Friday, July 31, 2015

လူမိုက်တို့သွားရာလမ်းနှင့် ဖွင့်ထားသောပြန်ရာလမ်း


လူတစ်ယောက်ကို သေဒဏ်ချတာတို့၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချတယ်ဆိုတာတို့ဟာ ဝမ်းသာစရာကိစ္စ တော့မဟုတ်ဘူးဗျ။ ဒါပေမဲ့ တရားဥပဒေဆိုတာ ရှိတယ်။ စစ်မှန်တဲ့ တရားဥပဒေဆိုတာ ဘယ်သူ့မျက်နှာကိုမှ မကြည့်ရဘူး။ ဘယ်သူ့တွန်းအားပေးတာကိုမှလည်း လက်မခံရဘူး။
တေးနုယဉ်ကို သတ်တဲ့ မင်းအုပ်စိုးကို ထောင်ဒဏ်တစ်သက်ချလိုက်တယ်ဆိုတဲ့သတင်း ဒီမနက်ဖတ်လိုက်ရ တယ်။ ကဲ .. ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ တေးနုယဉ်ဟာ သူ့ဘာသာသူ ကုတင်ပေါ်ကနေ ကျသေတယ်လို့ အဲဒီမောင်က တရားရုံးမှာ ထွက်ထားတယ်။ မှုခင်းဆရာဝန်ကြီးက ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့အတွင်း ရရှိထားသော ဒဏ်ရာတွေကြောင့် သေဆုံးတာလို့ ထွက်ဆိုထားတယ်။ သေဆုံးသူဟာ နံရိုးတွေကျိုး၊ ရင်ညွန့်ကျိုး၊ ရင်ခေါင်း အတွင်း သွေးသွန်၊ အသည်းစုတ်ပြတ်၊ အဆုပ်ဖူးယောင်၊ ဝမ်းခေါင်းအတွင်း သွေးသွန်တဲ့ ဒဏ်ရာဝေဒနာ တွေကြောင့် သေတယ်လို့ ထွက်ဆိုထားတယ်။ ဒါကိုမှ ကုတင်ပေါ်ကပြုတ်ကျတယ်ဆိုတဲ့တရားကို အတည်ယူ ပြီး စီရင်လိုက်ရင် ဘယ်လို တရားစီရင်မှုမျိုးဖြစ်သွားမလဲ။

ကလိန်ခြုံ စာရေးနည်းများ (၁)

ဆိုပါစို့၊ ညတည ရန်ကုန်မြို့က စတိုးဆိုင်တခုမှာ မန်နေဂျာဟာ ဓားပြတိုက်ခံရတယ်။ ငွေထည့်ထားတဲ့ အံဆွဲက ငွေဆယ်သိန်းကို ဓားပြတိုက်ပြီး ယူသွားတယ်။ ရဲက လာစစ်တဲ့အခါ မန်နေဂျာကို မှတ်မိတယ်၊ ဟိုအရင် ခြောက်လတုန်းက လားရိုးက စတိုင်းဆိုင်တခုမှာလည်း သည်မန်နေဂျာပဲ၊ သူအလုပ်လုပ်နေတဲ့ စတိုးဆိုင် ဓားပြတိုက်ခံရတယ်လို့ ဆိုပြီး စခန်းမှာ အမှု လာဖွင့်တာ။ ခုလည်း သည်မန်နေဂျာပဲ စတိုးဆိုင်ဓားပြတိုက်ခံရတဲ့ ဇာတ်လမ်းကို သူဟာ ရဲကို လာပြောပြနေပြီ။ ရဲဟာ မန်နေဂျာ ပြောတဲ့ “ဇာတ်လမ်း” ဟာ အမှန်တကယ် ဟုတ်မဟုတ်၊ ဘယ်လိုများ သိနိုင်သလဲ။
ကိုကျော်ဝင်းရဲ့ ဒီဗွီဘီ-ဒီဘိတ် အစီအစဉ်ကို နားထောင်အပြီးမှာ ကျနော်ဟာ ကိုယ့်ကိုကိုယ် စဉ်းစားနေမိတယ်။ ငါဟာ သည်ပုဂ္ဂိုလ်အပါအဝင် ရောဘတ်တေလာ၊ ဒေးဗစ်စတိုင်းဘတ် စတဲ့သူတို့ရဲ့ အပြောအဆို အရေးအသားတွေကို ဘာလို့ မနှစ်သက်ဘူး ဖြစ်နေရသလဲ။ မနှစ်သက်ရခြင်း အကြောင်းရင်းကို ကိုယ့်ကိုကိုယ် နားလည်ချင်လို့ စူးစမ်းကြည့်တဲ့ အခါမှာ ဘာသွားစဉ်းစားမိသလဲ ဆိုတော့ စာအရေးအသား “စတိုင်” တွေမှာ လှည့်ပတ်ဖုံးကွယ်မှုကို ရိပ်မိနိုင်တဲ့ သဲလွန်စတွေ ရှိနိုင်တယ်။ မိမိဟာ အတိအကျ မရိပ်မိလိုက်သော်လည်း သည်သဲလွန်စတွေကို အာရုံခံမိလိုက်တာ ဖြစ်နိုင်တယ်လို့ သွားတွေ့ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၇)

သစ်ထူးလွင်


Monday, July 27, 2015

နစ်ရှေးကို ဘာကြောင့်ဖတ်သင့်သလဲ


နစ်ရှေးဟာ ၁၉ရာစုနှောင်းပိုင်းဒဿနရှင်တစ်ဦးပါ ။ ဒါပေမယ့်ယနေ့မှာ နစ်ရှေးနှင့်ပို့စ်မော်ဒန်ဝါဒ ဆိုတဲ့ စာအုပ်မျိုးကိုတောင်မှ ရေးသားဖြန့်ချိနေတာ ကြည့်ရင် နစ်ရှေးရဲ့ အရေးပါမှုနဲ့ လွှမ်းမိုးနိုင်စွမ်းကို ခန့်မှန်းကြည့်လို့ ရပါတယ်။ ဆိုလိုချင်တာက နစ်ရှေးဟာ ယနေ့ကာလအထိ ကျွန်တော်တို့ ကိုင်စွဲထားတဲ့ တန်ဖိုးစံတွေ ၊ ယူဆချက်တွေကို စိန်ခေါ်နေဆဲ၊ တွန်းလှန်တိုက်စားပြစ်ဆဲ ဆိုတာကို တွေ့ရပါမယ်။ ကမ္ဘာလောကကြီးဟာ သာမန်သိတွေကို ဗဟိုချက် ထားပြီး အလုပ်လုပ်ရတာ၊ လူသားဟာ အဲဒီသာမန်သိတွေအတွင်းမှာပဲ အမှန်တရာနဲ့ အမှားဆိုတာကို ခွဲခြားသိမြင် ပစ်လိုက်တယ် ။ သာမန်သိအတွင်း မှာ ကိုယ်ကျင့်တရာ ဒါမှမဟုတ် လူသားအချင်းချင်းကြားက သဘောတူညီမှု ဆိုတာကို တည်ဆောက်ကြတာပါ။ အဲဒီလို သာမန်သိတွေကို နစ်ရှေးကစိန်ခေါ်တာ ။ ဒါကြောင့်လည်း နစ်ရှေးဟာ တစ်ခါတစ်ရံမှာ နာမည် ဆိုးကျော်ကြားတဲ့ ဒဿနပညာရှင်ဖြစ်လာတာ ဆန်းတော့ မဆန်းဘူး။

ချိုမိုင်မိုင်ကသူ


နာဂစ်ဒါဏ်
ခံစားမပြေပျောက်နိုင်ပေမယ့်
သဘာဝလူသတ်ကောင်ကြီးရဲ့
ကမ္ဘာကျော်ရက်စက်မှုက
အသက်များစွာ…
ဘဝများစွာ…
မိသားစုများစွာရဲ့
ကြေအက်စိတ်အနာတွေကို
မကုသနိုင်ပေမယ့်
ပေါလောမျောခန္ဓာတွေကို
ငပူတင်းငါးတွေက
ဝါးမျိုနိုင်စေဖို့
အားပေးကူညီ
အကယ်ဒမီယူသွားသူလေ ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၇)

သစ်ထူးလွင်


Saturday, July 25, 2015

**** မြန်မာ့ရင်းနှီးမြုပ်နှံမှု ဈေးကွက် ****




မကြာမီ အောက်တိုဘာ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသားအများစု ထိတွေ့ဆက်ဆံမှုမရှိသော Stock Market သည် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ Stock Market အကြောင်း သိသင့်သိထိုက်သည်များကို မိမိသိထားသလောက် ပြန်လည်မျှဝေပေးခြင်းသာဖြစ်သည်။ စာရေးသူသည် Stock Market အကြောင်း အတွေ့အကြုံအရကောင်းစွာ မသိသော်ငြား လေ့လာဖတ်ရှုမိသည်များကို အများပြည်သူ သုတရစေခြင်း ငှာ ဝေမျှခြင်းဖြစ်ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၇)

သစ်ထူးလွင်


Friday, July 24, 2015

အညွန့်ချိုးခံနေရတဲ့ခေတ်


သာလွန်မင်းလက်ထက်က မွန်ဝန်ကြီးတစ်ပါးရှိတယ်။ ဗညားကြမ်းတောလို့ခေါ်တယ်။ အလွန်ဖြောင့်မတ်ပြီး သတ္တိရှိသူလို့ နာမည်ကြီးတယ်။ ၀န်ကြီးဖြစ်မှ တရားစီရင်တာတွေ၊ ဆုံးဖြတ်ချက်ပေးရာတွေမှာ အရမ်း နာမည် ကျော်တယ်။ လူရိုသေ ရှင်ကြောက်ရလောက်အောင် သြဇာကြီးမားသူဖြစ်တယ်။
တစ်နေ့တော့ အမတ်ကြီး ဗညားကြမ်းတောဟာ စစ်ကိုင်းဘက်ကို ဘုရားတည်ဖို့သွားတယ်။ မြစ်ကူးတော့ မြစ်ကမ်းဘေးမှာ ကြီးမားတဲ့ မန်ကျည်းပင်ကြီးတစ်ပင်ကိုတွေ့တယ်။ မန်ကျည်းပင်ပေါ်မှာ လူငယ်တွေ ဆော့ ကစားရင်းနဲ့ မန်ကျည်းရွက်ခူးနေကြတာကိုတွေ့လိုက်တော့
"ဒီလူငယ်တွေ အများကြီးထဲမှာ သူရဲကောင်း နှစ်ယောက် ထွက်ရင်ကောင်းမယ်" လို့ပြောပြီး မန်ကျည်းပင် ပေါ်က လူငယ်တွေကို "ဟဲ့ သဘောက်မသားတွေ ၀န်ကြီးတစ်ယောက်လုံးလာတာကို မန်ကျည်းပင်ပေါ်က မဆင်း၊ ကမြင်းနေကြတယ်။ မိုက်လှတဲ့ကောင်တွေ။ နင်တို့ကို ငါအခု လာရိုက်မယ်။ သေပေတော့" လို့ ကြုံးဝါး ပြီး တုတ်ဆွဲလာတော့ ကလေးတွေလည်း ကြောက်လန့်ပြီး မန်ကျည်းပင်ပေါ်က ဆင်းပြေးကြတယ်။

ဂီတခံစားမှု


ရုပ်ရှင်ပြခါနီး နိုင်ငံတော်အလံ အလေးပြုလို့ "ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ..." သီချင်းသံကြားတိုင်း ဖောက်ဖောက်ပြီး သွားသွားစဉ်းစားမိတာ တစ်ခုရှိတယ်။
"ဒီခေတ်မှာ ပိုပြီးအန္တရာယ်ကြီးတာနဲ့ ပိုပြီး အရေးတကြီး ကာကွယ်ဖို့သင့်တာက အိမ်နီးချင်းတိုင်းတပါးသားတို့၊ နယ်ချဲ့ဗြိတသျှတို့၊ ကွန်မြူနစ်တို့လို အပြင်ကရန်သူတွေထက် ဒီမြေ၊ ဒီပိုင်နက်အတွင်းမှာပဲ ရှင်သန်ပေါက်ဖွား၊ အုပ်စုဖွဲ့၊ ရောဂါပိုး ဖြန့်ချီ... လုပ်နေကြတဲ့ ယင်ကောင်၊ လောက်ကောင်တွေ ပိုဖြစ်နိုင်လေမလား..." လို့။
ရာစုနှစ်ဝက်ကျော်အတွင်း ဒါ... တို့ပြေ၊ ဒါ... တို့မြေကြီးကို ဆိုင်သာဆိုင် မပိုင်၊ လုပ်သာလုပ် ဘာကောင်းကျိုးမှ မရ၊ မွေးသာမွေး ဘာအခွင့်အရေးမှ မရ..(လူတချို့ ဒီအတွင်းမွေးပြီး ဒီအတွင်းသေသွားကြရ.)၊ လူတစ်စု စိတ်ရူးပေါက်သလို ခြယ်လှယ်၊ အပိုင်စီး၊ သူတို့သတ်မှတ်ချက်မှာ သာမန်လူအားလုံး သတ်မှတ်ခံကြရ... ဒါတွေ ဖြစ်နေတာ

Wednesday, July 22, 2015

ခွေးတွေအထက်မှာ ငတာရှိတယ်


ရပ်ကွက်ထဲမှာ ဒေါ်ပူစီဆိုတာရှိတယ်။ ဒေါ်ပူစီက တစ်ပတ်တစ်ကြိမ် ခွေးစတုဒီသာကျွေး တယ်။ ခွေးစတုဒီသာ ဆိုတာက တစ်ရပ်ကွက်လုံးက ခွေးတွေကို သူ့အိမ်မှာ ချက်ထားတဲ့ ထမင်းဟင်းတွေနဲ့ ကျကျနန ကျွေးတာ။ ဇလုံတွေကလည်း စတီးဇလုံတွေနဲ့ထည့်ပြီး သန့်သန့်ရှင်းရှင်း ကျွေးတယ်။ အဲဒီ ခွေးစတုဒီသာရဲ့ အကြီးအမှူးက တော့ ထုံးစံအတိုင်း ကျွန်တော်တို့ ဇာတ်လိုက်ကြီး ငတာပေါ့။
ငတာက ခွေးစတုဒီသာကို တုတ်တစ်ချောင်းနဲ့ ထိန်းတယ်။ သူ့ရှေ့မှာတော့ စားခွက်မလုနဲ့ တုတ်စာမိသွားမယ်။ ခွေးဆိုတာကလည်း သိတယ်မဟုတ်လား။ လာချင်တဲ့နေရာ ကနေ ရောက်လာကြတာ။ ရပ်ကွက်အထာနဲ့ ငတာ့ အထာကို မသိလို့ကတော့ ကျောကော့အောင် ခံသွားရမယ်။
တစ်နေ့ ကျွန်တော်လည်း မြို့ထဲကပြန်လာရင်းက ငတာတို့ ခွေးစတုဒီသာနဲ့ ကြုံလို့ စိတ်ဝင်စားပြီး ရပ်ကြည့် နေမိတယ်။ ငတာက တုတ်တစ်ချောင်းနဲ့ အလုပ်ရှုပ်နေတယ်။

ကြားအင်အားစုတွေကို သိမ်းသွင်းနိုင်သူက နိုင်သည်

 
ဒီရက်ပိုင်း သတင်းတွေ တက်လာတဲ့အထဲမှာ လာမယ့်ရွေးကောက်ပွဲအတွက် ဒီချုပ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေကို တွေ့နေရတယ်။ လူတွေက အားရ၀မ်းသာနဲ့ တင်ပေးနေကြတာ။ ပညာရှင် အသိုင်းအ၀ိုင်းက အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအဖြစ် ၀င်ရောက်အရွေးချယ်ခံကြမည် ဆိုသည့်သတင်း။ အားရစရာ။ ပြည်သူများအတွက် ရွှင်လန်းအားတက်စရာ သတင်းများဖြစ်သည်။
အယူအဆတခုရှိသည်။ ငါ လို့ပြောရမည်အင်အားစုနဲ့ ရန်သူ အင်အားစုတို့ ယှဉ်ပြိုင်ကြရာမှာ ဘက်သဘောအရ အဲဒီ ဘက် ၂ ဘက်တည်းကိုချည်း ပုံသေချ တွက်ထား၍မရ။ ရန် - ငါ အင်အားစုတွေထဲမှာ မပါတဲ့ ကြားအင်အားစုဆိုတာရှိသည်။ ထိုကြားအင်အားစုကို စည်းရုံးသိမ်းသွင်းနိုင်သူက အနိုင်ရသည် ဆိုသည့်အယူအဆ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၇)

သစ်ထူးလွင်



Tuesday, July 21, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၇)

သစ်ထူးလွင်


Sunday, July 19, 2015

အီသီယိုပီးယားနှင့် မြန်မာပြည်


၂၀၁၃ ကျွန်တော် အာဖရိကမှာ နေတုံးက Ko James Mint page မှာ ဒီအကြောင်း ရေးဖူး ပါတယ်။ အဲဒီစာ ကတော့ သူ့ အကောင့် ကျသွားတာနဲ့ ပြန်ရှာမရ တော့ပါဘူး။ ဒီရက်ပိုင်း မှာ အီသီယိုပီးယား နဲ့ မြန်မာပြည် အကြောင်း နှိုင်းယှဉ် တာတွေ တက်လာလို့ ပြန်ရေးတာပါ။
မှန်တာပြောရရင် အီသီယိုပီယား ကို အလုပ် ကိစ္စနဲ့ ပထမဆုံး စသွားတုံးက လုံးဝကို အထင် မကြီးတာဗျ။

သမတကြီးထံ ပေးစာ

 
သို့
သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်
အကြောင်းအရာ။ ။ အမှတ်(၁၄) စစ်ရေးလေ့ကျင့်ရေးကျောင်း မြေယာသိမ်းဆည်းမှု၏ အကျိုးသက်
ရောက်မှုနှင့် မြေယာများပြန်လည်စွန့်လွတ်ပေးရန်တင်ပြခြင်း

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၇)

သစ်ထူးလွင်


မည်သူ့ကိုမျှ မရည်ရွယ်ပါ


ကျွန်တော် စာရေးတာ ၀ါသနာကြောင့်ဗျ။ စာတွေကို ပိုက်ဆံရလည်း ရေးတယ်။ ပိုက်ဆံမရလည်းရေးတယ်။ ကျမ်းတစ်စောင်လောက်ပြုစုချင်လို့ဆိုပြီး လာအကူအညီတောင်းလည်း အစွမ်းကုန် ကူညီပေးလိုက်တာပဲ။ ဒါလေးကို မြန်မာလိုပြန်ပေးစမ်းပါဦးဆိုလည်း တတ်သလောက်မှတ်သလောက် လုပ်ပေးလိုက်တာပဲ။ အဲဒီ အတွက် ကျွန်တော် ဘာအကျိုးအမြတ် မျှော်လင့်ချက်နဲ့မှ လုပ်နေတာမဟုတ်ပါဘူး။
အားရင် စာအုပ်အတွက် စာရေးတယ်။ ပျင်းရင် Facebook ပေါ်တက်ပြီး လျှောက်ရေးတယ်။ ကျွန်တော့် အလုပ်က မိုးလင်း မိုးချုပ် အိပ်မှပဲ စာနဲ့ ကွန်ပျူတာနဲ့ မျက်နှာနဲ့ ခွာတာဆိုတော့ ကျွန်တော်ဘာလုပ်သလဲဆိုရင် အဲဒါ ကျွန်တော့် အလုပ်ပဲလို့ပြောရမှာ။
ကျွန်တော် ခေတ်ကို၊ စနစ်ကိုသရော်ချင်ရင် လှောင်ချင်ရင် ဗြောင်ရေးတယ်။ ကျွန်တော်တိုက်တာ စနစ်နဲ့ ခေတ်ပဲ။ ကျွန်တော် လူရဲ့ (personal) ကို ဘယ်တော့မှ မတိုက်ခိုက်ဘူး။ ခေတ်၊ စနစ်၊ မူတွေကိုပြောတယ်။ ကိုယ်ပြောလို့ရတဲ့ ဘောင်အတွင်းက ရအောင်ပြောတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၇)

သစ်ထူးလွင်


Thursday, July 16, 2015

"တာမွေ နဲ့ ရွာသာကြီး အမေအိုမေတ္တာကြောင့်နီးပါတယ်" "ရှစ်ဆယ့်ငါးနှစ်ကျော် အဘွားအိုရဲ့ မဆုံးနိုင်တဲ့ မေတ္တာ"


စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) အမျိုးသားလူနာဆောင်တစ်ခုရဲ့ လူနာတွေကြည့်ဖို့နေရာပေးထားတဲ့ နေရာလွတ်တွေမှာ ဟိုတစ်စု ဒီတစ်စု လူနာလာကြည့်တဲ့ သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေသွားလာလှုပ်ရှားနေပါတယ်။ သူတို့ရဲ့အနောက်ဖက်မှာတော့ သံပန်းနဲ့ကာရံထားတဲ့ အခန်းလေးတွေထဲမှာ အရွယ်စုံလူ (၅၀) ကျော်ဟာ သံဇကာတွေရဲ့ အပြင်ဖက်ကိုလှမ်းမျှော်ကြည့်ရင်း မိသားစုဝင်တွေကိုလှမ်းမျှော်ကြည့်နေကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၇)

သစ်ထူးလွင်


Tuesday, July 14, 2015

*** တရုတ်ရဲ့ မန်ဒါလီ ***

Aik Sai's photo.

အခုရက်ပိုင်း China Stocks တွေဆက်တိုက်ကျလာတာဟာ လေးပတ်လောက်ရှိပါပြီ။ တိတိကျကျဆို ဇွန်လ ၁၂ရက် သောကြာနေ့က ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၈ရက် ၂၀၀၈ခုနှစ်နောက်ပိုင်းကစလို့ Shanghai Security Exchange Composite Index (SSEC) အမြင့်ဆုံး 5166.35 points ထိရောက်ခဲ့ပြီး အခု ဇွန်လ ၃ရက်နေ့မှာတော့ 1481.99 points ထိကျဆင်းခဲ့ပါတယ်။ ဆုံးရှုံးမှုအနေနဲ့ လွန်ခဲ့လကစလို့ ၂၉ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ထရီလျံပေါင်း 2.8 အထက်မှာပဲရှိပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၇)

သစ်ထူးလွင်


Monday, July 13, 2015

မျှော်လင့်ခြင်းနောက်ဆုံးထွက်သက်


ကျေးဇူးအရှင်
မွေးမိခင်အား ဖုတ်ကင်ချက်ပြုတ်
အမြစ်နှုတ်၍ ရေဆုပ်ခွာလှန်
ဆီပြန်ကြော်ချက် မိန်ယှက်ပွဲတော်
လူသူတော်တို့ ရွှင်ပျော်အားရ
စိတ်တိုင်းကျမို့ ငါ တို့နိုင်ငံ ရှင်သန်ယဲ့ယဲ့ကျန်တော့၏။ ။

အခုရှုပ်မှ နောင်ရှင်း

ကျွန်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲသို့ဝင်တော့မည်။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည်။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော့ နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို့လည်း အုတ်အရောရော ကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင်…။ ကိုယ်ထင်တာကိုယ်လုပ်တာ ကျွန်တော့်ဝါသနာဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၇)

သစ်ထူးလွင်


Friday, July 10, 2015

လူငမွှေ


ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက “ပူရာဏ် ဓမ္မဂန်ဖတ်စာ” ထဲမှာ
“မင်းစေ လုပ်ငြား၊ လျင်ဖြတ်စားသည်၊ ယောက်ျားလူလေ၊ လူငမွှေကို၊ ရွာနေ သူများ၊ မမုန်းလား” ဆိုပြီး ဆုံးမခဲ့တဲ့စကားကို အမှတ်ရသဗျ။
ဆရာတော်ကြီးက “လူငမွှေ” တဲ့။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မေတ္တာတရား မခေါင်းပါးကြပါဘူး။ သူတစ်ပါး စိတ်ဆင်းရဲ၊ ဒုက္ခရောက်မှာကို လည်း သဘာဝအားဖြင့် မလိုလားကြပါဘူး။ အင်မတန် မုန်းလွန်းမှသာ “သေပါစေ” လို့ ပြစ်တင် ကျိန်ဆဲ လေ့ရှိပါတယ်။
တိုင်းပြည်မှာ လူမသေခင်ကတည်းက နာမည်သေနေတဲ့သူတွေ၊ မသေခင်ကတည်းက ပုပ်နေတဲ့သူတွေ၊ မသေခင်ကတည်းက မြုပ်နေတဲ့လူတွေ အများကြီးရှိတာပဲ။ ဘယ်သူသေတယ်၊ ဘယ်သူပုပ်တယ်ဆိုတာ ပြည်သူက အဆုံးအဖြတ်ပေးတယ်ဗျ။ ပြည်သူဆိုတာ သူတို့ချစ်တဲ့သူတွေကို ဘယ်သူမှ “သေပါစေ” လို့ ဆုတောင်းမှာ မဟုတ်ဘူး။ သူတို့မချစ်ခင် မနှစ်သက်တဲ့သူတွေဆိုရင် “သေပါစေ” လို့ ဆုတောင်းကြမှာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၇)

သစ်ထူးလွင်


Thursday, July 9, 2015

ဂရိဒုက္ခတွေအပေါ် မြန်မာတွေ သင်ခန်းစာယူနိုင်ကြပါစေ

ဘိုဘိုကျော်ငြိမ်း
သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ပါလာတာကတော့ ဂရိမှာ ဇူလိုင်လ (၅) ရက် နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ရာ ၉ဝရာခိုင်နှုန်း မဲရေပြီး ချိန်မှာ ၆၁ရာခိုင်နှုန်းနဲ့ အပြတ်အသတ်နိုး (NO)ဖက် က နိုင်သွားပြီဖြစ်တဲ့အတွက် လက်ရှိလက်ဝဲအစိုးရက အနိုင်ရသွားပြီလို့ ပြောလို့ရပါတယ်။ ဂရိဒုက္ခဆိုတာ အမှန်အတိုင်းပြောရရင် အလွန်ရှုပ်ထွေးပါတယ်။ စီး ပွားရေးပညာ (Economics) အခြေခံမရှိဘဲ နားလည်ရ ခက်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၇)

သစ်ထူးလွင်


သစ်ထူးလွင် သတင်းစုစည်းမှု (၇-၇)

သစ်ထူးလွင်


Tuesday, July 7, 2015

“လက်ခုပ်သံငိုချင်းရှည်” (မင်းဒင်)

Lu Bo shared Min Din's photo.
၀၃ ဇူလိုင် ၂၀၁၅ နှင်းဆီဖြူ ဂျာနယ်မှ။ ။

(၁)
အချို့သောသမိုင်းမှတ်တမ်းများအရ၊တရုတ်တရက်တို့ရန်ကြောင့်၊
ပုဂံနေပြည်တော်ပျက်စီးရသည်၏နောက်၊ပုဂံမင်း၏နတ်မောက်မိဖုရားသည်၊
သူ၏နောက်လိုက်နောက်ပါအခြွေအရံတို့နှင့်အတူ
ဇာတိနတ်မောက်မကွေးခရိုင်သို့ပြန်လာခဲ့သည်ဟုဆိုပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၇)

သစ်ထူးလွင်


Sunday, July 5, 2015

အနိမ့်ဆုံးလုပ်ခလစာနှင့်ပတ်သက်သောကျနော့်အမြင် (၁၆)ချက်

၁။ အလုပ်သမားဘက်မှလည်း အနိမ့်ဆုံးလစာဒီလောက် ရမှ၊ ဟိုလောက်ရမှ ဆိုပြီးတောင်းဆိုလာသည်။ တောင်းဆိုသင့်သောအချက်လည်း ဖြစ်သည်။ သို့သော်လည်း အစိုးရကသာချမှတ်ပြဌါန်းပေးရမည်ဖြစ်သည်။
၂။ တောင်းဆိုသောအဖွဲ့အစည်းများတွင် ထိုစက်ရုံအလုပ်ရုံများကို အခြေပြုပြီး လှုပ်ရှားနေသော နိုင်ငံရေး အဖွဲ့အစည်းများလည်းပါနေသည်။ နိုင်ငံရေးအဖွဲ့အစည်းများဟုဆိုလိုက်သောကြောင့်လည်း တစ်ဘက်သပ် အမြင်ဖြင့် တစ်ဘက်စောင်းနင်းကြည့်မရသောအခြေအနေလည်းဖြစ်သည်။ သူ့လူ၊ ကိုယ့်ဖက်သား နိုင်ငံရေး သမားကလည်း ပေါမှပေါသောထိုတိုင်းပြည်ဖြစ်သည်။ ချိန်ခွင်များလို အလေးသာသည့်ဘက်ကို လျှာထုတ်ပြ သောလူစားများ-များလာသည်။ အခြေခံအလုပ်သမားထုအတွက် အမှန်တကယ်စဉ်းစားပေးရန် လိုအပ်လာသည်။

NLD အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ချက် (ရွေးကောက်ပွဲသာ တရားမျှတခဲ့ရင်)


ပြည်သူ့လွှတ်တော် = ၂၂၁ နေရာရရန်လို (၄၄၀ နေရာရှိ)
အမျိုးသားလွှတ်တော် = ၁၁၃ နေရာရရန်လို (၂၂၄ နေရာရှိ)
စုစုပေါင်း = ၃၃၄ နေရာရမှ အစိုးဖွဲ့နိုင်။

ပြည်သူ့လွှတ်တော်
လက်ကျန်နေရာ = ၄၄၀ - ၁၁၀ (တပ်မတော်) = ၃၃၀
လက်ကျန် ၃၃၀ = ၂၀၇ (တိုင်း) + ၁၂၃ (ပြည်နယ်)
(တိုင်း ၇တိုင်း) မှာ ၂၀၇ နေရာ အကုန်ရရင်တောင်မှ (ပြည်နယ် ၇ ပြည်နယ်) က ၁၄ နေရာ ရရန်လို။
ပြည်နယ်အလိုက် တိုင်းရင်းသားပါတီ ၃၂ ပါတီရှိ။ ၁၄ နေရာ ရရန်မလွယ်။
အမျိုးသားလွှတ်တော် လက်ကျန်နေရာ = ၂၂၄ - ၅၆ (တပ်မတော်)= ၁၆၈
လက်ကျန် ၁၆၈ = ၈၄ (တိုင်း) + ၈၄ (ပြည်နယ်)
(တိုင်း ၇တိုင်း) မှာ ၈၄ နေရာ အကုန်ရရင်တောင်မှ (ပြည်နယ် ၇ ပြည်နယ်) က ၂၉ နေရာ ရရန်လို။
ပြည်နယ်အလိုက် တိုင်းရင်းသားပါတီ ၃၂ ပါတီရှိ။ ၂၉ နေရာ ရရန်မလွယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၇)

သစ်ထူးလွင်


Saturday, July 4, 2015

ဦးမြင့်ဆွေသို့ -


(တစ်နေကုန်အလုပ်လုပ်ပြီး အလုပ်ကပြန်လာတော့ CSOC သင်တန်းရှိလို့ သွားပြနေရသေးတယ်။ အဲဒါကြောင့် ခုမှ ရေးနိုင်တာ)(ကျွန်တော် Eliminate the Risk at Source ဆိုတဲ့ပို့စ်ကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်တော့ ဦးမြင့်ဆွေဆိုတဲ့တစ်ယောက်က ကွန်မင့်တွေပေးလာတဲ့အတွက် သူ့ကွန်မင့်ကို ပြန်ပြီးရှင်းချက်ထုတ်တာပါ။)
ခုလိုသေသေချာချာ ပြန်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။
၁။ (စနစ်ဆိုတာ လူတွေလုပ်တာဗျ။) - သိပ်မှန်သပေါ့ဗျာ။
၂။ (ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။သခင်ဖြစ်ရမယ်။ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။) - သိပ်မှန်သပေါ့ဗျာ။
============================================================
၁။ ((စနစ်ဆိုတာ လူတွေကလုပ်တာ)) - ဆိုတာကို ပြောပါမယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဦးနေ၀င်းအာဏာမသိမ်းခင်က အရှေ့တောင်အာရှမှာ ထိပ်ဖြစ်ခဲ့တာ ဦးမြင့်ဆွေ သိပါတယ်။ အဲဒါ စနစ်ကောင်းခဲ့လို့ပဲ။ ဘယ်ကစနစ်လဲ။ အင်္ဂလိပ်တွေ ချမှတ်ခဲ့တဲ့စနစ်ကို ဆက်လက်ကျင့်သုံးခဲ့လို့။ မြန်မာပြည်နဲ့ကိုက်အောင်တော့ ပြန်ပြင်ရမှာပေါ့။ အဲဒီစနစ်ကို လုပ်ခဲ့တဲ့ အဲဒီခေတ်က လူတွေက လူတော်တွေကိုးဗျ။ စနစ်ကောင်းလို့ တိုင်းပြည်ကောင်းတာ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၇)

သစ်ထူးလွင်


Friday, July 3, 2015

နတ်နွယ် စာအုပ်များ (ဘာသာပြန်)


(၁၁၅)ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် - နတ်နွယ်
http://www.mediafire.com/?1d8peb655ttovud
(၁၁၆) ရောမမြို့က မိန်းမပျက် (နတ်နွယ်)
http://www.mediafire.com/?3acajcz3pxxq2xi
(၁၁၇)မိုရေဗီးယား၏အတိုင်းအတာများ နှင့် တခြားဝတ္ထုတိုများ (နတ်နွယ်)
http://www.mediafire.com/?khvntzhvy2t
(၁၁၈) ကမ္ဘာ့စာပေ တစ်စေ့တစ်စောင်း (နတ်နွယ်)
http://www.mediafire.com/?2tjhztfdozm

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၇)

သစ်ထူးလွင်


Thursday, July 2, 2015

အမှန်တရားတော်လှန်ရေး


ကျွန်တော် ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေကို မပြောပါဘူးလုပ်ထားတာ နှစ်ပေါင်းကြာပါပြီ။ မပြောမပြီး၊ မတီးမမြည် ဆိုတဲ့စကားလည်းရှိနေတော့ ပြောရပါသဗျာ။ ကိုယ်ရည်သွေးလိုခြင်း၊ ဂုဏ်ဖော်ပြီး နာမည်ကောင်းယူလိုခြင်း စိတ်တွေနဲ့ ရေးနေတာတွေ မဟုတ်ပါဘူး။ ကိုယ့်ညီငယ်၊ ညီမငယ် ဆရာ ဆရာမတွေကို မတရားတဲ့ အမိန့်တွေ၊ စနစ်တွေ၊ လူတွေကို တရားသဖြင့် ဘယ်လို ရင်ဆိုင်တိုက်ခိုက်လို့ရတယ်ဆိုတာ စဉ်းစားနိုင်အောင် ရေးပေး နေခြင်းဖြစ်ပါတယ်။
ကျွန်တော့် ဆရာဘ၀တောက်လျှောက် မတရားဘူးထင်တာတွေကို အမြဲတိုက်တယ်။ အဲဒီလို တိုက်နိုင်ဖို့ ကိုယ့်ဘက်က အမြဲမှန်နေအောင် ကြိုးစားတယ်။ ဆိုရှယ်လစ်အစိုးရနဲ့ စစ်အစိုးထောင်ချောက်ထဲမရောက် အောင်နေတယ်။ အလုပ်ကို သူများတွေထက်ပိုလုပ်တယ်။ ဘယ်နေရာရောက်ရောက် အကောင်းဆုံးလုပ်တယ်။ ရပ်ကွက်ကျေးရွာကို ကိုယ်နဲ့တစ်သားတည်း၊ တစ်သွေးတည်းဖြစ်အောင်နေတယ်။ ရွာတွေက သူတို့ရွာသား မဟုတ်ပေမယ့် သူတို့ ရွာသားတွေထက်တောင် ချစ်ခင်တဲ့ ဆရာဖြစ်အောင် လုပ်တယ်။ အဲဒီလို လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ခင်ဗျားတို့ ကျောင်းပေါ်မှာ အမိန့်သားထိုင်နေလို့ မရဘူး။

"ပညာနဲ့ ရွေးချယ်ပါ ဒကာကြီး"


အောက်တွင် ဖေါ်ပြချက်သည် အရှင် ဦးဥတ္တမ မှ ဖြေကြားသော အကြောင်းအရာကို စာဖတ်သူများ သိသင့်သည်ထင်၍ ပြန်လည် ဝေမျ ပါသည်။
NLD ဟာ ကုလားကို အားပေးထောက်ခံတဲ့ ပါတီ၊ ဒေါ်စုကို ထောက်ခံရင် ကုလားနိုင်ငံ ဖြစ်မယ် ဆိုတာတွေ အပေါ် အရှင်ဘုရား ဘယ်လို မြင်ပါသလဲ။
အင်း..မေးတော့လည်း ဖြေရတာပေါ့၊ ဒါပေမယ့် ကြိုပြီးတော့ ပြောထားမယ်နော်၊ သေသေချာချာ စီစစ်ပြီးမှ လက်ခံ မခံ ဆုံးဖြတ်ပါ။ ဒေါသတော့ မပါစေနဲ့ ဒကာကြီး။
ခေါင်းဆောင် နှစ်မျိုးရှိတယ် ဒကာကြီးရဲ့။
ကိုယ်ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ ကိုယ့်ရဲ့ လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်သားတွေ ဆင်းရဲ ဒုက္ခကင်းပါစေ။ ကင်းရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတဲ့ ခေါင်းဆောင်။
မိမိရဲ့ လက်တဆုပ်စာ လူတစ်စုရဲ့အကျိုးကိုပဲ ပဓာန ထားပြီးတော့ လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို အဓိကမထားတဲ့ ခေါင်းဆောင်ပေါ့။
တိုင်းပြည်တပြည်ရဲ့ခေါင်းဆောင်ကောင်းဆိုတာ ဘာသာရေး ခေါင်းဆောင်နဲ့ မတူဘူး ဒကာကြီးရဲ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၇)

သစ်ထူးလွင်


ကျောင်းသားအရေး


၁၉၈၈ အရေးအခင်းပြီးတော့ ကျောင်းတွေပြန်ဖွင့်ချိန်ဖြစ်ပါတယ်။ မူလက ၈ တန်းကျောင်းသား ၅၀ လောက် ရှိရာက ကျောင်းဖွင့်တော့ ၃၅ ယောက်လောက်ပဲ လာတက်တော့တယ်။ ၁၅ ယောက်လောက် တောထဲရောက် ကုန်ကြတယ်။ တောခိုတာပြောတာမဟုတ်ဘူး။ ၀ါးသွားခုတ်စားနေကြတာကိုပြောတာ။
ဒီလိုနဲ့ ၈ တန်းအောင်ချက်ကောင်းအောင်လုပ်ချင်တော့ ကိုယ်တိုင်လည်းကြိုးစား၊ ဆရာဆရာမတွေကိုလည်း စည်းရုံးရတယ်။ တောကျောင်းက ကလေးတွေက ထုံထိုင်းတွေများတယ်။ သူတို့ကို တတ်အောင်သင်ရတာ ကိုက ကျွန်တော်တို့ဆရာတွေမှာ နှစ်ဆလောက်ပိုပင်ပန်းတယ်။ ဒါပေမဲ့ ဆရာ ဆရာမတွေကို ချစ်ကြောက် ရိုသေတော့ သင်ရတာအမောပြေပါရဲ့။ ၃၅ ယောက်ထဲကလည်း ၂ ယောက်ထွက်ပြေးပြန်တော့ နောက်ဆုံး ၃၃ ယောက်ပဲကျန်တယ်။
အစိုးရစစ်ဖြစ်တော့ ကျွန်တော်တို့ရွာမှာ စာစစ်စင်တာ မဖွင့်ပေးထားဘူး။ ဒါကြောင့် မိုင် ၅၀ လောက်ဝေးတဲ့ ပဲခူးမြို့ကိုလာတက်ဖြေရတယ်။ ကျောင်းသား ၃၃ ယောက်၊ တစ်ယောက် သေတ္တာတစ်လုံး၊ အိပ်ယာလိပ် တစ်လိပ်နဲ့ လှည်းလမ်းပေါ်ကားမောင်းပြီး ဖုန်တွေကြားထဲလာရတာပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၆)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...