Tuesday, June 16, 2015

အိမ်အပြန်

 
ကျနော် ဒီကနေည ရွတ်ဆိုမယ့်ကဗျာက၁၉၉၈၊ ဇူလိုင်လ မဟေသီမဂ္ဂဇင်းမှာ ဆရာစည်သူငြိမ်း ရေးဖွဲ့ခဲ့တဲ့ အိမ်အပြန် ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာနဲ့ ပတ်သက်ပြီ ဆရာစည်သူငြိမ်းက အင်တာဗျူးတခုမှာ ဒီလိုဖြေခဲ့ဖူးပါတယ်။ တနေ့ ထမင်းချက်စားသောက်နေတဲ့ အမေအိုတယောက်ကို သူတွေ့ပါသတဲ့။ အဲဒီအမေအိုဟာ သူစားသောက်ပြီးပေမယ့် ထမင်း ပန်းကန်တချပ်နဲ့ ဟင်းခွပ်တွေကို ဒီအတိုင်းပဲချန်ပြီး ထားတာကို တွေ့ရတယ်။ဆရာစည်သူငြိမ်းက ဒီလုပ်ရပ်ကို စိတ်ဝင်စားပြီး အမေအိုကိုမေးကြည့်တော့ ၁၀ စုနှစ်တခုစာလောက် အိမ်ပြန်ရောက် မလာသေးတဲ့ သားအတွက်ဆိုတာကို သိရပါတယ်။ ဘယ်လောက် ကြေကွဲဖို့ကောင်းသလဲဗျာ။ အမေအိုဟာ ဘ၀တခုလုံးလုံး သူ့ရဲ့ဗလာနယ်ဖြစ်ကျန်ခဲ့တဲ့ ရင်ဘတ်ကြီးကိုဖွင့်ထားတာ၊ ပြန်မလာသေးတဲ့ သားအတွက် ထမင်းဝိုင်းလေး တပြင်ပြင်နဲ့ မျှော်နေတာ၊ ဒါဟာ ဗမာပြည်ရဲ့ ခေတ်ပြိုင်ရုပ်ပုံလွှာဘဲ။ ဒါဟာ တသီးပုဂ္ဂလ လွမ်းတမှု မဟုတ်ဘူး။ ဗမာပြည်က အမေအများစုကြီးရဲ့ လွမ်းတမှု သင်္ကေတ ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၆)

သစ်ထူးလွင်


ချွေးကျွန်နဲ့ ကြွေးကျွန်


ကျွန်တော်က ဆိုရှယ်လစ်ခေတ် ခေါ် မဆလခေတ်ကိုမီတော့ အဲဒီခေတ်ရဲ့ ဆိုးရွားမှုတွေကို ကောင်းကောင်း သိပါတယ်။ ရပ်ကွက်ထဲမှာကလည်း ပါတီမ၀င်၊ အဖွဲ့အစည်းမ၀င် အေးအေးပဲနေတော့ စည်းအပြင်ကလူလို ပြဿနာကောင်ဖြစ်နေရတော့တာပဲ။
မဆလခေတ်က ကျွန်တော်တို့ ပဲခူးမှာ ကန်တစ်ရာတွေ ခြံတစ်ရာတွေ ခေတ်စားသွားတာ မှတ်မိကြဦးမှာပေါ့။ အဲဒီခေတ်မှာ ချွေးတပ်အဆွဲခံရတဲ့အထဲ ကျွန်တော် ထိပ်ဆုံးကပါတယ်။ ကန်တစ်ရာစီမံကိန်း တစ်အိမ်ကို မြေသုံးကျင်းတူးရမည်။ မတူးပါက "မိမိတာဝန်" တဲ့ဗျာ။ အဲဒီခေတ်က မိမိတာဝန်ဆိုတာ ဆိုရှယ်လစ်ခေတ် ခြိမ်းခြောက်မှုပေါ့။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဖျက်ဆီးတယ်ဆိုတဲ့ ပုဒ်မနဲ့လည်း သောက်မြင်ကပ်ပုဒ်မတပ်ပြီး ဖမ်းထည့်တာတွေရှိနေတော့ လုပ်အားပေးဆိုရင် လိုက်ရတော့တာပဲဗျ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၆)

သစ်ထူးလွင်


Tuesday, June 9, 2015

စောင့်ကြည့်လိုက်ကြရအောင်



ဒီနေ့ မှာပဲ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ရဲ့ ပို့စ်တစ်ခု ကိုဖတ်လိုက်ရပါတယ်။
သာမန်အားဖြင့်တော့ သမ္မတကြီး ဦးသိန်းစိန် သူ့စိုက်ခင်းထဲက သရက်ပင်
တွေသရက်သီးတွေကို လိုက်လံကြည့်ရှုနေတဲ့ ပုံနဲ့ အင်မတန်ရိုးသားပြီးဘဝ
ကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်သူ တစ်ယောက် အသွင်အပြင် ကို ပေါ်လွင်အောင်
ဖော်ပြတာပါ။ ဒီမှာ တစ်ခုပဲ ပြောစရာရှိပါတယ်။ စာတစ်ပိုဒ်ထဲပါ။ အဲဒီစာက -
"သားသမီးများကိုလည်း မိဘအရှိန်အ၀ါမသုံး၊ ရိုးသားစွာ ဘ၀ကို ဖြတ်သန်း
နေသလို၊ သူကိုယ်တိုင်ကလည်း သားသမီးများ စီးပွားရေးတော်လို့ ကျွန်တော်
ချမ်းသာတာပါလို့ ၀င့်ကြွားခဲ့သူ မဟုတ်ပါဘူး" ဆိုတာပါ။
ဒီစာကို ရည်ရွယ်ချက်ရှိရှိရေးတာပါ။ ဒီစကားဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း ပြောခဲ့တာပဲဟာ။ ဘယ်သူ့ကို တိုက်ခိုက်လိုက်တယ်ဆိုတာ
အသိသာကြီးထင်းနေပါတယ်။ ဒါဆို ဘာကြောင့် ဒီလိုတိုက်ခိုက်လိုက်တာလဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၆)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၈-၆)

သစ်ထူးလွင်


Sunday, June 7, 2015

*ခေတ်*


- အကျဉ်းထောင် တွေက
- အာဇာနည်သမိုင်းပြတိုက်တွေဖြစ်။
- အရက်ဆိုင် တွေက
- လူငယ် Center တွေဖြစ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၆)

သစ်ထူးလွင်


Saturday, June 6, 2015

သစ္စာဆိုပြီးမှ ထမင်းမျိုပါ


တိုင်းပြည်အုပ်ချုပ်တဲ့သူတွေဟာ (၁) မာန်မာန မရှိရဘူး၊ (၂) အချမ်းအပူ ခံနိုင်ရည်ရှိရတယ်၊ (၃) လောကစရိုက်ကို သိရတယ်၊ (၄) ပညာရှိရတယ်လို့ (တိကနိပါတ်၊ ထိလမုဌိဇာတ်တော်) မှာ ဖတ်ဖူးပါတယ်။
အထက်က လေးချက်နဲ့ညီမှလည်း ပြည်သူက အုပ်ချုပ်သူ (မင်း) ကို လေးစားတော့မှာပေါ့။ ဒီလောက်လေးမှ အရည်အချင်းမရှိရင်လည်း တိုင်းပြည်ကိုတက်ပြီးတော့ အုပ်ချုပ်မနေကြပါနဲ့ဗျာ။ အနည်းဆုံး အခြေခံအချက် လေးတွေလောက် လေ့လာထားပြီးတော့ အုပ်ချုပ်သူ (မင်း) လိုကျင့်မှ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့သူ တွေလို့ သတ်မှတ်မယ်ဆိုတာလောက်တော့ သိထားသင့်ပါတယ်။
တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ရှေးတုန်းက မိုးညှင်းမင်းအကြောင်းလေးနည်းနည်းတော့ လေ့လာထား သင့်တယ်။ မိုးညှင်းမင်းက ဆင်းရဲတဲ့ဘ၀က မင်းတက်ဖြစ်တာဆိုတော့ အောက်သက်ကျေတယ်။ သည်းခံတယ်။ ကိုယ်ချင်း စာတရားရှိတယ်။ တိုင်းပြည်အကျိုးကို အသက်စွန့်ပြီးထမ်းတယ်။ သူက
“ငါသည် သူဆင်းရဲမှ မင်းဖြစ်သော်လည်း ပြည်သူကို ငါကဲ့သို့ ဆင်းရဲခြင်းမဖြစ်အောင် စောင့်ရှောက်အံ့။ ငါသည် မခံစားဖူးသည့် စည်းစိမ်ဥစ္စာ တို့ကို ခံစားရသော်လည်း ပြည်သူကျွေးသော ထမင်းတစ်လုပ်ကို မတော် လောဘဖြင့် မျိုခဲ့သည်ရှိသော် သံပူရည် မျိုသကဲ့သို့ ဖြစ်ပါစေသား” လို့ သစ္စာပြုပြီးမှ ထမင်းစားတာ။

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၆)

သစ်ထူးလွင်


Friday, June 5, 2015

ရဟန်းခံပြီးသော်လည်း လူချွတ်ထိုက်သူ ??


၁။ ပဏ္ဍက - ပဏ္ဍုပ် ဆိုတာ ပုံမှန် ယောင်္ကျားစိတ်မရှိသူ မစို မခြောက်များ၊
၂။ ထေယျသံဝါသက - ကိုယ့်ဘာသာ ဦးခေါင်းရိတ် သင်္ကန်းပတ်ကာ သာမဏေအစစ်ပုံစံ၊ ရဟန်းအစစ်ပုံစံ အယောင် ဆောင်ဖူးသူ၊ ရဟန်းများနှင့် အတူတူ စားသောက်နေထိုင်လေ့ရှိသူ၊
၃။ တိတ္ထိယပက္က န္တက - အစပထမ ရဟန်းဘောင်မှ အခြားဘာသာသို့ပြောင်းလဲသွားပြီး နောက်တဖန် ရဟန်းဘာင်ဝင်လာသူ၊

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၆)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၃-၆)

သစ်ထူးလွင်


Wednesday, June 3, 2015

ဝင်ငွေနည်းတဲ့သူက အခွန်ပိုထမ်းနေရပြီးတော့ ဝင်ငွေများတဲ့သူတွေက အခွန်တာဝန်သက်သာနေတဲ့ သဘောမျိုးဖြစ်နေတယ် ဦးဇော်ဖေဝင်း(စီးပွားရေးပညာရှင်)



ဒီနှစ် ဘတ်ဂျက်လိုငွေပြမှုက ဘယ်လောက်အထိ ဖြစ်နေလဲဆိုရင် မနှစ်ကအထိ နိုင်ငံပိုင်စီး
ပွားရေးလုပ်ငန်းများနဲ့ ကော်ပိုရေးရှင်းများက ပိုငွေပြ သော အုပ်စုထဲမှာပါပါတယ်။ ဒီနှစ်ဘတ်ဂျက်ကျတော့ သူက ထူးထူးခြားခြား လိုငွေပြတဲ့အုပ်စုဖြစ်သွားတယ်။
အဲဒါကလဲ တော်တော်လေးစဉ်းစားစရာရှိပါတယ်။ လို ငွေပမာဏသည် ဘယ်လောက်လောက်ရှိလဲဆိုတော့ ကျပ်ဘီလီယံပေါင်း ၁၇၅ ဘီလီယံလောက်ရှိပါတယ်။ ဒါဆို တော်တော်လေးဆိုးတဲ့အခြေအနေမျိုးလို့ ယူဆ ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၆)

သစ်ထူးလွင်


Tuesday, June 2, 2015

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင်


တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။
ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၆)

သစ်ထူးလွင်


Monday, June 1, 2015

မြန်မာနိုင်ငံသည် အာရှ၏ ဘုံကျွန် မဟုတ်၊ အမှိုက်ပုံ မဟုတ် . . .


Written by - နေထွန်းနိုင်
အရှေ့တောင် အာရှ ပင်လယ်ပြင် (အထူးသဖြင့် အက်ဒမန်ပင်လယ်နဲ့ မလက္ကာ ရေလက်ကြား) မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည် အရေး ဖြစ်လာချိန်မှာ မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် အပြစ် ပုံချခဲ့ပါတယ်။
လူကုန် ကူးသူတွေနဲ့ လူမှောင်ခိုတွေဟာ အရှေ့တောင် အာရှ ပင်လယ်ပြင် ရေလမ်းကြောင်းကို အသုံးပြုနေတာ ကြာပါပြီ။

DSA ဆင်းတွေက တခြားလူတွေနဲ့ မတူ


တပ်မတော်မှာ တချိန်တုန်းက အရာရှိဝင်ပေါက်(၃)ခုရှိခဲ့ပါတယ်။ (၁) DSA (စစ်တက္ကသိုလ်) (၂) OTS (ဗိုလ်သင်တန်း) (၃) OTC (အလုပ်သင်ဗိုလ်) ဆိုပြီး ရှိခဲ့တယ်။ OTS ကို နောက်ပိုင်းမှာ ဆက်ခေါ်ပေပမဲ့ OTC (အလုပ်သင်ဗိုလ်) တွေကိုတော့ ၂၀၀၀ နောက်ပိုင်း ဆက်မခေါ်တော့ပဲ အပတ်စဉ် (၃၀) မှာ ရပ်တန့်ခဲ့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၅)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...