Saturday, January 31, 2015

ကျောင်းသားလှုပ်ရှားမှုနှင့်ပတ်သက်၍ ကျနော့်အမြင်

နိဒါန်း

ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပေါ်လာရခြင်းသည် ကျောင်းသားများ၏ လွတ်လွပ်စွာ စည်းရုံးလှုံဆော် နိုင်ခွင့်၊ ကျောင်းသားသမဂ္ဂများဖွဲ့စည်းတည်ထောင်ခွင့်၊ အစိုးရအမှားများကို ဝေဖန်ထောက်ပြခွင့်၊ လွတ်လပ်စွာ မိမိနှစ်သက်ရာ ဘာသာရပ်များကို သင်ကြားလေ့လာနိုင်ခွင့်၊ ဘဝအာမခံနိုင်သည့် အလုပ်အကိုင်များ ရရှိနိုင်သည့် အခွင့်အလမ်းများ ရရှိခွင့်တို့ နှစ်ပေါင်းများစွာ ကင်းမဲ့နေခဲ့၍ ဖြစ်သည်ဟု ယေဘုယျ သုံးသပ်မိသည်။

ကျနော့်အနေနှင့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကျောင်းသားများတောင်းဆိုသည့် (၄) ပွင့်ဆိုင် ဆွေးနွေးပွဲကို ထောက်ခံသည်။ မတူညီသော အမြင်များကို ဆွေးနွေးညှိနှိုင်းရာ၌ အကြမ်းဖက်ခြင်းနည်းလမ်းကို အသုံးမပြုဘဲ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသည်သာ အကောင်းဆုံးနည်းဖြစ်ကြောင်း ယုံကြည်သည်။ ဆွေးနွေးညှိနှိုင်းရာတွင် မိမိလိုလားချက်အားလုံးကို တရားသေဆုတ်ကိုင်မထားဘဲ အလျော့အတင်း ပြုလုပ်နိုင်မှသာ အောင်မြင်မည်ဖြစ်ကြောင်းလည်း ယုံကြည်သည်။

“ဘဝရှင်မင်းတရားကြီးကျွန်ုပ်နှင့် ဘိုးလောင်းတော်ဘေးလောင်းတော်တို့၏ အရှုပ်တော်ပုံ”


ကံထမ်းလာသည်ကိုကြိုတင်မမြင်နိုင်လေသည့်၊ဤဒွန္နယာကြီးတွင်၊
ကျွန်ုပ်သည်ကြံစည်မျှော်လင့်၊ စိတ် ကူးထားခြင်းအလျဉ်းမရှိပါပဲ၊မရွယ်ပဲစော်ကဲမင်းဖြစ်ဆိုဘိသကဲ့သို့၊
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့်ဘဝ ရှင်မင်းတရားကြီး
အဖြစ်သို့ရောက်ခဲ့ရခဲ့ဖူးလေသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Friday, January 30, 2015

ကျော်ညဏ်နှင့် ပန်းရုံ

ခုတလော အားကိုးထိုက်လှသော လွှတ်တော်အမတ်မင်းများ လစာဆယ်သိန်းကိစ္စ ရေပန်းစားလှပါ၏။
သဘောကျတာလေးတစ်ခုလောက်ပြောစမ်းပါရစေ။
နိုင်ငံခြားတိုင်းတပါးရောက်လို့လွှတ်တော်ကိုယ်စားလှယ်ခြင်းယှဉ်လျင် လစာရတာနည်းလို့ရှက်သတဲ့။
ပြည်သူပြည်သားအားလုံး ဘယ်လိုရုန်းနေကြရသလဲ။ ဝန်ထမ်းတွေ ဘယ်လောက်ခက်ခဲနေကြသလဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်


Thursday, January 29, 2015

"Student Union"


၁) "ကျောင်းသားသမဂ္ဂ" ဆိုတဲ့အသုံးအနှု န်းရယ်...၊ ၂) သမိုင်းဝင် အဆောက်အဦကို ပြန်လည်ဆောက်လုပ်ခွင့်ရယ်...၊ ၃) တပြည်လုံး တက္ကသိုလ်တိုင်းမှာဖွဲ့ စည်းခွင့်ရယ်...၊ စတဲ့ right to association နဲ့ right to participation ကို ခြွင်းချက်မရှိ ခွင့်ပြုတယ်ဆိုရင် ကျောင်းသား သပိတ်အောင်မြင်တယ် ပြောရမယ်...

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁)

သစ်ထူးလွင်


Wednesday, January 28, 2015

“ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်”

Soe Min
          အခုရက်ပိုင်းအတွင်းမှာ စကာင်္ပူအမျိုးသားတက္ကသိုလ်က ကျွမ်းကျင်သူဆရာဝန်များလာရောက်ပို့ချတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ဖြစ်ပါတယ်။ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများဘက်က စွမ်းဆောင်ရည်တွေကို ဘယ်လိုမြှင့်တင်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနှီးနှောကြတာပေါ့။ လိုအပ်တယ်လေ။ လူနာတွေက အဆမတန်တိုးပွားလာ၊ အလုပ်တွေကမနိုင်မနင်းဖြစ်၊ သူရောကိုယ်ရော သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးလုလုရောက်နေတဲ့အခါမို့ ဘယ်ဘက်ကမှ အမှားမခံနိုင်တော့ဘူး။ ဆေးရုံဆေးခန်းဆိုတာ ခါကာဘိုရာဇီ တောင်တက်ရသလောက်၊ မျှော်စင်ထိပ်ဖျားကနေ ခြေနှစ်ချောင်း ကြိုးချည်ပြီး ဇောက်ထိုးခုန်ဆင်းရသလောက်ကို အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့အလုပ်ပါ လို့ သူတို့က ဆိုတယ်။ အလွတ်ကြီးပြောနေတာ မဟုတ်ဘူး။ သူတို့အနောက်နိုင်ငံကလူတွေ သေသေချာချာ စစ်တမ်းကောက်ပြီး ထုတ်ပြန်ထားတာ။ ကိုယ်တွေဆီမှာတော့ သူတို့လို ရေရေရာရာ ဘာဒေတာမှ ရှိတာ မဟုတ်လို့ ချက်နဲ့လက်နဲ့တော့ မပြောနိုင်ပါဘူး။ ဒါပေသိ ပညာရှိပီပီ နန်းတော်အောက်ခွေးတွေ ပြေးရေနေစရာ ဘယ်လိုပါ့မလဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသပ။ လူနာတွေ လှံဖျားပုစဉ်းနားပေါင်းများလို့ ကိုယ်တို့ ကျီးကန်းတွေတောင် ပါစရာချေး မကျန်တော့ဘူး။ ကိုယ်တွေဘက်မှာ သည့်ထက်ပိုပြီးမတတ်နိုင်ဘူး ဆိုတဲ့အချိန်မှာ သူများနိုင်ငံကလူတွေ ဘယ်လိုကြိုးစား ကာကွယ်နေကြသလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲ၊ ဆိုတာ သိဖို့ကောင်းတာမို့ ဆြာကြီးများပြောသမျှ တပည့်ခံရတော့တာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)

သစ်ထူးလွင်


Tuesday, January 27, 2015

ဝီရသူဆိုသူဘယ်လိုလူစားနည်း?

ဤအကြောင်းအရာတွေကို မရေးချင်။ အထူးသဖြင့် ဝီရသူအကြောင်းဆို ပို၍ပင်မရေးချင်။ သို့ရာတွင် သူကတိုင်းပြည်အရေးကို ဝင်ရောက်နှောက်ယှက်လာသည့်အတွက် ရေးမှဖြစ်မည်ဟု ယူဆမိသဖြင့် ရေးလိုက်သည်။ ဝီရသူသည် အထက်ဗမာပြည်တွင် မွတ်စလင်ဆန့်ကျင်ရေးလှုံဆော်မှုကြောင့် မွတ်ဆလင်ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်တို့ မီးလောင်နေဆုံးသွားမှုကြောင့် ထောင်ကျ ခဲ့သည်ဟု ကြားသိရသည်။ ဤအတိုင်းမှန်ပါကလူကိုသေစေရန် လှုံဆော်သဖြင့် ဗုဒ္ဓဘာသာအရ ပါရာဇိကံကျပြီး ဖြစ်သည်။ ရာဇဝတ်ပြစ်မှုဖြင့်ထောင်ကျခဲ့သူဖြစ်သည်။

ကျနော်တို့ အမေရိကရောက်ကျောင်းသားများ မြန်မာပြည်သို့ အစိုးရအဖွဲ့ဝန်ကြီးနှစ်ဦးနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးရန် ပြည်တော်ပြန်လာစဉ်က မန္တလေးမစိုးရိမ်တိုက်ဟောင်းနှင့် တိုက်သစ်မှ ဆရာတော်များကြီးကို သွားရောက်ဂါရဝပြုစဉ် တိုက်သစ်တွင် သီတင်းသုံးနေသော ဝီရသူကို မွတ်ဆလင်ဆန့်ကျင်ရေးလုပ်နေသဖြင့် နာမည်ထွက်နေသောသူဖြစ်ကြောင်း ပြောပြကြသဖြင့် လေ့လာလိုသည့်စိတ်နှင့် ကျနော်၊ မိုးသီးဇွန်၊ ကိုကိုလေး၊ မူးသာတို့အပြင် အေဘီအက်ဒီအက် မြောက်ပိုင်းအသက်ဘေးမှ လွတ်လာသော ကျောင်းသားများအဖွဲ့မှ ကိုညီညီကျော်၊ မအမာနီတို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။

အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ မပေါက်မိပါစေနဲ့ (ကျော်စွာမြင့်)





မြင်းခြံမြို့မှာရောက်ရှိနေကြတဲ့ မန္တလေးက ရန်ကုန်အထိ လမ်းလျှောက်ချီတက် သပိတ်မှောက်စစ်ကြောင်း ကျောင်းသားတွေကို မနက်ဖြန်တောင်သာမြို့အဖြတ်မှာ အစိုးရက တောင်သာ လူမိုက်စွမ်းအားရှင် ဆိုသူတွေကို အသုံးချပြီးထောက်ခံသူနဲ့ ကန့်ကွက်သူ ပြည်သူချင်းဖြစ်ကြတဲ့ ပဋိပက္ခသဏ္ဍာန် ဖန်တီးပြီး ဖြိုခွင်းဖို့ကြံစည်ထားကြောင်းသတင်းတွေမှာ ကြားသိလာရပါတယ်။

ပြက်လုံးများ(၂)


၁။ တိုင်းပြည်ကိုအနှစ်လေးဆယ်ကျော်မုဒိန်းကျင့်ပြီး၊
မသမာနည်းမျိုးစုံနဲ့ထင်တိုင်းကြဲခဲ့တဲ့
သူဌေးဘွဲ့ရဓားပြသူခိုးကြီးစားတွေဟာ၊ 
တိုင်းပြည်ကောင်းစားမယ်ထင်လို့
လုပ်ခဲ့ကြတာပါလို့ဝန်ခံလိုက်ပြီတဲ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၂၆)

သစ်ထူးလွင်


Monday, January 26, 2015

“တပ်မတော်ကို ပြန်လည် အဖတ်ဆယ်ပါ”


ယနေ့မြန်မာနိုင်ငံ၏ အကြီးဆုံးစိန်ခေါ်မှုသည်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုနိုင် သည်။ အချို့က မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးလုပ်ငန်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက အရှိန် အဟုန်ဖြင့် တိုးတက်အောင် လုပ်သွားရေးဟု ယူဆချင်ယူဆမည်။
ထိုအယူအဆသည် မှားသည်ဟု မဆိုနိုင်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပေါ်တွင် တည်မှီနေသည့်အလျောက် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ပြဿနာ က ယင်းဥပဒေ ပြင်ဆင်နိုင်ရေးသာ ဖြစ်နေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသော လုပ်ပိုင်ခွင့်အာဏာ အများအပြားကို တပ်မတော်ထံ အပ်နှံထားသလိုသာဖြစ်နေ၍ ဒီမိုကရေစီစံနှုန်းများနှင့် မညီသည်မှာလည်း တပ်မတော်ခေါင်းဆောင်များ ပင် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။

အမှုမှန် ပေါ်ပေါက်လာစေကြောင်း

(မြန်မာနိုင်ငံမှာ အင်မတန်မှ ထူးခြားဆန်းကြယ်တဲ့ မှုခင်းဖြစ်ပွားရာ နေရာ ဆန်းစစ်ချက်တွေ ပေါ်ထွက်လာတတ်ပါတယ်။ မဟုတ်ပဲ ဆိုတဲ့ စကားလုံးတွေပါတဲ့ ဆန်းစစ်ချက်တွေပါ။ ဥပမာအားဖြင့် ဒီကနေ့ ပေါ်ထွက်လာတဲ့ ကောင်းခါးမှုခင်း ဆန်းစစ်ချက် စာမှာ စစ်ဖိနပ်ရာ မဟုတ်ပဲ၊ aerosoft ဖိနပ်ရာ ဆိုတဲ့ စာလုံးတွေနဲ့ အလားတူ (မဟုတ်ပဲ......) အခြေပြုစကားလုံးတွေ တော်တော်များများ တွေ့ရပါတယ်။ ဘာလို့ တွေ့ရှိချက်ကို တွေ့ရှိချက်လို မရေးပဲ၊ တစုံတရာကို အကာအကွယ်ပြုစကားလုံးသဘော သက်ရောက်တဲ့ စကားလုံးတွေ ပါဝင်နေရသလဲ။ စွပ်စွဲမှုတွေ၊ သံသယတွေ ကိစ္စ မပြောလိုပါ။ ဒါပေမယ့် ဒီထက်ပိုပြီး၊ ယုတ္တိတန်ဖို့တော့ လိုလေမလားပဲ။ မရေရာမှုတွေ များလာရင်တော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို အကူအညီတောင်းတာ ပဲဖြစ်ဖြစ်၊ stakeholder ပေါင်းစုံ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာပဲဖြစ်ဖြစ် တောင်းဆိုကြဖို့ လိုပါတယ်။ ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်သူဟု သံသယဖြစ်ခံရသူများကိုတောင် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက အမှုမှန်ပေါ်ပေါက်ရေး၊ မှားယွင်းစွပ်စွဲခံရမှုများ ပပျောက်ရေး စတာတွေအတွက် ပါဝင်ပတ်သက်ခဲ့သေးတာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁)

သစ်ထူးလွင်


Sunday, January 25, 2015

ဦးသန့် ( ၁၉၀၉ ဇန်နဝါရီလ ၂၂ ~~ ၁၉၇၄ နိုဝင်ဘာလ၂၅ )


ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နှင့် မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ဇန်ဝါရီလ ၂၂
ရက်နေ့တွင် ဧရာဝတီတိုင်းပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတ
နော်ဇာတိဖြစ်သည့်အတွက်နောင်အခါတွင် ဦးသန့်ကို"ပန်းတနော်ဦးသန့်"လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘများသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်များဖြစ်ကြပြီး ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့တွင် သူရိယသတင်းစာကိုတည်ထောင်ခဲ့သည်

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁)

သစ်ထူးလွင်


ပေတံများ- မျဉ်းလုံးများ-အလွဲများ



                ပေတံသည်မူလကတိုင်းတွာရန်ဖြစ်သည်။သို့သော်-ပေတံယူခဲ့။လက်ဖြန့်စမ်း-ဟု ကျောင်းဆရာ လုပ်သူကဆိုလိုက်သောအခါကျောင်းသားလေးခင်မျာစိတ်ညစ်ရလေပြီ။အတန်းပိုင်ဆရာမက ကျောင်းအုပ် ကိုမကျေနပ်ဖြစ်နေခိုက်။အိမ်ကအမျိုးသားနှင့်ကတောက်ကဆဖြစ်လာခိုက်။သို့မဟုတ်-မျှော်နေသောရီးစား မလာ၍စိတ်ညစ်ညူးနေခိုက်တပည့်များကို ရိုက်နှက်မိသောအခါ ဒေါသစိတ်ကြောင့်လက်လွန်တတ်ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁)

သစ်ထူးလွင်


Saturday, January 24, 2015

ဗိုလ်ချုပ် ပုံတူ ထုဆစ်သူ


- သူသူထက်လွင် ရေးသည်။
အရုပ်တွေ ဟိုတစ်စ သည်တစ်စ ပြန့်ကြဲနေတဲ့ အခန်း၏အလယ်မှာ ဗိုလ်ချုပ်ကို ထည်ထည် ဝါဝါ တွေ့လိုက်ရသည်။
နီညိုရောင် ဗိုလ်ချုပ်ရဲ့လက်တွေ၊ ခြေထောက်တွေကို အဖြူရောင်အရည်တွေနဲ့ ဆုပ်နယ် လိမ်းကျံပေးနေသူတစ်ဦးကိုလည်း မြင်ရပါတယ်။
''ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်နေစိတ် ထားနဲ့စေတနာကို အမိဖမ်းဖို့ခက်တယ်''ဟု သူက ဆိုပါ တယ်။

Friday, January 23, 2015

ရွှေချိုးဖြူဖြူ ကူပါ့လေး


ခေါင်းအုံးကြီ ခေါင်းအုံးကြီး
မြင်းပျံလုပ်လို့စီး
ခေါင်းအုံးကြီးကမိုးပေါ်ပျံ
မိုးကခြင်ထောင်ခံ
ခြင်ထောင်ခံလို့မြေမှာပြေး သားသားအိပ်ပါလေး။ 

ဘာတွေပြင်သင့်သလဲ (၁)

မြန်မာနိုင်ငံမှာ ဘာတွေပြင်သင့်သလဲ ဆိုတာမေးရင် ပြင်စရာအများကြီးရှိတယ်လို့ ပြောရမှပဲ။ ဒီပြင်စရာတွေထဲမှာ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးတွေ အားလုံးပါတယ်လို့ ဆိုရမှာ ဖြစ်တယ်။ “ရှေးရိုးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့” လို့ ဆိုရိုးစကားရှိပေမဲ့ တိုးတက်လာတဲ့ ခေတ်အခြေအနေကို လိုက်ပြီး ပယ်သင့်တာတွေပယ်ပြီး ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းမှသာ တိုင်းပြည်ဟာ ခေတ်အခြေအနေနဲ့လိုက်ပြီး တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာတွေပြင်သင့်သလဲ (၁) မှာ ကလေးသူငယ်များကို သင်ကြားတဲ့ စာသင်ကျောင်းတွေမှာ ကိုင်စွဲရမည့် မူဝါဒအကြောင်းကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ 

ကျနော်တို့ ငယ်ငယ်က စိန့်သြဂတ်စတင်း (ယခုကမာရွတ် အထက (၂)) ကျောင်းမှာ ပညာသင်ကြားနေစဉ် အစိုးရက ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ ကျနော်တို့ကျောင်းလည်း သိမ်းတဲ့အထဲပါသွားပါတယ်။

Thursday, January 22, 2015

ပက်ဒီလား အရေးအခင်း နဲ့ ကပ်စထရိုရဲ့ အမှောင်ခြမ်း

 “ပက်ဒီးလာ” အရေးအခင်းဆိုတာ ၁၉၇၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်။
ကျူးဘားကဗျာ ဆရာ “ဟက်ဗတ်တို ပင်ဒီးလာ” ဟာ အစပိုင်းမှာ ကပ်စထရို ရဲ့ တော်လှန်ရေးကို ထောက်ခံခဲ့ပေမယ့်၊ ၁၉၇၀ တဝိုက်လောက်မှာတော့ ဗြောင်ဝေဖန်လာခဲ့တယ်။ ကပ်စထရို အစိုးရဟာ ပြည်သူတွေ မျှော်လင့်တောင့်တခဲ့တဲ့ အိပ်မက် နဲ့ သွေဖီပြီး လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေကို တားဆီးချုပ်ကိုင်လာတယ် လို့ ဆိုတယ်။ ဒါကြောင့်လည်း ကပ်စထရို အစိုးရဟာ “ဟယ်ဘတ်တို ပက်ဒီလား” ကို ဖမ်းဆီးလိုက်တယ်။
-------------------------------------------------------------
လက်တင်အမေရိကား ရဲ့ စာပေအနုပညာ မြည်ဟိန်းသံများ
---------------------------------------------------------------
စစ်အေးတိုက်ပွဲအရှိန်မြင့်လာတဲ့ ၁၉၆၀ - ၁၉၈၀ ကာလတွေဟာ လက်တင်အမေရိကားနိုင်ငံတွေအတွက် စိတ်လှုပ်ရှားဘွယ်အကောင်းဆုံး နဲ့ ထိတ်လန့်ကြောက်ရွံ့ဘွယ်နေ့ရက်များကို ဖြတ်သန်းစေခဲ့တယ်။
ချီလီမှာ ဆိုရှယ်လစ်ခေါင်းဆောင် “အာလန်ဒေး” ရဲ့ သက်တမ်းကို ဗိုလ်ချုပ်ကြီး ပီနိုချေး က အာဏာသိမ်းယူမှုနဲ့ အဆုံးသတ်ပစ်လိုက်သလို၊ ကျူးဘားတော်လှန်ရေး ရဲ့ မဟာမိတ်ဖွဲ့မှုတွေဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာတဲ့အခါ၊ အမေရိကန်ပြည်ထောင်စုကလည်း ကွန်ဒါစစ်ဆင်ရေး ( The Operation Condor ) ကို စတင်လိုက်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁)

သစ်ထူးလွင်


Wednesday, January 21, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁)

သစ်ထူးလွင်


Tuesday, January 20, 2015

“ဒီညကျနော်အိပ်မပျော်ပြန်ဘူးအမေ”


၁၆ဇန်နဝါရီ၂၀၁၅နေ့ထုတ်၊သည်လေးဒီးစ်အပတ်စဉ်ဂျာနယ်မှ။ ။

“ဒီညကျနော်အိပ်မပျော်ပြန်ဘူးအမေ”

(မင်းဒင်)

(တစ်)
ဒီရက်ပိုင်းမှာ၊အိပ်တော့မယ်ဆိုပြီးခေါင်းချလိုက်တိုင်း၊
အမေ့အကြောင်းတွေချည်းခေါင်းထဲရောက်နေတယ်အမေ။အမေ့အ
ပေါ်ကျနော့်ကောင်းကွက်က၊မရှိသလောက်ရှားခဲ့တော့၊ အမေ့အကြောင်းခေါင်းထဲရောက်လာမှာကိုတစ္ဆေခြောက်သလို ကြောက်၊ကြောက်နေတယ်အမေရဲ့။အသက်ကြီးလာလေအမေ့အပေါ်မိုက်လုံးကြီးခဲ့မိတာတွေ ပြန်၊ပြန်သတိရ မိလေပါပဲ။ 

မိုးကြိုးပစ်ရာထန်းလက်နဲ့ကာဆိုသလို၊အမေဆုံးခါနီးတစ်လကျော်လောက်သာ၊
အမေ့အပေါ်တာဝန်ကျေနိုင်ခဲ့တာတစ်ခုပဲ ကျနော့်မှာဖြေသိမ့်စရာရှိပါတယ်။ ကျနော်ကမ်းကုန်အောင်ဆိုးခဲ့ပါတယ်။

အမေနေပူစပ်ခါးထဲမှာသားသမီးတပြုံတမကြီးနဲ့ရုန်းကန်နေခဲ့ရတာကို
ဂရုမထားပဲ၊အမေ့ဈေးဆိုင်ကပိုက်ဆံတွေခိုးပြီး၊ ဘုံး ဘောလအောလျှောက်သုံးလျှောက်ဖြုန်းပစ်ခဲ့တာ၊
ဆယ်တန်းကျောင်းသားအရွယ်ရောက်တာတောင်၊ဟင်းမကောင်းတဲ့
အကြောင်းပြချက်နဲ့၊အမေကိုယ်တိုင်ပြင်ပေးတဲ့ထမင်းစားပွဲကိုမှောက်လှန်ပစ်ဖူးတာ၊
အိမ်ထောင်ကျတဲ့အထိဖဲဝိုင်းကိုရံဖန်ရံခါရောက်နေတတ်လို့အမေလိုက်လိုက်ခေါ်ရတာ
၊ပြောရရင်တော့အများကြီးပါပဲအမေ။ဒီလောက်အသုံးမကျခဲ့တဲ့သားကို
လူအများရှေ့မှာ ဒါကျုပ်သားပေါ့ဆိုပြီးအမေရင်ကော့ ကြွားခဲ့တာတွေပြန်တွေးမိရင်ကျနော့်လိပ်ပြာကျနော်မလုံပဲရှက်စရာလို့သာ ထင်ပါတော့တယ်။

နောင်တဆိုတာနောင်မှရသတဲ့အမေ၊အခုဆိုအမေ့မြေးကျနော့်သမီးလည်း
အရွယ်ရောက်ပြီးအိမ်ထောင်ကျ၊ကျနော်လည်းဖခင်ဘဝကိုပီပီပြင်ပြင်
ရပြီဆိုကာမှ၊အမေ့ကောင်းကွက်တွေချည်းပြေးသတိရနေတယ်။
ကောင်းပေ့ညွန့်ပေ့ဆိုတဲ့အစားအသောက်တွေစားနေရပေမဲ့၊
အမေ့လက်ရာမလွှပွင့်နဲ့ခရမ်းချဉ်သီးချက်ကိုပဲတမ်းတမိတယ်အမေ၊
ဘယ်အစာတွေဘယ်လောက် ကောင်းကောင်း၊မေတ္တာရနံ့မပါရင်အရသာကင်းမဲ့တာပါပဲ။

အခုကျနော်ရောက်နေတဲ့အရပ်ဒေသဟာ၊ကျနော့်ရေမြေ၊ကျနော့်နိုင်ငံမဟုတ်ဘူးအမေ၊
ကျနော်နေ့စဉ်နဲ့အမျှပြောဆိုဆက်ဆံနေရတဲ့သူတွေဟာလည်း၊
ကျနော်တို့လူမျိုးတွေမဟုတ်တဲ့မျက်နှာစိမ်းတွေမို့နေရထိုင်ရတာ
အတော့်ကိုစိတ်ကသိအောက်ဖြစ်စရာတွေများလှပါတယ်။
ဒါတောင်အမေ့သားကခေတ်ပညာအထိုက်အလျောက်တတ်ပြီး၊
မတောင့်မတမကြောင့်မကျနေနိုင်တဲ့ဘဝမို့သာ၊တော်သေးတော့တယ်။

အင်း၊လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကျော်တုန်းက၊စာတလုံးမှမတတ်တဲ့အမေဟာ၊
လင့်မျက်နှာတရွာထင်ပြီး၊မှိုက်ပင်လိုတကဲ့တော
ကြိုအုံကြားကနေ၊ရန်ကုန်လိုမြို့ကြီးပေါ်တက်လာပြီး၊ကြုံလာသမျှလောကဓံခါးစည်းခံရင်း သားသမီးတွေရဲ့ရှေ့ရေး အတွက် အပြုံးမပျက်ခဲ့တာများ၊ အခုနေကိုယ်ချင်းစာစိတ်နဲ့ပြန်တွေးကြည့်ရင်ကြက်သီးတောင်ထမိတယ်အမေ။

(နှစ်)
စေ့စေ့တွေးရေးရေးပေါ်သတဲ့။အမေ့အကြောင်းသတိရစရာတွေကအများသားကလား။
လောကဓံတရားတွေနဲ့ကြုံရ လေ တိုင်း၊အမေစွဲကိုင်အသုံးပြုခဲ့ပြီး၊ကျနော်တို့ကိုပါတဆင့်သင်ကြားပေးခဲ့တဲ့အမေ့ရဲ့
ဘဝဒဿနတွေဟာ၊တော်ရုံပညာရှင်လိုက်မမီတာ အမှန်ပဲအမေ။
ကျနော်ငယ်ငယ်တုန်းကဆိုခါးတဲ့အရသာကိုလွှတ်မုန်းတယ်။
အထူးသဖြင့်ဆေးခါးခါးကြီးတွေသောက်ရမှာသိပ်ဝန်လေးတယ်။ 

အမေကတော့ခပ်အေးအေးပဲ။ထုတ်တန်းနဲ့လွတ်မလွတ်ခေါင်မိုးပေါ်
ဖျတ်ကနဲမော့ကြည့်ပြီး၊ “ထုတ်တန်းနဲ့ လွတ်တယ်၊ ရော့၊သောက်လိုက်လူလေး၊ဘုရားဆေးတရားဆေးသံဃာ့ဆေး” ဆိုပြီး၊ဇွတ်သောက်ခိုင်းတော့တာပဲ။ဘာတဲ့။ “ရေနဲ့မျှောချလိုက်ရင်၊မခါးတော့ပါဘူး၊လူလေးရောဂါပျောက်ဖို့ကအရေးကြီးတယ်”တဲ့။
ကြက်ဟင်းခါးသီးနဲ့ကြောင်လျှာသီးဟင်းတွေလိုခါးတဲ့ဟင်းတွေ
ကျနော်မစားချင်ပြန်တော့၊အခါးဆိုတာလူနဲ့တည့်သတဲ့။ 

အမေ့ပို့ချချက်အောင်မြင်လိုက်ပုံများ၊အခုဆိုကျနော်ဟာကြက်ဟင်းခါးသီးကြော်
တောင့်တနေတတ်တဲ့ဘဝကိုတောင်၊ရောက်နေပါပြီကော။နောက်တစ်ခုရှိသေးတယ်။
ကျနော်ငယ်ငယ်ကခေါင်းမှာဒက်တွေအနာစိုတွေခဏခဏပေါက်တတ်တယ်လေ၊
အမေကသင်တုန်းဓားတစ်ချောင်းနဲ့၊ဆံပင်ရိတ်ရင်း၊အနာတွေပါရောပြီး
လှီးချပစ်တော့၊ကျနော်ကငိုမယ်လို့ကြံကာရှိသေး။
”ယောက်ျားဆိုတာမငိုရဘူးလူလေးရဲ့။နာလည်းခဏပေါ့”တဲ့။
ခုနေပြန်စဉ်းစားကြည့်ရင်၊နာတယ်ဆိုတဲ့ဝေဒနာဟာ၊မမြဲဘူးဆိုတာ 
သိပ်သေချာတာပေါ့အမေ။

ကျနော်တို့ရန်ကုန်ရောက်ကာစတုန်းက၊အတော်ဆင်းရဲချို့တဲ့တာမို့၊
မိုးသည်းတဲ့ညတွေဆိုအိမ်ခေါင်မိုးကရေယိုတော့၊အင် ဖက်တွေ၊ပလပ်စတစ်တွေနဲ့ဓနိပျစ်တွေမှာလျှောက်ထိုးပြီး၊
ဖာရထေးရတာသတိရမိသေးတယ်။ညဥ့်နက်သန်းကောင်အိပ်လို့ ကောင်းနေတုန်း
မိုးရွာရင်အမေကကျနော့်ကိုနှိုးပြီးအိမ်ခေါင်မိုးဖာခိုင်းရင်၊
ကျနော် သိပ်စိတ်ညစ်တယ်။ အမေနှိုးပုံကတော့ သင်းပါ့။ 

“မျက်စိအကျင့်ဝမ်းအချင့်တဲ့။ မျက် နှာသစ်လိုက်ရင်လန်းသွားမှာ၊ယောက်ျားကောင်းဆိုတာ၊ ဖျတ်ဖျတ်လတ်လတ် ရှိရတယ်။တစ်ညလုံးဒုက္ခခံမယ်အစား၊ ခဏလေးဇွဲခတ်လိုက်”တဲ့။အမေပြောခဲ့တဲ့မျက်စိနဲ့အစာအိမ်အကြောင်းဟာ၊
သိပ်မှန်တာပဲဆိုတာ၊အခုကျနော်ကောင်းကောင်းကြီး သဘောပေါက်နေပြီအမေ။

ဘာမဟုတ်တဲ့ပြဿနာနဲ့မျက်နှာရှုံ့တွပြီး၊ခိုညည်းသလိုညည်းနေတတ်တဲ့
သူတွေကိုတွေ့ရင်လည်းအမေ့စကားတွေချည်းပြေးပြေး သတိရမိတယ်။ “ပါးရာကပေါက်သွားပါလိမ့်မယ်လူလေးရယ်။စိတ်ဓာတ်ကျတယ်ဆိုတာ၊လူညံ့တွေရဲ့အလုပ်”

(သုံး)
အမေကတော့၊လောကဓံရဲ့ထုထောင်းရိုက်ပုတ်ကလူကျီစယ်တာခံရလေတိုင်း၊
သားသမီးတွေရဲ့ ရှေ့မှာမျက်နှာမညှိုးစေရပဲ၊ အားတင်းပြုံးတွေပြုံးနေတတ်တာကျနော်ခုမှသဘောပေါက်တော့တယ်အမေ။
မထင်မှတ်ပဲ၊အဖေရုတ်တရက်ဆုံးသွားတြဲ့ဖစ် ရပ်ဟာ၊အမေ့ဘဝအတွက် လောကဓံရဲ့ အပြင်းထန်ဆုံးစိန်ခေါ်မှုပေါ့။ လူပျိုပေါက်ဖြစ်နေတဲ့ကျနော်အပါအဝင်၊ ရှိရှိသမျှ ညီအကိုမောင်နှမအားလုံးကတော့၊ မသေချာလှတဲ့ဘဝရှေ့ရေးကိုတွေးပြီးကြူကြူပါအောင်ချုံးပွဲချငိုမိကြတာပါပဲ။ ဒါပေမဲ့ အမေဟာအော်ကြီးဟစ်ကျယ်မငိုခဲ့ဘူး။ 

ကျိတ်ပြီးလည်းမငိုခဲ့ဘူး။သုံးရက်တိတိငူငူတွေတွေကြီးသာဖြစ်နေခဲ့တယ်။

လောကဓံကိုအဲသလိုအတုမရှိကြံ့ကြံခံနိုင်ခဲ့တဲ့အမေဟာ၊
သားသမီးတွေလူလားမြောက်ပြီးအတောင်စုံချိန်၊ကျည်ကွယ်မျက် ကွယ်ဖြစ်လောက်တဲ့အချိန်မှာတော့၊ လေသံခပ်အေးအေးနဲ့၊
ပုထုဇဉ်ပီပီညည်းဖူးတာကိုလည်းကျနော်အမှတ်ရနေတယ် အမေ။

“မင်းတို့အဖေ၊ကလေးတပြုံကြီးနဲ့၊ရွာမှာအမေ့ကိုထားသွားခဲ့တုန်းက၊
အမေ့မှာအတော် ကသီခဲ့ရတယ်”

အဲသလိုအမေ့ညည်းသံကြားတော့၊ကျနော့်စိတ်ထဲမှာ “သြော်ငါ့အမေလည်းအသက်ထောက်လာတော့စိတ်ဓာတ်တွေ ကျလာ ပြီထင်ပါရဲ့”လို့တွေးမိပေမဲ့၊အဲဒီအတွေးဟာမမှန်ပြန်ဘူး။
(၁၉၈၈)တစ်တိုင်းပြည်လုံးအုံကြွခဲ့ကြစဉ်တုန်းက၊ ကျနော် တို့နေခဲ့တဲ့ရပ်ကွက်အပြင်၊ရန်ကုန်မြို့ရဲ့နေရာအတော်များများကို
၊ရေတပ်သင်္ဘောပေါ်ကနေအမြောက်နဲ့ပစ်မယ်ဆိုတဲ့၊ကောလဟလသတင်း 
ထွက်လာတော့၊ 

“လူမိုက်တွေကိုပစ်တာ မှန်အောင်သာပစ်ပါစေ။ အမေ့ထိချင်ထိပေ့စေ၊ မရှောင်ဘူး” တဲ့။ 

အမေ့ အာဂ သတ္တိကိုကျနော်ဖြင့်သြချယူရတာပါပဲ။

အမေနဲ့ပတ်သက်ပြီးအမှတ်ရစရာပေါင်းသောင်းခြောက်ထောင်ထဲကနေ၊
ကျနော်သတိတရအရှိဆုံးအထူးခြားဆုံးဖြစ်ရပ်တစ်ခုကိုကျနော်မှတ်မိနေသေးတယ်။
အဲဒါကတော့ ကျနော်တို့လမ်းထိပ်မှာတဲအိုလေးနဲ့နေခဲ့တဲ့ အဖွားအိုဒေါ်မျှင်ရဲ့ကိစ္စပေါ့။

(လေး)
အခုလက်ရှိအချိန်၊လှိုင်မြို့နယ်၊ဘူတာရုံလမ်းထဲက၊(၁၂)လမ်းထိပ်တည့်တည့်
၊အေးရိပ်မွန်အိမ်ယာဟာ၊ကျနော်တို့နေခဲ့တဲ့ဓမ္မသုခလမ်းရှိတဲ့နေရာပေါ့။
(၁၉၇၆)ခုနှစ်၊လွန်ခဲ့တဲ့အနှစ်လေးဆယ်ဝန်းကျင်ဓမ္မသုခလမ်းထိပ်မှာ
ခပ်ကျဉ်းကျဉ်း ရေ မြောင်း လေးရှိတယ်။ ရေမြောင်းကိုဖြတ်ပြီး
အခိုင်အမာထိုးတာတဲ့၊သစ်သားတံတားငယ်တစ်ခုရဲ့ကပ်လျက်မှာ ခနော်နီ ခနော်နဲ့ ယိုင်ယဲ့ယဲ့တဲလေးတစ်လုံးရှိခဲ့လေရဲ့။

အဲဒီတဲပိုင်ရှင်ဟာဒေါ်မျှင်လို့ခေါ်တဲ့အသက်ခုနှစ်ဆယ်ကျော်မုဆိုးမအဖွားအို
တစ်ဦးပါပဲ။ဒေါ်မျှင်နဲ့အတူနေတဲ့တစ်ဦးတည်းသောသမီးမခင်တင့်ဟာလည်း
အသက်ငါးဆယ်ဝန်းကျင်၊ရှိလောက်မယ်ထင်မိတယ်၊ 
သူ့ခမျာ၊သိပ်ပြီးတော့စိတ်မူမမှန်ရှာပါဘူး။

အဲဒီတဲလေးဟာ၊ဘယ်ခေတ်ဘယ်ကာလကဆောက်ထားတယ်ဆိုတာ
ကျနော်မသိသလို၊သူတို့သားအမိရဲ့ဇာတိပဝတ္တိကိုလည်းကျနော်သေချာမသိပါဘူး။
ကျနော်သတိပြုမိသလောက်တော့သူတို့သားအမိဟာ၊ဆေးရိုးခေါက်
၊ဆေးရွက်ကြီးတချို့ အဲဒီ တဲဝမှာတင်ရောင်းဖူးတယ်လို့ခပ်ရေးရေးမှတ်မိနေတယ်။

အဖွားအိုဒေါ်မျှင်ဟာသူ့သမီးရဲ့ဘဝရှေ့ရေးကိုတွေးပူဟန်တူပါတယ်။
ရှိစုမဲ့စုလေးကိုခြစ်ကုပ်စုဆောင်းပြီးဓမ္မသုခလမ်းထဲက အိမ် လေးတစ်လုံးကိုဝယ်ခဲ့ရှာတယ်။အင်း၊ဖြစ်ချင်တော့ဒေါ်မျှင်ဟာ
အိမ်လေးဝယ်ပြီးတာတောင်သူ့တဲလေးကိုမစွန့်ခွာနိုင်ပဲ အဲဒီအိမ်ကိုအိမ်ငှားတင်သဗျ။အဲဒီအိမ်ငှားကတော့၊ကျနော်တို့ကကိုမုန့်လုံး
လို့ခေါ်တဲ့ကိုထွန်းအောင်တို့မိသားစုပါပဲ။

တိုတိုပြောရရင် ခေတ်တွေစနစ်တွေပြောင်းလာပြီးလမ်းဘေးတဲလေးကို
သက်ဆိုင်ရာက ဖယ်ရှားလိုက်လို့၊ဒေါ်မျှင်ဟာလမ်းထဲက 
သူ့အိမ်ဆီမဖြစ်မနေပြောင်းရတော့မဲ့ အချိန်မှာ၊လူလည်ကိုမုန့်လုံးဟာ၊အသာတကြည်ဖယ်မပေးတော့ပါဘူး။

ခေတ်ကြီးကလည်းမဆလခေတ်၊ကိုမုန့်လုံးကလည်းရပ်ကွက်သမ
ခွဲတမ်းကိုယ်စားလှယ်လိုလိုရာထူးနဲ့ဆိုတော့အိမ်ရှင်အိမ်ငှားကိစ္စ
တရားတဘောင်ဆိုင်ဖို့ဆိုတာကလည်းဒေါ်မျှင့်ခမျာမတတ်ရှာနိုင်ဘူးထင်ပါရဲ့။
ဒီလိုနဲ့ဒေါ်မျှင်ဟာကြံရာမရတဲ့အဆုံး၊သူပိုင်ကိုမုန့်လုံးရဲ့အိမ်ရှေ့မှာ
တဲလေးတစ်လုံးဇွတ်ထိုးနေရတဲ့ဘဝရောက်ရရှာပါတယ်။
ထူးဆန်းတာတစ်ခုက ဒီမတရားမှုကို အရပ်ထဲလမ်းထဲမှာ သြဇာအာဏာရှိတဲ့၊ဘယ်လူကြီးတစ်စုံတစ်ယောက်ကမှ၊
ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲရေငုံနှုတ်ပိတ် နေခဲ့ ကြတဲ့ကိစ္စပါပဲ။

ဒီလိုအခြေအနေမှာတင်ဒေါ်မျှင်ဟာအသက်ရှစ်ဆယ်ကျော်လာတယ်။
ပိုဆိုးချင်တော့သူ့သမီးဒေါ်ခင်တင့်ဟာ၊ဘာရောဂါနဲ့မှန်းမသိ၊တပိန်ပိန်တလိမ် လိမ်နဲ့ဆုံးသွားရှာပြန်တော့၊အဖွားအိုဒေါ်မျှင်ထမင်းနပ်မမှန်တဲ့
ဘဝရောက်ရောဆိုပါတော့။ 

တလမ်း လုံးလိုလိုဒေါ်မျှင့်ကိုဂရုဏာသက်ကြရှာပါတယ်။ ဒါပေမဲ့ကိုမုန့်လုံးအရှိန်အဝါနဲ့လူမုန်းမခံချင်ကြတာကြောင့်ထင်ပါရဲ့။
ဘယ်သူမှမကူညီရဲကြပါဘူး။ကိုမုန့်လုံးကတော့ဒေါ်မျှင်ကြီးမြန်မြန်သေပါစေလို့
ဆုတောင်းပေမပေါ့။

ဒီမှာတင်တကဲ့တောသူအနုံအအစာရင်းဝင်တဲ့အမေဟာ၊
ဘယ်ကဘယ်လိုသတ္တိတွေရသလဲတော့မဆိုနိုင်ဘူး။ဒေါ်မျှင်အတွက်နေ့စာရော
ညစာပါသူကိုယ်တိုင်၊တာဝန်ယူပြီးနေ့တိုင်းပို့ပါတော့တယ်။ပြန်နေကျဈေးကနေ
တစ်နာရီလောက်စောပြန်ပြီး၊ကိုယ်တိုင်ပို့တယ်။တချို့ရက်တွေမှာ
ကျနော်တို့ညီအကိုတွေကိုအလှည့်ကျပို့ခိုင်းတယ်။ထမင်းဟင်းထည့်တဲ့
ဇလုံပန်းကန်ကအစ၊သန့်ပြန့်နေမှအမေကြိုက်တယ်။ 

ကျနော်တို့မိသားစုစားတဲ့ထမင်းဟင်းတွေထဲကပဲခွဲပို့တယ်။အဖွားဒေါ်မျှင်
အသက်ကိုးဆယ်ကျော်မှာ ဆုံးပါးသွားတဲ့အထိ၊ အမေဟာ သူယုံကြည်ရာကို၊ဘယ်သူ့ကိုမှမကြောက်မရွံ့တစိုက်မတ်မတ်
လုပ်ဆောင်သွားခဲ့လေရဲ့။

(ငါး)
ဆင်းရဲသားအားနည်းသူတွေဘက်ကနေရဲရဲတင်းတင်းရပ်တည်ခဲ့တဲ့၊
အမေ့လုပ်ရပ်နမူနာကောင်းဟာ၊အမေ့ရဲ့အထူးခြားဆုံး၊အမြင့်မားဆုံးဂုဏ်ရည်လို့
ကျနော်တင်စားချင်ပါတယ်။အမေ့စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို
ကျနော်သိပ်အားကျမိပါ တယ်။လက် ရှိ အခြေအနေမှာ၊လက်လုပ်လက်စား ဆင်းရဲသားတောင်သူလယ်သမားတွေ
ဘဝပျက်နေရတဲ့ကျနော်တို့တိုင်းပြည်ရဲ့ရှေ့ရေး ကတော့၊ရတက်မအေးစရာတွေကြီးပါပဲအမေရာ။

ကျနော်လက်ရှိဘဝဟာမတောင့်မတမကြောင့်မကျရတဲ့အခြေအနေမို့ပြည့်စုံတယ်
လို့ထင်ရပေမဲ့၊ကျနော့်ဇာတိတိုင်းပြည်က တောနေလူတန်းစားတွေ
ဒုက္ခပွေနေရတဲ့အဖြစ်ကိုအဝေးကနေကြားနေသိနေရတော့၊
ကျနော့်စိတ်ထဲမှာ၊မပျော်နိုင်တာ အမှန် ပဲ။ 

မကြာသေးခင်ရက်ပိုင်းတွေကလက်ပံတောင်းတောင်ဆိုတဲ့အညာဒေသ
ဘက်မှာသေနတ်ပေါက်တဲ့သတင်း၊တောသူတောင်သားတွေသေကြ
ဒဏ်ရာရကြတဲ့သတင်းတွေကို၊တမလွန်ဘဝကအမေသာသိခဲ့ရင်၊
ဘယ်လိုနေရှာမှာပါလိမ့်။မရှိနွမ်းပါးဆင်းရဲရှာကြတဲ့သူတွေရဲ့ အဖြစ်ဆိုးလှတဲ့ဘဝတွေကိုအမေဘယ်လိုကောက်ချက်ချမှာပါလိမ့်။

အစိုးရဘက်ကတော့၊ဒီဖြစ်ရပ်တွေဟာ၊နောက်ကွယ်ကနေသွေးထိုးလှုံ့ဆော်
သူတွေကြောင့်ဖြစ်ရတာမို့၊သူတို့လုပ်ရပ်ဟာတရားသတဲ့အမေ။
အင်း၊သူတို့ပြောတဲ့အတိုင်းသာဆိုရင်ဖြင့်
အမေတောင်သွေးထိုးလှုံ့ဆော်သူစာရင်းမှာ
ပါနေမယ်ထင်ပါရဲ့။

ဒါကြောင့်အမေ့အကြောင်းကျနော်မစဉ်းစားချင်ဘူးလို့ကျနော်ပြောခဲ့တာပေါ့။
ဒီညကျနော်အိပ်မပျော်ပြန်ဘူးအမေ။
(တစ်)
ဒီရက်ပိုင်းမှာ၊အိပ်တော့မယ်ဆိုပြီးခေါင်းချလိုက်တိုင်း၊
အမေ့အကြောင်းတွေချည်းခေါင်းထဲရောက်နေတယ်အမေ။အမေ့အ
ပေါ်ကျနော့်ကောင်းကွက်က၊မရှိသလောက်ရှားခဲ့တော့၊ အမေ့အကြောင်းခေါင်းထဲရောက်လာမှာကိုတစ္ဆေခြောက်သလို ကြောက်၊ကြောက်နေတယ်အမေရဲ့။အသက်ကြီးလာလေအမေ့အပေါ်မိုက်လုံးကြီးခဲ့မိတာတွေ ပြန်၊ပြန်သတိရ မိလေပါပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...