Sunday, May 31, 2015

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ပြောပြခြင်း


ဘိုးသိမ်း (ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ဆရာကြီး ဒေါက်တာမင်းသိမ်း)
၂၀၁၅ ခု မေလ ၂၂ ရက် (သောကြာ) နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့စုံတဲ့သတင်း ဖတ်ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၅)

သစ်ထူးလွင်


Saturday, May 30, 2015

ရေကူး ပြီးတော့ မြကျွန်းသာ၊ ဦးရဲထွဋ်ပဲရှင်းရတော့မယ်


(Written by : မာန်သူရှိန်)
(ဓာတ်ပုံနှင့်သတင်း - အောင်ရဲကို၊ အောင်မျိုးသန့်)
ရေကူးအသံလွှင့်စက်ရုံ တင်ဒါကိစ္စကို မေ ၂၇ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက လာရှင်းတယ်။
ဦးပိုက်ထွေး ရှင်းလင်းတာကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ သမ္မတ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က သူ့ရဲ့ Facebook မှာ ဖော်ပြတယ်။

7Day Hero - တစ်ကောင်တည်းပေမယ့် ခြင်္သေ့နှလုံးသားဖြင့်အမတ် (ဒေါက်တာညိုညိုသင်း)


တိုင်းဒေသကြီး လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေး (၁၃)ကြိမ်၌ မေးခွန်းပေါင်း ၂၀၀ ကျော်မေးမြန်းခဲ့ပြီး အဆို ၂၀ ကျော်တင်သွင်းခဲ့သူမှာ ဒေါက်တာ ညိုညိုသင်းဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ထွက်ပေါ်လာသော အမတ်တစ်ဦးဖြစ် ပြီး သူ၏ပါတီမှာ အင်အားကြီးပါတီမဟုတ်ဘဲ ပါတီငယ်သာဖြစ်သော်လည်း

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၅)

Friday, May 29, 2015

ဘွဲ့ရမှ.ပညာတတ်တယောက်ဖြစ်သလား။


လူတွေဟာ.ဘွဲ့တွေ.ဒီဂရီတွေအများကြီးရထားတဲ့လူတယောက်ကိုပညာတတ်ကြီးလို့.သတ်မှတ်ထားကြတယ်။.ဘွဲ့လေးတခုမှမရတဲ့လူက.ငါဟာပညာတတ်တယောက်မဟုတ်ဘူးဆိုပြီးအားငယ်နေကြတယ်။
အဲဒီအယူအဆမှားနေတယ်ဆိုတာ.အောက်မှာရေးထားတဲ့ကျနော့်အတွေ့အကြုံလေးနဲ့ရှင်းပြချင်ပါတယ်။
လွန်ခဲ့တဲ့အနှစ်၂၀လောက်ကပေါ့။.ရန်ကုန်မှာ.အိမ်ခန်းတခန်းဝယ်လိုက်တယ်။.အပေါ်တထပ်မှာနေတဲ့လူတယောက်နဲ့အသိဖြစ်ကြတယ်။.သူ့နာမည်က.ကိုအောင်လွင်ပါ။.ကျနော်နဲ့အသက်ရွယ်တူလောက်ပါ။.တရုပ်လူမျိုးစပ်တယ်။
သူနဲ့သိလိုက်ရခြင်းက.အရင်ကအစိုးရအလုပ်လုပ်တုံးက.ကျနော့်လက်အောက်ကလူငယ်အရာရှိဟာ.ကိုအောင်လွင်ရဲ့ကုမ္ပဏီမှာဝင်လုပ်နေတာမို့.အဲဒီလူငယ်ကမိတ်ဆက်ပေးလို့ပါ။
သူက."ဒါက.ကိုသိန်းဖေပါ။.အခုစင်္ကာပူမှာလုပ်နေတယ်။.B.Eဘွဲ့ရပါ"။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၅)

Thursday, May 28, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၅)

သစ်ထူးလွင်


Wednesday, May 27, 2015

သီတဂူဆရာတော်ဘုရားကြီးရဲ့ Dagon City project အပေါ်အမြင်(ရွှေတိဂုံဘုရားအနီးက ဘီလူးမြို့တော်) ``ရွှေတိဂုံဘုရားအနီးက ဘီလူးမြို့တော်´´

 
 ``ရွှေတိဂုံဘုရား အန္တရာယ်ရှိနေပြီ´´။
``ရွှေတိဂုံဘုရားနားမှာ မြို့တော်ကြီး ဖော်ဆောင်တော့မှာ´´။
``ရွှေတိဂုံဘုရားကို ကာကွယ်ကြပါစို့´´။
ဤနှိုးဆော်ချက်သည် မိမိအတွက် တုန်လှုပ်ချောက်ခြားဖွယ်အလွန်ကောင်းသည့် ``သေမင်းတမန်နှိုးဆော်ချက်´´ ဖြစ်၏။ ရွှေတိဂုံဆိုသည်မှာ မြန်မာတို့၏ အသက်၊ မြန်မာတို့၏ ၀ိညာဉ်၊ မြန်မာတို့၏ နှလုံးသည်းပွတ်ပင် မဟုတ်ပါလော။ ရွှေတိဂုံဘုရားသာ တစုံတစ်ခု ဖြစ်သွားလျှင် . . . ဆက်ပြီး မတွေးရဲ။ တွေးလိုက်တိုင်း ကျောချမ်းမိ၏။

နှစ်ပေါင်း ၁၇ဝဝသက်တမ်းရှိသည်ဟုယူဆရသော ပျူကျောက်စာတစ်ချပ်တွေ့ရှိသည်ကို သက်ဆိုင်ရာဌာနသို့ အဆင့်ဆင့်အကြောင်းကြားသော်လည်း လာရောက်လေ့လာခြင်းမရှိ၍ တွေ့ရှိသူက အဝတ်လျှော်ကျောက်ပြားအဖြစ် အသုံးပြုခဲ့သည်မှာ ရှစ်နှစ်ပင်ကြာမြင့်ခဲ့ပြီဟုဆို

ရန်ကုန်၊ မေ ၂၅
Yangon Media Group's photo.

 နှစ်ပေါင်း ၁၇ဝဝ ခန့် သက်တမ်းရှိသည်ဟုယူ ဆရသော ပျူကျောက်စာတစ်ချပ် ရှာဖွေတွေ့ရှိခဲ့ခြင်း အား တွေ့ရှိသူက ရပ်ကွက်တာဝန်ရှိသူများမှတစ်ဆင့် မြို့နယ်သို့ ထူးခြားဖြစ်စဉ်အဖြစ် တင် ပြခဲ့သော် လည်း မည်သူမျှလာရောက် လေ့လာခဲ့ခြင်းမရှိသည့်အတွက် ကျောက်စာတွေ့ရှိသူက အဝတ်လျှော် ကျောက်ပြားအဖြစ် အသုံးပြုခဲ့သည် မှာ နှစ်ပေါင်းရှစ်နှစ်နီးပါးပင် ကြာမြင့် ခဲ့ပြီဖြစ်ကြောင်း အဆိုပါဖြစ်ရပ်အား သွားရောက်လေ့လာခဲ့သူ မန္တလေး မှ ရှေးဟောင်းသုတေသနပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၅)

သစ်ထူးလွင်


Tuesday, May 26, 2015

ခေတ်သစ် ပေါ်ဦး လျှောက်ထုံး


မင်းကြီး။ ။ ဟဲ့..ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ
ပေါ်ဦး ။ ။ တောင်ပို့ကြီးပါဘုရား
မင်းကြီး။ ။ ဟဲ့....သူ့ချည်းသာလော
ပေါ်ဦး။ ။ ဖွတ်ပါထွက်လာပါတယ်ဘုရား

ဖက်ဒရယ် ဥပဒေအကယ်ဒမီ အကြောင်း ဒီဗွီဘီ အင်တာဗျူးး



ကချင်ပြည်နယ် မိုင်ဂျာယန်ခရိုင် မိုင်ဂျာယန်မြို့မှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီက တိုင်းရင်းသားလူငယ်တွေကို သင်တန်းသားသစ်တွေ ခေါ်ယူ နေပါတယ်။ တိုင်းရင်းသားလူငယ်တွေဟာ အနာဂတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေများ ရေးဆွဲတဲ့ဖြစ်စဉ်ထဲမှာ လူထုရဲ့ကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စား
အနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်တဲ့အရည်အချင်းရှိအောင် ပြုစုပျိုးထောင်နေတာ ဖြစ်တယ်လို့   ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၅)

သစ်ထူးလွင်


Monday, May 25, 2015

အထုပ္ပတ္တိဆိုင်ရာ စာအုပ်များ


Giacomo ကျွန်မနာမည်နူဂျုဒ်.pdf
https://yadi.sk/i/wHbCGVizfdeEq
ကိုဂျေ...ရဲရဲတောက် မြန်မာလုပ်ငန်းရှင်များ.pdf
https://yadi.sk/i/kklenb2zfdeEs
ခရီးသွား မှတ်တမ်း...သိပ္ပံမောင်ဝ.pdf
https://yadi.sk/i/Vu6omnsHfdeEw

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၅)

သစ်ထူးလွင်


Sunday, May 24, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၄) (၅) နဲ့ နိဂုံး.. (၆)

အပိုင်း (၄)

ဝတောင်ပိုင်း ဌာနချုပ်က ဆမ်လိုရောင်း ၃၆၁ တောင်ကုန်း နဲ့ သူ့ နား တ၀ိုက်မှာ တည်ထားတာ၊ အဆောက်အဦ အတော်အများများက အသစ်တွေလိုတွေ့ရသမို့ ဒီစခန်းသက်တမ်းက အလွန်ဆုံး ရှိလှ တနှစ်လောက်ပဲ ရှိဦးမယ့်ပုံပါ။ဒီရေဒီမြေက အပင်တွေ က ကျနော်တို့နေဘူးတဲ့ မြန်မာပြည် တောင်ပိုင်းက မိုးရေများများနဲ့စိမ်းရင့်နေတဲ့ မုတ်သုန်တော က အပင်တွေ နဲ့ မတူပေမယ့် စိမ်းနုတခါ ရင့်ချီတလှည့် တောတွေ၊တောင်တွေ က တော့ မီးခိုးပြာရောင်မှိုင်းဝေတဲ့ တောင်ခိုး တွေကို ရှေ့ကထားရင်း လှိုင်းတွေ လှိုင်းတွေ ဆင့်ကာ ဆင့်ကာ ပြေးလာသလို ပြေးလာနေကြတာ ကတော့ တူမြဲ တူဆဲပါ။

တောင်နိမ့်၊ တောင်လတ်၊တောင်မြင့် ၊ အဲဒီ တောင်တွေ တောင်တွေ အပေါ်မှာ တောင်ထိပ်တွေ ကို ပြန့်သွားအောင် တိကနဲ့ဖြတ်ချထားပြီး ရဲဘော်တွေ အတွက် ဘားတိုက်တွေ၊ ကလေးတွေ အတွက် စာသင်ကျောင်း၊

ပထ၀ီ အကြောက်တရား



Nyein Chan Aung

တရုတ် အိန္ဒိယနိုင်ငံကြီးနှစ်ခုကြားနဲ့ အနောက်နိုင်ငံက လူဦးရေများတဲ့ ဘင်္ဂလားဒေခ့်ျနိုင်ငံအကြောင်းကို ထပ်ခါတလည်းလည်း ပြောကြတဲ့ ပထ၀ီ နိုင်ငံရေး ပထ၀ီ နိုင်ငံရေး ပြောနေကြတဲ့ လူတွေက ပထ၀ီ အကြောက်တရားကို ပြောဖို့မေ့နေတာလား၊ တိုင်းရင်းသားလူမျိုးတွေကို အသိပေးသလို ဖြစ်မှာစိုးလို့ မပြောတာလား ဆိုတာကို ဗမာလူမျိုးအများစုက ချုပ်ကိုင်ထားတဲ့ သတင်းဌာနတွေက သတင်းသမားတွေနဲ့ စာပေပညာရှင်တွေ၊ သမိုင်း ပညာရှင်တွေ၊  နိုင်ငံရေးသမားတွေက ဖြေနိုင်ပါလိမ့်မယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၅)

သစ်ထူးလွင်


Saturday, May 23, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၃)

Win Naing Oo(၃)

`Main ထဲမှာဇော်ထွန်း တယောက်တော့ တရားတက်ဟောနေပြီဟေ့၊ သူဝတ်ထားတာ က OT Coat (ခွဲစိတ်ခန်း ၀တ်ရုံ) နဲ့ မျက်နှာကို လည်း Mask နဲ့ဖုံး၊ခေါင်းစွပ်လည်း ပါတယ် ဆိုတော့ ဒါဆေးကျောင်းသား တယောက် ပဲ ဆိုတာ ကလွဲလို ဘယ်သူမှ တော့သူမှန်းရိပ်မိမယ်မထင်ဘူး။ ဒါပေမယ့် တို့အချင်းချင်းတော့ ဒါ ဇော်ထွန်း ပဲလို့ သိလိုက်တယ်`
၁၉၈၈ ဇွန်လ တ၀ိုက်ရန်ကုန် တက္ကသိုလ် (ပင်မ) ထဲမှာ ကျောင်းသားတွေ စုကြဝေးကြတဲ့ အချိန်ကာလ၊ ၁၉၈၇ စက်တင်ဘာငွေစက္ကူအရေးအခင်း၊ ၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်း က စလို့ ၊ တံတားနီ အရေးအခင်း တွေနောက်ပိုင်း အစိုးရရဲ့ မတရားမှုတွေ ကို ဆန့်ကျင်ကြမယ့် ကျောင်းသားတွေရဲ့ စိမ်ခေါ် သံတွေစလာတဲ့ အဲဒီ ကာလ မှာ ဆေးတက္ကသိုလ် (၂) ထဲ ကို ပျံ့လာတဲ့ ဇော်ထွန်း အကြောင်း သတင်းစကားတွေပေါ့။အဲဒီအချိန်က စင်ပေါ်တက် စကားပြောကြတဲ့ တက်ကြွလှုပ်ရှား ကျောင်းသားတွေဟာ အစိုးရ ထောက်လှမ်းရေးတွေ နောက်မှ လိုက်ဖမ်းဆီး တာတွေ ကို ရှောင်ရှားရတာမို့ ကိုယ့်ကိုကိုယ် ပုံဖျက် ဖုံးကွယ်ရင်းစင်ပေါ်တက် တရား ဟောကြ တာပါ။

ဖတ်ရှု့ စုဆောင်းလိုသူများအတွက် သမိုင်းစာအုပ် (၄၈) အုပ်

(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2
(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k
(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d
(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)

ဝါးခသစ်စခန်းသိမ်းတိုက်ပွဲကြီး


တစ်နေ့က ကျွန်တော့် wall မှာတင်ထားတဲ့ ၀ါးခသစ် စခန်းရှေ့က အကျွတ်အလွတ် စေတီလေးရဲ့ ဓါတ်ပုံနဲ့ ပတ်သက်ပြီး သူငယ်ချင်းတော်တော်များများကလာမေးကြတယ်။
အဲဒီစေတီလေးက ဘယ်နားမှာရှိတာလဲ၊ ဘာအတွက်ရည်စူးပြီးတည်ထားတာလဲ
အသက်တွေဝိဥာဉ်တွေကို ဌာပနာထားတယ်ဆိုတာ ဘာကိုပြောတာလဲ စသည်ဖြင့် သိချင်တာတွေမေးကြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၅)

သစ်ထူးလွင်


Friday, May 22, 2015

ဇော်ထွန်း (သို့မဟုတ်)ယုံကြည်ချက် ကြယ်စင် (၁-၂)

(၁)
ဆေးတက္ကသိုလ် (၂) စာသင်ခန်းခန်းမတခုထဲမှာ တာဝန်ကျဆရာလာတော့မယ့် အချိန်လည်း နီးလာနေတော့ ကျောင်းသားတွေ အတော်စုံနေပါပြီ။စုစုပေါင်းမှ တရာကျော်ကျော် လေး လောက် ရှိတဲ့ အတန်းမို့ လူကလည်း သိပ်မများ၊ ၀င်းကျယ်တဲ့ကျောင်းကိုယ်တိုင် ကလည်း လူရာချီ လောက်သာ ရှိတတ်တဲ့ကျောင်းမို့ တိတ်ဆိတ်ခြင်း၊ ငြိမ်းအေးခြင်း၊ပုံမှန်လှုပ်ရှားမှုတွေ နဲ့သာ သက်ဝင်တတ်ခြင်း တို့ က ဒီ ကျောင်းရဲ့ ပြယုဂ်တွေ လို့ ဆိုနိုင်ပါတယ်။စာသင်ခန်းထဲက ဖိုင်နယ် တန်း ကျောင်းသားတွေ ထိုင်နေတဲ့ နေရာတွေအလိုက် အစုဖွဲ့ရင်း ခပ်တိုးတိုးစကားတီးတိုးဖွဲ့ နေကြတဲ့အသံတွေနဲ့ အတူ ကျောင်းရဲ့ နရီ က အပြင်ကနေ တချက်တချက် ခပ်သဲ့သဲ့ လွင့်လာတဲ့ ပုစဉ်း ရင်ကွဲသံ တချို့ ဒီနေ့မှာတိုးလာနေတာ က လွဲလို့ အားလုံး ဟာ  အရင်နေ့တွေက အတိုင်း။ လူကနည်း၊ ဒီကြားထဲ အများစု က အဆောင်တွေမှာ နေရင်း ကျောင်းတက် ကြတာဆိုတော့တို့ထဲက တယောက် (ပုံမှန်မဟုတ်တာ) ဘာလုပ်နေတယ် ဆိုတဲ့ သတင်း တတန်းလုံး ပျံ့ ဖို့ က အလွန်ဆုံးကြာလှတရက် နှစ်ရက် ပေါ့။

သယံဇာတခွဲဝေရေး ညီမျှဖို့ စိန်ခေါ်ချက်က ဘာလဲ

 
DVB ဒီဘိတ်က ဒီဘိတ်တွေကို စနေနေ့တိုင်း အပတ်စဉ် ရန်ကုန်မှာ ရိုက်ကူးသလို ရန်ကုန်ပြင်ပ မြို့တွေမှာလည်း အလှည့်ကျ ရိုက်ကူး ထုတ်လုပ်နေပါတယ်။ ၂၀၁၅ မေလ ဒုတိယပတ်ကတော့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ပထမတစ်ပွဲက ``ဇီဝမျိုးစုံမျိုးကွဲတွေကို ဘယ်လိုထိန်းသိမ်းနိုင်မလဲ`` ဖြစ်ပြီး၊ ဒုတိယပွဲကတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်/ တိုင်းအစိုးရတွေကြား၊ ပြည်မနဲ့ တိုင်းရင်းသားတွေကြား သယံဇာတခွဲဝေရေး ညီမျှဖို့ စိန်ခေါ်မှုတွေက ဘာလဲ၊ အဖြေဘယ်လို ရှာနိုင်မလဲဆိုတာကို ဆွေးနွေးကြတာပါ၊ တောင်ကြီးကိုလာတဲ့ တိုင်းရင်းသားတွေက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြလို့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလူမိုက်ဆိုတဲ့လူ



“ ပြုပြင်ပြောင်းလဲရေးမှာ တက်ကြွလှုပ်ရှားသူတွေအများကြီးလိုတယ်။ ပြုပြင်ပြောင်းလဲရေးကာလကိုကျော်ပြီး တည်ဆောက်ရေးကာလကျရင်တော့ ပညာရှင်တွေလိုတာပေါ့။ အဲဒီအခါကျရင် ကျွန်တော်တို့ မလိုတော့ဘူး။ အခုကတော့ ကျွန်တော့်လိုနိုင်ငံရေးလူမိုက်တွေ အများကြီးလိုမယ်လို့ထင်တယ်”

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၅)

သစ်ထူးလွင်


Thursday, May 21, 2015

အမေရိကန်ရဲ အကြမ်းဖက်မှု ပြဿနာ


အမေရိကန်ရဲများဟာ အမေရိကန်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါတယ်။ ပြည်သူ့အခွန်ငွေက ရဲများကို လခပေးပါတယ်။ ရဲများရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ပြည်နယ်အလိုက် ကွာခြားပါတယ်။ ဖက်ဒရယ်အစိုးရ ရုံးစိုက်ရာမြို့ (Federal District) ၀ါရှင်တန်ဒီစီက ရဲများကို ဖက်ဒရယ်အစိုးရက တိုက်ရိုက် စီမံခန့်ခွဲပါတယ်။

ပညာအတန်းအစား ခွဲခြားဆက်ဆံမှု


ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုပြီးတော့ ကြော်ငြာတွေ စ၀င်နေပါပြီ။ ကျောင်းမဖွင့်မီ ကျောင်းသားတွေကို ကြိုတင်လက်ခံကြမယ်။ အလကား ပေးစရာတွေရှိတာ အဲဒီအချိန်ပေးမယ်။ ကျောင်းဖွင့်ရင် စာပဲသင်မယ်။ အလုပ်မရှုပ်တော့ဘူးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ပညာရေးဌာနက လုပ်နေတဲ့ စီမံချက်တစ်ခုလို့ဆိုနိုင်ပါတယ်။
ဒီမနက် ကားစီးလာတော့ ကိုယ့်ရှေ့ကထိုင်ခုံက အမျိုးသမီးနှစ်ယောက် ပြောဆိုလာတာကို သတိထားလိုက်မိ တယ်။ အထူးသဖြင့် ပညာရေးဌာနကအကြောင်း ဖြစ်နေတော့ ပိုပြီး စိတ်ဝင်စားမိတာပေါ့။ သူတော့ ပြောနေတာက ကိုယ့်သားသမီးကို A အခန်းရရေး ဆွေးနွေးနေကြတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးချက် နောက်မှာ ဘယ်သူ့ကို ဘယ်လောက် ပေးရမယ်ဆိုတဲ့ မသမာမှုတွေ ကပ်ပါလာပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၅)

သစ်ထူးလွင်


ဆရာမခင်ခင်ထူးစာအုပ်များ

နေရာစုံက ရလာပါသည်(Tun Aung Kyaw)
ခင်ခင်ထူး - ၀တ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်.pdf
https://yadi.sk/i/dhbMIGBqgQGKA
ခင်ခင်ထူး - ခမည်းကြိုး.pdf
https://yadi.sk/i/YkAMKKOFgQGKE
ခင်ခင်ထူး - ပန်းစည်းကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ.pdf
https://yadi.sk/i/uksxkcwKgQGKN

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၅)

သစ်ထူးလွင်


Tuesday, May 19, 2015

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည် စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု ။


ရွှေတိဂုံစေတီတော်နှင့် ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည် စိစစ်သုံးသပ် ရန် နိုင်ငံတော်သမ္မတထံ သို့ မြန်မာနိုင်ငံ ဗိသုကာအသင်းက အကြံပြုချက် ပေးပို့လိုက်သည်။

မေလ ၁၇ ရက်က ရန်ကုန်မြို့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနရုံးခန်းတွင်ကျင်းပသည့် Save Shwedagon (ရွှေတိဂုံကို ကယ်တင်ကြ) ဖိုရမ်မှတစ်ဆင့် ပညာရှင်များ၏ အကြံပြုချက်ကို နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

ဖုန်းကဒ် အခွန်နဲ့ ပတ်သက်၍ ...

"ဖုန်းကဒ်ကနေ အခွန် ဆောင်ရမတဲ့လား"
ကျနော့်မက်ဆေ့ခ်ျဘောက်စ် ထဲမှာ ဖုန်းကနေ အခွန်ဆောင်ရမှာတွေ ပလူပျံနေတယ်။
ကိုချို သိပြီးပြီလား၊ အမေရိကားမှာကော အဲလိုပဲ မသုံးရခင်ကတည်းက ဆောင်ရလား။ ဒါ မျှတရဲ့လား။ ရေးပါဦး တဲ့။
အမေရိကား ရဲ့ အခွန်ဆောင်ရမှုက မြန်မာပြည်ထက် ကြမ်းပါတယ်။ များပါတယ်။
ဆိုပါတော့ လူပျိုလူလွတ်အိမ်ထောင်တာဝန်၊ သားသမီးတာဝန်မရှိသူတွေဟာ တနှစ်ကို ၁သောင်းခွဲ လောက်(ဒါအတော်နည်းတာပါ) ၀င်ရင်ကို၊ အနည်းဆုံး ၃ ထောင်လောက်ဆောင်ရတယ်ဗျ။
လခစားသမားက လစဉ် လခထဲက ဖြတ်ခံရတယ်။
အစားအသောက်၊ အ၀တ်အစား၊ ဘာဝယ်ဝယ်၊ အခွန်တွေဆောင်ရတယ်။
ဖုန်းဘီလ်မှာလဲ အခွန်ခ ပေါင်းဆောင်ရတယ်။
အခွန်ဆောင်ရတာ အမေရိကန်မှာလဲ ဆောင်ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၅)

သစ်ထူးလွင်


Monday, May 18, 2015

၇န်ကုန် ပက်ပုန်းလမ်း

Image and video hosting by TinyPic


ဇိမ်ခန်း များ တစ်စု တစ်ဝေး တည်ရှိရာ ကမ္ဘာ သိ လိင်ဈေးတန်းကြီး အဖြစ် နာမည်ကြီးသည့် ပက်ပုန်းလမ်း သည် ဘန်ကောက်မြို့ ၏ နာမည်ကျော် လမ်း တစ်လမ်း ဖြစ်သည်။ ထိုနည်း တူ မြန်မာပြည်တွင် လည်း ရန်ကုန် ပက်ပုန်းလမ်း ဟူ၍ ရှိသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ရေတက်ရေကျ ခင်မောင်ညို (ဘောဂဗေဒ)

Khin Maung Nyo


တစ်ခါတစ်ရံမြန်မာပြည်တွင်း၊ မြန်မာ့အရေးဆွေးနွေးကြရာတွင် မြန်မာတွေကို ရှားရှားပါးပါးတွေ့ရသည်နှင့်ကြုံဖူးပါသည်။ နိုင်ငံခြားသားဆိုပြီး အထင်မသေးပါနှင့်။ မြန်မာရည်လည်လိုက်ပုံများ၊ မြန်မာတွေသြချရသည်။ မြန်မာစကားမပြောတတ်ယောင်ဆောင်ထားတတ်သည်။ အချို့ကိစ္စများတွင် ဒေသခံမြန်မာတွေထက်ပင်သူတို့က သိနေကြသေးသည်။ အဖွဲ့အစည်းတွေက နာမည်မျိုးစုံ၊ ရည်ရွယ်ချက်ကလည်း အမျိုးမျိုး။


          တစ်ခုသောအစည်းအဝေးတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း(Non-Government Organization) တွေကို အစိုးမရသောအဖွဲ့အစည်း (Non-Governable Organization) ဟု အမည်ပြောင်ပေးသည်ကို ကြားရဖူးသည်။ အဆိုပါ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေကိုအနောက်နိုင်ငံတွေက အကူအညီအထောက်အပံ့ပေးပြီး၊ သူတို့၏ သြဇာလွှမ်းမိုးသောကြောင့် အာရှနိုင်ငံတွေကလည်းတည်ထောင်သင့်၊ ငွေကြေးအကူအညီပေးသင့်သည်ဟု ဝေဖန်ဆွေးနွေးသံကိုလည်း ကြားဖူးသည်။ တကယ်တော့အာရှမှာလည်း ထိုသို့သောအဖွဲ့အစည်းတွေ ရှိနေပါပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၅)

သစ်ထူးလွင်


Sunday, May 17, 2015

ငရုပ်ကောင်းမြို့နယ် ကျောက်မီးသွေးအဆိပ်သင့်တော့မှာလား ?



" ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအလိုမရှိ  (NoCoal Power Station ) "
" ကျွန်ုပ်တို့ရွာကို ပြောင်းရွှေ့မပေးနိုင်ပါ (We will Not Display Our Village ) "  စာသားပါ ပလတ်စတစ်လောင်းထားသော A4 မိတ္တူစာရွက်ဖြူများကို အိမ်အ၀င်တံခါးများ ၊ အိမ်ရှေ့ရှိ သစ်ပင်များတွင် ကပ်ထားကြသည်မှာ တရုတ်သရဲဇာတ်ကားများထဲတွင် သရဲများအန္တရာယ်ကိုကြောက်ရွံ့၍
တရားစက္ကူ စာရွက်များကို ကပ်ထားသည်နှင့်အလားသဏ္ဍာန်တူနေသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၅)

သစ်ထူးလွင်


Saturday, May 16, 2015

ဘာလုပ်သင့်လဲ


မတ်လ ၁၀ နေ့က ကျောင်းသားလှုပ်ရှားမှုကြီးအား ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွဲခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလှသော သာယာဝတီ အကျဉ်းထောင်ကြီးတွင် ယခုအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
သို့အတွက် ဆန်ဖရန်စ္စကို ရှိ အနုပညာရှင် Kenneth Wong မှ ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် ခွင့်ပြုချက်ရယှူု၍ Digital Images များ ဖန်တီးကာ Global Voices website တွင် တခမ်းတနား ဖေါ်ပြခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၅)

သစ်ထူးလွင်


Friday, May 15, 2015

လေးဆူဓါတ်ပုံမြတ်ရွှေတိဂုံ ကို ထိခိုက်လာနိုင်သည့်အရေးမို. ဆိုရေးရှိတာကြောင့် ဆိုလိုက်ပါရစေ ။


ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် လေးဆူဓါတ်ပုံမြတ်ရွှေတိဂုံစေတီတော်
ကြီးအနီးတဆက်တစပ်တည်း ( ယခင် စစ်ရုံးဟောင်းနှင့် မော်တော်ယာဉ်တပ် )
မြေနေရာမှာ Dagon City Project ကို MARGA LANDMARK COMPANY
က မြေပိုင်သူတပ်မတော်ထံမှ နှစ်ပေါင်း(၇၀) BOT စံနစ်နဲ.ငှားရမ်းသည်ဟုကြား
သိရပြီး၊ ရင်းနှီးမြှပ်နှံမှုကော်မရှင် ( MIC ) ရဲ. ခွင့်ပြုချက်ဖြင့် အဆင့်မြင့်အိမ်ရာ
စီမံကိန်းတည်ဆောက်ရန် အရောင်းပြခန်းဖွင့်ပွဲတွေပြုလုပ်ခဲ့ကာ စတင်လုပ်ကိုင်
ဆောက်ရွက်နေသည့် စီမံကိန်းအပေါ် ဝေဖန်ထောက်ပြမှုများ ရှိလာခဲ့ပါတယ်။

လင်ပျောက်နေသောဆပ်ပြာသည်များ



(ဆြာမင်းဒင်၏ ပို့စ်အား ပြန်လည် တင်ပြသည်)
၁။ ကိုးကန့်မှာ ဒီညနေ (၁၂၊ ၀၅၊ ၂၀၁၅) အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတုန်းပဲတဲ့။ ရှည်ကြာလွန်းလှတဲ့ ဒီတိုက်ပွဲမှာ ကျဆုံးဒဏ်ရာရတဲ့ အကြပ်စစ်သည်အရာရှိတွေလည်း သောက်သောက်လဲ။ အုတ်ဂူတွေ မြင်မကောင်းအောင် တန်းစီကုန်ပြီ။ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ စစ်စားရိတ်တွေ မနည်းလှတော့ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၅)

သစ်ထူးလွင်


Thursday, May 14, 2015

" မင်းသဂျီး "

(၁)
" မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မှာပဲ
ဟုတ်တယ် မင်းသားကြီး မလုပ်ရင်တော့လား ပတ်မကြီးတော့ ထိုးဖောက်ရမှာပဲ "
သြော် ခက်လည်း ခက်လိုက်ပါဘိတော့သည်။ ဘယ်လိုမှ ညှိမရ ပြုမရ။ ဇွတ်တရွတ် မင်းသားကြီးသာ လုပ်မည်ဟု ဆိုသည်။ မင်းသားကြီး မလုပ်ရလျှင် တကယ်ပင် ပွဲဖြတ်မည့် ဟန် ရှိသည်။
မင်းသားကြီး လုပ်ချင်သူ ကျွန်တော်တို့ စကားဝိုင်းက ထသွားမှသာလျှင် ကျွန်တော်တို့ စကားဆက်ပြော ဖြစ်ကြတော့သည်။
သို့သော် ကျွန်တော်တို့ စကားဝိုင်းသည် မင်းသားကြီးနှင့် ပတ်သက်သော အကြောင်းအရာကိုသာ ဦးတည်ပါတော့သည်။

ဗမာလူမျိုးဖြစ်တည်လာပုံ သမိုင်းအကျဉ်း

(မိမိတို့၏အသက်နှင့် မမီခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည်ကား
သမိုင်းစာမျက်နာထက်၌သာတွေ့ရ၏.. ထို့ကြောင့် သမိုင်းသည်စိတ်ဝင်စားစရာအလွန်ကောင်း၏) a.z
လူသားမျိုးနွယ်တို့သည် တစ်မျိုးနဲ့တစ်မျိုး ရောစပ်မိရာမှ အချိန်ကာလကြာညောင်းလာသောအခါဝယ် အခြားမျိုးနွယ်စုအမည်သစ်များဖြင့် လူမျိုးအသစ်များအဖြစ်သီးခြားရပ်တည်လာကြသည်။ထိုအထဲတွင် ယနေ့ဗမာဟု ဖြစ်တည်နေသော မျိုးနွယ်စုသည်လည်း မျိုးနွယ်စုအချင်းချင်း ဒွေးရောယှက်တင်ရာမှ
တစ်ဆင့် ပေါက်ဖွားလာခြင်းဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၅)

သစ်ထူးလွင်


Wednesday, May 13, 2015

ငှက်ရေ


ငှက်ရေ…
သစ်ပင်တစ်ပင်လုံး
အရွက်ဆိုလို့ 
တစ်ရွက်မှမရှိတော့ဘူး။

မြေကြီးအောက်
တောက်ပတဲ့အမြစ်တွေသာ
ရုန်းကန်တုန်းပေါ့ ။
Related Posts Plugin for WordPress, Blogger...