Tuesday, March 31, 2015

“သိမ်းတယ်လို့ မှတ်မှာလား”

Soe Min March 30, 2015 at 10:28am

          ကိုယ်တို့ရွှေပြည်ကြီးမှာ သတင်းလွတ်လပ်ခွင့်တွေ ဘယ်လိုပဲရသည်ဖြစ်စေ၊ ကိုယ်တို့သားအဖ ပြောဆိုနှီးနှောလေ့ရှိတဲ့ ဖေဖေ့ရှေးစကားများထဲမှာတော့ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး စာပေစိစစ်ရေးကြီး ရှိတယ် လို့ ပြောရမလား မသိပါဘူး။ ဘာဖြစ်လို့ဆိုတော့ မျက်မှောက်ခေတ်နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ ရိပ်ဖမ်းသံဖမ်းလောက်တောင် စကားထဲ ထည့်မပြောခဲ့ဘူး။ အဲ့ဒီအကြောင်းတွေကို သမီး စိတ်မဝင်စားစေချင်ဘူး။ သိတောင် မသိစေချင်ဘူး။ သိလို့ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့လည်း သဘောထားတယ်။ ဒါတွေသိကုန်ရင် လှပတဲ့သမီးရဲ့ကမ္ဘာငယ်ကလေး ပျက်စီးသွားလိမ့်မယ်။ အရုပ်ဆိုး အကျည်းတန်သွားလိမ့်မယ်။ ကိုယ့်သမီးနဲ့ သက်တူရွယ်တူကလေးတွေ နိုင်ငံရေးကိုသဘောပေါက်ကုန်လို့ မတရားမှုတွေ၊ မမျှတမှုတွေကို လက်မခံနိုင်လို့ အရွယ်နဲ့မမျှအောင် တိုက်ပွဲဝင်နေကြတာ မြင်ရတဲ့အခါ ရင်နာလွန်းလို့၊ ငါ့သမီးလေးများ အဲသလို လူအနိုင်ကျင့်ခံရလို့ရှိရင် ဆိုတာမျိုးကို တွေးတောင်မတွေးဝံ့ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)

သစ်ထူးလွင်


Monday, March 30, 2015

နေပြည်တော် တည်ဆောက်မှု လျှို့ဝှက်ချက်ကို ဖေါ်လိုက်ပြီ


သမ္မတရုံးပြောဆိုခွင့်နှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ ကန့်သတ်တားမြစ်ထားသော သတင်းအချက်လက်များ ဖြစ်ပါသည်…..
မြန်မာပြည်တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ်အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော မင်းဘုရင်ရူးတို့ ၏ မြို့တခု မြန်မာတွင်

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၃)

သစ်ထူးလွင်


Sunday, March 29, 2015

ပိုစတာများ... (သစ်ကောင်းအိမ်)


ပိုစတာကြီးတွေ
ပြောင်းသွားတယ်
ကျော်ဟိန်း... ကျော်သူ...
စိုးသူ... ရန်အောင်...
ဒွေး...

ဆီကျူလာ ၊ ဆီကျူလာရိုက်ဇေးရှင်း ၊ ဆီကျူလာရစ်ဇင်


ဆီကျူလာရစ်ဇင် ( Secularism) ၀ါ လောကီဆန်မှုအမြင်နဲ့ပတ်သတ်လာရင် အဓိကကျတဲ့စကားလုံး သုံးလုံးရှိတယ် ၁။သူနဲ့ဆက်နွယ်နေတဲ့ စကားလုံးသုံးလုံးပါပဲ။ တစ်လုံးနဲ့ တစ်လုံး အခြေခံအားဖြင့်မတူပဲ ဆက်နွယ်နေ တယ်။ ဆီကျူလာရစ်ဇင်ဆိုတဲ့ အမြင်ကိုလည်း အထောက်အပံ့ပေးကြတာတွေ့ရမယ်။ ယေဘုယျအားဖြင့်တော့ ဆီကျူလာ( secular )၂ ဆိုတာ ခေတ်သစ် သိမှုဆိုင်ရာ အမျိုးအစားခွဲ တစ်ရပ် ၊ ဆီကျူလာရိုက်ဇေးရှင်း ( Secularization) ဆိုတာကတော့ ခေတ်သစ် ကမ္ဘာလောကရဲ့သမိုင်းဆိုင်ရာ ဖြစ်စဉ်ကို အယူအဆရေးရာ အားဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့အရာ ၊ ဆီကျူးလာရစ်ဇင်ကတော့ရှင်းပါတယ် ၊ လောကီဆန်တဲ့ ကမ္ဘာလောကကြီးရဲ့ အိုင်ဒီယိုလိုဂျီ ။ ဘာသာရေးမစွက် လောကီဆန်တဲ့ အတွေးအမြင် ၊ အိုင်ဒီယိုလိုဂျီတစ်ခုပဲ။ ဆီကျူးလာက ခေတ်သစ် သိမှု ဆိုင်ရာ အမျိုးအစားမှာ အဓိကကျတဲ့ အယူတစ်ရပ်ပဲ ။ သူ့ကို သီအိုလိုဂျီ- ဒဿနပညာ အတွဲ ၊ ဥပဒေ- နိုင်ငံရေးဆိုင်ရာ အတွဲ နဲ့ ယဉ်ကျေးမှုနဲ့ မနုသဗေဒဆိုင်ရာအတွဲတွေမှာတွေ့ရမယ်။ ဘာသာရေးကနေ ကွဲလွဲဖို့ အနက်အဓိပ္ပာယ်ဖွင့် ဆိုတာ ၊ တည်ဆောက်တာ ၊ တစ်ခုခုကို ဆုပ်ကိုင်မိအောင်လုပ်တာ၊ တွေ့ကြုံခံစားမိအောင်လုပ်တာတွေဟာ ဆီကျူလာ တွေပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၃)

သစ်ထူးလွင်


ရောက်သင့်တဲ့အဆင့်နဲ့ ဝေးကွာနေဆဲ မြန်မာနိုင်ငံ


ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ ပြောချင်တဲ့သူတွေ ရှိကြတယ်။ လုပ်ဖို့ အလုပ်တွေကော တကယ်ရှိရဲ့လား။ ရှိတဲ့အလုပ်တွေကလည်း ကြိုးကြိုးစားစားလုပ်တာတောင်မှာ ကုန်ဈေးနှုန်းကြီးတဲ့ ခေတ်ကြီး ထဲမှာ မိသားစု ချောင်လည်ဖို့ ထောက်ပံ့နိုင်ရဲ့လား၊ ကိုယ်ပိုင်အိမ်လေးနဲ့ရော တသက်နေနိုင်ပါ့မလား -- ??????

Saturday, March 28, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၃)

သစ်ထူးလွင်


Friday, March 27, 2015

နွားရိုင်းသွင်းချိန်။ ။ (မင်းဒင်)


(၁)
နေဝင်သွားခဲ့သော်ငြား၊ညမဟုတ်သေးချေ။နေ့အလင်းရောင်သည်
မြေကမ္ဘာမှအသာတကြည် ဆုတ်ခွာရန် အကြောက်အကန်ငြင်းဆန်လျက်ရှိ၏။ထွက်ပြူလာမည့်
လမင်းသည်လောကဓာတ်တခွင်ကိုမဝံ့မရဲ ချောင်းကြည့် ရင်း ၊အေးရိပ်ပေးရန်အားယူလျက်ရှိသည်။ အန္တရာယ်၏ အရိပ်အငွေ့ကို စူးစမ်းနေလေသလောမဆိုနိုင်ချေ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၃)

သစ်ထူးလွင်


Thursday, March 26, 2015

တစ်ကယ်တော့-စင်္ကာပူက... လီကွမ်ယုဆိုတဲ့လူကြီးဟာ၊ သူ့ပြည်သူကို... တော်တော်ဒုက္ခရောက်အောင်ဖန်တီးခဲ့တဲ့၊ အဓိပတိဟောင်းကြီးပါ။

.
-သံယံဇာတမထွက်တဲ့နိုင်ငံဖြစ်နေရဲ့သားနဲ့၊ပြည်သူတွေကို...
အေးအေးမနေခိုင်းဘဲ၊အလုပ်များအောင်၊လုပ်ခိုင်းခဲ့တယ်။
-သူ့ပြည်သူတွေကို-တစ်ရက် ဒေါ်လာ၂ကျပ်ခွဲ(=၂၀၀၀ကျပ်)
နဲ့လောက်အောင်၊လုပ်မပေးနိုင်ဘူး။
-တိုးတက်တယ်ပြောပြီး..နိုင်ငံတွင်းမှာ၊ ကားတွေရှုပ်အောင်၊
မသွင်းနိုင်ဘူး။
-ပြည်သူတွေရှေ့ရေးအတွက်၊နိုင်ငံတစ်ကာကလည်း၊
ငွေလိုက်မချေးဘူး။
-အစိုးရအကျိုးစီးပွားကိုမကြည့်ဘဲ၊ အပေါင်ဆိုင်တွေကို ၁ လ-
ပြား၈၀ တိုးဘဲ..ယူခိုင်းတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု ( ၂၅-၃)

သစ်ထူးလွင်


Tuesday, March 24, 2015

လီကွမ်ယု


ကျောင်းသား လီကွမ်ယု
ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့အခါမှာ လီကွမ်ယုက သူမူလရည်ရွယ်ထားသလို အင်္ဂလန်မှာ ပညာဆက်သင်ပါတယ်။ ကမ္ဘာကျော် ကိမ်းဘရစ်ခ်ျ တက္ကသိုလ်နဲ့ London School of Economics တက္ကသိုလ်ကြီးတွေမှာ ပညာသင်ကြားခဲ့ပါတယ်။ ကိမ်းဘရစ်ခ်ျမှာ ပညာသင်နေတုံးမှာ ဥာဏ်ပညာထက်မြက်တဲ့ ကျောင်းသူ Kwa Geok Cho( နောင်မှာ ရှေ့နေကြီးဖြစ်လာ) နဲ့ တိတ်တဆိတ် လက်ထပ်ခဲ့ပါတယ်.

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၃)

သစ်ထူးလွင်


Monday, March 23, 2015

လီကွမ်းယူ နောက်ဆုံးနေ့များ




စင်ကာပူနိုင်ငံ စတင်တည်ထောင်ခဲ့သူ လီကွမ်းယူ (၉၁နှစ်) - ကျမ်းမာရေးအခြေအနေ အလွန်ဆိုးလို့ စင်ကာပူနိုင်ငံသက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးဆေးရုံ၊  အက်စ်ဂျီအက်စ် Singapore General Hospital မှာ ဆေးရုံတင်ထားတာ တစ်ပါတ်ရှိသွားပါပြီ။ ယနေ့ 21 Mar 2015 မှာ အခြေအနေ ပိုပြီးဆိုးဝါးလာတယ်လို့ အစိုးရသတင်းဌာနက ထုတ်ပြန်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၃)

သစ်ထူးလွင်


Sunday, March 22, 2015

ပြည်ထောင်စုစိတ်ဓာတ်


ပြည်ထောင်စုစိတ်ဓာတ်ဆိုတဲ့ခေါင်းစဉ်နဲ့ပါတ်သတ်ပြီး စာရေးသူကြားဖူးခဲ့တာက "တိုင်းရင်းသားတွေ ညီအစ်ကိုမောင်နှမရင်းချာကဲ့သို့ချစ် ကြည်ရင်းနှီးစွာနေထိုင်ခြင်း"လို့ အဓိပ္ပါယ်ရပါတယ်။ "တိုင်းရင်းသားများချစ်ကြည်ရင်းနှီးစွာနေထိုင်ခြင်း"ဆိုတဲ့အပိုင်းမှာပြဿ နာမရှိပေမယ့် "ညီအစ်ကိုမောင်နှမ ရင်းချာကဲ့သို့" ဆိုတဲ့အပိုင်းမှာမေးစရာရှိလာပါတယ်။ ညီအစ်ကိုမောင်နှမရင်းချာဆိုတာ တစ်မိဘထဲက မွေးဖွားလာကြတဲ့သွေးအရင်းတွေ အဖေ့မျိုးရိုး၅၀ရာခိုင်နှုန်းနဲ့ အမေ့မျိုးရိုး ၅၀ ရာခိုင်နှုန်းဆတူအချိုးက ရောစပ်ပြီးတူညီစွာပါဝင်တယ်ဆိုပြီး ဆေးပညာမှာကြားဖူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းလှူရင်တောင် အဲဒီအနီးဆုံးသွေးချင်းကပဲ လှူ နိုင်တယ်လှူလို့ရတယ်။
အဲဒီလိုသွေးသားတူညီတဲ့ သွေးချင်းတွေရောငါ့သွေးချင်းပါဆိုပြီး အဲလိုစိတ်ဓာတ်တစ်သက်လုံး အမြဲထားနိုင်ပါ့မလား။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၃)

သစ်ထူးလွင်


Saturday, March 21, 2015

မတ်လကျောင်းသားလှုပ်ရှားမှုအပေါ် သုံးသပ်ကြည့်ခြင်း



၁။ မန္တလေးမြို့ကနေ ကျောင်းသားတွေကို ဦးဆောင်ပြီး ဗကသနဲ့ တကသကျောင်းသားတွေက ချီတက်လာတယ်။ ပြည်သူတွေကလည်း လမ်းတလျှောက် ထောက်ခံကြတယ်။ နောက်မြေလတ်ကျောင်းသားတွေ၊ ထားဝယ် ကျောင်းသားတွေ၊ ဧရာဝတီကျောင်းသားတွေရဲ့ စစ်ကြောင်းတွေ ပေါ်လာပြီး ပူးပေါင်းပါဝင်လာလို့ အင်အားကြီးလာတဲ့အခါ ကျောင်းသားတွေရဲ့တောင်းဆိုမှုတွေကို လျစ်လျူထားတဲ့ အစိုးရခေါင်းမမာနိုင်တော့ဘဲ အပေးအယူ လုပ်လာရတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားတွေတောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးမှု ပေါ်လာခဲ့တယ်။
၂။ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေတောင်းဆိုချက် ၁၁ ချက်ကို သဘောတူပြီး မူကြမ်းကို တက်ရောက်သူများ အတူတကွ ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းခဲ့တယ်။ ကျောင်းသားသပိတ်မှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ အားပေးထောက်ခံသူတွေအားလုံးကို အရေးမယူဘူးဆိုတဲ့ကတိကို အစိုးရဆီကရခဲ့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၃)

သစ်ထူးလွင်



Friday, March 20, 2015

ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း


စကော့လူမျိုးနိုင်ငံရေး ဘောဂဗေဒပညာရှင် အဒမ်စမစ် (Adam Smith 1723-90) ၏ လပ်ဇီဖဲယား (Laissez Faire) ဟု ခေါ်သည့် ပုဂ္ဂလိကလွတ်လပ်စွာကုန်သွယ်မှုဝါဒကို စိမ်ခေါ်၍ ဂျာမန်နိုင်ငံရေး ဘောဂဗေဒပညာရှင် ကားမတ်စ် (Karl Marx 1818-83) ၏ ကွန်မြူနစ်ဇင် (communism) ခေါ် ကွန်မြူနစ်ဝါဒ ပေါ်ပေါက်လာခဲ့သည်။ ကွန်မြူနစ် အတွေးအခေါ် (communist Ideology) သည် စက်မှုအရင်းရှင်ကြီးများအား တုန်လှုပ်ချောက်ခြား သွားစေခဲ့သည်။ ကိုယ်ကျိုးအမြတ်ရဖို့ သက်သက်ကိုသာ ကြည့်နေသော အရင်းရှင်ကြီးများ၏ လုပ်ရပ်များကို ပညာတတ်များ၊ အလုပ်သမားများ၊ လယ်သမားများက ဆန့်ကျင်လာခဲ့ကြသည်။ ကမ္ဘာတွင် လူများစုဖြစ်သည့် လယ်သမားများ၊ အလုပ်သမားများနှင့် ဆင်းရဲသားများအတွက် ကြွေးကြော်၍ ကွန်မြူနစ်များက လူထုကို စည်းရုံးခဲ့ကြသည်။

လီနင်ဦးဆောင်မှုဖြင့် ရုရှားနိုင်ငံ၌ ၁၉၁၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဇာဘုရင်ကို ဖြုတ်ချပြီး ပထမဦးဆုံး ကွန်မြူနစ်နိုင်ငံအဖြစ် ဘော်လရှီဗစ် (Bolshevik) များက အာဏာရရှိလာသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၃)

သစ်ထူးလွင်


Thursday, March 19, 2015

သုံးခုလုံး ပါသွားပြီ...


မြန်မာပြည်ခါးလယ်ကို စလွယ်သိုင်းဖြတ်ပိုင်းထားတဲ့ ရေနံပိုက်လိုင်းကြီးကနေ တရုတ်ကို ရေနံစိမ်းပို့လို့ရမယ့် မဒဲ ရေနက်ဆိပ်ကမ်းကို အကြိုဖွင့်လိုက်ပါပြီ။

တစ်နေ့ နှစ်ထောင်လောက်တယ်ပြောတဲ့ ဥာဏ်ထွန်းကတော့ စွမ်းအင်ကရှယ်ယာပါတဲ့အကြောင်း မီးလောင် ရေနံဖိတ်စတဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေ ကျွန်တော်တို့ရေကြောင်းဆရာပြောတဲ့ လူလုပ်ကပ်ဘေးပေါ့ဗျာ…

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၃)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၃)

သစ်ထူးလွင်


Tuesday, March 17, 2015

ဘမောင်၏ ငိုချင်းရှည်


အစိုးရရဲ့ ကြွေးယူမှုတွေ များပြားလာမှုကြောင့် မြန်မာပြည်သူတဦးမှာ ကျပ်လေးသိန်းကျော် ကြွေးတင်နေတယ်ဆိုတာ သိရပါတယ်၊
သို့အတွက် သေခါနီး လူပမာများ၊ ရောဂါ ကျွမ်းနေသူ များက နီးစပ်ရာ သားသမီး၊ ဇနီး ခင်ပွန်းတို့ကို သူတို့သေလျင် သံသရာကို အကြွေးပါမသွားရလေအောင် သွားဆပ်ပေးဘို့ မှာနေကြတာကို ရပ်ကွက်ထဲတွင် ကြားသိတွေ့နေရပါသဖြင့် ၎င်းတို့၏ ဆန္ဒများ ပြည့်ဝစေရန် ကျန်ရစ်သူများက အစိုးရမင်းများထံ သွားလေသူများ တင်ရှိခဲ့သော ကြွေးများကို ဆပ်လိုစိတ် ပြင်းပြနေသည်ဟု သိရပါသည်။

ငါစစ်ခွေးဟုတ်တယ်မဟုတ်ဘူးဆိုတာ ကိုယ်ရပ်တည်ချက် ကိုယ့်လုပ်ရပ်နဲ့သာ သက်ဆိုင်ပါတယ်ဗျာ

ဒီမိုတွေကငါကိုစစ်သားတွေကိုစစ်ခွေးတွေလိုပြောတယ်ဆိုပြီး
ရဲမိုးဆိုတဲ့စစ်ခွေးအစစ်က အောက်ခြေရဲဘော်တွေနဲ့
လှည့်ပြီးရန်တိုက်ပေးနေတယ်၊
တကယ်တော့ကျနော်တို့ပြောတဲ့စစ်ခွေးဆိုတာ
စစ်သားဖြစ်ခြင်းမဖြစ်ခြင်းနဲ့မဆိုင်ပါဘူး၊
အာဏာရှင်အခိုင်းခံရတာထက်ပိုပြီး အာဏာရှင်
အကြိုက်ပြောပြီး အကြိုက်လုပ်ပြီးအကျိုးစီးပွါးရယူနေသူအပြင်
အာဏာရှင်စနစ်ဆက်လက်တည့်တန့်အောင်
တမင်တကာအားပေးနေသူများကိုဆိုလိုတာပါ၊

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၃)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၃)

သစ်ထူးလွင်


Sunday, March 15, 2015

အပြားလွန်သောကမ္ဘာ (မင်းဒင်)


(၁)
ဝုန်းကနဲ၊ ဝုန်းကနဲအရှိန်ပြင်းပြင်း၊ အဆက်မပြတ်ရိုက်ခတ်လိုက်တဲ့ခေတ်စနစ်
လှိုင်းလုံးကြီးတွေကြောင့်၊ ကမ္ဘာကြီး ဟာ၊ပြားချပ်သွားပြီတဲ့ဗျ။ ကမ္ဘာပြားသီအိုရီ၊ အသေးစိတ်ကို၊ကျုပ်လည်းသိပ်တော့ နားမလည်လှပါဘူး၊
ကမ္ဘာကြီးအပြားဖြစ်အောင် ခတ်လိုက်တဲ့လှိုင်းတွေကလည်း ကိုးခုဆိုလား။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၃)

သစ်ထူးလွင်


Saturday, March 14, 2015

ရှင်ဘုရင်မဆပ်၊ ပြည်သူကသာဆပ်ရမည် နိုင်ငံတော်ကြွေးမြီများနှင့်ကျွန်ုပ် ။ (မင်းဒင်)

'၁၄။၀၃။၂၀၁၅နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာမှ ။ ။

ရှင်ဘုရင်မဆပ်၊ပြည်သူကသာဆပ်ရမည့်နိုင်ငံတော်ကြွေးမြီများနှင့်ကျွန်ုပ် ။
(မင်းဒင်)

(တစ်)
ကျဲကျဲတောက်  ပူပြင်းနေ သော ဖူးခက်နေသည် စတီးလင်ပန်းကို မီးမောင်းတို့စုပြုံထိုးထားသည်နှင့်သာတူတော့၏။ အစဉ်သဖြင့် နွေမပီ၊ ဆောင်းပျောက်၊ ကွက်ကျားမိုးသာ တစ်နှစ်ပတ်လုံး တောက်လျှောက်ရွာလေ့ရှိသော ဖူးခက်တွင် သည်တစ်နှစ်တော့ ဖြင့် နွေသည် လူတွင်ကျယ်လုပ် လျက်ရှိ၏။ ပူပြင်းလွန်းလှသည် ကြောင့် ဝယ်သူပါးနေသည့် ဈေး ဆိုင်ငယ်အတွင်း၌ ငုတ်တုတ်ထိုင် နေသော ကျွန်ုပ်သည်ပင် ချွေးဒီး ဒီးကျလျက် နံပြားဖိုထဲတွင် ဝင်ထိုင်နေရဘိသကဲ့သို့ ခံစားရချေသည်။

 အပူဒဏ်ကိုခံစားနေရင်း ကျွန်ုပ်ကွန်ပျူတာအင်တာနက် ဖေ့စ်ဘွတ်ခ်ဖြင့် အလုပ်ရှုပ်နေချိန် ၌ တပည့်ကျော်သုံးဦးသည် သမံ တလင်းပေါ်တွင် ကျောခင်းလျက် ဖုန်းကိုယ်စီပွတ်ရင်း အပူဒဏ်ကို ရင်ဆိုင်ကျော်လွှားနေကြလေ၏။ ထိုစဉ် ထိုင်းခွေးဝဲစားတစ်ကောင် သည်လည်း ဆိုင်ရှေ့အမိုးစွန်း အောက်တွင် ခိုဝင်မှေးစက်ရင်း သူ့နည်းသူ့ဟန်ဖြင့် အပူဒဏ်မှ လွတ်အောင် တိမ်းရှောင်လျက်ရှိ လေသည်။

သို့ရှိကြစဉ် ဆိုင်အနီးရှိ တစ် ခုသောကော်ဆန်းဆိုက် (ပန်းရန် လုပ်ငန်းခွင်)မှ ဖြစ်ဟန်တူသည့် မိန်းမပျိုတစ်ဦး ဆိုင်တွင်းသို့ ဝင် လာလေရာ သူ့ပုံပန်းကိုကြည့်ခြင်း ဖြင့် ကျွန်ုပ်ကဲ့သို့ပင် အညာမျိုး အညာဆက်ဖြစ်ဟန်ရှိ၏။  ‘‘ဦးလေးဦးချိန်တီရှိလားတော့’’ သေချာပေ ပြီ။ တစ်နယ်တည်းသားရိုးရိုးအအ တောသူတောင်သားများမို့ ကြုံ တုန်းသတိပေးရပေဦးတော့မည်။ ‘‘ဦးလေးဦးချိန်တီတော့မရှိဘူး ဟေ့ ဦးကြီးဒင်ပဲရှိတယ်။ ရော့.. ရော့ ဦးချိန်တီ ဒါနဲ့ ညည်းတို့လည်း အကြွေးကိစ္စမေ့မနေကြနဲ့ဦးနော်’’

‘‘ဟောတော့.. ကျုပ်ဦးကြီးဆိုင်မှာ ကြွေးမယူတတ်ပါဘူး တော်။ ဦးကြီးလူမှားနေပြီထင် တယ်’’ ‘‘မမှားပါဘူးဟ။ ကျုပ်ဆိုင်ကိုပေးရမယ့် အကြွေးလို့လည်း မဆိုလိုပါဘူး။ ကဲပါလေ။ ဒီညစားသောက်ပြီးကြရင် နီးစပ်ရာလူတွေခေါ်ပြီး အိမ်ဘက်လျှောက် ခဲ့ကြဦး။ အကြွေးကိစ္စလေးတိုင် ပင်ကြရအောင်’’။ ထူးခြားလှသည့်ကျွန်ုပ်၏အမှာစကားကြောင့် ဖုန်းပွတ်နေသော ကပ္ပလီတစ်ယောက် ကျွန်ုပ်အားပေစောင်းပေ စောင်းနှင့် ကြည့်လျက်ရှိလေ၏။

(နှစ်)
ထိုင်းစစ်တပ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုး ကြောင့် ထိုင်းတစ်နိုင်ငံလုံးစီးပွားရေးကာလနာတိုက်လျက်ရှိရုံမျှ မက ဖူးခက်မြို့မရှိ ကျွန်ုပ်၏ ဈေးဆိုင်ငယ်ကလေးပါကျီးနှင့် ဖုတ်ဖုတ်ဖြစ်လျက်ရှိ၏။ ဈေးဝယ်သူဟူ၍ တစ်နာရီကြား တစ်ယောက် ခန့်သာပေါ်လာတတ်လေသည်။ သည်တစ်ကြိမ်တွင် ရွှေပန်းငေါက် တောက်နှင့် ၂ နှစ်သားကလေး ငယ်ကိုခါးထစ်ခွင်ကာ ပါးတွင် သနပ်ခါးဘဲကျားဖြင့် ဝင်လာသူ မှာ မွန်မကလေးမိဟံသာဖြစ်လေ သည်။

‘‘အစ်ကိုကြီး သူငယ်နာပေါင်း ချုပ်ရှိလားရှင့်’’ ကျွန်ုပ်လည်း မိဟံ သာအလိုရှိရာကိုထုတ်ပေးရင်း တိုင်းပြည်နှင့် လူမျိုးအကျိုးအလို့ ငှာ သတိပေးစကားဆိုရပြန်သည်။

 ‘‘ဟဲ့.. မိဟံသာ၊ ညည်း ကလေးတစ်တုံးတစ်ခဲကြီးတယ်ချစ်စရာကောင်းသကိုး။ သူလည်း အကြွေးဆပ်ရမယ့်သူစာရင်းမှာ ပါနေတယ်နော်။ ဒီကလေးဟာ မြန်မာငွေငါးသိန်းအကြွေးဆပ်ရ မှာကွဲ့’’ ‘‘ကျွန်မယူတဲ့အကြွေး ကျွန်မပဲဆပ်ရမှာပေါ့ အစ်ကိုကြီး ရယ်။ ကျွန်မသားလေးကိုဆွဲ မထည့်ပါနဲ့။ အကြွေးမရောင်းဘူး ဆိုရင်လည်း နေပါစေတော့’’

‘‘အာ.. ညည်းနှယ် နားဝေး ချက်။ ငါ့ဆိုင်အကြွေးကိုပြောနေ တာမဟုတ်ဘူးလေကွယ်။ ညည်း တို့တစ်မိသားစုတည်းဆပ်ရမယ့် အကြွေးလည်းမဟုတ်ပါဘူးလေ။ ကဲ.. ကဲ.. ဒီည ညည်းယောကျာ်း တင်ထွန်းနဲ့ ကျုပ်အိမ်သာကြွခဲ့ပေ တော့။ တစ်ယောက်ချင်းရှင်းပြနေ ဖို့ အချိန်မရှိဘူးကွဲ့’’ မိဟံသာတစ် ယောက် ခါးထစ်ခွင်မှ အတန်ငယ်လျှောကျနေသော သားတော်မောင်ကို ခါးအထက်ပိုင်းသို့ ဇောင့်ခနဲ မြှင့်တင်လိုက်ရင်း ဆိုင်တွင်းမှ ခြေလှမ်းခပ်ကျဲကျဲဖြင့် ပြန်လည်ထွက်ခွာသွားချိန်တွင် ခပ်လှမ်းလှမ်း၌ဖုန်းပွတ်နေသော ဖေကြည်ငယ်သည် ကျွန်ုပ်အားမျက်စောင်းခဲကြီး   ထိုးလျက်ရှိကြောင်း  ကျွန်ုပ်ကောင်းစွာရိပ်မိသိရှိ၏။

(သုံး)
နောက်ထပ်တစ်နာရီခွဲမျှ အကြာတွင် စံပလော (သုံးဘီး ဆိုင်ကယ်)နှင့် ချွေးသံရွှဲလျက် ဆိုင်တွင်းသို့ဝင်လာသူကား ဖူး ခက်မြို့မဈေးအနီးမှ လက်ဖက် ရည်ဆိုင်ပိုင်ရှင်ကလေးညီညီနိုင် ဖြစ်ချေသည်။ သူကား ကျွန်ုပ်၏ ဆိုင်မှ မြန်မာပစ္စည်းများကို လက် ကားဝယ်ယူကာ ၎င်း၏ လက်ဖက် ရည်ဆိုင်တွင် လက်လီပြန်လည် ရောင်းချနေသူတည်း။ 

‘‘ဒီမယ်။ မောင်ညီနိုင်လေးရဲ့ အကြွေးဆို တာ သံသရာအထိပါသွားရင် မကောင်းဘူးနော်’’ 

စိတ်ဆတ်ဟန် ရှိသာ မောင်ညီနိုင်သည် ဆတ်ခနဲ တွန့်သွားကာ ချက်ချင်းဆိုသလို ခွန်းတုံ့ပြန်၏။ 

‘‘ခင်ဗျားစွပ်စွပ်စွဲစွဲ မပြောနဲ့ဗျာ။ အကြွေးစာရင်းစာ အုပ်သေချာလှန်ကြည့်လိုက်လေ’’
ဒီမျက်နှာက သောက်ကြွေး ယူစားတဲ့မျက်နှာလားဗျာ။ ခင် ဗျားကျုပ်အကြောင်းသိတယ် နော်။ ညီနိုင်တဲ့ တစ်နိုင်တည်းရှိ တယ်’’ 

‘‘ဟိုး.. ဟိုး.. ဟိုး.. ဒေါသ မကြီးပါနဲ့မောင်ရယ်။ ကျုပ်ပြော တဲ့အကြွေးဆိုတာ မောင်ရင်နဲ့ ကျုပ်အကြားကအကြွေးကို မဆို လိုဘူးကွဲ့။ မြန်မာတစ်ပြည်လုံးနဲ့ ဆိုင်တဲ့ အကြွေးဆိုပါတော့။ ကဲ ပါ.. ကဲပါ.. မောင်ရင့်ဆိုင်လာ သမျှ မြန်မာတိုင်းကိုသာ မောင်း ခတ်လိုက်ပေတော့။ ဒီညကျုပ် အိမ်မှာ မြန်မာ့အကြွေးဆိုင်ရာရှင်း လင်းပွဲရှိလေရဲ့’’ 

ညီညီနိုင်တစ် ယောက် သူအလိုရှိရာပစ္စည်းကို စင်အသီးသီးပေါ်မှာဆောင့်ကြီး အောင့်ကြီးဆွဲချကာ စံပလောပေါ် ပစ်တင်ရင်း ဝူးခနဲနေအောင်ပြန် မောင်းထွက်သွားချိန်တွင်မူ တပည့်ကျော်လေမင်းသားထံမှ အသံထွက်လာခဲ့လေသည်။

‘‘ဘယ့်နှယ် မြင်မြင်သမျှလူ အကြွေးလျှောက်တောင်းနေကြ သတုံးဆြာ။ ညီညီနိုင်က လူမိုက် နော်။  ကြည့်လည်းလုပ်နော်။ တော်ကြာ လက်သီးစာမိပြီး
 ကျော်မကောင်းကြားမကောင်းဖြစ်ကုန် ပါ့မယ်ဗျာ’’

‘‘အေး.. မင်းတို့မလည်း ဖေ့စ် ဘွတ်ခ်ပေါ်မှာ ဗဟုသုတဖြစ်မယ့် သတင်းမျိုးကျတော့ ဆုံးအောင် ဖတ်မယ် စိတ်မကူးဘူး။ အားအား ရှိ ဇွန်သဉ္ဇာ့ဥစ္စာကိုပဲ ထပ်ချည်းတလဲလဲပွတ်နေကြ’’

ဆြာ့ဘာသာ ဇာတ်ရှုပ်နေတာ။ တပည့်တွေကို ဘလိုင်းကြီးလာမရမ်းပါနဲ့လေ။ အခုပွတ်နေတာ ဇွန်သဉ္ဇာမဟုတ်ဘူး။ ထက်ထက်ဝင့်ဆြာရဲ့’’

‘‘အေးပါ။ ဟုတ်ပါပြီ။ နင်တို့ ဘာသာ ဘယ်သူပွတ်ပွတ်၊ ဆပ်ရ မယ့်အကြွေးကတော့တစ်ယော က်ကို   မြန်မာငွေငါးသိန်းပဲမောင် ရေ့။ နင်တို့လည်း လမ်းသလား မယ်မကြံနဲ့။ ဒီညဆြာ့အိမ်မှာ အကြွေးသတင်းရှင်းလင်းပွဲရှိ တယ်။ အခုကတည်းက ရေသန့် ဘူးတွေပြေးဝယ်ပြီး ဧည့်ခံကြိုဆို ရေးအတွက် ပြင်ဆင်ကြတော့လ ဟဲ့’’

 တပည့်ကျော်သုံးဦးပါးစပ် အဟောင်းသား၊ ပြူးကျယ်သော မျက်လုံးဝိုင်းများဖြင့် ယောင်နန ဖြစ်နေကြချိန်တွင် ကျွန်ုပ်သည် ကား ယနေ့ညရှင်းလင်းရမည့် အကြွေးကိစ္စနှင့်ပတ်သက်၍ စေ့ စပ်သေချာစွာတင်ပြနိုင်ရန် အွန် လိုင်းဂျာနယ်အသီးသီးမှ နောက် ဆုံးရသတင်းအဖုံဖုံကို အာဂုံနှုတ် တက်ဆောင်နေရချေသည်တမုံ့။

(လေး)
အိုက်စပ်စပ်ညချမ်းပင်ဖြစ် သော်ငြား ကျွန်ုပ်၏အိမ်တွင် လူစုံ နေခဲ့ပြီ။
 စက်ဘီး၊ ဆိုင်ကယ်၊ ခြေ လျင်နည်းလမ်းအသွယ်သွယ်ဖြင့်
 စိတ်ဝင်တစားအားတက်သရော လာရောက်ကြသည်ဖြစ်ရာ 
အစုံ လွန်၍ ဧည့်ခန်းပင်မဆံ့။ ထို့ နောက်တွင်ကား တစ်ခြံလုံးလူ ပြည့်၏။ နောက်ထပ်ရောက်လာ သောဧည့်ပရိသတ်ကို လမ်းထိပ်မှ ဆီး၍ နှင်မထုတ်လျှင် ဖူးခက်လူ ကုန်သိန်းဂဏန်းချီ၍ တက်ရောက် ကြပေလိမ့်မည်။ ဤမျှများပြားလှ သော လူအုပ်ကြီးကို ထိုင်းပုလိပ် နှင့် စစ်တပ်၊ အထင်လွဲမှား၍ လာ မဝိုင်းမီ မြန်မာ့ကြွေးမြီအကြောင်း ဖူးခက်ရောက်မြန်မာရွှေ့ပြောင်း လုပ်သားတို့အား တိုတိုနှင့်လိုရင်း ရောက်အောင် ကျွန်ုပ်ရှင်းပြရချေ သည်။

‘‘ဒီလိုကွဲ့.. မောင်တို့ရဲ့။ ဒီနေ့ ရနောက်ဆုံးသတင်းမှာ မြန်မာ နိုင်ငံရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ယာယီစာရင်းတွေအရ ပြည်ပကြွေးမြီတိုးရင်းပေါင်းဟာ အမေရိကန်ဒေါ်လာသန်းပေါင်းတစ် သောင်းခွဲကျော် ပြည်တွင်းကြွေး မြီစုစုပေါင်းဟာ မြန်မာကျပ်ငွေသန်းပေါင်းသန်းတစ်ရာနီးပါးရှိ နေသတဲ့။ အဲဒီပြည်တွင်း၊ ပြည်ပကြွေးမြီတွေကိုစုပေါင်းပြီး ကျုပ်တို့နိုင်ငံလူဦးရေသန်းငါးဆယ်ကျော် နဲ့ သင်္ချာနည်းအတိုင်းစားကြည့် လိုက်ရင် မြန်မာနိုင်ငံသားတစ်ဦး ချင်းစီအနေနဲ့ ပြန်ဆပ်ဖို့တာဝန် ရှိတဲ့ အကြွေးဟာ မြန်မာငွေကျပ် ငါးသိန်းနီးပါးရှိနေလေရဲ့။ ဖူးခက်ရောက် တို့မြန်မာတွေလည်း မြန်မာနိုင်ငံသားတွေပဲမို့ တိုင်း ပြည်ရဲ့အကြွေးကို ဝိုင်းဆပ်နိုင် အောင် ကြိုတင်ပြင်ဆင်ထားသင့် တာပေါ့။ နောက်ပြီး..

 ‘‘တော်တော့ဗျာ။ တော်တော့။ နောက်ပြီး မလုပ်နဲ့။ ဆြာဒင့်စကားကို အခုပဲ ရပ်လိုက်ဗျ။ ဘယ့်နှယ်ဗျာ ရွာမှာရှိတဲ့ ယာပေါင်၊ လမ်းစရိတ်လုပ်ပြီး ဖူးခက်မှာ ကျွန်လာခံပါတယ်ဆိုမှ ခပ်ရိုင်းရိုင်းပြောရရင် ကန်တော့ပါရဲ့။ တစ်တိုင်းပြည်လုံးပြည်ပထွက်ပြီး ဖာခံရမယ့်ကိန်းဆိုက်နေပြီဗျ’’

  မဟုတ်မခံ ညီညီနိုင်၏ မကျေမချမ်းသံနောက်တွင်ကား တက်ရောက်လာကြသူများ၏ ဒေါသအိုး  ပေါက်ကွဲသံတို့မှာ ကုလားသိုက်ကျားဝင်ကိုက်သလို တစ်ခြံလုံးပွက်လောရိုက်ကုန်လေ တော့သည်။

(ငါး)
‘‘ဒီအစိုးရဇာတ်ရှုပ်ချက်က တော့ကွာ။ ကျုပ်တို့အိမ်မှာ မိသားစုငါးယောက်ဆိုတော့ သိန်း အစိတ်တောင်ဆပ်ရမယ်ပေါ့’’

‘‘ကျုပ်တို့က ထိုင်းကိုရောက် နေတာလေဗျာ။ တစ်ပြားတစ်ချပ် သုံးရဖို့နေနေသာသာ မမြင်ဖူး၊ မကြားဖူးလိုက်တဲ့ အကြွေးကို ဘယ့်နှယ်လုပ်ဆပ်ရမှာတုံး။ အံ့ဩပါရဲ့ဗျာ။ 

‘‘အီသီယိုးပီးယား ဆိုလား၊ အငတ်ဘေးဆိုက်ခဲ့ဖူးတဲ့ နိုင်ငံထက်တောင် ကျုပ်တို့နိုင်ငံ က ဆင်းရဲသေးသတဲ့၊‘ဟော.. အခု လူကြားမကောင်းသူကြား မကောင်းကြွေးစာရင်းတက်လာ ပြန်ပြီ။ တော်တော်သောက်ရှက် နည်းတဲ့အစိုးရကွာ’’ 

‘‘ဖြစ်မှဖြစ်ရ လေ။ ဖူးခက်မှာ ပန်းရန်လာလုပ် ရင်း ကိုယ့်တဲထဲကိုယ်နေတာ တောင် အလိုလိုနေရင်း အကြွေး လာတင်သတဲ့။ ဒီလောက်တောင် သုံးစားမရတဲ့ အစိုးရကို ပြုတ်ကျ အောင်မဖြုတ်နိုင်ကြတော့ဘူး လားကွာ’’

 ‘‘ဒင်းတို့အစဉ်အဆက် ခိုးဝှက်ထားသမျှ ကျုပ်တို့သန်း ခြောက်ဆယ်ငထွားတွေက ခါးနာ ရမယ့်ကိန်းပေါ့။ သေချင်းဆိုးမယ့် ကောင်တွေ’’ 

‘‘ဒီကောင်တွေ ဆင်း ပေးမယ်သာပြောဗျာ။ အက်ဒမန် ပင်လယ်ထဲမှာ ဓားပြတိုက်ပြီး ကြွေးဆပ်မယ်’’ 

‘‘တစ်ပြည်လုံးက သယံဇာတတွေပြောင်အောင်။ ထုတ်ရောင်းထားတဲ့ငွေတွေဘယ် ရောက်ကုန်ပြီတုံး’’ 

ဖူးခက်ရောက် မြန်မာလုပ်သားတို့၏ ပေါက်ကွဲ သံစဉ်ကို ပြည့်စုံစွာဖော်ပြရလျှင် ဘုတ်အုပ်ထူကြီးတစ်အုပ်ဖြစ် လောက်လေ၏။ ပြင်းထန်လှ သော ဒေါသတကြီးကြုံးဝါးသံတို့ ကြောင့် ဘေးခြံများမှ သတင်းပို့ လေသလောမဆိုနိုင်။ အဝေးဆီမှ အဆက်မပြတ်ခပ်သဲ့သဲ့ကြား လာရသည့် ထိုင်းရဲကား ဥဩသံ ကြောင့် ကျွန်ုပ်၏ ခြံတွင်းရှိ လူ အုပ်ကြီးမှာ အလျှိုအလျှိုကိုယ် ပျောက်ကုန်ကြချိန်တွင် တပည့် ကျော်ကပ္ပလီသည် ကျွန်ုပ်အပါး သို့ ကပ်လာကာ စပ်စုပြန်၏။

 ‘‘ဒါနဲ့ ဒီနိုင်ငံတော်ရဲ့ ကြွေးမြီအပေါ်မှာ ဆြာ့အနေနဲ့ ဘာများမှတ်ချက် ပေးချင်ပါလိမ့်ဆြာ’’

(ခြောက်)
စင်စစ် ကျွန်ုပ်အနေဖြင့် ယင်းကြွေးမြီကိစ္စနှင့်စပ်လျဉ်း၍ ဖွင့်ဟ ပြောဆိုလိုသည့်    အကြောင်း အချက်များစွာရှိပါ၏။ သို့သော်.. ပြောစရာ စကားရှာမတွေ့တော့ သည်ဖြစ်၍ တပည့်ကျော်အား ရွှေပြည်အေးတရားတစ်ခွန်းကို သာ ဟောလိုက်ရပေသည်။

‘‘ကိုယ့်တိုင်းကိုယ့်ပြည်ကို တကယ်ချစ်တယ်ဆိုရင်ဖြင့် ဝိုင်း ဆပ်ကြရုံပေါ့မောင်တို့ရာ။ ခက် နေတာ တိုင်းပြည်ကို ချစ်လှပါ ချည်ရဲ့ဆိုတဲ့ မောင်တို့ဟာ ကြွေး ဝိုင်းဆပ်ရမယ်ဆိုတာလည်းကြား ရော တီကောင်ကိုဆားနဲ့တို့သလို ပါပဲလေ’’

ကျွန်ုပ်၏စကားကိုအတည် ဟု မှတ်ယူလေသလောမဆိုနိုင်။ ကပ္ပလီငယ်၏ မီးဝင်းဝင်းတောက် မတတ်ရှိသော မျက်လုံးအစုံမှ ထိုးလိုက်သည့်မျက်စောင်းသည် နဂါးသာဆိုလျှင်ဖြင့် ထိုနေရာ တွင်ပင် ကျွန်ုပ်ချက်ချင်းပြာကျ လောက်ချေသည်တကား။    ။'


(တစ်)
ကျဲကျဲတောက် ပူပြင်းနေ သော ဖူးခက်နေသည် စတီးလင်ပန်းကို မီးမောင်းတို့စုပြုံ ထိုးထားသည်နှင့်သာတူတော့၏။ အစဉ်သဖြင့် နွေမပီ၊ ဆောင်းပျောက်၊ ကွက်ကျားမိုးသာ တစ်နှစ်ပတ်လုံး တောက်လျှောက်ရွာလေ့ရှိသော ဖူးခက်တွင် သည်တစ်နှစ်တော့ ဖြင့် နွေသည် လူတွင်ကျယ်လုပ် လျက်ရှိ၏။ ပူပြင်းလွန်းလှသည် ကြောင့် ဝယ်သူပါးနေသည့် ဈေး ဆိုင်ငယ်အတွင်း၌ ငုတ်တုတ်ထိုင် နေသော ကျွန်ုပ်သည်ပင် ချွေးဒီး ဒီးကျလျက် နံပြားဖိုထဲတွင် ဝင်ထိုင်နေရဘိသကဲ့သို့ ခံစားရချေသည်။
Related Posts Plugin for WordPress, Blogger...