Friday, November 27, 2015

ယဉ်ကျေးမှုတော်လှန်ရေး (ဇာတ်သိမ်း)


ပြု ပြင်ပြောင်းလဲရေးစီမံကိန်းအရ ရွာတွေမှာရှိတဲ့မိသားစုတိုင်းကို သူ့မိသားစုအလိုက် ထွန်ယက်စိုက်ပျိုးနိုင်ဖို့ မြေအချို့ပေးလိုက်တယ်။ ထွက်ရှိလာတဲ့သီးနှံအပေါ်မှာ အစိုးရကို ဘယ်၍ ဘယ်မျှ ပေးရမယ် လို့စံသတ်မှတ်ပေးလိုက်တယ်။အဲ့ဒီသတ်မှတ်စံအတိုင်းပေးသွင်းပြီးတဲ့နောက် ကျန်သမျှအားလုံးဟာ လယ်သမားပိုင်ဖြစ်သွားပါတယ်။ မိမိပိုင်ပစ္စည်းကို မိမိသဘောအလျှောက် ရောင်း ချနိုင်ခွင့်ရှိတယ်။ အကျိုးအမြတ်ရှာနိုင်တယ်။
ဆိုတော့ အစိုးရနဲ့လယ်သမား ရဲ့ ဆက်နွယ်မှုဟာ မြေပိုင်ရှင်နဲ့လယ်လုပ်သားပမာဖြစ်သွားတယ်။အစိုးရကမြေပိုင်ရှင် လယ်သမားက လယ်လုပ်သားဖြစ်တယ်။
ထုတ်ကုန်နဲ့ကုန်သွယ်မှု့ တွေမှာလည်း တော်လှန်ပြောင်းလဲမှု့ တွေပေါ်ပေါက်လာတယ်။အကန့်အသတ်နဲ့ ပုဂ္ဂို လိက ကိုယ်ပိုင်ရင်းနှီးမြှပ်နှံခွင့်ပေးလိုက်တယ်။နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့ တွေကိုလည်းအကန့်အသတ်နဲ့ဖိတ်ခေါ်လိုက်တယ်။ထုတ်ကုန်တိုးတက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အကျိုးအမြတ်မက်လုံးလည်းပေးလိုက်တယ်။ဒီရည်ရွယ်ချက်ပြည့်ဝစေဖို့အတွက် Market forcesစီးပွားရေးအင်အားစုတွေကိုလည်းဖိတ်ခေါ်လိုက်တယ်။၁၉၈၄ခုနှစ် ဂျွန်လကစတင်ပြီး လယ်ယာမြေတွေမှာလိုပဲ စက်ရုံအလုပ်ရုံတွေအတွက်လည်း ကိုယ်တိုင်တာဝန်ယူရတဲ့စနစ်ကို ချမှတ်ပေးခဲ့တယ်။ဒီအကြောင်းကို ၁၉၈၄ခုနှစ်ထုတ် Britannica Year Bookမှာ အောက်ပါအတိုင်းဖော်ပြထားတယ်။
" ဂျွန်လအတွင်း အစိုးရပိုင်အလုပ်ရုံ၊စက်ရုံဟူသမျှ အရှုံး အမြတ်ကို ကိုယ်တိုင်တာဝန်ယူရန် တရားဝင်သတ်မှတ်လိုက်သည်။ယခုမူ စက်ရုံသည် အကျိုးအမြတ်အားလုံးကို အစိုးရအားလွှဲပေးရန်မလိုအပ်တော့ပါ။ထိုသို့အမြတ်အားလုံးကိုအစိုးရအားလွှဲပေးရမည့်အစား အခွန်ကိုသာပေးဆောင်ရတော့မည်။ကျန်အမြတ်ဟူသမျှကို လုပ်သားတို့အား bonus ပေးခြင်း၊ရင်းနှီးမြုပ်နှံခြင်းနဲ့ အကျိုးရှိရာ ရှိကြောင်းကို အခြေနေအရ ဆုံးဖြတ်၍ လုပ်ပိုင်ခွင့်ကရှိသွားစေသည်။ဒါဟာ တရုတ်ပြည်ကွန်မြူ နစ်ဝါဒရဲ့ ၃၆နှစ်အတွင်းပြဿ နာမျာ၏ ပြုပြင်ပြောင်းလဲမှု့ စတင်လာခြင်းပင်ဖြစ်သည်။"
၁၉၇၆မော်ကွယ်လွန်စဉ်က တရုတ်ပြည်အနေနဲ့ အကြီးကျယ်ဆုံးသော စီးပွားရေးဖွံ့ဖြိုးမှု့ ကာလကို ရောက်လာလိမ့်မယ်လို့ ဘယ်သူမှဟောကိန်းမထုတ်နိုင်ခဲ့ဘူး။တရုတ်ပြည်ကြီးဟာ ယနေ့ မဟာပါဝါအဖြစ် ဂလိုဘယ်ဝါစဉ်မြင့်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။တရုတ်ပြည်ပြောင်းလဲလာမှု့ ဟာ ၁၉၈၉ခုနှစ် ဥရောပမှာ ကွန်မြူ နစ်စနစ်ကြီးဘုံးဘုံးလဲပြို ကျသွားတဲ့ဖြစ်စဉ်ကြီးတစ်ခုလို အလာသဏ္ဍန်တူပါတယ်။ယဉ်ကျေးမှု့ တော်လှန်ရေးရဲ့ ဟက်တက်ကွဲဒဏ်ရာတွေကြောင့် တရုတ်ပြည်ကြီးဟာ ငန်းဖမ်းနေဆဲပါ။မော်ကွယ်လွန်ပြီးတဲ့နောက် ယဉ်ကျေမှု့ တော်လှန်ရေးအရှိန်သေပြီး ဒီလမ်းစဉ်ကိုအကြီးကျယ်ရှုံ့ချသူတွေပေါ်လာကြပေမဲ့လည်း ဒဏ်ရာကပြင်းထန်လွန်းတဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ဟာ မှုန်ဝါးနေဆဲပါ။
တရုတ်ဟာ တောင်ကိုးရီးယား နဲ့ ထိုင်ဝမ်လို အမေရိကန်ပြည်ထောင်စုနဲ့ပလူးပလဲ ဆက်ဆံရေးပုံစံ မထူထောင်နိုင်မှန်းသိပေမဲ့ စီးပွားရေးတိုးတက်မှု့ လမ်းဖြောင့်ဖြူးစေဖို့ အမေရိကန် တွေရဲ့ ထောက်ခံအားပေမှု့ လိုကြောင်းသဘောပေါက်ထားတယ်။စီးပွားရေးမှာလက်တွေ့ဆန်တဲ့နည်းတူ အမေရိကန်နဲ့ဆက်ဆံရာမှာလည်းအလားတူချဉ်းကပ်ကျင့်သုံးခဲ့တယ်။၁၉၇၂ခုနှစ် မော်-နက်စ်ဆင် သဘောတူညီချက်နောက်ပိုင်း ၂နိုင်ငံဆက်ဆံရေးဟာ သိသိသာသာပြောင်းလဲလာတယ်။၁၉၇၉ခုနှစ် မော်ကွယ်လွန်ပြီးတဲ့နောက် ၂နိုင်ငံတရားဝင် သံအဆက်အသွယ် ထူထောင်ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုကတရုတ်နိုင်ငံကို ကုန်သွယ်ရေးနံပါတ် ၁ ဦးစားပေးနိုင်ငံ(The Most Favoured Nation_ MFN)အဖြစ်သတ်မှတ်ဆက်ဆံလာခဲ့တယ်။အဲ့ဒီကတစ်ဆင့် ၁၉၈၂ခုနှစ်မှာ နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့ GATT(ယခု WTO)ကို လေ့လာသူအဖြစ်ဝင်ရောက်နိုင်ခဲ့ပြီး ၁၉၈၆ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊နဲ့ ကမ္ဘာ့ ဘဏ်တို့မှာအဖွဲ့ဝင်ဖြစ်လာတယ်။တရုတ်ပြည်အတွက် အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါမှု့ ဟာ ၁၉၈၀ပြည့်နှစ်တွေမှာ အထူးသိသာလာခဲ့တယ်။ကျနော်တို့နိုင်ငံကတော့ ၁၉၈၀မှာ ၁၉၇၄ မဆလတစ်ပါတီဖွဲ့စည်းပုံနဲ့အုပ်ချုပ်နေပြီး ကမ္ဘာ့ဘဏ်မှာရှိနေတဲ့ စံလင်း၊မောင်ကောင်းတို့ရဲ့ တံဆိပ် ငွေကြေးအာမခံရွေပေါင်တွေ ကုန်ခမ်းလာနေပြီးဖြစ်ပါတယ်။
အမေရိကန်ဟာ တရုတ်ပြည်ပို့ကုန်တွေအတွက် အရေးအကြီးဆုံးပစ်မှတ်ဖြစ်လာတယ်။ကွန်မြူ နစ်ပါတီခေါင်းဆောင်တွေရဲ့ သားသမီးတွေအပါဝင် မြောက်များလှစွာသော တရုတ်လူငယ်တွေဟာ အမေရိက ကိုပညာသင်သွားကြပါတော့တယ်။အမေရိကန်အရင်းရှင်ပုံစံဟာလည်း တရုတ်ပြည်မှာ သြဇာတက်လာပါတယ်။တစ်ခါ ၁၉၈၉ ဆိုဗီယက်ယူနီယံ ပြို ကွဲမှု့ က ယင်းသြဇာကို ပိုပြီးအရှိန်တက်စေခဲ့တယ်။အဲ့ဒီအချိန် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ အလယ်မှာအင်မတန်မျက်နှာကြီးနေပါတယ်။အဘယ်ကြောင့်ဆိုသော် ဆီလီကွန်တောင်ကြား၊အင်တာနက်ပေါ်ထွန်းလာခြင်း စတဲ့အရာတွေနဲ့ပက်သက်ပြီး စီးပွားရေးအဟုန်ဟာ တိုးတက်နေပါတော့တယ်။၁၉၈၉ ခုနှစ် မတ်လထဲ မှာ တင်မ်ဘားနာ့စ်လီ ရဲ့ ကမ္ဘာ့ ပင့်ကူအိမ်ကွန်ယက်ကြီး(www.)ပေါ်ထွက်လာပါတယ်။ယနေ့ ကျနော်တို့မျက်မှောက်ပြု နေရတဲ့ အင်တာနက်ခေတ်ကြီးကို မီးရူးသန့်စင်ဖွားမြင်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီအချက်တွေကြောင့် အမေရိကန်ဟာ ကမ္ဘာ့ အလယ် ပန်းပန်လျက်ဖြစ်နေခဲ့တယ်။တရုတ်ပြည်ရဲ့ ကွန်ုမြူ နစ်ဝါဒအတွေ့အကြုံကနေအောက်ပါအချက်လက်အချို့ ရှင်းရှင်းကြီးပေါ်ထွက်လာခဲ့တယ်။၎င်းတို့မှာ
၁။တရုတ်လူမျိုးတို့သည် မိမိတို့၏ အမှားများကို ၀န်ခံရဲသော သတ္တိရှိကြတယ်။အမှန်တရားရလိုစိတ်နဲ့ ဆန်းစစ်မှု့ တွေကို ပြု ရဲကြတယ်။ရရှိလာတဲ့အမှန်တရားနဲ့အညီ ပေါ်လစီကို စိတ်သန့်သန့်နဲ့ ပြောင်းလဲကျင့်သုံးနိုင်တဲ့ ၀ံ့စားမှု့ ရှိကြတယ်။
၂။အစဉ်လာအားဖြင့် ကွန်မြူ နစ်ဝါဒရဲ့ အခြေခံမဏ္ဍို င်လို့ မှတ်ယူခြင်းခံရတဲ့ ကွန်မြူ နစ်သဘောတရားစစ်စစ်ဟာ တရုတ်နိုင်ငံမှာ လက်တွေ့စမ်းသပ်ခဲ့ရာ အောင်မြင်မှု့ မရှိဘူးဆိုတာတွေ့ခဲ့ရတယ်။သို့သော် ယနေ့တိုင် တရုတ်ပြည်ဟာ ကွန်မြူ နစ်နိုင်ငံဖြစ်နေပေမဲ့ စီးပွားရေးစနစ်မှာ ကွန်မြူ နစ်ပုံစံမရှိတော့ပါ။နောက်ဆုံးတဖြည်းဖြည်းပြု ပြင်ပြောင်းလဲလာလိုက်တာဟာ ကွန်မြူ နစ်ဝါဒရဲ့ အစဉ်အလာသဘောတရား အတွေးခေါ်တွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကွဲလွဲသွားခဲ့တယ်။
၃။ယဉ်ကျေးမှု့ တော်လှန်ရေးဟူသည် လူ့အသိုင်းအ၀ိုင်းအတွင်းမှာရှိတဲ့ အုပ်စုအသီးသီးကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်ပွဲရဲ့ စံနမူနာတစ်ရပ်ပဲဖြစ်ပါတယ်။သို့သော် တကယ်တော့ တရုတ်ပြည်ကို ဒဏ်ရာအနာတရဖြစ်စေခြင်းမှအပ ဘာမှမပေးဆောင်နိုင်ခဲ့ပါ။
တရုတ်ပြည်ရဲ့ ယေဘုယျလူနေမှု့ စနစ်နဲ့ပက်သက်ပြီး ပါကစ္စတန်တရားသူုကြီးချုပ်က အောက်ပါအတိုင်းသူ့ရဲ့ ကျမ်းမှာေ၇းသားထားပါတယ်။
••• ကျနော်သည် တရုတ်ပြည်အတွင်းအနည်းငယ်လေ့လာခဲ့ပါသည်။တရုတ်ပြည်သူတို့တွင်အားကျစရာကောင်းသော လက္ခဏာရပ်များကိုတွေ့ခဲ့ရပါသည်။ပြည်တွင်း၌ ကသောင်းကနင်းဖြစ်နေမှု့ ကို အပြင်းထန်ခံစားနေရလင့်ကစား တိုးတက်သောလမ်းကြောင်းပေါ်ကို အရှိန်ပြင်းပြင်းချီတက်နေပါသည်။ထိုအားကျဖွယ်ကောင်းသောလက္ခဏာရပ်များအနက် ပထမအချက်မှာ ရိုးစင်းသောလူနေမှု့ စနစ်ပင်ဖြစ်သည်။တရုတ်ပြည်တွင် သွားလာခဲ့ရသမျှနေရာတိုင်း၌ အစိုးရနဲ့ပြည်သူ၂ဘက်စလုံးတွင် ပြစားလိုသော အပျံစားချယ်သမှု့ မျိုးမရှိပါ။အလုပ်အကိုင်၏ ခိုင်မာတိုးတက်ရေးကိုသာ အာရုံထားကြသည်။
အနောက်နိုင်ငံများ၏ဘ၀အစိတ်ပိုင်းတစ်ရပ်ဖြစ်နေသော ဟိရိသြတပ္ပတရားကင်းမဲ့သော အပျော်ပါးမှု့ များသည် ယခုအခါ အနောက်တိုင်းတွင်သာမက အနောက်တိုင်ဆန်လိုလှသော အရှေ့တိုင်းနိုင်ငံများတွင်ပါ မင်းမူလျက်ရှိနေသည်။ထိုအဖြစ်ကိုတရုတ်ပြည်တွင်မတွေ့ခဲ့ရပါ။
တရုတ်ပြည်သူတို့၏ ထူးခြားချက်တစ်၇ပ်မှာ အပင်ပန်းခံ၍ ကြိုးစားအားထုတ်ခြင်းပင်ဖြစ်သည်။မြို့ သို့မဟုတ် ရွာတွင်ဖြစ်စေ။လူများသည် မိမိတို့၏အလုပ်များကိုသာအာရုံစိုက်လျက်ရှိကြသည်။တရုတ်တစ်ပြည်လုံးကိုခြုံငုံလိုက်သော် ဆင်းရဲသောနိုင်ငံတစ်နိုင်ငံသာဖြစ်သည်။လူဦးရေးနှင့်စာသော် သဘာဝသံယံဇာတများများစားစားမရှိပါ။
စတုရန်းကီလိုမီတာ ၉၆သိန်းရှိတရုတ်ပြည်ကြီး၊
ထိုတိုင်းပြည်ကြီးတွင် ထွန်ယက်စိုက်ပျိုးနိုင်သော မြေကြီးမှာ ၁၀ရာခိုင်နှုန်းသာရှိသည်ကိုအံ့သြစွာတွေ့မြင်ခဲ့ရသည်။ကျန်အစိတ်အပိုင်းများမှမြေများသည် တောင်များနှင့်ရေမျက်နှာပြင်အောက်မြေများဖြစ်နေသည်။တောင်နှင့်ရေအောက်မြေများမှအပဖြစ်သော အချို့မြေသည် ပထ၀ီသဘောအရ စိုက်ပျိုး၍ မရသောမြေနှင့် မြက်စိမ်းမှပင်မပေါက်သော သဲကန္တရကြီးဖြစ်နေသည်။သို့သော် ပါကစ္စတန်နှင့်နှိုင်းစာသော် တရုတ်၏ တစ်ဧကထွက်နှုန်းကပိုနေသည်။ဤသည်မှာ တေင်သူလယ်သမားတို့၏ အပင်ပန်းခံကြိုးစားအားထုတ်မှု့ မှပေးအပ်သော အကျိုးခံစားရမှု့ ပင်ဖြစ်သည်။
ကျနော်ဘေဂျင်း၌ ရှိနေစဉ် မုန့်လာဥထုတ်အပြည့်တင်ထားတဲ့ထရပ်ကားကြီးများကိုလမ်းတိုင်းတွင်တွေ့ခဲ့ရသည်။ယခုအချိန်သည် မုန့်လာဥထုတ်ရိပ်သိမ်းချိန်ဖြစ်သည်။အေးလွန်းသောဆောင်းရာသီတွင်မုန်လာဥထုတ်မဖြစ်ထွန်းပေ။လူများသည် မုန်လာဥထုတ်များကို တနင့်တပိုးဝယ်ပြီးထွက်သွားကြသည်။ဆောင်းတွင်းတစ်ရာသီလုံးအတွက် ၀ယ်ယူစုဆောင်းကာ အိမ်များတွင်နည်လမ်းတစ်ရပ်အဖြစ် လှိုဏ်များတူးကာ မုန်လာဥထုတ်များကို သိမ်းဆည်းပြီးစားသုံးကြသည်ဟု ဒေသခံတွေက ရှင်းပြကြသည်။
တရုတ်တို့၏ လစာပမာဏဟာအလွန်နည်းသည်။ဘေဂျင်းတက္ကသိုလ်မှဆရာတစ်ဦး၏ လစာအဖြစ် ယွမ်ငွေ ၁၁၀သာရသည်။
" ဒီလောက်ငွေလေးနဲ့ဘယ်လိုသုံးစွဲပါသလဲ" ..... ကျနော့်၏အမေးကိုဆရာက ဤသို့ဖြေကြားသည်။
" စောင်ရဲ့ အရှည်ကိုကြည့်ပြီး ကျနော်တို့ ခြေဆန့်တာပါပဲ။ဒီလိုမှမလုပ်ရင်ဘယ်ဖြစ်ပါ့မလဲ။စိတ်ရဲ့ အလိုဆန္ဒဆိုတာ ဟာ နယ်နိမိတ်ရှိတတ်တဲ့ အမျိုးမှမဟုတ်တာ"
ယင်းတို့အား နေစရာတိုက်ခန်းပေးထားသည်။တိုက်ခန်းလခကတစ်လ ၅ယွမ်သာပေးရသည်။တိုက်ခန်းမှာ စတုရန်းကိုက်၅၀မျှရှိသည်။ဘတ်စ်ကားစီးရန်လက်မှတ်လည်းရထားသည်။ဆေးဝါးကုသမှု့ နှင့် ကလေးပညာသင်စရိတ်အခမဲ့ရသည်။လိုအပ်သည်ထက်အ၀တ်အထည်သစ်ချုပ်ဝတ်လေ့မရှိပါ။သို့ဖြစ်၍ အများအားဖြင့် ရသမျှလခကိုအစားအသောက်၌သာ သုံးစွဲရသဖြင့်လောက်ငသွားသည်။
အနေထိုင်ရိုးစင်းမှု့ ၊အပင်ပန်းခံ၍ ကြိုးစားအားထုတ်မှု့ ၊ချိုးခြံချွေတာမှု့ ၊စသည့် အကောင်းတရားများကို မည်သည့်အမျိုးသားအုပ်စုတို့ကပင် ကျင့်သုံးလေသော် ထိုအမျိုးသားတို့ ဧကံဧက တိုးတက်ရမည်သာဖြစ်သည်။တစ်နေ့နေ့တွင် ထိုအမျိုးသားတို့သည် ကမ္ဘာ့ ရှေ့ တန်းသို့ရောက်သွားကြမည်သာဖြစ်သည်။ကျွန်ုပ်၏ မိခင်နိုင်ငံ ပါကစ္စတန်သားတို့သည် ပလွှာမှု့ ၊ပြစားမှု့ ၊အလဟဿ ဖြုန်းတီးမှု့ ၊ရေသာခို၍ ဇိမ်ခံလိုမှု့  တည်းဟူသော လမ်းများဘက်သို့ ဦးလှည့်သွားနေကြသည်။ထိုသို့လမ်းမှားသို့လိုက်ပါသွားသည်နှင့် လောက၏ ဂုဏ်သိက္ခာနှင့် တိုးတက်မှု့ တို့ကလည်း ကျွန်ုပ်တို့အား မျက်နှာလွှဲသွားလိုက်သည်။ယခု ထိုအကောင်းတရားများကို တရုတ်တို့က ရယူပိုင်ဆိုင်ထားကြပေပြီး။သို့ဖြစ်၍ တိုတောင်းသောအချိန်အတွင်းမှာပင် တရုတ်တို့သည် ကမ္ဘာတွင်မိမိတို့အတွက် ထိုက်ထိုက်တန်တန်အဆင့်အတန်းကို ၇ယူပိုင်ဆိုင်ကြခြင်းဖြစ်ပါသည်။ ••••
အထက်ပါ ပါကစ္စတန်တရားသူကြီးချုပ်ရဲ့ ၁၉၈၀ကာလတွေထဲမှာ သူသွားခဲ့တဲ့ကမ္ဘာဒေသခရီးစဉ်တွေနဲ့ပက်သက်ပြီး မှတ်တမ်းတင်ခဲ့သော ကျမ်းမှအဖြစ်ပျက်များကို ဖော်ပြခြင်း ဖြစ်ပါတယ်။သူဟာ တရုတ်တွေနဲ့သူ့ လူမျိုးကိုနှိုင်းပြသွားခဲ့တာဟာ အင်မတန်စဉ်းစားစရာကောင်းလှပါတယ်။ကျနော်တို့ကလည်း ခေတ်အဆက်ဆက် အကောင်းဘာတစ်ခုမှမရှိတဲ့ အစိုးရသာအပြစ်ပြောနေကြတယ်။ကျနော်တို့ရဲ့ လူမှု့ စရိုက်တွေကလည်း အမှတ်ပေးစရာ ဘယ်နားမှာမှမရှိဘူးဆိုတာ ထင်သာမြင်သာရှိပါတယ်။ဖျက်စီးခံရတာပါဆိုတဲ့စကားဟာ ယနေ့အချိန်မှာ ဆင်ခြေတစ်ခုအတွက် မလုံလောက်တော့ပါဘူး။ကျနော်တို့ကိုယ် ကျနော်တို့မပြင်သ၍ ဘယ်နတ်ဒေ၀ါမှလာပြင်ပေးဖို့မရှိဘူးဆိုတာ ထာဝရအမှန်တရားပဲဖြစ်ပါတယ်။ကျနော်တို့အော်ခဲ့တဲ့ခေတ်အဆက်ဆက် အမျိုးသားရေးကြွေးကျော်သံဟာလည်း ဘာမှလုပ်မပေးနိုင်ဘူးဆိုတာအားလုံးအသိပါ။
ကျနော်တို့ရဲ့ အကျင့်တွေ၊စရိုက်တွေ၊လူမှု့ ဖွဲ့စည်းပုံတွေ၊ကြိုးစားအားထုတ်မှု့ တွေ၊အမြင်တွေ၊အတွေးတွေ၊လုပ်ရပ်တွေ စတဲ့အ၇ာအားလုံးကို ခေတ်အစိုးရအပြောင်းလဲနဲ့အတူ ပြု ပြင်ပြောင်းလဲဖို့အချိန်တန်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်လိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်။
နေဇင်လတ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...