Sunday, November 8, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၁)

သစ်ထူးလွင်


Posted: 07 Nov 2015 08:09 AM PST
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် အချက်အချာဒေသက သာမန်ဈေးမြို့ကလေး တမြို့ဟာ မယုံနိုင်စရာကောင်းလောက်အောင် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် နိုင်ငံရေး စစ်မြေပြင် တစ်ခုအသွင် ဖြစ်လာနေတယ် ဆိုပြီး ဘန်ကောက် ဘီဘီစီ သတင်းထောက် Jonathan Head က ဟင်္သ္တမြို့အကြောင်းကို အခုလို ရေးသားထားပါတယ်။ သူဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်တော့မယ် ရွေးကောက်ပွဲမှာ ဟင်္သ္တမြို့ကနေ ဝင်ရောက်အရွေးခံမယ့် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ပြီး သတင်းထောက်လှ
Posted: 07 Nov 2015 07:55 AM PST
 နိုဝင်ဘာ ၇ ရက် ၂၀၁၅  သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က ကြိုတင်မဲပေးရာမှာ တံဆိပ်တုံးက မှင် ရည်များလို့ စာရွက်နောက်ကျောအထိ မှင်စိုထွက်နေတာကြောင့် အဲတာ လည်း ပယ်မဲဖြစ်မှာကိုစိုးရိမ်နေတယ် လို့ဒေသခံတွေက ပြောပါတယ်။ “မှင်ပေါက်တယ်။ အဲတာ လဲပေးဖို့ မဲရုံမှူးဆီပြောတယ်။ သူက ဘာမှမဖြစ်ဘူး အဲ့တိုင်းဘဲထည့်လိုက်ပါ ဆိုပြီးတော့ မလဲပေးဘူး။ voter education တွေ လာပြီးရှင်းပြတုန်းက အဲလိုမျိုးမှင်စို မှင်ပေါက်
Posted: 07 Nov 2015 07:55 AM PST
 နိုဝင်ဘာလ ၇ ရက် ၂၀၁၅  တောင်ကြီးမြို့နယ် ဟိုပုံး ၊ ဆီဆိုင် ၊ ဆိုက်ခေါင် ၊ ဟဲဟိုး ၊ ဘော်ဆိုင်း ၊ ညောင်ရွှေ ၊ ရွှေညောင် ၊ တောင်လေးလုံး စတဲ့မြို့နယ်တွေမှာ ကြိုတင်မဲ စာအုပ်တွေ NLD တံဆိပ်နေရာတွေမှာ ခေါက်ရိုးကျိုးနေတာတွေ့ရ တယ်လို့ CSO စောင့်ကြည့်ရေး ချယ်ရီပုံရိပ်အဖွဲ့က ဒေါ်ချိုမြဦးကပြော ပါတယ် ။ ကျမတို့ မဲဆန္ဒရှင်ပညာပေးတွေလုပ်တုန်းက ခေါက်ကျိုးဖြစ်နေတာတွေ စွန်းထင်းနေတာတွေဟာ ပယ်မဲဖြစ်ကြောင်းလူထုတွေကို ပ
Posted: 07 Nov 2015 07:48 AM PST
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲ - မဲဆန္ဒရှင် အဖွားအိုတစ်ဦး။ (နိုဝင်ဘာ ၆၊ ၂၀၁၅)  မနက်ဖြန်မှာကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တဦးအနေနဲ့ အကြောင်းကြောင်းကြောင့် ဆန္ဒမဲပေးတာမှာ ကိုယ်ဆန္ဒပြုပြီး ကိုယ့်ကြောင့် ပျက်စီးတာ၊ မှားပေးမိတာ၊ သတ်မှတ်ပယ်မဲပုံစံတခုခုကို လုပ်ဆောင်မိတာရှိခဲ့ရင် ကော်မရှင်အနေနဲ့ မှားယွင်းသွားတဲ့ မဲလက်မှတ်ကိုပြန်လည် လဲလှယ်ပေးဖို့မရှိဘူးလို့ ကော်မရှင်ကပြောလိုက်ပါတယ်။
Posted: 07 Nov 2015 07:33 AM PST
 မြန်မာနိုင်ငံမှာ မနက်ဖြန်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲရုံတွေမှာ စတင် ပြင်ဆင်နေကြသလို လုံခြုံရေးအတွက် အာဏာပိုင်တွေ စောင့်ကြပ်နေကြသလို နိုင်ငံရေးပါတီတွေကလည်း စောင့်ကြည့်အကဲခတ်ဖို့ ပြင်ဆင်နေကြပါပြီ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေကြတဲ့အပေါ် မစိုးရိမ်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နေပြည်တော်မှာ ရွေးကောက်ပွဲပြင်ဆင်မှုတွေ သွားရောက်ကြည့်ရှုစဉ် အခု
Posted: 07 Nov 2015 07:20 AM PST
 နိုဝင်ဘာလ ၇ ရက် ၂၀၁၅  သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာတော့ မဲပြားတွေမှာ ကျားခေါင်းပါတီပုံနဲ့ NLD ပါတီတံဆိပ်ပါတဲ့အကွက်မှာ မှင်စွန်းနေတယ်လို့ SNLD ပါတီဝင်တွေကပြော ပါတယ်။ ကြိုတင်မဲသွားပေးခဲ့တဲ့ SNLD ပါတီဝင်တွေကပြန်လည်ပြောပြချက်အရ မဲပြားပေါ်က ကျားခေါင်း ပါတီရဲ့အကွက်မှာ မှင်ပြာ မှင်နက်အစက်အပြောက်တွေပါနေတာကို တာဝန်ရှိ သူတွေက လဲစရာ မဲပြားမရှိလို့ ဆိုပြီး လဲခွင့်မပေးဘဲ အရှိအတိုင်းမဲထည့် လိုက်ရတ
Posted: 07 Nov 2015 07:20 AM PST
 နိုဝင်ဘာလ ၇ ရက် ၂၀၁၅ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာလ ၈ ရက် မဲရုံစောင့်မည့်သူများ ကျားခေါင်း ပါတီဝင်များ ယနေ့ ကြိုတင်မဲပေး ရာ မဲရုံမှူးလက်မှတ်မပါသဖြင့် ပယ်မဲဖြစ်မှာကို စိုးရိမ်နေကြ ပါတယ်။ ကျားခေါင်းပါတီက မဲရုံစောင့်ဖို့ လူ ၂၃၀ ကျော် ကြိုတင်မဲသွားပေးတော့ မဲပြားမှာ မဲရုံမှူး လက်မှတ်မရှိဘူး။ မဲရုံတာဝန်ရှိတွေက ပြသနာမရှိဘူး လို့ပြောပေမယ့် စိတ်မချရဘူး။ ပယ်မဲဖြစ်မှာကိုစိုးရိမ်နေတ
Posted: 07 Nov 2015 07:12 AM PST
 ပထမအကြိမ်မဲစာရင်းပါလာပြီ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် မဲဆန္ဒရှင်အမည်မပါလာသူများ လွိုင်ကော်မြို့တွင်ရှိနေသည်ဟု သိရသည်။ မဲပေးခွင့်မရှိသော မဲဆန္ဒရှင်များသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် နာမည်ပါလာပြီး နောက်ဆုံးအကြိမ် မဲစာရင်းပြန်လည် ကြေညာရာတွင် နာမည်ပါလာခြင်းမရှိသည့်အတွက် မဲပေးခွင့် ဆုံးရှူံးသွားကြောင်းသိရသည်။ “ဒီနေ့ မဲသက်သေခံလက်မှတ် လာထုတ်တာ စာရင်းမပါလာဘူး။ ပထမအြ
Posted: 07 Nov 2015 06:19 AM PST
 ကယားပြည်နယ် ရှားတောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်နေကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (တသီးပုဂ္ဂလ) နှင့် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဦးဌေးရယ်တို့ အပြိုင်အဆိုင် စည်းရုံးလျက်ရှိကြောင်း သိရှိရသည်။ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဦးအောင်မင်းသည် အခြားပါတီများ သွားရောက်မည့်ကျေးရွာတိုင်းတွင် ၎င်း၏ လက်အောက်ငယ်သားများကို လာရောက်ချထားသောကြောင့် အခြားပါတီဝင်
Posted: 07 Nov 2015 07:27 AM PST
 နိုဝင်ဘာလ ၇ ရက် ၂၀၁၅  သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ သက်ကြီးရွယ်အိုတွေနဲ့ ဒွက်ချာပါဒတွေ ကို ကော်မရှင်အဖွဲ့က မဲထည့်ပေးနေတယ်လို့သိရပါတယ်။ “မဲမထည့်နိုင်တဲ့ ကျပ်မပြည့် ဒွက်ချာပါဒ တွေအတွက် အာဏာပိုင်တွေက ထည့်ပုံထည့် နည်းတွေ ပြောလည်းပြော ကြံ့ခိုင်ရေးပါတီအကွက်ဘေးမှာ တံဆိပ်တုံးထုပေးလိုက်တယ်။ မဲပုံးမှာလည်း ချိတ် တံဆိပ်မထည့်ထားဘူး။ အဲတာ စိတ်ပူရတယ်။ ပြန်ဖြည် ပြန်ချီနိုင် တယ်လေ။ စိတ်မချ ရဘူး။
Posted: 07 Nov 2015 06:09 AM PST
 နိုဝင်ဘာလ ၇ ရက် ၂၀၁၅  သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် ၉ မှာ မဲပြားထုတ်ယူဖို့အတွက် သက်သေခံ လက်မှတ်တွေ ပျောက်ဆုံးနေတယ်လို့အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။ ပျောက်ဆုံးမှုဟာ အချပ်ရေ ၁၀၀၀ ရှိနေတယ်လို့သိရပါတယ်။ ရပ်ကွက် ၉ မှာ မဲဆန္ဒရှင် ၁၀၀၀၀ ကျော်ရှိရာမှာ တပ်မဲရုံတရုံမှာဘဲ မဲပေးပိုင်ခွင့်ရှိသူ ၂၁၃၂ ဦးရှိတယ်လို့သိရပါတယ်။ သျှမ်းသံတော်ဆင့် Panglong(
Posted: 07 Nov 2015 06:08 AM PST
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲ ဥက္ကဌ ဦးဌေးဦး လာရောက် ဆန္ဒမဲပေးမယ့် ဟင်္သာတ တာငါးဆယ်တောင်ရပ်ကွက်က မဲရုံ  မြန်မာတစ်နိုင်ငံလုံးမဲပေးနိုင်သူ ဦးရေ၃၃ သန်းကျော် ရှိတဲ့ အထဲက ၈၀ ရာခိုင်နှုန်း လောက် မဲ လာပေးလိမ့်မယ် လို့ကော် မရှင် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က အရာရှိ တစ်ဦး က ပြောကြားပါတယ်။ မြန်မာ တစ်နိုင်ငံ လုံးမှာ မဲ ရုံပေါင်း ၄ သောင်းတစ်ထောင်ကျော် ဖွင့်လှစ်ထားပြီး ရန်ကု
Posted: 07 Nov 2015 06:01 AM PST
( ညောင်ပင်ကြီးစုကျေးရွာက မဲရုံမှူး ဦးကျော်ဆန်း ကို နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်)  အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ဟာ ဒီနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာက မဲရုံ အမှတ် ၂ မှာ ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ ဒုတိယသမ္မတဟောင်း သီဟ
Posted: 07 Nov 2015 05:42 AM PST
 နိုဝင်ဘာလ ၇ ရက် ၂၀၁၅  သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မဲပေးပိုင်ခွင့်ရှိသူများအမည် စာရင်း မှာ သေဆုံးသူတွေရဲ့ နာမည်များပါနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေသူများမှာမူ အမည်စာရင်း မပါဝင်ဘူးလို့ သိရပါတယ်။ နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်နေသူများ၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်နေသူများရဲ့ နာမည်စာရင်းများပယ်ဖျက် ခံရြ ပီး သေဆုံး သူများအမည်စာရင်း
Posted: 07 Nov 2015 05:39 AM PST
နိုဝင်ဘာလ ၇ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူများစာရင်းမှာ အမည် စာရင်းပျောက်နေတာအများအပြားရှိတယ်လို့ မိုင်းကိုင်မြို့နယ်က SNLD ပါတီဝင် စိုင်းပန်ကပြောပါတယ်။ နိုဝင်ဘာ ၇ ရက် ဒီကနေ့မှာအစိုးရ ၀န်ထမ်းတွေ၊ မဲရုံတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီဝင်တွေ ကြိုတင်မဲပေးကြတယ်လို့ဆိုပါတယ်။ အမည်စာရင်းရှာမတွေ့တာ၊ ပျောက်နေတာအများကြီးဘဲ။ တချို့ကလည်း အဖေ အမေနာမည်မှားတာတွေ
Posted: 07 Nov 2015 04:49 AM PST
ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မြင်းကကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား မဲရုံရှိလျက် အိမ်တွင် မဲပုံးထားခြင်း၊ ကြိုတင်မဲများအား လိုက်လံခေါ်ယူ ထည့်စေခြင်းများ ပြုလုပ်သဖြင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က စုံစမ်းအရေးယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ မြင်းကကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေသည် ကြိုတင် မဲများကို မသမာမှု ပြု
Posted: 07 Nov 2015 04:22 AM PST
နိုဝင်ဘာလ (၇) ရက်။ စနေနေ့ ။ ၂၀၁၅ ခုနှစ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ နောက်ဆုံးမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရန်မှာ လူဦးရေ ၁သောင်းတိုးလာပြီး နေရပ်လိပ်စာအတိအကျ မသိရတဲ့အတွက် မဲစာရင်း မှန်မမှန်စစ်ဆေးဖို့အတွက် အခက်အခဲရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်ခေါ် မောင်တင်သစ်က ပြောပါတယ်။ “ရာခိုင်နှုန်းနဲ့ပြောရင် (၂၀)ရာခိုင်နှူန်းတောင်ရှိတယ်ဗျ။ (၂၀)ရာခို
Posted: 07 Nov 2015 04:17 AM PST
 ပြည်ထောင်စု ဝန်ကြီးဦးစိုသိန်း ဝင်ပြိုင်သည့် ဘောလခဲမြို့နယ်မဲဆန္ဒနယ်တွင် စစ်တပ်မှ လာပို့သည့်ကြိုတင်မဲများ လုံခြုံမှုမရှိကြောင်း ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ တွင် ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ကယားလူမျိုးစုပါတီမှ ဦးစောနီနီ ကပြောပါသည်။ ၎င်းက “ ကြိုတင်မဲတွေကို ပလက်စတစ် အိတ်တွေနဲ့ထည့်လာတယ်။ အဝေးရောက်က တပ်ကနေ မြို့နယ်ကော်မရှင်ကို စာအိတ်ထည့်မပါဘဲ ကျွတ်ကျွတ်အိတ်နဲ့ ထားထားတယ်။ ကော်မရှင်
Posted: 07 Nov 2015 04:14 AM PST
 နိုဝင်ဘာလ ၇ ရက် ၊ ၂၀၁၅ ခုနှစ်  ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တပ် ၃ တပ်တွင်လည်း ကြိုတင်မဲစာရင်း တပ်ရင်း မဲဆန္ဒရှင်စာရင်းထက်ပိုများသည့်အတွက် တိုင်းရင်းသား ပါတီကိုယ်စားလှယ် လောင်းများက စိုးရိမ်စရာတွေ ဖြစ်နေကြသည်ဟု သိရသည်။ တပ်ကြိုတင်မဲစာရင်းပေးရန် လျှောက်ထားသူစာရင်း မှာ ခမရ ၁၀၂ တွင် ၁၆၂ ဦး ၊ ခမရ ၄၂၇ တွင် ၁၅၀ ဦး ၊ ခမရ ၃၆၀ တွင် ၆၅ ဦးပေးထားသည်ဟု နိုဝင်ဘာလ ၇ ရက်နေ့တွင် မြို့နယ်ကော်မရှင်ရုံးသို့ လာေ
Posted: 07 Nov 2015 04:07 AM PST
 ကျောက်ဖြူ၊ နိုဝင်ဘာ ၇  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်လက်မှတ်ပေါ်၌ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး၏ အမှတ်အသားတံဆိပ် ပါမလာဘဲ တံဆိပ် အစား ဓာတ်ပုံသာပါလာသဖြင့် နိုဝင်ဘာ (၆)ရက် ညနေပိုင်းက အသံချဲ့စက်ဖြင့် မြို့ကိုပတ်၍ ကြေညာအသိပေးခဲ့ကြောင်း သိရသည်။ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာမှ တစ်သီး ပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးအေးစံ၏ တံဆိပ်သည် နေနှင့်လ တံဆိပ်ဖြစ်ပြီး မဲဆန္ဒရှင်လ
Posted: 07 Nov 2015 03:59 AM PST
 မြန်မာနိုင်ငံမှာ မဲပေးရမယ့်ရက် မရောက်သေးပေမယ့် ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသင့်လျော်တာတွေကို လုပ်ဆောင်နေတဲ့ သက်သေ အထောက်အထားတစ်ခုကို အာအက်ဖ်အေက တွေ့ရှိရပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူဆိုင်တစ်ဆိုင်မှာ ဆိုင်ဝန်ထမ်းလို့ ယူဆရသူတွေက ကြိုတင်မဲပါတဲ့ အညိုရောင်စာအိတ်တွေကို ကော်နဲ့ ကပ်နေတဲ့ ဗီဒီယိုင်ကို RFA က ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို ဒေသခံတစ်ဦးက တယ်လီဖုန်းနဲ့
Posted: 07 Nov 2015 03:52 AM PST
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် မဲရုံတစ်ခုအား ပြင်ဆင်ထားစဉ် (ဆင်ဟွာ)     ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)     ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်သာ လိုတော့သည့်  နိုဝင်ဘာ ၇ ရက်နေ့တွင် နိုင်ငံအဝန်း၌ ဆန္ဒမဲပေးရန် မဲရုံများတွင် ပြင်ဆင်ထားမှု အခြေအနေမှာ ရာနှုန်းပြည့် နီးပါး အသင့် ပြီးစီးသော အနေအထားများ ရှိနေပြီး မဲဆန္ဒရှင် ပြည်သူများမှာလည်း ပါဝင် မဲထည့်ရန် အသင့်ရှိနေကြေ
Posted: 06 Nov 2015 09:10 PM PST
စစ်တွေ၊ နိုဝင်ဘာ ၇ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ပညာရေးဝန်ထမ်းတချို့ ကိုယ်ကြိုက်သည့် ပါတီကို ကြိုတင်မဲ ပေးခွင့် မရဟု အဆိုပါဝန်ထမ်များက နိရဉ္စရာသို့ပြောသည်။ “ကျမတို့ကြိုက်တဲ့ပါတီကို ကြိုတင်မဲပေးမယ်ဆိုရင် တံဆိပ်တုံးမရှိဘူးတို့၊ ဘာတို့ညာ တို့နဲ့ အမျိုးမျိုး အကြောင်းပြပြီး သူတို့(ကော်မရှင်)ကြိုက်တဲ့ပါတီ ဥပမာ ကြံ့ခိုင်ရေးပါတီတို့၊ ရခိုင်မျိုးချစ်ပါတီ ဆိုရင် အဆင်ကိုပြေလို့” ဟု ကျောက်တော်ြ
Posted: 06 Nov 2015 09:06 PM PST
 ရှားတော မဲဆန္ဒနယ်အတွင်းတွင် ယနေ့မနက် ၆ နာရီအထိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဂျိုးဖြူငှက် အမှတ်တံဆိပ်များ တစ်ချို့ကို ဒေသခံအိမ်များရှေ့တွင် တွေ့နေရသေးသည်ဟု ကန္တာရဝတိုင်း(မ်)သတင်းထောက်မှ ပြောပါသည်။ ၎င်းက “အလယ်ပိုင်းမဲရုံနဲ့လည်နီးတယ်။ တောင်ပိုင်းမဲရုံနဲ့လည်းနီးတယ်။ ဦးအောင်မငိး အိမ်နဲ့တော့ မတွက်တတ်ဘူး။ ကိုက်၅၀၀ တော့မကြော်ဘူး။” ဟု ပြောသည်။ ဦးအောင်မင်း၏ လိုဂိုတံဆိပ် နှင့် အမျိုးသားတိုးတက်ရေး
Posted: 06 Nov 2015 08:52 PM PST
       မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား တောအတွင်း တစ်နေရာ၌ သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စအား မကျေနပ်သဖြင့် ယခုလ (၅)ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့ကြောင်း  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။       ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက် (၇)နာရီအချိန်က တောင်တွင်းကြီး မြို့နယ်၊ ကျောက်တောင် ကျေးရွာနေ မ---- (

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...