Saturday, October 24, 2015

ဘာကြောင့် သူတို့  ချမ်းသာကြသလဲ ဘာကြောင့် ငါဒို့  ဆင်းရဲ ကြသလဲ

Moethee Zun

ကမ္ဘာကြီးမှာ နိင်ငံပေါင်း ၁၉၆ နိင်ငံရှိတယ်။ ဒီထဲက၂၅ နိင်ငံ က ကျိကျိတက် အချမ်းသာဆုံးနိင်ငံတွေ။ ဒီထဲက နိင်ငံ ၂၀ က ဆင်းရဲ နုံချာ လွန်းရှာတဲ့နိင်ငံတွေ။ ဒီဆင်းရဲ နုံချာလွန်းတဲ့ နိင်ငံထဲမှာ မြန်မာနိင်ငံဟာရှေ့ ဆုံးက ပါနေတယ်။

အချမ်းသာ ဆုံးနိင်ငံများ
အမေရိကန် ပြည်ထောင်စု၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ကနေဒါ၊ဖင်လန်၊ ပြင်သစ် ၊ ဂျာမဏီ၊ ဗြိတိန်၊ ဂျပန်၊နယ်သာလန်၊ လူဇင်ဘတ်၊ တောင်ကိုရီးယား ၊ စင်္ကပူ၊ ဟောင်ကောင် ၊ တိုင်ဝမ် ၊သြ စတီးယား၊ သြစတေးလျား၊ အိုင်ယာလန်၊ အိုက်စလန်၊ စပိန် ၊ အီတလီ တို့ ဖြစ်တယ်။


အဆင်းရဲဆုံးနိင်ငံများ
အဆင်းရဲ ဆုံးနိင်ငံ တွေကတော့ မြန်မာ ၊ ကွန်ကို၊ မိဇမ် ဘစ်၊ချဒ် ၊ လိုင်ဘီးယား၊ဆီရီလီယွန်၊ ဂူနီယာ၊ အီတစ်ယား၊ ဗဟိုအာဖရိက၊ အီသီယိုးပီယား၊ ဂူနီးယာ အေ ဘစ်စု၊ မာလီ ။ အီသီယိုးပီးယား၊ဇင်ဘာဘွေ၊ အာဖန်ဂန် နစ်စတန် ၊ မာလာ ၀ီ၊ ကိုတီဒီဘိုးရီးယား၊ ဂန် ဘီယား ၊ ကန်ဘောဒီယား ။
( အာရှ က မြန်မာ နဲ့  အာဖဂန် နစ်စတန်၊ ကန်ဘောဒီယား တွေက အာရှကဖြစ်တယ်။ကျန် တဲ့နိင်ငံတွေက အာဖရိက ဖြစ်ပါတယ်။ )
ချမ်းသာတဲ့နိင်ငံက လူတဦဟာ တနစ်ကို ပျမ်းမျှ ဒေါ်လာ တသိန်း ၀င်ငွေရှိတယ်။
ဆင်းရဲနိင် ငံက လူတွေက တနစ်ကို ဒေါ်လာ တ ထောင်ခန် ပဲဝင်ငွေရှိတယ်။ တနေ့ ကို ၃ ဒေါ်လမျှသာဖြစ်တယ်။
နှစ်စဉ် နိင်ငံတိုင်းက ဖွင့်ဖြိုးနေကြပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့နိင်ငံတွေရဲ့ ဖွင့်ဖြိုးမှုက သိပ်ကိုနှေးကွေးလွန်းနေတယ်။
ဥပမာ ဇင် ဘာဘွေနဲ့ မြန်မာနိင်ငံဟာလဲ ဖွင့်ဖြိုးမှုမရှိဘူးမဟုတ်ဘူး။ ရှိပါတယ်။ လက်၇ှိဖွင့်ဖြိုးမှုနန်း အတိုင်း သာ သွားမယ်ဆိုရင် ၊ စစ်တပ်တွေကပဲ ဆက် ပြီး အုပ်ချုပ်နေမယ်ဆိုရင်၊ ဒီနစ်နိင်ငံ
ကလူတွေဟာ ချမ်းသာတဲ့နိင်ငံက လူတွေလိုပဲ တနစ် ကိုဒေါ်လာ ၁ သိန်း ရဖို့  က
၂၇၂၂ ခု နစ် ကြမှ ဖြစ်လာမယ်လို့  စီးပွားရေး ပညာရှင်တွေက ဆိုပါတယ်။
ဒီနှုန်း နဲ့သွားရင် ဇင်ဘာဘွေနဲ့မြန်မာ ဟာ တိုးတက်ဖို့  နောက်ထပ် နစ်ပေါင်း ၇၂၂ နစ် ကြာမယ်လို့  စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြတယ်။

အချက် ကြီး ၃ ချက်
နိင်ငံတနိင်ငံဟာ ချမ်းသာမလား။ ဆင်းရဲ မလား ဆိုတာ ပညာရှင်တွေက အချက် ကြီး ၃ ချက် နဲ့  စံထား တိုင်းထွာကြည့်ကြပါတယ်။ ဒါတွေကတော့
အသင်အပင်း ( Institution ) ဘာသာရေး ( Religions) နဲ့ ပထ၀ီ အနေထား ( Geography ) တို့ ဖြစ်တယ်လို့  ပညာရှင်တွေက ဖေါ်ထုတ်လာကြတယ်။

၁။ အသင်းအပင်း ( Institution )
ချမ်သာတဲ့နိင်တွေမှာ အင်တီကျူးရှင်းတွေကအခိုင်အမာရှိတယ်။ ဆင်းရဲတဲ့နိင်ငံတွေ အင်စတီကျူးရှင်းတွေက မခိုင် မာကြဘူး။ အင်စတီကျူးရှင်းဆိုတာက လွတ်လပ်တဲ့ တက္ကသိုလ် ကောလိပ်၊
မီဒီယာ၊ နိင်ငံရေးပါတီ၊ ကုမဏီ များ၊ လူမှုရေးအသင်း၊ အနုပညာအသင်း၊ စာ ပေ အသင်း၊ အားကစားအသင်း၊
သဘ၀ ပတ်ဝန်းကျင်အသင်း ၊ ယဉ်ကျေးမှု အသင်း၊ စတာတွေဖြစ်တယ်။ ဒီအသင်းအပင်းတွေက
အစိုးရနဲ့မပတ်သက်ရဘူး။ လွတ်လပ်စွာ ဖွဲ့ စည်း တည်ထောင် လှုပ်ရှား နေတဲ့အသင်းအပင်းတွေကို ခေါ် ဆိုတာ ဖြစ်ပါတယ်။
ဆင်းရဲ မှုနဲ့  ချစားမှုကပြောင်း ပြန် အချိုး ကြနေပါတယ်။ နိင်ငံက ချမ်းသာ လေ ချစားမှု က နည်းလာလေ ဖြစ်တယ်။ နိင်ငံက ဆင်းရဲလေ ချစားမှု က ကြီးလေ ဖြစ်ပါတယ်။
ချမ်းသာတဲ့နိင်ငံတွေက ပိုက်ဆံက သူတို့  နိင်ငံအတွင်းမှာပဲရှိတယ်။ ထူးဆန်းတာကတော့ ဆင်းရဲ တဲ့နိင်ငံ ပိုက်ဆံတွေရဲ့  ၆၀ရာခိုင်နှုန်း အထက်က လျိလ်ဝှက် ဘဏ် အကောင့်တွေကို နိင်ငံခြားမှာ သွားထားလေ့ရှိကြတယ်။ ဆင်ရဲတဲ့နိင်ငံတွေက နစ်စဉ် ၁၀ ဘီလီယံ ကနေ ၂၀ ဘီလီယံ ဒေါ်လာ အထိ နိင်ငံခြား ဘဏ် အကောင့်တွေ ဆီကိုလျိလ်ဝှက်သွား အပ်နှံနေကြတယ်ဆိုတယ်။
ဆင်းရဲ တဲ့နိငံတွေကို ကြည့်ရင် နိင်ငံက နစ်စဉ် ရလာ တွေ ၀င်ငွေတွေကို ပညာရေး ကျမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ၊တရားရေး နဲ့ ရဲ ဌာန တွေမှာရင်းနှီး မြှပ်နှံမှု မရှိကြဘူး။ စစ်ရေး မှာပဲရင်းနှီး မြှပ် နှံ မှုပြုကြတယ်။ စစ်ပစ္စည်းတွေကိုအများဆုံး ၀ယ်ယူသူတွေဖြစ်နေကြတယ်။
ဆင်းရဲ တဲ့နိင်ငံတွေမှာ စစ်တပ် အင်စတီကျးရှင်း တခုပဲ အား ကောင်း အောင် လုပ် ထားအသင်းအပင်း တွေ မရှိသလောက် ပြို လဲ ကျနေကြတယ်။
Clan Base Thinking ( ဆွေမျိုး ဆက်ဆံရေး )
ဆင်းရဲ တဲ့နိင်ငံတွေက အုပ်ချုပ်သူလူတန်စားကို ကြည့်ရင် Clan Base Thinking နဲ့  နိင်ငံတော်လုံခြုံးရေး၊ စီးပွားရေး ကိစ္စအ၀၀ ကိုစဉ်းစားလေ့ရှိကြပါတယ်။
ဥပမာ ချမ်းသာတဲ့နိင်ငံတွေက ကုမဏီ တခုဟာ ၀န်းထမ်းတွေကို ခန့် အပ်တော့မယ်ဆိုရင် ပညာအရေအချင်း၊ အတွေ့ အကြုံ ၊ လုပ်သက် ကိုကြည့် ပြီးရွေးခြယ် ကြတယ်။ အကောင်းဆုံး သူ
(Best Candidate ) ကိုရွေးခြယ်ကြတယ်။
ဆင်းရဲတဲ့နိင်ငံက ကုမဏီတွေဟာ ဆွေမျိုး ၊ မိတ် ဆွေ ဆက်ဆံရေးအပေါ်မှာ အခြေခံ စဉ်းစား ကြတယ်။ ဥပမာ သူတို့  လုပ်ငန်းတခုမှာ ၀န်းထမ်းငှားတော့မယ်ဆိုတာနဲ့ လုပ်ငန်းတခု လုပ်တော့မယ်ဆိုတာနဲ့ သူတို့  ခေါင်းထဲမှာ ဦးလေး၊ အဒေါ် ၊ ညီကိုမောင်နှမ ၊ တူသားနောင်မယ် တွေက အရင် ရောက်လာကြတယ်။ ဒါကြောင့် ဆင်းရဲ တဲ့နိင်ငံက လူတွေဟာ လုပ်ငန်းတခု အောင်မြငို့ အတွက် လူကိုရွေးခြယ်တဲ့နေရာမှာ တော်သူ ( Smart ) ဖြစ်သူ၊ တတ်သူ ( Talent ) ရှိသူကို အခြေခံစဉ်းစားရမယ်ဆိုတာ နားကိုမလည်ဘူး။ လုံးဝကို ငြင်းပယ်ထားကြ လေ့ရှိတယ်။

၂။ ဘာသာရေး ( Religion)
ဆင်းရဲ တဲ့နိင်ငံက လူတွေ ရဲ့ နေစဉ် ဘ၀ ဟာ ဘာသာရေးနဲ့  အခိုင်အမာ ဆက်နွယ်နေတယ်။
ချမ်းသားတဲ့နိင်ငံက လူတွေ ရဲ ၇၀ ရာခိုင်နှုန်းဟာ သူတို့ ဘ၀ အောင်မြင်ရေးအတွက် ဘာသာရေးဟာ လုံးဝ ကို အရေးမပါလှပေဘူး။ ဆင်းရဲ တဲ့နိင်ငံတွေက လူတွေ အားလုံးနီးပါး ဟာ
ဘာသာရေး ယုံကြည်သက်ဝင် သူတွေဖြစ်နေကြတယ်။ လူတိုင်း ဟာ ဘာသာရေး ကို ပထမ ဦးစားပေး စဉ်းစားလေ့ရှိတယ်။ ချမ်းသာတဲ့နိင်ငံက လူတွေက လူအရေအသွေး ( Capacity ) ကို ဦးစားပေးစဉ်းစားလေ့ ရှိတယ်။ ဆင်းရဲတဲ့နိင်ငံတွေက လူတွေဟာ ၀င်ငွေကို ဘာသာရေးဖက်မှာ ပိုသုံးတယ်။ ချမ်းသာတဲ့နိင်ငံတွေက ၀င်ငွေကို လူအဖွဲ့ စည်းဖွင့်ဖြိုးရေးလုပ်ငန်းတွေမှာပိုသုံးတယ်။ ဆင်းရဲ တဲ့နိင်ငံက မိဘ တွေဟာ သတို့ အားလပ်အချိန်ကို ဘာသာရေးတွေမှာပို သုံးတယ်။
ချမ်းသာတဲ့နိင်ငံက လူတွေက သူတို့ အားလပ်ရက်တွေကို မိသားစု၊ ခရီးသွားခြင်းနဲ့ လေ့လာရေးတွေ မှာပိုသုံးတယ်။ ဆင်းရဲတဲ့နိင်ငံက လူတွေက တမလွန် ဘ၀ တွေကို ပို အလေးထားတယ်။ ချမ်းသာတဲ့နိင်ငံတွေက လက်ရှိဘ၀ ကိုပိုအာရုံစိုက်ပြီး သိပ္ဗံနဲ နည်းပညာဖွင့်ဖြိးမှုတွေမှာ
ပို အာရုံစိုက်လုပ်ဆေင်ကြတယ်။

၃။ ရာသီဥတု ( Geography)
ချမ်းသာတဲ့နိင်ငံတွေက ကမ္ဘာမြောက်ပိုင်း အအေးပိုင်းနိင်ငံတွေက ဖြစ်နေတယ်။ အဆင်းရဲ ဆုံးနိင်ငံက လူတွေ ကမ္ဘာတောင်ပိုင်း အပူပိုင်းဇုံ က နိင်ငံတွေဖြစ်နေတယ်။ ဒီအချက်က ပညာရှင်တွေ အတွက် သတိပြု စရာ ဖြစ်နေသလို အခြေအတင်ငြင်းခုန်စရာလဲဖြစ်နေတယ်။
နိင်ငံတနိင်ငံချမ်းသာဖို့ အတွက် ရာသီဥတုပေါ်မှာ မူတည်နေပါသလား ဆိုတဲ့အချက်ကိုလက်မခံ
တဲ့ပညာရှင်တွေရှိနေတယ်။ ဒါပေမဲ့ တိုက်ဆိုင်မှု လိုဖြစ်နေတာကတော့ ချမ်းသာတဲ့နိင်ငံတွေက
အအေးပိုင်းနိင်ငံတွေ၊ကမ္ဘာမြောက်ပိုင်း၊ ဆင်းရဲတဲ့နိင်ငံတွေက အပူပိုင်း ကမ္ဘာတောင်ပိုင်း ဖြစ်နေတာကတော့ ငြင်းလို့ မရတဲ့အချက်ဖြစ်နေတော့တယ်။
ပညာရှင်တွေထောက်ပြတဲ့အချက်ကတော့ အပူပိုင်းဇုံ မှာ ကျရောက်နေတဲ့ဒီနိင်ငံက လူတွေရဲ ဘ၀ ဟာ သိပ်ကိုကြမ်းတမ်းလွန်းလှတယ်။ စိုက်ပျိုးမွေးမြူရေး ကိုပဲအခြေခံထားရတဲ့ဒီနိင်ငံတွေမှာ
ရာသီဥတုဖေါက်ပြန်မှု၊ ဆိုးရွားမှုတွေကြောင့် သီနှံ တွေမဖြစ်ထွန်းတာပျက်စီးတာတွေရှိတယ်။
တရိစ္တာန်တွေသေတယ်။
နိင်ငံတိုင်းရဲ့ ဖွင့်ဖြိုးလာမှုကို သမိုင်းနဲ့ချီပြီးလေ့လာ ကြည့်ကြတဲ့အခါမှာ ချမ်းသာတဲ့နိင်ငံတွေမှာ
တရိစ္ဆာန် တွေကို အကြီးအကျယ်မွေး မြူ လာ နိင်ခဲ့ကြတာကိုတွေ့ ရတယ်။ ဆင်းရဲ တဲ့နိင်ငံတွေမှာတော့ ဟိုး သမိုင်း အစဉ်အဆက်မှာကိုက တရိစ္ဆာန်တွေကို အကြီးအကျယ်မမွေးမြူနိင်ခဲ့ကြဘူးလို့ ဆိုတယ်။ ရာသီဥတု နှိပ်စက်တဲ့အတွက်မွေးမြူ ရေးလုပ်ငန်း မဖွင့်ခဲ့ဘူး ။
တောင်နဲ့ သောင်းနဲ့ချီတဲ့ နွား ခြံတွေ၊ ဆိတ်ခြံတွေ၊ ကြက်ခြံတွေမရှိခဲ့ကြဘူး။
စိုက်ပျိုးရေးမှာ ကျွဲ နွားတွေကိုအလုံအလောက်မသုံးနိင်ကြဘူး။ တခါတရံမှာ လူအားကိုသုံးပြီး
ထွန်ယက် ရတာတွေတောင်ဖြစ်ခဲ့ကြတယ်။
ချမ်းသာတဲ့နိင်ငံတွေမှာတော့ဒါတွေဟာ သမိုင်းနဲ့ ကိုချီ ပြီးရှိခဲ့ကြတယ်ဆိုတယ်။ လယ်ယာစိုက်ပျိုးရေးအတွက် တရိစ္တာန်တွေအားကိုအလုံအလောက်သုံးနိင်ခဲ့ကြတယ်ဆိုတယ်။
ဆင်းရဲတဲ့ နိင်ငံတွေမှာ အဆိုးဆုံးအချက်က ယင်ကောင် တွေဖြစ်တယ်။ ပူအိုက်စွပ်စိုတဲ့ရာသီဥတုကယင်ကောင်တွေ ပေါက်ပွားဖို့ အခွင့်အလန်းကောင်းတွေဖြစ်နေတယ်။
ဒီယင်ကောင်တွေက ပိုးမွားတွေကိုသယ်ဆောင်လာပြီး တရိစ္စာန်တွေကိုသေဆုံးတယ်။ ပျက်စီးစေတယ်။ ပိုးမွားတွေက တရိစ္ဆာန်တွေတင်မက ဘူး လူတွေကို ပါဒုက္ခပေးတော့တယ်။
အပူပိုင်းဇုံနိင်ငံတွေက ကူးစက်ရောဂါပိုးတွေစာရင်းဟာ ရာနဲ့ ချီ ပြီးရှိနေတယ်။ ဒီထဲက အဆိုးဆုံး
တွေက ငှက်ဖျား၊ ကာလ၀မ်းရော ဂါ စတာ တွေဟာ ရာသီဥ ပေါ်မူတည်နေတယ်။ အအေးပိုင်းနိင်ငံတွေမှာ ငှက်ဖျား ရောဂါ မရှိဘူး။ ကူးစက်တဲ့ရောဂါတွေ ကြောင့် လူတွေတိရစ္ဆာန် တွေ
ပျက်စီးဆုံးရှုံးတယ်။ ၀င်ငွေ အတော်များများကို ဒီရောဂါဆိုးတွေကိုတိုက်ဖျက်နေရတာနဲ
လူတွေဟာ ဟာတွေမှာ မသုံးစွဲနိင်ကြတော့ဘူး။
ပထ၀ီ အနေထားအရ ကုန်းပိတ်နိင်ငံတွေဟာ ဖွင်ဖြိုးရေးလုပ်ဖို့ အလွန်ခက်လှတယ်။ အထူးသဖြင့်လမ်းပန်းဆက်သွယ်ရေးအလွန်ခက်တယ်။ ဥပမာ
အာဖရိက တိုက် ကြီးဆိုရင် နိင်းမြစ် တခုပဲရှိတယ်။ တိုက်ကြီးထဲမှာ ကုန်းပိတ် နိင်ငံက ၁၅ နိင်ငံရှိတယ်။ ဒီနိင်ငံတွေရဲ့ နှစ်စဉ် လူတဦးခြင်း ၀င်ငွေက ဒေါ်လာ ၆၀၀ အောက်မှာပဲရှိတယ်။
နောက်တခုကတော့ သဘ၀ သယံဇ တတွေ ။ ဆင်းရဲတဲ့နိင်ငံတွေမှာ သဘ၀ သံယံဇတတွေရှိတယ်။ ဒီသဘာဝ သယံဇတတွေက ချမ်းသားတဲ့နိင်ငံတွေ မှာရှိတဲ့ အင်စတီကျူးရှင်းတွေက သယံဇတတွေကို အသုံးချပြီး ပို ပြီး ချမ်းသာ အောင်လုပ် နိင်ကြသလောက် ဆင်းရဲတဲ့နိင်ငံက အင်စတီကျူးရှင်း ( စစ်တပ် တခုပဲ၇ှိတယ်။ )
က ပို ပြီးဆင်းရဲအောင် လုပ်ပြစ်ကြတယ်။ ကွန် ဂို နိင်ငံဆိုရင် သဘ၀ သယံဇတ အလွန်ကြွယ်ဝတယ်။ ကူလတန် ( Coltan ) ဆိုတဲ့ ရှားပါးသယံဇ ရှိတယ်။ ဒါက မိုဘိုင်လ်ဖုံးတွေမှာ မရှိမဖြစ်လိုအပ်တဲအရာ ဖြစ်တယ်။ ဒါပေမဲ့ ဒီသယံဇ တကို ကွန်ဂို စစ်တပ်က ပဲ လက်ဝါး ကြီး အုပ်
အကျိုးမြတ်တွေခံစားနေတယ်။ လူအဖွဲ့ စည်းနဲ့ မျှဝေ ခံစားတာ မလုပ်ဘူး။ ဆင်းရဲမွဲတေမှု
ဖေါ်မြူလာ ဖြစ်တဲ့ စစ်အစိုးရ၊ သူပုန် ၊ ပြည်တွင်းစစ်၊ ခရိုနီး နဲ့  ဆင်းရဲ မှု စတဲ့ရလဒ် ဖြစ်လာတယ်။ ပညာရှင်တွေက သယံဇတ ကျိန် စာ လို့  နောက်ပိုင်းမှာ တင်စားခေါ်ဆိုလာကြတယ်။
အချုပ်ပြောရရင်
နိင်ငံတခု ချမ်းသာဖို့ အတွက် အခြေခံ လိုအပ်ချက်ကြီး ၃ ခုကတော့ အသင်အပင်း ( Institution ) ဘာသာရေး ( Religions) နဲ့ ပထ၀ီ အနေထား ( Geography )
ပေါ်မှာ မူတည်နေတယ်။
မြန်မာနိင်ငံ အနေနဲ့ကြည့်ရင် အသင်းအပင်းနဲ့ ဘာသာရေးဆိုတဲ့အချက်နစ်ချက်က ကိုက်ညီနေတာကိုတွေ့ ရတယ်။ ပထ၀ီအနေအထားအရ မြန်မာ ပြည်ဟာ အပူပိုင်းဇုံ ရော အအေးပိုင်းဇုံရော နစ်ခုစလုံးရှိနေတယ်။ ဒါကြောင့် ဖွင့်ဖြိုးတိုးတက် ဖို့ အတွက် အခွင့်အလန်းကောင်း တချို့ ရှိနေတယ်။ အဓိက စစ်တပ် လက်ဝါးကြီး အုပ်ထားမှု( Institution ) နဲ့  ဘာသာရေး ( Religion) အစွန်းရောက်မှုတွေကို ထိမ်းသိမ်းနိင်ရင် မြန်မာ ပြည်ဟာ တိုးတက်လာမဲ့အနေထားမှာရှိနေတယ်။
မိုးသီးဇွန်
၂၃၊၁၀၊ ၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...