Sunday, December 13, 2015

ဥပဒေချိုးဖောက်သော ကျောင်းသားနှင့် တောင်သူလယ်သမားများကို ထိရောက်စွာအရေးယူရန် တပ်မတော်သားကိုယ်စားလှယ် တိုက်တွန်း

 

7 day Daily| မန္တလေးသတင်း
မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၅-၁၆ တွင် မှုခင်းဖြစ်ပွားခဲ့မှု အခြေအနေအရ တရားဥပဒေ စိုးမိုးမှုအားနည်းနေသေးပြီး လူစုလူဝေး ပြုလုပ် ကာဥပဒေကိုချိုးဖောက်သည့် ကျောင်းသား များ နှင့် တောင်သူလယ်သမားများ ကိုလည်း ထိရောက်စွာ အရေးယူရန်လိုအပ်နေကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးကျော်နိုင် ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့၏ ၂၀၁၅-၁၆ဘဏ္ဍာ နှစ်အတွင်း ဆောင်ရွက်မှုအခြေ အနေတင်ပြချက်ကို တိုင်းဒေသ ကြီးလွှတ်တော်တွင် ဆွေးနွေးရာ၌ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် ဒုဗိုလ်မှူးကြီးကျော်နိုင် က အထက်ပါအတိုင်ပြောကြား ခြင်းဖြစ်သည်။
‘‘ကျောင်းသားများ၊ လယ် သမားများက လူစုလူဝေးဖြင့် ဥပ ဒေဆန့်ကျင်နေမှုများမှ တရားဥပ ဒေကို လိုက်နာရန်၊ ရိုသေလေး စားရန်၊ ကြောက်ရွံ့ရန်မရှိတော့ ဘဲ အလွယ်တကူချိုးဖောက်နေမှု များကို အာဏာပိုင်များက ထိထိ ရောက်ရောက်အရေးယူဆောင် ရွက်ရန်လိုအပ်နေသေးသည်ကို အကြံပြုဆွေးနွေးလိုပါသည်’’ဟု ဒုဗိုလ်မှူးကြီးကျော်နိုင်က ပြော သည်။
၂၀၁၅-၁၆ဘဏ္ဍာနှစ် မန္တ လေးတိုင်းဒေသကြီးအတွင်း လူ သတ်မှု၆၈မှု၊ ဓားပြမှုတစ်မှု၊ လု ယှက်မှုရှစ်မှုနှင့် မုဒိမ်းမှု၅၁မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်ခြင်းနှင့် မြေယာပြဿနာများအတွက် တောင်သူလယ် သမားများက ထွန်တုံးတိုက်ပွဲပြု လုပ်ခြင်းနှင့် သိမ်းဆည်းခံမြေပြန် ရရေးဆန္ဒပြတောင်းဆိုခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
အမှုကြီး ၁၀မျိုးဖြစ်ပွားရာတွင် လူသတ်မှု၊ မုဒိမ်းမှုနှင့် လက်နက်မှုခင်းများဖြစ်ပွားမှုများပြားနေသည်ကို တွေ့ရှိရသည့်အ တွက် မန္တလေးတိုင်းဒေသကြီးအ တွင်း တရားဥပဒေစိုးမိုးမှု အား နည်းနေသေးပြီးအေးချမ်းသာယာ ပြီး(ဒီမိုကရေစီကျသည့်)တရားဥ ပဒေစိုးမိုးသည့် တိုင်းဒေသကြီး ဖြစ်ရန် ပြည်သူလူထုက တရားဥပဒေကို လေးစားလိုက်နာရန်လိုအပ်သကဲ့သို့ အစိုးရအဖွဲ့အနေဖြင့်လည်း တိကျမှန်ကန်ပြီး လာဘ်ပေးလာဘ်ယူကင်းရှင်းရန် လိုအပ်သည်ဟု ဒုဗိုလ်မှူးကြီး ကျော်နိုင်ကဆိုသည်။
မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့တာဝန်ရှိသူများသည် မိုး ကုတ်မြို့ ရေပူကျောင်းဆရာတော် အပါအ၀င် ၅ဦးကို ခွင့်ပြုချက်မရှိဘဲ စေတီပုထိုးများဖျက်ဆီးခြင်း၊ တရားမ၀င်ကျောက်မျက်တူးဖော် ခြင်းနှင့် တရားမ၀င်သစ်စုဆောင်း ခြင်းများဖြင့် ဖမ်းဆီးတရားစွဲဆိုထားပြီး အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြသည့် မြင်းခြံမြို့နယ်မှ ကျောင်းသားများကိုလည်း ဖမ်းဆီးတရားစွဲဆိုထားသည်။
သိမ်းဆည်းခံမြေများပြန်ရ ရေးအတွက် မတ္တရာ မြို့နယ်ရှိ တောင်သူများက ကိုးလကျော်ကြာ ထွန်တုံးတိုက်ပွဲပြုလုပ်နေသလို စဥ့်ကူးမြို့နယ်ရှိ တောင်သူအချို့ကလည်း သုံးလကျော်ကြာသည် အထိ ထွန်တုံးတိုက်ပွဲပြုလုပ်နေသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏
တင်ပြချက်တွင် အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထားဆောင်ရွက်နေပြီး
မှုခင်းကြိုတင်ကာကွယ်ခြင်း၊ မှုခင်းကျဆင်းရေး ပညာပေး ဟောပြောခြင်းများနှင့် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးခြင်းများ ပြုလုပ်နေကြောင်း ဖော်ပြ ထားသည်။
7 Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...