Sunday, November 8, 2015

ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်

Tin Nyunt

မနက်ဖြန် တစ်ရက်လေးကုန်သည်အထိ သည်းခံပေးကြပါ။ မိုက်ရိုင်းပြီး ပွဲဖျက်ဖို့ကြံတာတွေကို မျက်နှာလွဲထား။ စော်ကားပြီး အပြင်ထွက်လာအောင် မျှားခေါ်နေတာတွေကိုလည်း နားပိတ်ထားလိုက်။ ယုတ်မာမှုအပေါင်း များစွာနဲ့ ပွဲပျက်အောင် လမ်းခင်းပေးနေတာတွေကိုလည်း လှည့်မကြည့်နဲ့။
မနက်ဖြန်ကို သည်းခံပြီးစောင့်လိုက်။ မနက်ဖြန် မနက် ၆ နာရီကစပြီး ကျွန်တော်တို့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘော ထားတွေကို ထုတ်ဖော်ခွင့်ရတော့မယ်။ ဒီကြားထဲမှာ အေးအေးဆေးဆေးနေပြီး အနားယူ အားမွေးလိုက်ကြပါ ဗျာ။
အာဏာရှင် ပြုတ်ကျဖို့ … တစ်ရက်တည်းပါ
အာဏာရှင် ဖယ်ရှားဖို့ … သုံးရွက်တည်းပါ
အာဏာရှင် မျိုးဖြုတ်ဖို့ …. သုံးချက်တည်းပါ
အာဏာရှင် စိုးမိုးမှု ပျက်သုဉ်းဖို့ ဆုံးဖြတ်ချက် … တစ်ချက်တည်းပါ

ဟုတ်ကဲ့ …
မနက်ဖြန်ဟာ ကျွန်တော်တို့ အနာဂတ်ပါ
အဲဒီ အနာဂတ်အတွက် ကျွန်တော်တို့ အသင့်ပြင်ကြရအောင်ဗျာ။
၇.၁၁.၂၀၁၅

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...