Monday, August 31, 2015

အတွေးအမြင်စာစု


တခါက ဥက္ကဌကြီးမော်စီတုံးဟာ သမ္မတလျူရှောက်ချီ၊ ၀န်ကြီးချုပ်ချူအင်လိုင်းတို့နှင့် တွေ့တော့ မေးခွန်း တစ်ခုမေးတယ်။
" ကြောင်တစ်ကောင်ကို ငရုတ်ကောင်းစားစေချင်တယ် ဆိုပါတော့၊ ခင်ဗျားတို့ဘယ်လိုကျွေးမလဲ "
ပထမဆုံး လျူကဖြေတယ် " လွယ်ပါတယ်ဥက္ကဌကြီး ကြောင်ကိုမလှုပ်နိုင်အောင် လူတစ်ယောက်က သေသေချာချာချုပ်ထားမယ်၊ ပြီးရင် ပါးစပ်ကိုဖြဲ၊ ငရုတ်ကောင်းအစေ့ကို ပါးစပ်ထဲထည့် လည်ချောင်းထဲ ကျသွားအောင် တူနဲ့ထိုးချ "

နင်သနားတာ ငါသိပါတယ်


မနက်ကလမ်းလျှောက်တော့ ၄၀ ရပ်ကွက်ထဲမှာ သူခိုးတွေ သောင်းကျန်းနေတဲ့သတင်း၊ တစ်အိမ်လုံးကို တစ်နေကုန် စိတ်ကြိုက်ဖောက်ထွင်းပြီး တန်ဖိုးရှိတာတွေပဲ ရွေးယူသွားတယ်ဆိုတဲ့သတင်း ကြားလိုက်ရသဗျ။
မြို့ထဲမှာလည်း ဆိုင်အသိမ်း ရိုက်လုတဲ့သတင်း။ ကိုယ့်ပြန်မကြိုက်တဲ့ ကောင်မလေးရဲ့ လည်ပင်းကို ဓားနဲ့ ထိုးတဲ့သတင်း၊ ကြည့်တာကို မကျေနပ်နဲ့ ဓါးနဲ့လာခုတ်တဲ့သတင်းတွေအပြင် ဒီမနက် သတင်းတစ်ပုဒ်မှာလည်း ၂၀၁၅ သြဂုတ်လ ၂၃ ရက်နေ့အထိ ရန်ကုန်မှာလုယက်မှုတွေများလာပြီး ကျူးလွန်သူတွေဟာ လူလတ်ပိုင်း အရွယ်တွေဆိုတာ ရဲတပ်ဖွဲ့ကထုတ်ဖော်ဝန်ခံကြောင်း ဖတ်လိုက်ရပါတယ်။
သမ္မတကြီးမေတ္တာနဲ့ ထောင်အကြိမ်ကြိမ်ခါလိုက်တော့ ဆိုးခိုးလုတိုက်တွေက ဥပဒေကို မလေးခန့်တော့ဘူး။ မကြာပါဘူးက အထဲဝင်ရလည်း ခဏပေါ့လို့တောင် ပြောတဲ့အထိ။ ညက ဆိုက္ကားသမားတစ်ယောက် တုတ်ကိုင်ပြီး ကားဂိတ်မှာသောင်းကျန်းရင်းက ပြော တာလေးကိုလည်း နားထောင်ကြည့်လိုက်ဦး
“ဟေ့ကောင် မင်းလိုကောင်မျိုးကို အသေရိုက်သတ်လိုက်လို့ရတယ်သိလား .. ထောင်ထဲသွားနေလည်း တစ်ပတ်ပဲကွ” တဲ့ဗျာ။ အဲဒီလောက်ကို အရပ်ထဲမှာဖြစ်နေတာပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)

သစ်ထူးလွင်


Sunday, August 30, 2015

ဝန်ကြီးနှင့် လူကြီးမင်းများသိစေရန် ။

မတင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် တင်လိုက်ပါပြီ ။ နိုင်ငံတော် သယံဇာတတွေ အဖွဲ့အစည်းမျိုးစုံကနေ နည်းလမ်းပေါင်းစုံ/ထွက်ပေါက်ပေါင်းစုံက အရင်းအမြစ်ပါမကျန် တရုတ်တွေ ဂုတ်သွေးစုပ်နေကြတာ သိစေချင်လို့ ။ ပုံပါ ကျောက်တွေက ဒေသအခေါ် ရေခဲတုံးလို့ခေါ်ပါတယ် ။ သက်နု ကျောက်စိမ်းတွေပါ။ ရေနဲ့ထိရင် ကျောက်ကြောတွေက စိမ်းတက် လာပါတယ် ။ ဒါတွေကို KIA က တရုတ်နဲ့ပေါင်းပြီး တောင်လုံးဖြိုပြီးရောင်းစားနေတာပါ ။

Saturday, August 29, 2015

ပို့ကုန်တွေမဟုတ်ပါ


ကုန်လွန်ခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ လှိုင်သာယာက ဒေါ်ဝတုတ် (အမည်လွှဲ) တစ်ယောက် အိမ်ဦးခန်းက ဘုရားစင်ရှေ့ အကြိမ်တစ်ရာမက ဆုတောင်းခဲ့ရဖူးပါတယ်။ နေ့စဉ်လိုလို ရင်ထဲကသောကအပူမီးကို ရိုးရာ ယုံကြည်မှုဖြစ်တဲ့ ဗေဒင်၊ ယတြာတွေနဲ့ ငြှိမ်းသက်နိုင်ဖို့ အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ရဖူးပါတယ်။

တူမောင်ကြီး သိန်းစိန်သို့ ပေးစာ - ၉


သို့ ..
တူမောင်ကြီး သိန်းစိန် ဘကြီး စာရေးလိုက်တယ်။
အကြောင်းကတော့ အခုတလော ဟော့နေတဲ့ ဆိုင်းဘုတ်ကိစ္စပါ။
အနုပညာရှင်တော်တော်များများက
"ပြောင်းလဲချိန်တန်ပြီ၊ NLD ကို မဲပေးစို့ " ဆိုတဲ့ ဆိုင်းဘုတ် တချပ်စီနဲ့ အတော်ကို မျက်စိနောက်စရာကောင်းလို့ပါကွယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၈)

သစ်ထူးလွင်


Friday, August 28, 2015

ဘာ....ဒေါ် အောင် ဆန်း စု ကြည် ကို မဝေဖန်ဘူး.. ဟုတ်စ (ပြောသင့်သူ များကို တိုက်ရိုက်ပြောသည်)

အေး..မဝေဖန်ဘူး။ ဘာဖြစ်လို့လဲ သိလား၊ တိုင်းပြည်ကို ချစ်လို့ ၊ လူထုကို နစ်မွန်းမယ့်အရေး လူထုကို နင်းပြားဘ၀က လွတ်မြောက်အောင် မနည်းရုန်းကန်နေရတဲ့ ပွဲ မှာ ကျူပ် စာတကြောင်းကြောင့် မဲ တပြား အပွန်းမခံနိုင်ဘူး။
ဒီအသကိအရွယ်နဲ့ မိုးထဲလေထဲ အပင်ပန်းခံပြီး လူထုရှိက မဲတပြားရအောင် သန့်သန့်ရှင်းရှင်းနဲ့ အသက်ကိုရင်းပြီး လုပ်နေတဲ့ သူကို ဘေးကထိုင်ပြီး ထွက်လာတဲ့ စကားတွေ အကျကောက် တတ်ယောင်ကား လိုက်ပြောနေတဲ့ အစားထဲ ကျူ ပ် မပါဘူး။

ပါကင် အလိုရှိသည်


ပြီးခဲ့သည့် သြဂုတ် ၈ ရက်က ထိုင်းနိုင်ငံသားတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးတို့ကို တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး၌ မသင်္ကာဖွယ်ရာ တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှတစ်ဆင့် မြန်မာ၌ကျယ်ပြန့်လာနေပြီဖြစ်သည့် အပျိုစင်ဈေး ကွက်ကို ရဲတပ်ဖွဲ့က တွေ့ရှိ သွားသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၈)

သစ်ထူးလွင်


Thursday, August 27, 2015

မှန်ကန်တဲ့ NLD ရပ်တည်ချက်တစ်ခု

 

KNU နဲ့ RCSS တို့ အပစ်ရပ်လက်မှတ်ထိုးဖို့ စိတ်လောနေရခြင်းရဲ့ နောက်ကွယ်မှာ KNU အကြံပေး စောတူးတူးလေးနဲ့ RCSS အကြံပေး ဟန်ယောင်ဝေတို့ ရှိနေတယ်။ အမှန်ကို ပြောရရင် ဖဒိုမန်းငြိမ်းမောင်ဆိုတာ ဒီကိစ္စမှာ ကီးပလေယာ မဟုတ်ခဲ့ပါ။ သြဇာအာဏာလည်း သိပ်ရှိသူ မဟုတ်ပါ။ အခု စောတူးတူးလေးနဲ့ ဟန်ယောင်ဝေတို့က ဒေါ်အောင်ဆန်းစုကြည်ကိုပါ စည်းရုံးဖို့ ကြိုးစားကြခြင်းဖြစ်တယ်။

. ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...


ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ
နိုင်ငံတော်စစ်စစ်ကို သွားလိုသူများ
ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...
ဘယ်တော့ရောက်မယ်မှန်း မသိနိုင်သော
ခရီးအတွက် စိတ်ပင်ပန်းနေသူများ
ရှေ့ဘူတာတွင် ရထားပြောင်းစီးနိုင်ပါသည်...

{အံ့သြလွန်းလို့ သေတော့မယ်} ဘဘကြီး လက်ရာ



“အထုံ” ဆိုတာမျိုးဟာ ဒီဘ၀ မပြောနဲ့ အရင်ဘ၀ဟောင်း တွေကတောင် ဒီဘ၀အထိ လိုက်လာတယ်လို့ ဆိုပါတယ်။ ဘုရားပြီးရင် ဉာဏ်ပညာ အကြီးမြတ်ဆုံး ပုဂိ္ဂုလ်လို့ အားလုံး သိထားတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးတောင် မျောက်ဘ၀က အထုံက ရဟန္တာဖြစ်တဲ့ထိ ပါနေတုန်းပဲ။ တော်ရုံမြောင်းငယ် ကလေးတွေဆိုရင် ဖတ်ခနဲ ခုန်ကျော် လိုက်တာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၈)

သစ်ထူးလွင်


Wednesday, August 26, 2015

"ဒေါ်အောင်ဆန်းစုကြည်သို့ မေတ္တာရပ်ခံချက်"

ယနေ့အချိန်သည်၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရေး သက်သက်သာမဟုတ် အနိုင်ရပြီးနောက် စည်းလုံးညီညွတ်စွာ ပြည်သူတို့၏ဆန္ဒကို အင်နှင့်အားနှင့် အကောင်အထည်ဖော်နိုင်ဖို့ လိုသည်ဟု မြင်သည်။ ဤကဲ့သို့ အခြေအနေတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ပါတီတွင်းဒီမိုကရေစီကျင့်စဉ်နှင့် မူဝါဒများအတိုင်း မကျင့်သုံးဘဲ တိုင်းဒေသကြီး၊ မြို့နယ်၊ ပြည်နယ်များမှ ပါတီဝင်အများစုက မဲဖြင့် ရွေးချယ်တင်ပေးလိုက်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များကို မရွေးချယ်ဘဲ မဲအနည်းငယ်သာရသည့် ကိုယ်စားလှယ်များကို ချမှတ်ထားသော မူဝါဒများနှင့် ဆန့်ကျင်လျက် မိမိလူများကိုသာ လက်သိပ်ထိုးရွေးချယ်ခဲ့သဖြင့် ပါတီအတွက် စွမ်းစွမ်းတမံ လုပ်နေသူများကို ပါတီဦးဆောင် နေသူများ အပေါ် ယုံကြည်မှုကင်းမဲ့သွားစေပြီး ပါတီဝင်မဟုတ်သည့် ဝိုင်းရံပြည်သူများ ကိုလည်း စိတ်ပျက်လက်ပျက် ဖြစ်ပေါ်စေခဲ့ကြောင်း ကြားသိရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၈)

သစ်ထူးလွင်


Tuesday, August 25, 2015

စောစောကသာ သိခဲ့ရရင်......

ဒီအကြောင်းကို တပ်မတော်သားတယောက်ကပြောပြခဲ့တာပါ။
သူက ကိုယ့်တူမ တစ်ယောက်ရဲ့ခင်ပွန်းလည်း ဖြစ်တယ်။
သူပြောပြတာက..
တပည့်တော်တို့အဲဒီမသွားခင်
တပည့်တော်တို့ရဲ့ဗိုလ်မှူးက ..
မင်းတို့သိထားရမှာ တစ်ခု ပြောလိုက်မယ်

Sunday, August 23, 2015

စိန်တွင်းပေါ်က မြို့ နဲ့ လူများ


ဖင်လန်နိုင်ငံ ကူရိုပီရိုမြို့၏ မြေအောက်တွင် စိန်တွင်းကြီးရှိသည်။ ထို စိန်တွင်းကြီးပေါ်တွင် လေယာဉ်ကွင်း တည်ဆောက်ပစ်လိုက်သည်။ မြို့တော်ဝန်နှင့် မြို့ခံရပ်မိရပ်ဖများက နှစ်ပေါင်း ၁၀၀ စီမံကိန်းဖြင့် နိုင်ငံခြား သားများကို မြို့တော်တွင် အခြေချရန် ဖိတ်ကြားတောင်းဆိုကြသည်။ အစိုးရက ဒုက္ခသည်များနှင့် ပြန်လည် အခြေချ နေထိုင်လိုသည့် ဖင်လန်နိုင်ငံသားမျာကို စီစဉ်ပေးရသည်။

ငြိမ်းချမ်းရေး စစ်တမ်း (၁၈)



ရေမလွှမ်းပေမယ့် မြေလွှမ်းနေတဲ့ ငြိမ်းချမ်းရေး နှင့် "ရွှေမန်း" ဗဟိုပြု နိုင်ငံရေး၏ ကျဆုံးခန်း
ကေအဲန်ယူ ဦးဆောင်လျှက် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းသုံးဖွဲ့ နှင့် ရှမ်းတဖွဲ တို့ က တနိုင်ငံလုံးအပစ်ရပ် စာချုပ် အတည်ပြုမူကြမ်းအား လက်မှတ်ထိုးတော့မည်ဟု သတင်းထွက်ပေါ်လာသောအခါ ကျန်အဖွဲ့ အစည်းများအကြားတွင်လည်းကောင်း၊ လူထုအတွင်းတွင်လည်းကောင်း တစုံတရာရိုက်ခတ်မှုရှိသွားကြောင်းသတိပြုမိသည်။ ရှမ်းအဖွဲ့ နှင့်စပ်လျှဉ်း၍မည်သို့ မျှမပြောလိုသော်လည်း ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးခဲ့သည့်ကာလ နောက်ပိုင်းမှစ၍ ယနေ့ တိုင် အနေအထားအမျိုးမျိုး အခြေခံတွင် စာရေးသူနှင့်အတော်ပင် နီးကပ်စွာဆက်ဆန်ခဲ့သော ကေအဲန်ယူ အပေါ်ကိုမူ အတိုင်းအတာ အရ ပွင့်လင်းစွာဝေဘန်လိုပါသည်။ ကရင်အမျိုးသားလူထုကြီး တရပ်လုံးအနေနှင့်လည်း စဉ်းစားခွင့်ရစေရန် ရည်စူးသည်။

           
အဖွဲ့ အစည်းတိုင်းတွင် လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိသည်။ အထူးသဖြင့် မိမိတို့ အဖွဲ့ အစည်း၏ အတွင်းပိုင်းစီမံခန့် ခွဲ၊ အုပ်ချုပ်မှုဆိုင်ရာများတွင် မည်သူမျှဝင်ရောက်စွက်ဖက်ခွင့်မရှိ။ ဤသည်ကိုအသိအမှတ်ပြုတန်ဘိုးထားရပါမည်။ ယင်းမှာ ဘက်တဘက်ဖြစ်သည်။ အခြားတဘက်တွင် နိုင်ငံရေးကံကြမ္မာနှင့် ပတ်သက်၍မူ တမျိုးစဉ်းစားရန်လိုပါမည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၈)

သစ်ထူးလွင်


ပိုင်ရှင်ရှာမရသည့် ၁၁ ဘီလီယံ နှင့် မြန်မာပြည်မှ စစ်သူခိုးများ

ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။

ငြိမ်းချမ်းရေး စစ်တမ်း (၁၇)




တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အတည်ပြုမူကြမ်း ဥပဒေပြသနာများ

            ၂၀၁၅ မတ်လ (၃၁) ရက်က သဘောတူညီခဲ့သည့် အတည်ပြုမူကြမ်း(ဤလင့်ခ်တွင်ရှု) [i] ကို အဓိကထားကာ လက်မှတ်လာရောက် ထိုးကြရန် ဦးသိန်းစိန်ကဖိတ်ခေါ်ပြီးနောက်တွင် ဤစာချုပ်ကို ယခုအဆင့်တွင် လက်မှတ်ထိုး
သင့် မသင့်၊ တိုင်းရင်းသားအဖွဲ့ အစည်းများအကြား၌ ရပ်တည်ချက်အမျိုးမျိုးပေါ်လာနိုင်ပါသည်။ ယင်းနှင့် စပ်လျှဉ်း၍ သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောထား ထုတ်ဖေါ်ခွင့် ရစေရေးအတွက်၊ တရားဝင်စာချုပ်ဖြစ်နိုင်ရေး လိုအပ်ချက်များအားနိုင်ငံတကာ နှင့် ပြည်တွင်းဥပဒေရှုဒေါင့်များမှ တင်ပြပါမည်။
မဝေးလှသည့် တချိန်ချိန်တွင် စနစ်တကျပြင်ဆင်ရေးသားထားသော ငြိမ်းချမ်းရေးစာချုပ်အား အားလုံးဝိုင်းဝန်းကာ လက်မှတ်ထိုးကြရပါမည်။ ဤသည်ကို ငြင်းဆန်၊ ငြိမ်းချမ်းရေးကို ဦးတည်သည့် တွေ့ ဆုံဆွေးနွေးရေးဝိုင်းအား မျက်ကွယ်ပြုကာ၊ လက်နက်ကိုင်တိုက်ပွဲသက်သက်နှင့်သာ ပြသနာကို ဖြေရှင်းမည် ဟူ၍ မည်သည့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ အစည်းကမျှ တောင်းဆိုနေခြင်း၊ ရပ်တည်ဆောင်ရွက်နေခြင်း ကို မတွေ့ ရပါ။ သို့ ရာတွင် မြန်မာ စစ်အစိုးရ အလိုကျ ယခုအချိန်မှာပင် ဤစာချုပ်ကို ချက်ခြင်းကြီးလက်မှတ်ထိုးချုပ်ဆိုရန် အဘယ်ကြောင့်လိုအပ်ပါသနည်း။ လက်မှတ်မထိုးပါက တိုက်ပွဲများ ပြန်ဖြစ်ကာ၊ သွေးထွက်သံယို များပေါ် လာနိုင်ပါမည်လား။ ဤသည်ကို ဆန်း စစ်ရန်လိုအပ်လာပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၈)

သစ်ထူးလွင်


Thursday, August 20, 2015

ဦးတေဇ အကြောင်းတစေ့တစောင်း


ဦးတေဇသည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။ ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

''"ဗမာပြည်ရဲ့ နိုင်ငံရေးပြသနာ""


by: မြင့်သူအောင်မောင်
၁။ စစ်အုပ်စုကို အပျော့အမာ ခွဲတယ်။ ကောလဟာလတွေကနေ နိုင်ငံရေးရည်မှန်းချက်ဆီ သွားချင်တယ်။ ဟိုလူနဲ့ ဟိုအကောင်တော့ မတည့်ဘူးတို့ ဖိုးခင်ညွန့်လေးက အိုကေလောက်တယ်တို့က တခေတ်လုံး ဖြတ်သန်းနေခဲ့ကြတယ်။ လူကြီးတွေ ပိုသိပါတယ်။
၂။ ဒီမိုကရေစီရဲ့ အဆောင်အယောင်တွေ ရှိတာနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ပြည့်ဝတော့မယ် ထင်နေတာ ။ လွှတ်တော်တို့ မဲရုံတို့ သမ္မတအိမ်တို့ဟာ ဒီမိုကရေစီ မဟုတ်တာကို မေ့တတ်ကြတယ်။
၃။ စစ်အုပ်စုဟာ အဲဒီ အပြင်ပန်းအပြောင်းအလဲကိုတောင် စေတနာရှိလို့မဟုတ်ပဲ ခြိမ်းခြောက်လာတဲ့ လူထုတိုက်ပွဲတွေကြောင့် လုပ်လာရတယ်ဆိုတဲ့ အရှိတရားကို မျက်ကွယ်ပြုတာ။
၎။ လူထုတိုက်ပွဲကြောင့် နာမည်ရလာတဲ့ ခေါင်းဆောင်ဆိုသူတွေက လူထုတိုက်ပွဲကို ဆန့်ကျင်လာတာ (ဒီနေရာမှာ အီးဂရက်ထွက်တွေ ပြောပုံနဲ့ ကိုအောင်ဒင်ကြီး ဟိုတခါက ပြောပုံတူနေတာ သတိထားမိတယ်) လူထုတိုက်ပွဲဟာ နှစ်ဖက်နစ်နာမှာတဲ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၈)

သစ်ထူးလွင်


Tuesday, August 18, 2015

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ




၁။ ရဲတံခွန် ဆောက်လုပ်ရေး ။
လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။
ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် - ၂၈ နှစ်ခန့်  ။ အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။

သမိုင်းစာအုပ်များ (၄၈ အုပ်) ဖတ်ရှု့ စုဆောင်းလိုသူတွေ အတွက်


(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2
(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k
(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d
(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?ht3gdri35qjcolc

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၈)

သစ်ထူးလွင်


Monday, August 17, 2015

နေပြည်တော် တည်ဆောက်မှု လျှို့ဝှက်ချက်ကို ဖေါ်လိုက်ပြီ



သမ္မတရုံးပြောဆိုခွင့်နှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ ကန့်သတ်တားမြစ်ထားသော သတင်းအချက်လက်များ ဖြစ်ပါသည်…..
မြန်မာပြည်တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ်အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၈)

သစ်ထူးလွင်


Sunday, August 16, 2015

ဦးတိုးနိုင်မန်း နှင့် မေးမြန်းခြင်း (ပထမပိုင်း + ဒုတိယပိုင်း)


သြဂုတ်လ ၁၃ရက်က ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအရေးပေါ် အစည်းအဝေး အပြီးမှာ ပါတီ၏ ယာယီဥက္ကဋ္ဌ သူရဦးရွှေမန်း ရာထူးကနေ ရပ်နားကာ ပါတီလုပ်ငန်းများကို ပိုမို ဖိဖိစီးစီး လုပ်ဆောင်နိုင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ဒု-ဥက္ကဋ္ဌ ဦးဌေးဦးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်သည်။

ခွက်စောင်းခုတ်ပွဲစစ်တမ်း။ ။


၁။ ကြံ့ဖွံ့အာဏာလုပွဲဟာ၊အရူးချီးပန်းအကွက်မို့၊
ထင်သလောက်အားမပါသလို
ကလေးဆန်နေတယ်ဆိုတာမြင်သာတယ်။
ပါတီတွင်းမှာဝါးအစည်းပြေသလိုဖြစ်နေတာကိုပြနေတယ်။
စစ်ဗိုလ်ချုပ်တွေလည်း၊
မျောက်သစ်ကိုင်းလက်မလွတ်အောင်
ခွေးတိုးပေါက်ကိုဖြဲယဲရှာနေကြတဲ့ပုံပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၈)

သစ်ထူးလွင်


Saturday, August 15, 2015

"စစ်တပ် နိုင်ငံတော် ကျဆုံးခြင်း"


လူ့အဖွဲ့အစည်းက ရှေးကျပြီး ခေတ်နောက်ပြန်
ဆွဲလေ စစ်တပ်နိုင်ငံတော် ပေါ်လာဖို့ အလားအလာများလေလို့ ဆိုကြပါတယ်။
အရပ်သားကို ကျေးကျွန်လို အလုပ်လုပ်ခိုင်းပြီး လူ့အဖွဲ့အစည်းကို ဓားကိုင် ကြီးစိုးခဲ့တဲ့ နိုင်ငံ
တွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) လောက်က ထင်ရှားခဲ့တဲ့ ဂရိစ်ဒေသက စပါတာ စစ်တပ်
နိုင်ငံ၊ ရောမ စစ်တပ်နိုင်ငံ၊ အော်တိုမန်မွတ်စလင်စစ်တပ်နိုင်ငံ စတာတွေကို လူသိများပါတယ်။

အရေးပေါ် အထူးသတင်းထုတ်ပြန်ကြေညာချက်


(၂၀၁၅)ခုနှစ်။သြဂုတ်လ(၁၃)ရက်။
၁။ မြန်မာ့တပ်မတော်အနေဖြင့်၊ ပြည်ထောင်စုကြီးမပြိုကွဲရေး၊အချုပ်အခြာ
တည်တံ့ခိုင်မြဲရေးအစရှိ သည့်ကြီးမားများမြောင်လှသောနိုင်ငံတာဝန်များကို ဦးလည်မသုဉ်ထမ်းဆောင်ကျေပွန်ခဲ့သည်မှာနှစ်ပရိ စ္ဆေတ
များစွာကြာမြင့်ခဲ့ပြီးဖြစ်သည့်အပြင်၊နိုင်ငံနှင့်လူမျိုးအားသမိုင်းစဉ်ဆက်
အလုပ်အကျွေးပြုခဲ့သည်ကိုလည်း၊ပြည်သူလူထုကြီးတစ်ရပ်လုံးအသိပင်ဖြစ်ပါသည်။

၂။ မြန်မာ့တပ်မတော်၏ကြီးမားလှသောကျေးဇူးတရားကြောင့်ပင်
၊မြန်မာနိုင်ငံတဝှမ်း၊မည်သည့်ခေတ် စနစ်နှင့်အမျှမတူအောင် ဖွံ့ဖြိုးစည်ပင်လျက်၊အောင်မြင်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့
့ချောမွေငြင်သာစွာကူးပြောင်းဖြတ်သန်းနေချိန်တွင်၊မမျှော်လင့်သော
သဘာဝဘေးအန္တရာယ်ဆိုးကြောင့်နိုင်ငံ၏ အချို့သောနေရာများ တွင်ရေဘေးဒုက္ခကြုံတွေ့ခံစားလျက်ရှိပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၈)

သစ်ထူးလွင်


Friday, August 14, 2015

ရွှေမန်း နဲ့ မောင်မောင်သိမ်းကို နေအိမ်အကျယ်ချုပ် ထားလိုက်တယ် ထူးခြားလှတဲ့ သတင်းမဟုတ်ပါ


လောလောဆယ် ဒီလို သုံးသပ်ပါတယ်
၂၀၁၀ ရွေးကောက်ပွဲမှာအဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်ဒီ နဲ့ တိုင်းရင်းသားပါတီတွေကို အတင်းဘေးဖယ်ထားခဲ့တယ် ဖွတ်ပါတီ နဲ့အတူ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အန်ဒီအက်ဖ် ကျားဖြူ နဲ့ အခြားပါတီငယ်လေးတွေဟာ နိုင်ငံတကာကိုအပြကောင်းအောင်ထည့်ထားတဲ့ ပွဲတက်အိမ်ဖြည့်ပါတီသက်သက်တွေသာဖြစ်တယ်။
Related Posts Plugin for WordPress, Blogger...