထီးထီးဖွဲ့ခဲ့တယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖွတ်ပါတီရဲ့ အဓိက စိန်ခေါ်မှုဟာ ဖွတ်ပါတီက တင်မြောက်လိုက်တဲ့ ဖွတ်အစိုးရဟာ ပြည်တွင်းပြည်ပ နယ်ပယ်အစုံမှာ သက်တမ်းပြည့် အစိုးဖြစ်ဖို့ပါပဲ
.
အဲဒီအချိန်ကစလို့ သန်းရွှေ ဦးဆောင်တဲ့ဖွတ်အဖွဲ့ကြီးဟာ အပိုင်း ၃ ပိုင်းခွဲပြီး ကစားခဲ့တယ် စစ်တပ်အပိုင်း ပါတီအပိုင်း နဲ့ အစိုးရအပိုင်း ဆိုတဲ့ အပိုင်း ၃ ပိုင်းဖြစ်တယ်
ဖွတ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးအတွက် ပထမဆုံးယောင်ပြခြေလှမ်းက ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်တယ်
ပြည်တွင်းငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်တွေသုံးပြီး ပြည်တွင်းလက်နက်ကိုင်တပ်တွေကို စားပွဲပေါ်ဆွဲခေါ်ကာ နိုင်ငံတကာမျက်နှာစာကို မျောက်ပြဆန်တောင်းမျက်လှည့်ပွဲ ကောင်းကောင်းပြနိုင်ခဲ့တယ် အခုထိပါပဲ
ဖွတ်အဖွဲ့ရဲ့ နောက်ခြေတစ်ဆင့်ခြေလှမ်းက ခေါင်ထိအကုန်ရ ဆိုတာပါ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်ကို အချိုသပ်ချဉ်းကပ်ပြီး ဖွတ်အုပ်စု ဇာတ်စီးထားတဲ့ နိုင်ငံရေးမျက်နှာစာမှာ ပါဝင်လာစေတာပါ
ဒေါ်အောင်ဆန်းစုကြည်ကို ဖွတ်အုပ်စု ၃ ခုစလုံး က ဝိုင်းပြီးမျက်နှာချိုသွေးလိုက်ကြတာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပါတော့တယ် အဲဒီအချိန်မှာ တိုက်ဆိုင်စွာပဲ မြစ်ဆုံဆည်တရုတ်အစိုးရထံရောင်းစားမှုကို ပြည်သူတွေကြားမှာ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်တာ ဖြစ်နေခဲ့တယ်
ဖွတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ထံက ကျမသမ္မတကြီးကိုယုံတယ် ဆိုတဲ့ စကားနဲ့ အလားတူစကားတွေထွက်လာဖို့ ပြုပြင်ပြောင်းလဲရေးသမားတွေအဖြစ် နည်းမျိုးစုံ အယောင်ဆောင်လိုက်တာ ဒုသမ္မတ ရှစ်လုံးကို ဖြုတ်တဲ့အထိ လုပ်ပြခဲ့တယ်
ဒေါ်အောင်ဆန်းစုကြည်ထံက ထောက်ခံမှုနဲ့ လုံလောက်တဲ့ နိုင်ငံတကာဆက်သွယ်မှုတွေရအပြီးမှာ ဖွတ်အဖွဲ့ဟာ ကစားပုံပြောင်းလာပါတယ် ဖွတ်အစိုးရ နဲ့ ဖွတ်စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခပ်တန်းတန်းပြန်နေလိုက်တယ်
ပြည်သူတွေရဲ့ အာရုံစိုက်မှုဟာ မြစ်ဆုံအပြီးမှာ ကျောက်ဖြူကူမင်း ပိုက်လိုင်းဖြစ်လာတယ် ဖွတ်အဖွဲ့ဟာ တရုတ်အစိုးရ နဲ့ မဟာဗျူဟာမြောက်တဲ့ လျှို့ဝှက်စီမံကိန်းတွေကို လူသိမခံဝံ့တဲ့အတွက် ရခိုင် နဲ့ မိတ္ထီလာမှာ ဘာသာရေးအကြမ်းဖက်မှုတွေဖန်တီးခဲ့တယ် ကချင်ဒေသမှာ စစ်ပွဲတွေဖန်တီးခဲ့တယ် လက်ပံတောင်းတောင်ကန့်ကွက်မှုကို အကြမ်းဖက်ဖြေရှင်းခဲ့တယ် တရုတ်အစိုးရကလည်း ပိုက်လိုင်းဖောက်လုပ်ဆက်သွယ်မှုကို ဖွတ်အဖွဲ့နဲ့ ဟန်ချက်ညီညီ အမြန်ပြီးအောင်လုပ်ခဲ့တယ် ဖွတ်တွေဟာ လက်ပံတောင်းအရေးအခင်းအပြီးမှာ ပါတီတွင်း အမာဂိုဏ်း အပျော့ဂိုဏ်းဆိုပြီး စုစုပေါင်း ၄ ပိုင်းခွဲကစားလာတယ် ဒေါ်အောင်ဆန်းစုကြည်အနားမှာ ရွှေမန်းဦးဆောင်ကစားနေတဲ့ ဖွတ်ပါတီအပျော့ဂိုဏ်း ကို ဆက်ကစားစေခဲ့တယ် ဖွတ်ရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နား ဟန်မပျက်ဆက်ကပ်ခဲ့တယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လူကြီးလူကောင်းနိုင်ငံရေးလမ်းကြောင်းအတိုင်း အသေအချာအတိအကျ လှလှပပ ဆောင်ရွက်ခဲ့တယ် ဒီပဲရင်းအရေးအခင်းနဲ့ပတ်သတ်လို့ အာဃာတ မထားကြောင်းခိုင်မာစွာ ပြသနိုင်ခဲ့တယ် စစ်တပ်အပေါ် နားလည်ပြီး ဒီမိုကရေစီအရေးမှာ စစ်တပ်ပူးပေါင်းပါဝင်မှုကို အမြဲလက်ကမ်းကြိုဆိုနေတယ်ဆိုတာ ပြသနိုင်ခဲ့တယ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း ကိုယ့်နာမည် မှတ်ပုံတင် နေရပ်လိပ်စာရေးပြီး လက်မှတ်ထိုးတောင်းဆိုမှုကို အချိန်တိုအတွင်းမှာ လက်မှတ် ငါးသန်းရအောင် စွမ်းဆောင်ခဲ့တယ် ၂၀၁၄ နှစ်ကုန်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်ကို ယုံကြည်ရတဲ့သူစာရင်းက ပယ်ဖျက်ကြောင်းကြေညာခဲ့တယ်
၂၀၁၅ နှစ်ဦးပိုင်းမှာ ဖွတ်အဖွဲ့ဟာ နောက်တစ်ပိုင်းကို ထပ်ထည့်ပြီး အပိုင်း ၅ ပိုင်းခွဲ ကစားလာတယ် နောက်တိုးအပိုင်းက ဖွတ်တင်အေးရဲ့ ကော်မရှင်အပိုင်းဖြစ်တယ် ကော်မရှင်အပိုင်းဟာ မဲစရင်းကို တမင်တကာ အမှားအယွင်းတွေထည့်ပြီး အန်အယ်ဒီကို အလုပ်ပိုစေခဲ့တယ်
ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ဖွတ်အဖွဲ့ရဲ့ အပိုင်း ၅ ပိုင်းစလုံး ဟန်ချက်ညီညီ ကစားဖို့အရေးကြီးလာတယ်
မုန်တိုင်းကြောင့်ရေကြီးမှုဟာ ဖွတ်အဖွဲ့ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း ကမ္ဘာ့ပြည်သူတွေ မျက်ဝါးထင်ထင်မြင်သွားစေတယ် မုန်တိုင်းကယ်ဆယ်ရေးကြောင်းပြည်သူတွေ နိုးကြားလာတယ် စစ်ဗိုလ်ပေါက်စတွေက ဆရာဝန်တွေကို အုပ်ချုပ်ဖို့ ဝန်ကြီးဌာနမှာ ရာထူးကြီးဝင်ယူတာကို ဆရာဝန်တွေက တညီတညွတ်တည်း ဆန့်ကျင်ကြတယ် အနက်ရောင် ဖဲကြိုး ကန့်ကွက်မှုဟာ ဖွတ်ကာလတလျောက်မှာ အကြီးမားဆုံးသော ပညာတတ်တွေရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုဖြစ်တယ်
ဒီအချိန်အတွင်းမှာ ဖွတ်ပါတီအပျော့ဂိုဏ်းခေါင်းဆောင် ရွှေမန်းကို ဖွတ်သမ္မတ သိန်းစိန်က ဖွတ်ပါတီဥက္ကဋ္ဌရာထူးကနေ ဖြုတ်ချလိုက်တယ်ဆိုတဲ့သတင်းမနေ့ညက တက်လာတယ် အမှန်ပြောရရင်ရင်ခုန်စရာသတင်းမဟုတ်ပါ
ဖွတ်တွေ ကွဲနေသယောင် နိုင်ငံတကာကို လှည့်ကွက် ထပ်ထုတ်တာပါ ခင်ညွန့်နမူနာကိုကြည့်ပါ ခင်ညွန့်ဟာဖွတ်ပီသတဲ့သူပါ ရွှေမန်းဟာလည်းခင်ညွန့်လို ဖွတ်တကောင်ပါ ဖွတ်ပါတီ ဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချခံလိုက်ရတာ ဖွတ်ရွှေမန်းအတွက် လူကြမ်းဝင်လုပ်လိုက်ရတဲ့ ဖွတ်သိန်းစိန်ထက်စာရင် ခံသာပါသေးတယ် ဖွတ်သန်းရွှေရဲ့ လှည့်ကွက်တစ်ခုပါ
အခုအချိန်အထိ ဖွတ်သန်းရွှေဟာ အာဏာကို ချုပ်ကိုင်ထားနိုင်ဆဲပါ ဖွတ်သမိုင်းမှာ အာဏာကို လက်မလွှတ်ရအောင် စောမောင်ကို ထိုးကျွေးခဲ့တယ် နေဝင်းကို ဇာတ်တူသားစားခဲ့တယ် ခင်ညွန့်ကို ဟန်ဆောင်ချနင်းခဲ့တယ် အခုတစ်ခါ ဖွတ်ရွှေမန်းကို သူတော်စင်ပါလို့ အဆုံးတိုင်လိမ်ဖို့အတွက် ဟန်ဆောင်ရာထူးချလိုက်တာပါပဲ
ကဲမေးမယ်
ဖွတ်ရွှေမန်းကို ကိုပါကြီးလို ဒေါ်ခင်ဝင်းလို ကိုဖုန်းမော်လို ပစ်သတ်လိုက်သလား မလုပ်ပါ ဖွတ်ပါတီကနေ ထုတ်ပြီး ထောင်ချလိုက်သလား မလုပ်ပါ ဖွတ်ပါတီငွေစာရင်းရှင်းတမ်းကို ထုတ်ပြပြီလား မလုပ်ပါ ငါးလောင်းပြိုင်လူသတ်မှု လက်သည်ပေါ်ပြီလား မပေါ်သေးပါ တရုတ်အစိုးရနဲ့ ချုပ်ထားတဲ့ ကျောက်ဖြူကူမင်းပိုက်လိုင်းစာချုပ် ပြည်သူတွေကို ထုတ်ပြပြီလား မပြသေးပါ ဖွတ်တွေက နိုင်ငံတကာကို ဆက်လိမ်နေတုန်းပါပဲ
ငါတို့ဘာလုပ်ရမလဲ
ဖွတ်သန်းရွှေ ခုချိန်အထိ လူမိုက်လုပ်နိုင်နေတာ အချက် ၂ ချက်ပါ
၁ အချက်က အသိမကြွယ်တဲ့လူငယ်တွေကို စစ်သားအဖြစ်သိမ်းသွင်းခိုင်းစားနေတာ
၂ တရုတ်အစိုးရလက်ထဲ မြန်မာပြည်ထိုးအပ်ပြီး ကျောထောက်နောက်ခံယူထားတာ
ဒီတော့
စစ်သားတွေကို ဖွတ်သန်းရွှေမှိုင်းတိုက်မှုအောက်ကလွတ်အောင် နားမျက်စိဖွင့်ပေးရမယ်
ရခိုင် မကွေး စစ်ကိုင်း ကချင် နဲ့ အခြားနေရာအနှံ့တွေမှာ တရုတ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေ နဲ့
ဖွတ်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးတရားမဝင်ဝင်ငွေတွေကို ပြည်သူတွေက ကမ္ဘာသိအောင်ဖော်ထုတ်ရမယ်
Yoother Kyooseer Phyusin

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...