Friday, September 25, 2015

သဘာဝတရားကိုမျက်ကွယ်ပြုခဲ့ကြတော့လည်း တန်ခိုးတော်ကမမြဲပါ



မသေနိုင်တဲ့မိခင်ဆိုတာသဘာဝဆိုတဲ့မိခင်ကြီးပါပဲ၊
သဘာဝမိခင်ကြီးမှာအိမ်ထောင်ဖက်မရှိဘူး၊ ပြီးတော့
ဘယ်တော့မှမသေနိုင်တဲ့သက်တန်းတွေရှိတယ်၊
ဒီသဘာဝမိခင်ကြီးကနေကျနော်တို့အတွက်ပထမဦးဆုံး
မိခင်ပထမဦးဆုံးဖခင်တွေကိုမွေးဖွါးပေးခဲ့တယ်၊

ပြီးတော့ကျနော်တို့လူသားအားလုံးကိုမွေးဖွါးပေးခဲ့တယ်၊

လူသားအားလုံးတိရိစ္ဆာန်အားလုံးအသက်ရှင်နေထိုင်ရန်
လိုအပ်တဲ့ ရေ မြေ လေ သစ်ပင် စားနပ်ရိက္ခာအားလုံးကို
အဆင်သင့်ဖြစ်နေအောင်လုပ်ထားပေးခဲ့တယ်၊

ဒီသဘာဝဆိုတဲ့ဆန်းကြယ်တဲ့အရာကိုဘေးဖယ်ထားပြီး
ငါရဲ့ဘုရားကကမ္ဘာကြီးကိုဘယ်လိုဖန်ဆင်းတယ်
ငါရဲ့ဘုရားကလူ့လောကကြီးကိုဘယ်လိုဖန်ဆင်းတယ်လို့
ပြောနေကြသူတွေအားလုံးဟာ သဘာဝမိခင်ကြီးကနေ
ဆင်းသက်ပေါက်ဖွါးလာကြသူတွေကြီးပါပဲ၊

တကယ်တော့ ဂေါတမမြတ်စွာဘုရား သခင်ရေရှူ
တမန်တော့မိုဟာမက် ကွန်ဖြူးရှပ် ဂျူးတမန်တော်မိုးဇက်
တွေအားလုံးဟာ လူသားတွေပါပဲ၊ တနည်းအားဖြင့်ပြောရရင်
သဘာဝမိခင်ကြီးရင် သားတော် မြေးတော် မြစ်တော်တွေပါပဲ၊

ဒီလိုပြောလိုက်လို့ မင်းကတော့ Atheism ဘာသာမဲ့သူ
တစ်ယောက်လို့ပြောရင်လည်း ကျနော်ကမှုမှာမဟုတ်ဘူး၊
ဂရှုလည်းစိုက်မှာမဟုတ်ဘူး၊

ကျနော်က ဒဏ္ဍာရီဆန်တဲ့တန်ခိုးတော်တွေထက်
ကိုယ်ကြိုက်တဲ့ Philosophy ဖလော်ဆော်ဖီကို
လက်ခံပြီး ကျင့်ကြံလိုက်နာချင်သူတစ်ဦးပါ၊

နောင်ဘ၀တို့နိဗာန်တို့ကိုမမျှော်ကိုးပြီးကိုးကွယ်ချင်တာထက်
သူတို့ချမှတ်ခဲ့တဲ့အတွေးခေါ်ကောင်းတွေ အယူအဆကောင်း
တွေကို လက်ခံပြီး လက်ရှိဘ၀ကိုအကောင်းဆုံးဖြတ်သန်း
ချင်တာတစ်ခုထဲပါ၊

ကျနော်တို့က ဘရား တမန်တော်တို့ကို great philosophy
ကြီးမြတ်တဲ့ အတွေးအခေါ်ပညာရှင်ခေါ်ရှင်လို့ခေါ်ရင်
လူတွေကမကြိုက်ကြသလို religious founders
ဘာသာရေးအယူဝါဒတစ်ခုကိုစတင်ထူထောင်သူ
တွေပါလို့ဆိုပြန်ရင်လည်း သိပ်ကျေနပ်ပုံမပေါ်ဘူး၊
သူတို့ကအရမ်းကိုကြီးကျယ်မြင့်မြတ်တဲ့ဘုရားဆိုမှ
ကျေနပ်ကြတယ်၊

ဒီလို သဘာဝမိခင်ထက်ပိုပြီးကြီးကျယ်နေတဲ့
အယူအဆဆိုတာကို လူအများလက်ခံလာအောင်
အယုံသွင်းခဲ့သူတွေဆိုတာကလည်း သာမန်လူသားတွေပါပဲ၊

ဒီတော့ဗျာ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ဘုရားတွေက
တမန်တော်တွေက ကမ္ဘာကြီးကိုဖန်ဆင်းတာလား
သဘာဝမိခင်ကြီးက ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ဘုရားတွေကို
မွေးဖွါးပေးခဲ့တာလားလို့ မေးခွန်းထုတ်ရင် ဘာသာရေး
ခေါင်းဆောင်ကြီးတွေက မကြိုက်ဘူးဗျ၊ မမေးသင့်ဘူးဆိုပြီး
နောင်လာနောက်သားတွေကို အကြောက်တရားနဲ့ပိတ်ပင်ထားတယ်၊

ဒီတော့ဗျာ ဘာဖြစ်လာသလဲ၊
ကောင်းမွန်တဲ့ဖီလောဆော်ဖီတွေအပေါ် လူတွေကတန်ဖိုးထားမှု
လိုက်နာကျင့်သုံးမှုနည်းလာပြီး တန်ခိုးတော်တွေ
နောင်ဘ၀တွေ နိဗာန်ရောက်ကြောင်းတွေအပေါ် အားကိုးအားထား
ပြုလာကြတဲ့ ဘာသာရေးတွေဖြစ်မှန်းမသိဖြစ်လာတယ်၊

ဒါဟာ ဒီနေ့ဘာသာအားလုံးရဲ့အားနည်းချက်တွေပဲဖြစ်တယ်၊
တနည်းအားဖြင့်ပြောရရင် ဆုတ်ယုတ်လာတဲ့သဘောပဲ၊
ဒါကြောင့် လူတွေဟာ ဘာသာရေးနဲ့ပတ်သက်လာရင်
နည်းနည်းလေးထိလိုက်တာနဲ့ တစ်ခုနဲ့တစ်ခု တစ်စုနဲ့တစ်စု
တိုက်ကြခိုက်ကြသတ်ကြဖြတ်ကြနဲ့ဖြစ်လာရတယ်၊
တူလည်းတိုက်တယ် မတူလည်းတိုက်တယ်၊ သတ်တယ် ဖြတ်တယ်၊
ဘာသာရေးခေါင်းဆောင်ကြီးတွေပြောသမျှလိုက်လုပ်တော့တယ်၊
တကယ်တော့ အဲဒီဘာသာရေးခေါင်းဆောင်ကြီးတွေဆိုတာ
ကောင်းမွန်တဲ့ဖီလောဆော်ဖီတွေကို မလိုက်နာပဲ သူတို့လိုချင်တဲ့
သူတို့တို့ပိုပြီး profit and benefit အကျိုးခံစားခွင့်ပိုရှိမဲ့
သူတို့ဖီလောဆော်ဖီတွေကို မိသိမသာအစားထိုးပြီးလုပ်လာကြတယ်၊

လူအများမှာ လက်တွေ့လူလောကကိုအကျိုးပြုတဲ့တဲ့ဖီလော်ဆော်ဖီနဲ့
ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်ဆန်တဲ့ တန်ခိုးတော်တွေအကြားမှာ
မိမိတို့ရဲ့ယုံကြည်မှုတွေကို မကွဲမပြားနေ့စဉ်ကျင့်ကြံနေရဆဲပါ၊
လူတွေအားလုံးေ၀၀ါးနေကြတယ်၊ ဘာသားရေးကြောင့်
စစ်တွေဖြစ် သတ်ကြသေကြတော့ ပိုပြီးစိတ်ပျက်လာကြတယ်၊

ဒါကြောင့် ဒီနေ့ကမ္ဘာကြီးမှာ ဘာသာတိုင်းလိုလို
ဘာသာရေးယုံကြည်မှုအနိမ့်ဆုံးအဆင့်ကို
ရောက်နေပြီလို့ လေ့လာကြသူတိုင်းသိနေကြပါပြီခင်ဗျာ၊

သဘာဝတရားကိုမျက်ကွယ်ပြုခဲ့ကြတော့လည်း
တန်ခိုးတော်ကမမြဲပါ ဘူးဆိုတာ လက်တွေ့အဖြစ်တွေက
ပြသနေကြောင်းပါခင်ဗျာ၊




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...