Saturday, February 28, 2015

"ရုန်း၍ ကန်၍ ရင်ဆိုင်၍"

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေး ကသောင်း ကနင်းဖြစ်မှု၊ ကြွေးမြီကိစ္စတွေကို ကမ္ဘာ့ဘဏ် အရာရှိများက ကူညီဖြေရှင်းပေးဖို့ စတင်ပြင်ဆင်နေချိန်မှာပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံး ချော်ထွက်သွားနိုင်တဲ့ အန္တရာယ်ကိုလည်း သတိထားကြဖို့ ဆော်ဩနေတာကို ကြားနေရပါတယ်။
လတ်တလော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်စေနိုင်ရုံမက ပြန်ကောင်းလာတဲ့ မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံအကြား ဆက်ဆံရေးကိုပါ အနှောက်အယှက်တွေ ရှိနိုင်တယ်လို့ နယူးယောက် အခြေစိုက် အာရှလူ့အဖွဲ့အစည်း (Asia Society) အဖွဲ့က ပြောပါတယ်။
“အစိုးရထဲမှာ ဒီဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တဲ့ အမျိုးအစား နှစ်ခုရှိနေပါတယ်။ တခုက အရင်အစိုးရဟောင်း လက်ထက် အကြွင်းအကျန် ခြစားပျက်စီးသူတွေနဲ့ နောက်တခုက အစိုးရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ပဲ ဖြစ်တယ်” လို့ အမေရိကန်ရဲ့ ပညာရေးဆိုင်ရာ အထင်ကရ အဖွဲ့အစည်းက ပြီးခဲ့တဲ့လက အစီရင်ခံထားပါတယ်။
“ပထမအုပ်စုရဲ့ အကျိုးစီးပွားကို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက အဓိက ခြိမ်းခြောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကနေ စို့စို့ပို့ပို့ရနေတဲ့ အခွင့်အလမ်း သူတို့မှာ မရှိတော့မှာကြောင့် ဖြစ်ပါတယ်။ တဖန်ပြန် အားကောင်းလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား သူတို့အကျိုးစီးပွားကို ခြိမ်းခြောက်မှုအဖြစ် ဒုတိယအုပ်စုက မြင်လာနိုင်ပါတယ်။ အဲဒီအုပ်စု နှစ်စုစလုံးက ဘုံရည်မှန်းချက်ကို လွယ်လွယ်ကူကူ ရှာတွေ့သွားနိုင်ပါတယ်” လို့လည်း ဆိုပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၂)

သစ်ထူးလွင်


Friday, February 27, 2015

နောက်လူတွေမတုံးစေဖို့ ။ ။

'နောက်လူတွေမတုံးစေဖို့ ။ ။  

အမျိုးသားပညာရေးဥပဒေကို
ဘာကြောင့်ပြင်ဆင်သင့်တာတုန်းအန်ကယ်

နောက်လာမဲ့အနာဂတ်လူငယ်မျိုးဆက်တွေမှာ 
မောင်တို့ကျုပ်တို့လို ငတုံးတွေ ဖြစ်မနေအောင်လို့၊
ကမ္ဘာ့အလယ်မှာဟိုလူ့မြင်အောက်ကျို့ရ၊
ဒီလူ့မြင်အောက်ကျို့ရ၊ဖြစ်နေတဲ့ ၊
အဝှာနိုင်ငံအဖြစ်ကနေလွတ်ဖို့၊

ဗျာ

မဗျာနဲ့၊မောင်ရင်၊အခုလိုမေးနေတာကိုက၊တုံးလွန်းလို့၊
ကျုပ်လည်းဒီလောက်ပဲဖြေတတ်တာကိုက တုံးလွန်းလို့၊
ဒီထက်လေးနက်တဲ့အဓိပ္ပါယ်တွေအများကြီးရှိသေးတယ် 
လို့သာမှတ်။ ။'
အမျိုးသားပညာရေးဥပဒေကို
ဘာကြောင့်ပြင်ဆင်သင့်တာတုန်းအန်ကယ်
နောက်လာမဲ့အနာဂတ်လူငယ်မျိုးဆက်တွေမှာ
မောင်တို့ကျုပ်တို့လို ငတုံးတွေ ဖြစ်မနေအောင်လို့၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၂)

သစ်ထူးလွင်


Thursday, February 26, 2015

ပုံမှန်အတိုင်း ဆက်ဆံကြပါ

လက်တင်အမေရိက ရှိ ဟေတီကျွန်းနိုင်ငံတွင် ၂၀၁၀ ခုနှစ် ဂျန်န၀ါရီ ၁၂ ရက်က မြေငလျင်ကြီး လှုပ်ခဲ့မှုကြောင့် လူ ၂ သိန်း ခန့်သေဆုံးပြီး ၁.၅ သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ စဖြစ်သည့် အချိန်မှ နောက် ၃ နှစ်အတွင်း နိုင်ငံတကာရှိ အလှုရှင်နိုင်ငံများ၏ စုစုပေါင်း လှုဒါန်းငွေသည် အမေရိကန် ဒေါ်လာ ၉.၅ ဘီလီယံ ခန့်ရှိပြီး အမေရိကန်သမတဟောင်း ဘီလ်ကလင်တန် ကိုယ်တိုင် ဦးဆောင်၍ ကယ်ဆယ်နေရာ ချထားရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

မသိချင်ယောင်ဆောင်သော အတို့အထောင်များသို့

နိုင်ငံတော် အစိုးရပိုင်မီဒီယာကတစ်ဆင့် ရိုက်ချက်ကတော့ကမ်းကုန်ဖြစ်လာပါတယ်။ သမဂ္ဂဆိုတာ ဘာမှန်းတောင် မသိတဲ့ သူက သမဂ္ဂကို ကွန်မြူနစ်အဖွဲ့အစည်းယောင်ယောင် ကြောက်စရာကောင်းအောင် ဝါဒဖြန့်ပြီး လုပ်ကြံလာတာကို တွေ့ရတယ်။ သမဂ္ဂဆိုတာ ပါဠိစကားပါ "အလုံးစုံသော၊ ညီညွတ်သော၊ တပေါင်းတည်းဖြစ်သော" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ညီညွတ်ခြင်းကို ကိုယ်စားပြုတဲ့နေရာမှာ သုံးပါတယ်။ ဘယ်သူတွေမဆို၊ ဘယ်အဖွဲ့အစည်းမဆို ညီညွတ်စွာ ပေါင်းစုဖွဲ့စည်း ထားတာကို သမဂ္ဂလို့ခေါ်ကြောင်း မှတ်သားရပါတယ်။ ဘုရားဟောမှာလည်း "သမဂ္ဂါနံ တပေါ သုခေါ" (ညီညွတ်သူများ၏ အကျင့်သည် ချမ်းသာ၏) လို့ဆိုထားပါတယ်။ တစ်နည်းပြောရ⁠ရင် ညီညွတ်သည့်အဖွဲ့သည် ချမ်းသာ၏လို့ ဘုရားရှင်က မိန့်မှာတော်မူခဲ့တာပါ။
အင်္ဂလိပ်လို Union ဆိုတာကလည်း
1. the action or fact of joining or being joined, especially in a political context.
2. an organized association of workers formed to protect and further their rights and interests; a labor union.
3. A society or association formed by people with a common interest or purpose
လို့ဖွင်ဆိုထားတာတွေ့ရပါတယ်။

တရုတ်-ဗမာအရေးအခင်းဖြစ်လာနိုင်သလား?


လောက်ကိုင်မြို့ကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်၏ MNDAA က ဝင်ရောက်တိုက်ခိုက်လိုက်ပြီး အရာရှိ တပ်သား (၅၀) ကျော် ကျဆုံးခဲ့သဖြင့် တန်ပြန်စစ်ပွဲများ ဆင်နွှဲလာခဲ့သည်။ ပြည်သူများအတွင်း တရုတ်များ ကျုးကျော်လာကြောင်း သတင်းများကို အစိုးရမှ တိုက်ရိုက်မဖြန့်သော်လည်း စစ်တပ်အသိုင်းအဝိုင်းမှ ဆိုက်ဘာ စစ်ဆင်ရေးဖြင့် တပ်မတော်သားများသည် အသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက် ပြည်ပကျုးကျော်ရန်ကို တွန်းလှန်နေကြောင်း အင်တာနက်များတွင် ရေးသား၍ တရုတ်မုန်းတီးရေးကို အင်တိုက်အားတိုက် လှုံဆော် လာသည်ကို တွေ့နေရသည်။ ရည်ရွယ်ချက်မှာ ရှင်းသည်။ ပြည်သူများ တပ်မတော်ကို ရွံရှာမုန်းတီးနေခြင်းကို လျော့ချရန်အတွက် လူမျိုးရေးကို ရှေ့တန်းတင်၍ တပ်မတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ကြိုးစားအားထုတ် နေခြင်းပင် ဖြစ်သည်။
မြန်မာပြည်တွင် စစ်အစိုးရအဆက်ဆက် အကျပ်အတည်းပေါ်လာလျှင် လူမျိုးရေးပဋိပက္ခကို ဖန်တီးတတ်သည်။ ၁၉၆၇ ခုနှစ် စစ်တွေဆန်အရေးအခင်းဖြစ်ပြီး ဆန်ထွက်သောတိုင်းပြည်တွင် ဆန်ပြတ်လတ်မှုနှင့် ကြုံတွေ့ရသည့်အခါ

သစ်ထူးလွင် သတင်း စုစည်းမှု (၂၅-၂)

သစ်ထူးလွင်


Wednesday, February 25, 2015

နောက်လူတွေမတုံးစေဖို့ ။ ။


အမျိုးသားပညာရေးဥပဒေကို
ဘာကြောင့်ပြင်ဆင်သင့်တာတုန်းအန်ကယ်
နောက်လာမဲ့အနာဂတ်လူငယ်မျိုးဆက်တွေမှာ
မောင်တို့ကျုပ်တို့လို ငတုံးတွေ ဖြစ်မနေအောင်လို့၊

ပြည်သူကို အဆိပ်ကျွေးနေသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသားများသို့။


ဤ post သည် ဒဏ်ရာရ စစ်သည်များအား ပုတ်ခတ်စေလိုသောဆန္ဒ မရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
သို့ ပါသော်လည်း ပြည်သူကို အနုပညာဖြင့် ကျေးဇူးဆပ်မည်ဟု ကြွေးကြော်နေသော ပေါ်လစီ ရုပ်ရှင်လောကသားများကိုသာ တည့်တည့် ပြောပါသည်။
ဒီနေ့ စစ်တပ်ဟာ တိုင်းရင်းသားပြည်သူတရပ်လုံးကို အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်နေတာ မြင်တွေ့နေပါလျက်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဟန်ပြသာ လုပ်ပြီး ပြည်တွင်းစစ်ကို မွေးထားတာ မြင်တွေ့နေပါလျက်။
စစ်တပ်ကြောင့် တိုင်းရင်းသားပြည်သူများစွာ အိုးအိမ်အခြေမဲ့ပြီး စ⁠စ်ဘေးရှောင်ဒုက္ခသည်တွေအဖြစ် မျှော်လင့်ချက်မဲ့ ရှင်သန်နေကြရတာ မြင်တွေ့နေပါလျက်။
စစ်တပ်ကြောင့် ကလေးသူငယ်တွေ မိဘမဲ့၊ ပညာသင်ကြားခွင့်မဲ့၊ အနာဂတ်မဲ့တွေ ဖြစ်နေကြရတာ မြင်တွေ့နေပါလျက်။
လယ်ယာမြေတွေကို တပ်ပိုင်မြေ၊ စီမံကိန်းမြေတွေအဖြစ် မတရားသိမ်းယူပီး လယ်သမားတွေကို သတ်ဖြတ်ဖမ်းဆီး အနိုင်ကျင့်နေတာတွေ မြင်တွေ့နေပါလျက်။
ပြည်သူ့ရွေးချယ်မှုမပါပဲ လွှတ်တော်ထဲ စစ်ယူနီဖေါင်းတွေနဲ့ ၀င်ထိုင်နေတဲ့ ၂၅% စစ်တပ်ကိုယ်စားလှယ်တွေကို မြင်တွေ့နေပါလျက်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၂)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၂)

သစ်ထူးလွင်


Monday, February 23, 2015

နိုင်ငံတော်သမ္မတထံသို့ Generation Wave မှ အိတ်ဖွင့်ပေးစာ

တန်းဝင်မှ စင်ပေါ်တက်ပါ

ပညာရေးဥပဒေအကြောင်း ပါဝင်ဆွေးနွေးလိုသူများအတွက် အောက်ပါမေးခွန်းများကို အရင်ဖြေဆိုပြီး ကိုယ့်ကိုယ်ကို အမှတ်ပေးကြည့်ကြပါစို့ ။
၁။ မြန်မာပြည်ဧ။် ပညာရေးစနစ်သည် အရှေ့တာင်အာရှတွင် ( အမြင့်ဆုံးဖြစ်သည်၊ အနိမ့်ဆုံးဖြစ်သည်)။
၂။ တိုင်းပြည်တစ်ပြည်ဧ။် အနာဂတ်ခိုင်မာမှုကို ထိုတိုင်းပြည်အတွင်းရှိ လူငယ်အရေအတွက်ပေါ် အခြေခံ၍ ( စစ်သားအရေအတွက် ၊ ကျောင်းသားအရေအတွက် ) ဖြင့် အချိုးချကြည့်လျှင် သိနိုင်သည် ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၂)

သစ်ထူးလွင်


Sunday, February 22, 2015

အရပ်သားတွေသေဆုံးမှု ကိုးကန့် တပ်ကြောင့် မဟုတ်ကြောင်း UNFC ထုတ်ပြန်


ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အရပ် သားတွေ သေဆုံးတာဟာ ကိုးကန့်တပ်မတော် ဘက်က ပစ်ခတ်တာကြောင့် သေဆုံးတာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အနေနဲ့ သူနယ်မြေကို သူပြန်လာခြင်းသာဖြစ်ပြီး အစိုးရအနေနဲ့ ကိုးကန့်အဖွဲ့ကို အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေးပေးဖို့ လိုအပ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၂)

သစ်ထူးလွင်


Saturday, February 21, 2015

အကောင်


ငယ်ငယ်ကတည်းက "အကောင်" ဆိုတဲ့ အသုံးအနှုန်းကို ကြားသိခဲ့ရတယ်။ ငယ်စဉ်တုန်းကတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို မတွေးဖြစ်ခဲ့ဘူး။ တိရိစ္ဆာန်လား၊ လူလားဆိုတာလည်း မစဉ်းစားခဲ့ဘူး။
သူငယ်ချင်း အချင်းချင်း ပြောကြတဲ့အခါ "သူ့ အဖေက အကောင်ကွ" ဆိုရင် အပြောခံရတဲ့သူက စိတ်ဆိုး၊ ဒေါသထွက်တာမျိုး မရှိဘူး။ ဘေးကလူတွေကလည်း သူ့အဖေဟာ မဆလအစိုးရထဲက ရာထူးကြီးကြီး ဖြစ်ရင်ဖြစ်၊ စစ်ဘက်က ရာထူးကြီးကြီး ဖြစ်လိမ့်မယ်ဆိုတာ သိကြတယ်။ အဲဒီလို ရာထူးရှိတဲ့သူတွေကို အကောင်လို့ ခေါ်ဝေါ်ကြတာ ဖြစ်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၂)

သစ်ထူးလွင်


Friday, February 20, 2015

ဆေးထိုးခန်း


လူထု ဒေါ်အမာ ပြောတာက !!
*** အာဏာရှင် လက်ဆုပ်ထဲက 

အာဏာ ကို ဖြေယူလို့မရဘူးး
ဖြုတ်ယူရမယ် တဲ့ ***

ခုတော့ !!
တချို့ က အဲ့ဒီလက် ကို ဦးတိုက်
ကိုယ့် လက်ကလေး ပိုက် လို့
ခေါင်းလေးတွေ ငိုက်နေကြတယ် …

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)။ ကိုးကန့် မြွေခြောက်ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ်မှု နှင့် ဥပဒေစိုးမိုးရေး။

       မြန်မာဆိုရိုးစကား နှင့် ကိုးကားသုံးသပ်မည်ဆိုပါကကာချုပ်မင်းအောင်လှိုင် နှင့် စစ်အစိုးရ တဖွဲ့ လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီ ဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့နေပြီဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အ၇ာတခုအားအထင်သေးစွာ ပစ်ပယ်ထား  ခဲ့ရာမှ ယင်းက ပြန်လည်ပြီးအကြီးအကျယ်ပြသနာရှာလာသော အခါ မြွေခြောက်ကိုက်ခံရသည် ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်ေ မြွေခြောက်က ပြန်ကိုက်လိုက်သောအခါကာချုပ် မင်းအောင်လှိုင်နှင့် စစ်အစိုးရ တဖွဲ့ လုံးတုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။

            ဤပြသနာကို ကာချုပ်မင်းအောင်လှိုင် အရှက်ပြေပြောနေသလို“ရဲ တချို့ ကို သတ်ပြီးထွက်ပြေးသွားခဲ့တဲ့ရာဇ၀တ်သား တဦးက ဦးဆောင်ပြီး တိုင်းပြည်လုံခြုံရေးကို ထိပါးအောင်လုပ်နေတာ။”  ဟူ၍ အပေါ်ယံကြောကနေ ချဉ်းကပ်၊ စစ်ရေးအင်အားသုံးပြီးဖြေရှင်းရုံနှင့် လုံးဝမရနိုင်ပါ။ ဖုန်ကျားရှင်ဦးဆောင်သည့် ကိုးကန့် အဖွဲ့ က ဆင်နွှဲသွားခဲ့သည့် လတ်တလောစစ်ပွဲသည် လူ့ ခန္ဓာကိုယ်၏ အပေါ်ယံတွင် တွေ့ ရသည့် အနာဖုကလေး တခုနှင့်တူသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၂)

သစ်ထူးလွင်


Thursday, February 19, 2015

ပြည်တွင်းစစ်




ပတ်တီးလိပ်ကြ
ယတြာချေကြ
ထမင်း နေလှန်းကြ။

စစ်ပွဲအကြောင်းပြပြီး 
အလှူခံဖို့ပြင်ကြ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၂)

သစ်ထူးလွင်


Wednesday, February 18, 2015

ကျောင်းသားတွေကို တကယ်စာနာသနားပြီး လုပ်ခဲ့တာဟုတ်မဟုတ်၊ မင်းဆရာတို့သိပါစေ

ကျောင်းသားတွေအပေါ်မေတ္တာထားပြီးစာမေးပွဲနီးပြီ
သပိတ်လှန်အိမ်ပြန်ကြပါလို့ပြောနေတဲ့ စစ်ခေါင်းဆောင်
တွေနဲ့ သူတို့အလိုကျလုပ်ပေးရှာတဲ့ ဘာသာရေးခေါင်းဆောင်
တွေကိုတစ်ခုလောက်မေးပါရစေ၊
အရင်၈၈တုန်းက တက္ကသိုလ်ကျောင်းတွေ အကြာကြီးပိတ်လိုက်တာဟာ
ကျောင်းသားတွေကို စာနာသနားပြီးလုပ်ခဲ့တာလား၊
အဖိနှိပ်ပြည်သူတွေရဲ့သားသမီးတွေ တက်နိုင်တဲ့ကျောင်းကိုပိတ်ပြစ်
ပညာမဲ့အောင်လုပ်ပြီး သူတို့သားသမီးတွေ အလိုတော်ရိသားသမီးတွေ
အထူးသင်ကြားနိုင်အောင် အထူးကျောင်းတွေခိုးဖွင့်ထားတာ
ကျောင်းသားတွေကိုစာနာသနားပြီးလုပ်ခဲ့တာလား၊

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၂)

သစ်ထူးလွင်


Tuesday, February 17, 2015

"တို့ဗမာတွေ ဘယ်တုန်းက တော်ခဲ့သလဲ"


သုံးလနဲ့ ကချင်ကို အပြတ်တိုက်လို့ရတဲ့ 
ဗျူဟာ ရှိတယ်တို့၊ သုံးနှစ်နဲ့ ကေအိုင်အေ
ကို ကချင်သမိုင်းမှာ ရှာလို့ မတွေ့အောင် 
လုပ်နိုင်တယ်တို့၊ ဒီကေဘီအေ ပေါ်တုန်း
ကလည်း တပတ်အတွင်း အပြတ်ချေမှုန်း
မယ်တို့ ဘာတို့ တောပြော တောင်ပြော
တွေ ပြောပြီး အွန်လိုင်းပေါ်မှာ ကြံ့ဖွတ်
စစ်သားတွေ အူကြတာ တွေ့ဖူးတယ်။

နယ်စပ်မြို့တော်မှ စိန်ခေါ်မှုများ (၁၀) (သေမင်းခံတွင်းမှာ ခဏတာ)

၁၁.၂.၂၀၁၅ နံနက် ၈နာရီခွဲခန့်။ လောက်ကိုင် - လားရှိုး အဝေးပြေးလမ်းမပေါ်ရှိ ကားတစ်စင်းထဲတွင် ကျွန်တော်ရှိသည်။ ကားကလေးသည် လျင်မြန်စွာမောင်းလျက်။ နောက်ခန်းတွင် လူလေးယောက်ထိုင်နေသော်လည်းကျပ်သည်ဟုမတွေးမိ။ ကိုယ်အိမ်ကိုယ်ပြန်လာသော်လည်းပျော်ရွှင်ကြည်နူးမှုကိုမခံစားနိုင်။ မြူနှင်းဝေေ၀နှင့် စိမ်းစိုနေသောတောင်ပေါ်ဒေသအလှတရားကိုမေ့လျော့ရင်း။ ကားကလေး၏ သွားနှုန်းနှေးလွန်းသည်ထင်၏။ ဖြစ်နိုင်လျှင် ဤအရပ်ဒေသမှ အတောင်ပံဖြင့် ပျံပြေးချင်၏။ လူတိုင်း၏ရင်တွင် ထိတ်လန့်ဖွယ် ကြောက်ရွံ့ဖွယ် ခံစားချက်များက ကြီးစိုးလျက်။ ကားလမ်းနံဘေးရှိ သံလွင်မြစ်ကြီးကလူသားတို့၏ခံစားချက်ကိုမသိကျိုးကျွန်ပြု၍ တသွင်သွင်စီးဆင်းနေရက်သည်။
ဤအိပ်မက်ဆိုး၏ အစသည်ကား. . .
____________________
(၁)
၁၀.၂.၂၀၁၅ ည ၁၁နာရီခန့်။ ဆေးရုံဝန်ထမ်းအိမ်ယာ ကျွန်တော့်အခန်းထဲတွင် ထုံးစံအတိုင်းကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေစဉ်။
ဒက် ဒက် ဒက် ဒက်
Related Posts Plugin for WordPress, Blogger...