Tuesday, November 17, 2015

ခွချက်

ကို ကို မိုး to 8888 NEW GENERATIONS

သိပ်လှတဲ့ စကားကွက်
ဒေါ်အောင်ဆန်းစုကြည်ဟာ
Political Science ကို အရည်ကြိုသောက်ထားသူပီပီ
သူမရဲ့ Political Play ကို မထင်မှတ်ထားတဲ့
ထောင့်ချိုးကနေ တစ်ဖက် Player အား
အလစ်ငိုက်ဖမ်း တိုက်စစ်ဆင်လေ့ရှိတာကို
တွေ့ရတတ်တယ် ...

ဥပမာ အနေနဲ့ ပြောရရင်
သူမရဲ့ စကားတစ်ခွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ် ...
"" ကျွန်မ သမ္မတ ဖြစ်ချင်တယ် "" ဆိုတဲ့ စကားပါ ...
အဲဒီစကားကြားတဲ့အချိန်မှာ
တစ်ဖက် ကစားသမားတွေဟာ
ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ Message ကို
အဓိကထားပြီး ကာကွယ်တားဆီးကြပါတော့တယ် ...
သူမ သမ္မတမဖြစ်အောင် တားဆီးထားတဲ့
အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့
ရှိရှိသမျှ ခွန်အားအကုန် သုံးစွဲပါတော့တယ် ...
ပြည်ခိုင်ဖြိုး နှင့် မိတ်ဖက်ပါတီများ
ဦးဝီရသူ အမှူးပြုသော မဘသ နဲ့
အွန်လိုင်း အကောင့်တုများကို အသုံးပြုပြီး
အပြင်းအထန် တိုက်စစ်ဆင်ပါတော့တယ် ...
ပုဒ်မ ၅၉ (စ) ဟာ အယောင်ပြသဘောမျိုး
တိုက်စစ်သာ ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ
အခြေခံဥပဒေမှာ တည်ရှိတဲ့ စစ်အာဏာရှင်စနစ်ရဲ့
အဓိကဒေါက်တိုင် အခြေခံဥပဒေပုဒ်မ ၄၃၆ ကို
ပြင်ဖို့ ပြောင်းပြီးဦးတည်လိုက်ချိန်မှာတော့
အထက်ပါ စစ်အစိုးရ အင်အားများစွာဟာ
ပက်ပက်စက်စက် ဂွမ်းကုန်ပါတော့တယ် ...
ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ ...
အဲ့အချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ဟာ
ခွချက် ချက်ထားလိုက်ပါပြီ ...
စစ်အာဏာရှင်တွေရဲ့ အဓိကလက်ကိုင်တုတ်တွေကို
လူထုအား ချပြလိုက်သလို ဖြစ်သွားရုံသာမက
စစ်တပ်ရဲ့ ရပ်တည်ချက် မမျှတသော ခြေဥအစရှိတဲ့
အဓိက Main Point တွေကို လူထုအား သွယ်ဝိုက်သောနည်းနဲ့
Message ပေးပြီးသွားပါပြီ ...
ပုဒ်မ ၄၃၆ ပြင်ဖို့ ပြည်သူလူထု ငါးသန်းခန့်
လက်မှတ်ထိုးလိုက်တာက အထင်ရှားဆုံးသက်သေပါပဲ ...
အခုလဲ ကမ္ဘာကျော်စကားတစ်ခွန်းထပ်ပြောလိုက်ပြန်ပါတယ် ...
"" I'll be above the president "" ပါ
သမ္မတရဲ့အထက်မှာ ရှိနေမယ်ဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဟာ
မိုင်းဗုံးတစ်လုံး ထပ်ခွဲလိုက်သလို ပွက်လောတွေ
ထပ်ရိုက်ကုန်ကြပါတယ် ...
မိုးဦးကျဖားတွေလို ဝိုင်းအော်ကြပါတော့တယ် ...
အခြေခံဥပဒေနဲ့ မညီဘူးတို့
သမ္မတက ရုပ်သေးဖြစ်သွားမှာပေါ့တို့
အစရှိသဖြင့် ဝိုင်းအာကြပါတော့တယ် ...
ဒါပေမယ့်
ဒီစကားဟာ ထင်ထားတာထက်
အများကြီး လေးနက်ကြောင်း သိပ်မကြာခင်က
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတ , ကာချုပ်နဲ့
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးလိုကြောင်း
တောင်းဆိုစာပို့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့
အခြေခံဥပဒေပုဒ်မ ၅၉ (စ) မပြင်ရင်
အာဏာရပါတီဖြစ်လာတော့မယ့် NLD ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်သည်
1. NLD က တင်မယ့် သမ္မတကို
မူဝါဒရေးရာပိုင်းမှာ ညွှန်ကြားဆောင်ရွက်နိုင်စွမ်း
ရှိပါလိမ့်မယ် ...
2. သူမ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာမှာ
သေချာသလောက်ရှိတဲ့အတွက် ဥပဒေပြုရေးမဏ္ဍိုင်မှာ
ပြည်သူ့အကျိုးပြု ဥပဒေကောင်းများ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာရေး
တွန်းအားပေး ဆောင်ရွက်ခွင့်ရလာပါလိမ့်မယ် ...
3. သမ္မတမဟုတ်တဲ့အတွက်
ပါတီ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်စရာမလိုတော့ပါ ...
NLD ပါတီဝင်များရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ဆောင်ရွက်နေမှုကို မျက်ခြေမပြတ် အကဲခတ် စောင့်ကြည့်ခွင့်ရလာပါလိမ့်မယ် ...
်အကယ်၍ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့
အခြေခံဥပဒေပုဒ်မ ၅၉ (စ)သာ ပြင်ဆင်နိုင်ခဲ့ရင်
သူမ သမ္မတဖြစ်လာမှာ သေချာပါတယ် ...
1. ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်မြင်ချင်တဲ့
မြန်မာ ပြည်သူ ပြည်သားများရဲ့ ဆန္ဒ ပြည့်ဝပါလိမ့်မယ် ...
2. Clean Government , Good Governance ဟာ
ဒေါ်အောင်ဆန်းစုကြည် လကိထက်မှာ အသက်ဝင်လာပါလိမ့်မယ် ...
အသက်ဝင်လာအောင် လုပ်နိုင်စွမ်းလဲ သူမမှာ ရှိပါတယ် ...
3. တိုင်းပြည်ရဲ့ ကျဆုံးနေသော ကဏ္ဍအစုံကို
သူမရဲ့ နိုင်ငံတကာ ထောက်ခံမှု ပုံရိပ်အားနဲ့ မြှင့်တင်နိင်ပါလိမ့်မယ် ...
်4. မြန်မာပြည်သူပြည်သားတွေ နှစ် ၆၀ နီးပါး တစ်ခါမှမရဖူးတဲ့
လူမှုဖူလုံရေးအစီအစဉ်များနှင့်အစိုးရကောင်းတစ်ရပ်ရဲ့
ပွင့်လင်းမြင်သာမှုကို မျက်မြင်ဒိဋ္ဌ ရရှိခံစားနိုင်ကြပါလိမ့်မယ် ...
5. ဆီ နဲ့ ရေ ဘယ်လောက်ကွာတယ်ဆိုတာ
မြန်မာပြည်သူတိုင်း လက်တွေ့ကျကျ ဆန်းစစ်လေ့လာနှိုင်းယှဉ်ခွင့်
ရလာမှာဖြစ်ပါတယ် ...
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရဖို့
နောက်ထပ်တစ်နည်းလဲ ရှိနေပါသေးတယ် ...
ပုံမှန်မဟုတ်သော နည်းပါ ...
ပုံမှန်မဟုတ်သောနည်း ဆိုပေမယ့်
အခြေခံဥပဒေဘောင်ထဲကနေပဲ လှုပ်ရှားတာပါ ...
ခြေဥကို ပြင်ဆင်ရေးအဆင့်မဟုတ်တော့ပဲ
အသစ်ပြန်လည်ရေးဆွဲပြီး ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ခွင့်အလားအလာများသွားစေသော နည်းပါ ...
ပြည်ထောင်စုလွှတ်တော်မှာ
လွှတ်တော်အမတ်တစ်ဦးကနေပြီး
အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲလိုကြောင်း
အဆို တင်ပြီဆိုရင် အခြေခံဥပဒေပုဒ်မ ၈၆ (က) အရ
ပြည်ထောင်စုလွှတ်တော်က အမတ်အများစုထောက်ခံရင်
အဆို အတည်ဖြစ်ပါတယ် ...
ဆိုလိုတာက အမတ်စုစုပေါင်းဦးရေရဲ့
၅၁ % ထောက်ခံတာနဲ့ အဆို အတည်ဖြစ်ပါပြီ ...
အဆို အတည်ဖြစ်တာနဲ့ ခြေဥရေးဆွဲရေးကော်မတီတွေ
ဖွဲ့မယ် .. သုံးသပ်မယ် .. မူကြမ်းထွက်လာရင် ပြည်သူကို ချပြမယ် ...
ပြည်သူကလက်ခံရင်
အသစ်ပြဋ္ဌာန်းလိုက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုမယ် ...
အတည်ပြုတာနဲ့ ရွေးကောက်ပွဲ အသစ်
လွှတ်တော်အသစ် အစိုးရအသစ် ထပ်ဖွဲ့ကြမယ် ...
အဲဒီကနေ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်ရှိသောနည်းပါ ...
လက်ရှိအချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ထံမှ
မြားသုံးစင်းဟာ တစ်ဖက် Player တွေကို
ခွချက် ရိုက်ထည့်လိုက်သလို ဖြစ်နေပါပြီ ...
တစ်ဖက် Player တွေဟာ
ရွေးချယ်ခွင့် များများစားစားတော့ မရှိပါဘူး ...
ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ဟာ
လူထုခေါင်းဆောင်ပီပီ ချောင်ပိတ်ရိုက်တာမျိုး
မလုပ်ဘူးဆိုတာကို သူမရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး
ခေါင်းစဉ်အောက်မှာ လှုပ်ရှားဆောင်ရွက်နေတာကို ကြည့်ခြင်းနဲ့
သက်သေပြနေပါတယ် ...
တစ်ဖက် Player တွေ အနေနဲ့
သိက္ခာရှိသော ဆုတ်လမ်းကို ရွေးချယ်တတ်ဖို့တော့
လိုပါလိမ့်မယ် ...
ပြည်သူရဲ့ ပြောင်းလဲချင်လွန်းသော
ဆန္ဒကို အသိအမှတ်ပြုသင့်နေပြီလို့လဲ တိုက်တွန်းချင်ပါတယ် ...
ဒီပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ကစားခဲ့သမျှ ပွဲတွေထဲမှာ
အလှဆုံးပွဲ
စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ
မဟာဗျူဟာအမြောက်ဆုံးပွဲ
တစ်ဖက် Player ကို အကြပ်ရိုက်နိုင်ဆုံးသော ပွဲအဖြစ်
နောင်တစ်ချိန် သမိုင်းမှာ မှတ်တမ်းတင်ကြပါလိမ့်မယ် ...
နောက်ဆုံး အနှစ်ချုပ်ပြောရရင်
ဒေါ်စုလက်ကကိုင်ထားတဲ့ အာဏာရှင်တွေကို
ခွချက်ချက်ထားတဲ့
အရုပ်လေးဟာ ပြည်သူဖြစ်နေလို့ပါပဲခင်ဗျာ ...
ပြည်သူ့အားနဲ့ အာဏာရှင်ကို ခွချက်ချက်ထားတယ်လို့ပဲ
တင်စားလိုက်ပါရစေ ...
လင်းဝေဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...