Sunday, November 8, 2015

ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဒေါင်းစစ်သည်၏ သဘောထားတင်ပြချက်

Fighting peacock ဒေါင်းစစ်သည် 

အဆင့် ၇ ဆင့် ထည့်သွင်းထားသော ဒီမိုကရေစီရေး လမ်းပြမြေပုံနှင့်ပါတ်သက်၍ သဘောထားတရပ် ရှိသည်။
အဆင့် ၄ မှာ ဆန့်ကျင်ဖို့ ….။ အဆင့် ၄ ကို ၂၀၀၈ ခုနှစ်တွင် ကြုံရသည်။
ပြည်သူ့ ဆန္ဒပြုပွဲ …. အဆင့် ၄ မှာ ဆန့်ကျင်ဖို့အတွက် လှုပ်ရှားမှုပြုလုပ်ရင်း ပြည်တွင်း၊ ပြည်ပ လူမျိုးစုံ စတင် စုစည်းနိုင်ခဲ့ကြသည်။
ပြည်သူ့စုစည်းမှုက အားကောင်းမောင်းသန်။ လူမျိုးစုံ ပြည်သူတို့၏စုစည်းခြင်း အားကောင်းမောင်းသန်ဖြစ်မှုများက တိုးပွားသထက် တိုးပွားလာသည်။
ဒီမှတဆင့် လူမျိုးစုံ ပြည်သူ့အင်အားစုစည်းရေးဆိုသည့် အယူအဆတရပ်ပေါ်ပေါက်လာသည်။ လူမျိုးစုံ ပြည်သူ့အင်အားစုစည်းရေးဆိုသည့် အယူအဆကို
ဒေါင်းစစ်သည်က အားပေးသည်။ နှစ်တချို့ကို ဖြတ်ပြီးသော ယခုအခါတွင် လူမျိုးစုံ ပြည်သူ့အင်အားစုစည်းမှုကို စတင်တွေ့ရှိနေရပြီဖြစ်သည်။

ဒီချုပ်ကို ဗဟိုပြု၍ လူမျိုးစုံ ပြည်သူ့အင်အားစုစည်းမှုက ဒီရေအလား တိုးပွားလာသည်ကို မြင်နေသည်။ ဗမာပြည်၏ အားကောင်းချက်ဖြစ်သည်။
ဗမာပြည်၏ ဒီမိုကရေစီရေး အရေးတော်ပုံသည် ဒီချုပ်ဆိုသည့် ဗဟိုချက်လည်း ရှိခဲ့ပြီ။ လူမျိုးစုံ ပြည်သူတို့သည် စုစည်းမှု စတင်နိုင်ခြဲ့ပီ။
ဗမာပြည်၏ အခြေအနေက ပကတိဘာဝနှင့် အတ္တဘာဝ အဆင်ပြေညီညွတ်နေသည့် ကာလဟု ဒေါင်းစစ်စည်မှ တွေ့မြင်သည်။
ဒီမိုကရေစီရေး အရေးတော်ပုံ တိုးတက်အားကောင်းလာသည့် အခြေအနေဖြစ်သည်။ ယခုအခြေအနေသည် အရေးတော်ပုံကို ကျယ်ပြန့်ထွန်းကားအောင်
ဆောင်ရွက်ရမည့် အချိန်အခါကောင်းဖြစ်သည်။ ဗမာပြည်၏ မြို့အတော်များများတွင် ဒီမိုကရေစီ အရေးတော်ပုံတပ်သား ပြည်သူ့အင်အားပြပွဲများကို မြင်နေရသည်။
ရှစ်လေးလုံးအရေးတော်ပုံ၏ တပ်ဦးခေါင်းဆောင်ဖြစ်ခဲ့သည့် ရဲဘော်မင်းကိုနိုင်က ယခု ရွေးကောက်ပွဲကို ဓမ္မနှင့် အဓမ္မတို့၏ ယှဉ်ပြိုင်ပွဲဟု သညာပြုလိုက်သည်ကို
ဒေါင်းစစ်သည် ကြားသိရသည်။ မှန်၏။ ယခုရွေးကောက်ပွဲသည် လူမျိုးစုံ ပြည်သူ့ဆန္ဒပြုပွဲဖြစ်သည်။ လူမျိုးစုံပြည်သူ့ အင်အားပြပွဲ ဖြစ်သည်။
အဘယ်ကို ဆန္ဒပြုကြပြီး အဘယ်ကို အင်အားပြကြသနည်း။ ဓမ္မကို ဆန္ဒပြုကြပြီး ဓမ္မအတွက် အင်အားပြကြသည်။ ကမ္ဘာမြေပြင်၌ ကြွင်းကျန်နေသည့်
ဗိုလ်ကျလွှမ်းမိုးရေး၊ ခြိမ်းခြောက်ရေးအနိုင်ကျင့်ဆိုသည့် အဓမ္မမှုကို ဗမာပြည်သူတို့က အံတုနေကြပြီ။
ပြည်သူသာလျှင် သမိုင်းကို ဖန်တီးသည် - ပြည်သူသာလျှင် အောင်ပွဲ၏ အရှင်သခင်ဖြစ်သည်။ ထိုတိုက်ပွဲ မုချ အောင်ရမည်။
ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တန်းတူရေးဆိုသည့် ဘုန်းတန်ခိုးကို ရယူထားသည့် ဓမ္မ၏ ရှေ့မှောက်တွင် အဓမ္မသည် မုချ ဒူးထောက်ရမည် ဖြစ်သည်။
ပြည်သူ့ဆန္ဒအင်အားသည် အမှန်တရားကို မုချ ရယူပေးမည်ဖြစ်သည်။
ယခုတည်ရှိနေသည့် လူမျိုးစုံ ပြည်သူ့အင်အားစုသည်မှုကို ဒေါင်းစစ်သည်က အကြွင်းမဲ့ အားပေးလျက်ရှိကြောင်း တင်ပြလိုက်သည်။
အဓမ္မလမ်းစဉ် မုချ ကျဆုံးရမည် ….

ဒေါင်းစစ်သည် ၃ - ၁၁ - ၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...