Tuesday, September 29, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၉)

သစ်ထူးလွင်


Monday, September 28, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)

သစ်ထူးလွင်


Friday, September 25, 2015

သဘာဝတရားကိုမျက်ကွယ်ပြုခဲ့ကြတော့လည်း တန်ခိုးတော်ကမမြဲပါ



မသေနိုင်တဲ့မိခင်ဆိုတာသဘာဝဆိုတဲ့မိခင်ကြီးပါပဲ၊
သဘာဝမိခင်ကြီးမှာအိမ်ထောင်ဖက်မရှိဘူး၊ ပြီးတော့
ဘယ်တော့မှမသေနိုင်တဲ့သက်တန်းတွေရှိတယ်၊
ဒီသဘာဝမိခင်ကြီးကနေကျနော်တို့အတွက်ပထမဦးဆုံး
မိခင်ပထမဦးဆုံးဖခင်တွေကိုမွေးဖွါးပေးခဲ့တယ်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)

သစ်ထူးလွင်


Thursday, September 24, 2015

အမတ်နဲ့ ပညာရှင် -ရှေ့ထွက်နဲ့နောက်ထိုင်


                        ၉၀ ခုနှစ်လောက်ကစလို့ လွှတ်တော်မတက်လိုက်ရတဲ့ အမတ်တချို့ နဲ့ မဆုံထိုက်တဲ့နေရာတွေမှာ ဆုံရပါတယ်ဗျာ။ အမတ် တယောက် က ဓါးပြမှုတဲ့။ ၈၈တုန်းက မဆလပါတီယူနစ်ရုံးတွေကို လူထု ၀င်သိမ်း ရုံးပစ္စည်းတွေထုတ်မီးရှို့ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်။ ၁၉၉၁မှာ- ( ၃နှစ်လောက်ရှိတော့မှ)သူတို့မြို့နယ်အာဏာပိုင်တွေက အဲဒါ-ဒီအမတ်လုပ်တာဆိုပြီး- ဓါးပြမှုနဲ့သူ့ကို အမှုစွဲတာ။ သူ က အမျိုးသားညီလာခံကို အတုအယောင် ဆိုပြီး ကဖျက်ယဖျက်သွားလုပ်သကိုး။ မိတ်ဆွေ-ခမျာရှက်လွန်းလို့တက်တခေါက်ခေါက်- ၅ည နဲ့ စွဲ တော်သေးဗျာတဲ့ ။နောက်အမတ်တယောက်ကိုတော့ ထောင်ချချင်လာတဲ့အာဏာပိုင်များက ကျူရှင်ကျောင်း-ကွန်ပြူတာသင်တန်း(ဖွင့်တာဖြင့်၁၀နှစ်မကရှိပြီ) လိုင်စင်သက်တမ်းမတိုးရသေးလို့ဆိုပြီးချလိုက်သတဲ့ ။အဲလိုမချခင်မှာလည်း အစာမကြေတိုင်း စစ်တပ်ထဲက ဗိုလ်တဲ ဆိုတဲ့နေရာမျိုးမှာ လပေါင်းများစွာ ခေါ်ထားတာမျိုးလည်း ခံရရှာတယ်။ ဖမ်းတာမဟုတ်-လုံခြုံရေးဆိုပဲ။ နောက်အမတ်တယောက်ကိုတော့ အိမ်ဝင်ရှာပြီး ချဲလိုလို စာရွက် ထရံကြား ကတွေ့ပါတယ်ဆိုပြီုးလုပ်ကြံကြတာ။ဘာတတ်နိုင်သေးလဲ ။ ဒီအမတ်တွေ အမတ်သာဖြစ်လာတယ် နိုင်ငံရေးအကြောင်း( ပညာရှင်တွေလို) တစ်-နှစ်-သုံး-လေး စာကြောင်းထိုး ပြောမပြတတ်ပါဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၉)

သစ်ထူးလွင်


Wednesday, September 23, 2015

ရွေးကောက်ပွဲကို ဘယ်သူစောင့်ကြည့်မလဲ၊ ဘယ်လိုစောင့်ကြည့်မလဲ

 
DVB ဒီဘိတ်က ရွေးကောက်ပွဲဆိုင်ရာ ဒီဘိတ်တွေကို အပတ်စဉ် တင်ဆက်နေတာဟာ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် အလွန်အကျိုးရှိသလို မဲဆန္ဒရှင် ပြည်သူတွေအတွက်လည်း စောင့်ကြည့် ဝေဖန် စောကြောနိုင်တာမို့ အင်မတန်ကျေးဇူးများပါတယ်။ ဒီဘိတ် တင်ဆက်သူတွေကလည်း ပါတီကိုယ်စားပြု ပြောဆိုသူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို ရုပ်သံကြည့်သူတွေ မြင်သာထင်သာအောင် ကြိုးစား မေးမြန်း တင်ဆက်ပေးပါတယ်။

စက်တင်ဘာ ၁၉ က ရိုက်ကူးခဲ့တဲ့ ဒီဘိတ်မှာတော့ ``၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဘယ်သူတွေက စောင့်ကြည့်မှာလဲ၊ ဘယ်လိုစောင့်ကြည့်မှာလဲ`` ခေါင်းစဉ်နဲ့ မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ကရင်ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဒစ်ဆင်ထွန်းလင်း၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၉)

သစ်ထူးလွင်


Monday, September 21, 2015

High-priced election ဈေးကြီးလွန်းတဲ့ ရွေးကောက်ပွဲ





၁၉၆၂ တုံးက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းခေတ်မှာ နိုင်ငံတကာကြေ့းစုစုပေါင်း ဒေါ်လာ ၅ ဘီလီယန်တင်ခဲ့တယ်။ ၁၉၈၈ မှာ (နဝတ) တက်လာတော့ ၂ဝ၁၁ အထိ နောက်ထပ်အကြွေး ၃ ဘီလီယန်တင်ပြန်တယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ၁ ဘီလီယန်နီးပါးအကြွေးထပ်ယူတယ်။ အခုဆိုရင် အကြွေးစုစုပေါင်းဟာ ၉့၆ လီလီယန်အထိရှိလာပြီ။ ၄ ဘီလီယန် (၄၂%) က တရုပ်ဆီကနေချေးထားတာဖြစ်တယ်။ တရုပ်ကိုပေးနေရတဲ့ အတိုးနှုန်းက ၄့၅% ဖြစ်တယ်။ နိုင်ငံတကာမှာ အဲလိုအကြွေးကို အတိုးနှုန်း ၁% ကနေ ၂% သာပေးရတယ်။ နှစ်စဉ် အတိုးသက်သက် သန်း ၁၈ဝ ပေးနေရတယ်။
မြန်မာနိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB) ကနေ သမဝါယမဝန်ကြီးဌာနကိုယ်စား၊ တရုပ် Exim Bank ကနေ ဒေါ်လာ သန်း ၃ဝဝ ကို လွှတ်တော်ကြိုတင်အတည်ပြုချက်မပါပဲ ချေးယူဘို့ ၁၄-၁၁-၂ဝ၁၄ နေ့က လက်မှတ်ထိုးပြီး၊ ၂၅-၂-၂ဝ၁၅ နေ့ ရောက်မှသာ လွှတ်တော်ကိုတင်ခဲ့တယ်။

ကပ်ပါးအစိုးရ

အစိုးရဆိုတာ တိုင်းပြည်အတွက် လိုအပ်ရင် ဖုန်သဲတွေကို မြေဆီသြဇာဖြစ်အောင် လုပ်နိုင်ရမယ်တဲ့။ ဒီစကားကို ပြောသွားတာ ပလေတိုဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို့ သိရတယ်။
ပြည်သူတွေကို အစိုးရကဖုန်မှုန့်တွေလို့ သဘောထားတယ်။ ကျောင်းသားတွေကို သဲတွေလို့ သူတို့ သဘော ထားတယ်။ သူတို့ကတော့ အပင်တွေပေါ့။
အစိုးရဆိုတဲ့သူတွေနဲ့ သမ္မတဆိုတဲ့သူတွေကို မေးကြည့်ချင်တာက ခင်ဗျားတို့ဟာ တိုက်မှာ ကပ်ပေါက် နေတဲ့ ကပ်ပါးပင်တွေလား၊ ဖုန်တွေ သဲတွေထဲမှာ ပေါက်နေတဲ့ အလေ့ကျပင်တွေလား။
ကပ်ပါးပင်တွေကတော့ အသက်ကြာကြာ မရှည်ဘူးဗျ။ ဖုန်သဲတွေထဲမှာ ဝင်နေတဲ့ အပင်တွေဆိုရင်လည်း မြေဆီသြဇာခမ်းရင် ခင်ဗျားတို့သေမှာ။
ဒါကြောင့် ဖုန်တွေသဲတွေကို မြေဆီသြဇာတွေဖြစ်အောင် ခင်ဗျားတို့ မလုပ်နိုင်ရင် ခင်ဗျားတို့လည်း အသက်ရှင်မှာ မဟုတ်ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၉)

သစ်ထူးလွင်


Sunday, September 20, 2015

မြန်မာနိုင်ငံမြေပုံ

အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
ဆရာ သည် အခန်းထဲသို့  ဝင်လာပြီး ကျောက်သင်ပုန်း ပေါ်ကို မြန်မာနိုင်ငံ
မြေပုံအား ကပ်ထားလိုက်သည်။ ပြီးနောက် တပည့်များဖက်သို့  လှည့်ကာ
မပြုံးသော မျက်နှာထားဖြင့်.....

ဆရာ။ ။ ကဲ..ငါ့တပည့်တို့  ဒီမြန်မာ့မြေပုံကြီးကို မင်းတို့ 
သင့်တော်သလို ခွဲဝေယူကြ....

ကယ်လဖိုးနီးယားမြို့နေ၊မောင်ဇူကာဘတ်ထံသို့ပေးစာ (မင်းဒင်)


(တစ်)
အမေရိကန်ပြည်၊ကယ်လဖိုးနီးယားမြို့နေ၊မောင်ဇူကာဘတ်ထံ၊ခေတ္တထိုင်းနိုင်ငံ
ဖူးခက်မြို့နေ၊ရွှေပင်သားကျွန်ုပ်ဦးကြီးဒင်မှ၊လေးစားစွာစာရေးအကြောင်းကြား သိစေအပ်ပါ၏။
ကျွန်ုပ်အနေဖြင့်၊မောင်ဇူကာဘတ်ထံစာရေးသားမည်ဟု
စိတ်ကူးပေါ်သည်နှင့်၊မောင်ဇူကာဘတ်၏ လိပ်စာအတိအကျကို၊
ခင်မင်ရင်းနှီးသည့်၊ မိတ်ဆွေတချို့မှတဆင့်တတ်အားသမျှ စုံစမ်းရှာဖွေခဲ့ပါသော်လည်း

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၉)

သစ်ထူးလွင်


Saturday, September 19, 2015

ဖြတ်လေးဖြတ်




ကဲ ပြည်သူတွေကို ဖြတ်လေးဖြတ်နဲ့ စိတ်ဓာတ်ကို အကဲစမ်းနေတာတော့ လာပြီဗျ။ ဒီနေ့ တစ်နေ့လုံး မီးဖြတ် ထားတယ်။ ကားလိုင်းတွေက စုပြီးတော့ ပြည်သူတွေ စိတ်ဆင်းရဲအောင် ကားဖြတ်ထားတယ်။ မီးဖြတ်ရင် ရေ ပြတ်ပြီပေါ့။ နေ့လည်က ထမင်းဆိုင်မှာ ထမင်းသွားစားတော့ မီးမလာလို့ ထမင်းမချက်နိုင် ထမင်းပါပြတ် ပြန်ရော။ အို .. ငါတို့ ဘယ်လို ဒုက္ခတောမှာ လူဖြစ်နေရသလဲပေါ့။ မီးပြတ်ပြီးနေပူတော့ အိုက်လိုက်တာ။ စာလည်း မဖတ်နိုင်၊ မရေးနိုင်။ သိချင်လို့ပါ နေပြည်တော်မှာ မီးပျက်နေသလားဗျို့။
သမ္မတကြီးရော မီးပြတ်တာ ခံစားဖူးသလား။ ကားတွေ သပိတ်မှောက်နေလို့ ကားတိုးစီးဖူးလား။ ယနေ့မီးမလာ ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် ဈေးပေါတဲ့ ထမင်းဆိုင်နဲ့ ဒီညဝေးရတော့မှာ ကြုံဖူးသလားဗျာ။ ပြည်သူဆိုတာ ကိုယ့်အိမ် ထမင်းချက်တန်းက လူတွေလောက်သာ သဘောထားနေရင်တော့ သမ္မတဘဝ ပြည့်စုံတဲ့အတွေ့ အကြုံ မစုံသေးဘူးလို့ပြောရမှာ။
မနက်က အစောကြီးကို အိမ်ကထွက်ရတာ။ ထုံးစံအတိုင်း စောတာတောင် ကားမရှိဘူး။ ရတဲ့ကားတိုးတက် မိတော့ ဂိတ်တစ်ခုအရောက်မှာ ကားသမားအချင်းချင်း “ဟေ့ကောင် .. ထမင်းငတ်နေသလား” လို့ အချင်းချင်း နောက်သလိုအပြောဟာ အမုန်းစကား ရန်မီးပွားတော့မှာလားလို့ စိုးရိမ်သွားမိတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၉)

သစ်ထူးလွင်


Friday, September 18, 2015

ကျိန်စာ


"နင်တို့လို မင်းဆိုး မင်းညစ်တွေနဲ့ ရောက်လေရာ ဘ၀မှာ မဆုံပါရစေနဲ့"
အဆိုပါ အဖွားအို၏ ကြောက်မက်ဖွယ်ရာ ငိုကြည်းချက်မနှင့် မြည်ကြွေးသံကြီးကား မြန်မာတမျိုးသားလုံး၏ ရင်တွင်း ဆန္ဒကို အတိအကျ ထင်ဟတ် ပြသ လိုက်ခြင်းပင် ဖြစ်ပေသည်။
ဟုတ်တော့လည်း ဟုတ်ပေသည်။ နိုင်ငံရေး ဆို၍ နကန်းတလုံးမျ မသိသော၊ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အမျိုးသမီးသည် တခါက ၎င်းတို့ လွန်စွာ အားကိုးအားထားပြုခဲ့ရသည့် ဗိုလ်ချူပ်အောင်ဆန်းဆိုသူ၏ သမီး ဖြစ်သည်က လွဲ၍ ဖြူ သလား မဲသလားပင် မမြင်ဘူးရှာကြသော လွန်စွာ ရိုးသားသော တောင်သူ များ ဖြစ်ကြပေသည်။

တစ်လင်တစ်မယားစနစ် မြန်မာပြည်မှာ ရှိသင့် မရှိသင့် ဘာသာရေးရှုထောင့်မှ လေ့လာသုံးသပ်ခြင်း


ယခု ရက်ပိုင်းအတွင်း ပြည်သူတွေအကြား ဆူညံသံတွေ ကြားနေရ၍ သတင်းများကိုဖတ်၍ အခြေအနေကို လေ့လာကြည့်မိတယ်။ အကျယ်လောင်ဆုံးဗွိုက်စ်က လွန်ခဲ့သော နှစ်နှစ်ကျော်ခံ့က သံဃာတော်များနှင့် အမျိုးသားရေးစိတ်ရှိကြသော ဒကာ၊ ဒကာများ အတူပူးပေါင်းလျှက် တိုင်းပြည်နှင့်လူမျိုးအတွက် မရှိမဖြစ်လိုအပ်သော မျိုးစောင့်ဥပဒေ ၄-ခုကို ပြည်ထောင်စုလွတ်တော်သို့ တင်သွင်းခဲ့ကြတယ်။
ထိုမျိုးစောင့်ဥပဒေ ၄မျိုးထဲက နောက်ဆုံးတစ်ခုဖြစ်တဲ့ "တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ" ကို သြဂုတ် ၃၁ ရက်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး၍ အပြီးသတ် ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့် ထိုဖြစ်ရပ် အပေါ်မှာ ကျေနပ်သံတွေရော၊ မကျေနပ်သံတွေပါ ပဲ့တင်ထပ်လို့ ညံနေတော့တယ်။ ဒီဥပဒေကို ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပရှိ မြန်မာလူမျိုးများရဲ့ အသံတွေကလည်း ပိုပြီးကျယ်လောင်လာပြန်တယ်။ အမျိုးသားရေးစိတ်ကြောင့်လား၊ အမျိုးသမီးရေး စိတ်ကြောင့်လား ဝေခွဲမရနိုင်အောင် ဖြစ်မိတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၉)

သစ်ထူးလွင်


Thursday, September 17, 2015

“ ခေတ်ပြောင်းမဲ ”

ခေတ်ပြောင်းမဲ ” http://www.dawnmanhon.com/2015/09/blog-post_177.html

တိုင်းပြည်အနာဂါတ်ကို အဆုံးအဖြတ်ပေးမဲ့ (၂၀၁၅) အထွေထွေရွေးကောင်ပွဲကြီးအတွက် မြန်မာနိုင်ငံမှာ စက်တင်ဘာ (၇) ရက်နေ့ ကစပြီး တရားဝင်မဲဆွယ်လှုပ်ရှားမှု့တွေ အုံးအုံးကြွက်ကြွက်နဲ့  နိုးထရှင်သန်လာပြီ။ ပခုက္ကူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထောက်ခံသူတွေ ကခုန်ပျော်ရွှင်နေတဲ့ ရုပ်သံသတင်းထဲမှာ ဆံဖြူသွားကျိုး၊ ခါးကိုင်းနားထိုင်းနေတဲ့ ပါးကွက်ကျားနဲ့ အမယ်အိုတွေကွေးနေအောင် ကနေတာကို မြင်ရတာ ကြက်သီးထစရာ ကောင်းလိုက်တာ။

"မြန်မာပြည်တွင် ဘွဲ့လက်မှတ်မှန်ကန်ကြောင်း ထောက်ခံစာပေးနိုင်သည့်အဖွဲ့အစည်း ရှိပါသလား။

"မြန်မာပြည်တွင် ဘွဲ့လက်မှတ်မှန်ကန်ကြောင်း ထောက်ခံစာပေးနိုင်သည့်အဖွဲ့အစည်း ရှိပါသလား။ ပညာရေးဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ပါက ကောင်းသည်။ စင်ကာပူနိုင်ငံတွင် ကောင်းမွန်စွာနေထိုင်သူဖြစ်ကြောင်း စင်ကာပူရဲအဖွဲ့သို့ လျှောက်ထားပါက ၂ပတ်အတွင်း ရာဇဝတ်မှုကင်းရှင်းကြောင်း ထောက်ခံစာပေးသည်။ ထိုစာရွက်ရှိမှာ အမေရိကားနှင့် နိုင်ငံတကာက အကျင့်စာရိတ္တကောင်းကြောင်း လက်ခံသည်။ မြန်မာပြည်တွင် ကျပ် တစ်ထောင်ပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှုး အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာရသည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ရဲတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ထောက်ခံစာပေးနိုင်ဖို့ အများကြီးကြိုးစားရပါဦးမည်။ နိုင်ငံအကျိုးဆောင်မည်ဟု လိမ်ညာပြောဆိုနေသူများ ယခု ပြောင်းလဲနေကြပါပြီ။ အတုအယောင်များ သူ့ဖာသာ ဆင်းမသွားပါ။ ညင်သာစွာ ဖယ်ရှားရမည်။ သင့်မဲတစ်ပြားသည် အရေးကြီးလှပါသည်။"
2015-09-15 0:01 GMT+08:00 အေးငြိမ်း <phonemyatnyein@gmail.com>:

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၉)

သစ်ထူးလွင်


Wednesday, September 16, 2015

ခွေးချေးဆန်ပါ




ငယ်ငယ်တုန်းက ကလေးဘ၀၀ိုင်းဖွဲ့စုပြီးကစားရတဲ့ တူတူပုန်းတမ်းတို့၊ စစ်တိုက်တမ်းတို့၊ သူခိုးပုလိပ်၊ စိမ်ပြေးတမ်းတို့၊ ထုတ်စည်းထိုးတမ်းတို့ ကစားကြတဲ့အခါ ကလေးကြီးတွေ ခေါင်းစားရတဲ့ ကိစ္စရပ်တစ်ခုကြုံရလေ့ရှိကြတယ်။ အဲဒါက တချို့အကိုအမတွေနဲ့ ပါလာတဲ့ ညီ ညီမငယ်လေးတွေက သူတို့ပါ ဒီကစားပွဲတွေမှာ ၀င်ကစားမယ်၊ ပေးမကစားရင် ငိုမယ် ပြဿနာရှာမယ် ဆိုတာမျိုး။
ဒီလိုကြုံတဲ့အခါ ကလေးကြီးတွေက အေးပါကွာ ပေးကစားလိုက်ပါ၊ ဒါပေမဲ့ သူတို့ဖာသာသူတို့ ပြေးပဲပြေးပြေး ပုန်းပဲပုန်းပုန်း အရေးမပါဘူး ဆိုပြီး တိုးတိုးတိတ်တိတ် သဘောတူ ဖြေရှင်းကြရတယ်။
ဒါမျိုးကို ကျနော်တို့ ဇာတိအရပ်မှာတော့ ခွေးချေးဆန်ပါတွေလို့ ခေါ်ကြတယ်။ ခွေးချေးပုံထဲမှာ တခါတရံ ဆန်စေ့တွေ ပါနေတာမျိုးတွေ့ဖူးကြမှာပေါ့၊ ဆန်တော့ဆန်ပဲ ဘာမှလုပ်လို့မရတဲ့ဆန်၊ ကြက်တွေ ငှက်တွေတောင် မစားတဲ့ဆန်ပေါ့။ သဘောက အရေးမပါဘူးပေါ့။

သစ်ထူးလွင် သတင်းစုစည်းမှု ( ၁၅-၉)

သစ်ထူးလွင်


Monday, September 14, 2015

"ယုံအောင်လည်းပြောတတ်တယ် လွမ်းအောင်လည်းချွဲတတ်တယ်"

           ဟိုးအရင်တုန်းက ယဉ်ကျေးမှုပြဇာတ်တွေ ခေတ်ကောင်းနေချိန်မှာ "စဥ့်ကူးမင်း ခေါင်းလောင်းတော်ကြီး" ဆိုတဲ့ ဇာတ်တော်ကြီး တစ်ခု ကြည့်လိုက်ရပါတယ်။ အင်မတန်မှကို ခမ်းခမ်းနားနား တင်ဆက်ထားသလောက် အနုပညာရှင် အကျော်အမော်များလည်း ပညာစွမ်းပြထားလေတော့ လူကြိုက်များခဲ့ပြီး နိုင်ငံတကာမှာ ကပြတင်ဆက်လို့တောင် ဂုဏ်မငယ်ခဲ့ရပါဘူး။ စိတ်ကူးယဉ် ထိုးဇာတ်မဟုတ်ပဲ မယုံရင် ရွှေတိဂုံရင်ပြင်ပေါ်မှာ ခေါင်းလောင်းကြီးကို ကိုယ်တွေ့မျက်မြင် အာရုံခံတန်ဆောင်းနဲ့ ပြစရာရှိတာမို့ မော်လောက်ကြွားလောက်တာလည်း အမှန်ပါပဲ။ ဧည့်လမ်းညွှန်တွေရှင်းပြကြရင်တောင် ရန်ကုန်မြစ်ထဲကနေ မြန်မာ့နည်းမြန်မာ့ဟန်နဲ့
ခေါင်းလောင်းကြီးအောက်ကို ကြိမ်ချောင်းပေါင်းများစွာ ထိုးသွင်းပြီး ရေပေါ်ကိုတက်လာစေခဲ့တယ် လို့ ဆိုလိုက်ရင် ဧည့်သည်တွေခမျာ ခေါင်းတညိတ်ညိတ် နဲ့ တအံတသြနားထောင်ကြရတာပါ။ ဇာတ်သဘင်ပညာရှင်တွေ ဆိုကာငိုကာ ကကြတဲ့ အဲသည် စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီး ဇာတ်တော်မှာတောင်မှ ပေါ်လစီနဲ့ အစာသွပ်ထားတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမများကလွဲရင် နတ်၊ နဂါး၊ သိကြား၊ ဂဠုန်တွေ မပါခဲ့ဘူး။ အခုတော့ သည်လိုခေါင်းလောင်းကြီးမျိုး နောက်တစ်လုံးရှိသေးတယ်။ ဒါ့ထက်တောင် ကြီးသေးတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၉)

သစ်ထူးလွင်


Sunday, September 13, 2015

ပြောင်းလဲချိန်တန်ပြီ (စ/ဆုံး)

ဦးဝီရသူ၏ လှို့ဝက်ချက်များ

Aung Lay Tuntay

(၁)
ဦးဝီရသူသည်... ဦးသန်းရွှေနှင့်ဇာတိအတူတူ
ကျောက်ဆည်ဇာတိဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်ခဲ့သည်၊
အမည်ရင်း ၀င်ခိုင်ဦးဖြစ်ပြီး ၈၈ အရေးခင်းပြီးနောက်
ဘုန်းကြီးဝတ်ခဲ့သည်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၉)

သစ်ထူးလွင်


မြန်မာနိုင်ငံ၏အလွန်ရှက်စရာကောင်းသော ကမ္ဘာ့အဆင့်သတ်မှတ်ခံရမှုများ

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ပတ်သက်သော အဆင့်သတ်မှတ်မှုများတွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ပါဝင်လေ့ရှိသည်။ အဆင့်သတ်မှတ်မှုများနှင့် ပတ်သက်၍ ပုံသဏ္ဌာန်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး ကွာခြားပြီး အဆိုးအကောင်းဟူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် အမျိုးအစားမျိုးစုံရှိနေသည်။ ၁၉၆၀ ၀န်းကျင်ကာလများအထိ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစရာ၊ အမြင်တင့်စရာ အခြေအနေများ ရှိခဲ့ရာမှ နောက်ပိုင်းတွင် နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်ဆိုးကြောင့် ယခုအချိန်တွင် ဂုဏ်ယူစရာမဟုတ်သော ကမ္ဘာ့အဆင့်သတ်မှတ်ခံရမှုများတွင် ပါဝင်နေရသည့် အနေအထားမျိုး ရောက်ရှိ ခဲ့ရသည်။
ယခုနောက်ဆုံး ထွက်ရှိခဲ့သော အဆင့်သတ်မှတ်ချက်အရ ကမ္ဘာတွင် တတိယမြောက် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးနိုင်ငံများစာရင်း ၀င်သွားပြီဖြစ်သည်။ စက်တင်ဘာ ၇ ရက်က ကမ္ဘာ့ကုလသမဂ္ဂနှင့် စားနပ် ရိက္ခာဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာ့သစ်တောအများဆုံးပြုန်းတီးနေသည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံများနောက်၌ တတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၉)

သစ်ထူးလွင်


Thursday, September 10, 2015

အများညီခဲ့ရင်

တရားစီရင်ရေးမှာ တပ်အရာရှိတွေ ရောက်လာတာကို ဆန့်ကျင်တဲ့အနေနဲ့ အဝါရောင် ဖဲကြိုး လှုပ်ရှားမှုတွေ နေပြည်တော်မှာ စတင်နေပြီဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ အားရသဗျာ။ ကျန်းမာရေးဌာနက ပုဂ္ဂိုလ်တွေက လည်း အနက်ရောက်ဖဲကြိုးတွေ တပ်ဆင်ပြီး ကန့်ကွက်ခဲ့ကြလို့ ကျန်းမာရေးဝန်ကြီး ယောင်တောင်တောင် ဖြစ်ပြီး တောပြောတောင်ပြောတွေ ပြောတဲ့အထိဖြစ်ရုံမက “နောက်မလုပ်တော့ပါဘူး” ဖြစ်သွားခဲ့ရတယ်။ ပြည်သူ့အား .. ဝန်ထမ်းအား .. ညီညွတ်မှုအား ပဲခင်ဗျ။
ပညာရေးဌာနကတော့ အစိမ်းရောင်ဖဲကြိုးတွေ မတပ်သေးဘူးဗျ။ သူတို့လည်း မိုးကျရွှေကိုယ်တွေကို ကြိုက်လို့ တော့ မဟုတ်ပါဘူး။ စာသင်ဖို့ကလွဲပြီး ဘာမှစိတ်မဝင်စားဖူးဆိုတာ ပြနေတာလား၊ အားမလို အားမရဖြစ်မိ တယ်။ ဆရာ ဆရာမတို့ခင်ဗျား ကျွန်တော်တို့ သားသမီးတွေ အနာဂတ်အတွက် တစ်ခုခုတော့ စဉ်းစားသင့်ပြီ ထင်ပါတယ်။ စစ်တပ်က ပညာရေးထဲရောက်လာပြီး စိတ်ကြိုက်လုပ်ချင်တိုင်း လုပ်ခဲ့တဲ့ အကျိုးဆက်ကို ကျွန်တော်တို့ သားသမီးတွေ နှစ်ပေါင်းများစွာ နလံမထူနိုင်အောင် ဖြစ်ခဲ့ကြပြီးပြီ မဟုတ်လား။

ဗိုလ်ချုပ်မှာတမ်း


သစ်ထူးလွင် သတင်းစုစည်းမှု (၉-၉)

သစ်ထူးလွင်


Wednesday, September 9, 2015

ဗိုလ်ချုပ်ရဲ့ စကားလေးတွေ


ဗိုလ်ချုပ်အောင်ဆန်း။ ။. ဟေ့ကောင် ကျော်စိန်
ဟိုမှာပုလိပ်လက်ပြတဲ့အတိုင်းမောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်
ကျော်စိန်။ ။. ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်

ကမ္ဘာကျော်ဓာတ်ပုံထဲက Aylan Kurdi ဆိုတဲ့ ကလေးငယ်လေးရဲ့ ဇာတ်ကြောင်းလေး

Kokyaw Swarwin 
 
Abdullah Kurdi ဆိုတဲ့ ဆီးရီးယားနိုင်ငံသား Kurd လူမျိုးနဲ့သူ့ဇနီးတို့မှာ သားကြီးGhalib Kuidi နဲ့သားငယ် Aylan Kurdi ဆိုတဲ့ သားနှစ်ယောက် ထွန်းကားခဲ့ပြီး ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ နေထိုင်ကြ သူများဖြစ်ပါတယ်။

ဒမတ်စကတ်မြို့မှာနေထိုင်စဉ်အတွင်း ကာ့ဒ်လူမျိုးများ ခံစားရတဲ့အတိုင်း Abdullah Kurdiဟာ ဆီးရီးယား သမ္မတ အတ်ဆတ်ရဲ့ လေတပ်ထောက်လှမ်းရေးက မတရားချုပ်နှောင်ထားခြင်းကို ခံခဲ့ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၉)

သစ်ထူးလွင်


Tuesday, September 8, 2015

အိုးရွဲ.ကိုစလောင်းရွဲ.ဖြင်.ဖုံးခြင်း သရ၀ဏ်(ပြည်)




လောလောဆယ်တွင်မေးခွန်းတစ်ခုခေတ်စားနေ၏ ။ ၂၀၁၅ ရွေးကောက်ပွဲအတွက်မဲပေးရာတွင် ပါတီအမည်ကိုကြည်.၍မဲပေးရွေးချယ်ရမည်လား ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်း၏ အရည်အချင်းကိုကြည်.၍ မဲပေးရမည်လားဟူသောမေးခွန်းဖြစ်သည် ။ အတိုချုပ်ပြောရလျှင် လူကိုကြည်.ရမည်လော ၊ ပါတီကိုကြည်.ရမည်လော ဟူသည်.မေးခွန်ဖြစ်သည် ။ ထိုမေးခွန်းအဖြေမှာ အမျိုးမျိုကွဲပြားသဖြင်. ပြည်သူလူထုမှာမျက်စေ.လည်နေကြရ၏ ။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၉)

သစ်ထူးလွင်


Monday, September 7, 2015

စစ်သားတယောက်ကို- မျက်ရည်ကျစေသော

photo credit to The Guardian ,UKphoto credit to The Guardian ,UK

ကျွန်တော် ခုတပတ်စနေနေ့က မိတ်ဆွေအီရတ်တယောက်အိမ်ကို ညနေစာ စားဘို့ရောက်ခဲ့ပါတယ်။ သူက ဆဒန်ဟူစိန်လက်ထက်မှာ စစ်မှုထမ်းခဲ့ဖူးတယ်။ နောက်ပိုင်း အင်္ဂလန်ရောက်မလာခင် ရူပဗေဒ ဘာသာရပ် သင်ပြတဲ့ ဆရာလုပ်ခဲ့တယ်လို့သူပြောပါတယ်။ ခုရက်ထဲ သူတခုခုပြောချင်တာပြောဖို့-စကားပြောဖက် လိုနေသလားတော့မသိပါဘူး။အရင်အပတ်ကတည်းကလှမ်းဖိတ်သေးတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၉)

သစ်ထူးလွင်


Sunday, September 6, 2015

ကိုတင်အေးသို့ ပေးစာ


 

သို့၊
ကိုတင်အေး၊
၁။ ခင်ဗျားကိုမဲသူခိုးလို့စွပ်စွဲကြတာကို၊
ခင်ဗျားမခံမရပ်နိုင်ဖြစ်နေတယ်လို့သိရပါတယ်။
ဝမ်းသာစရာပဲဗျာ။ခင်ဗျားအနေနဲ့ သူခိုးအခေါ်မခံချင်တဲ့စိတ်ဓာတ်ကို
ကျွန်တော်အရမ်းလေးစားပါတယ်။


၂။ ဒါပေမဲ့ဗျာ။ ၂၀၁၀ရွေးကောက်ပွဲတုန်းကလည်း
ကော်မရှင်ဥက္ကဋ္ဌဟာ၊ခင်ဗျားတို့နဲ့၊
တကျိတ်တည်း၊တဥာဏ်တည်းပဲမဟုတ်လား။

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၉)

သစ်ထူးလွင်


Saturday, September 5, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၉)

သစ်ထူးလွင်


Friday, September 4, 2015

မှတ်မှတ်ရရ … ဆရာချောနွယ်

မှတ်မှတ်ရရ …
ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြုတဲ့ ပွဲလေးကို ကျနော်နဲ့ မိတ်ဆွေတချို့၊ ရဲဘော်တချို့က အမှတ်တရ စကားဝိုင်းလေး လုပ်မယ်ဆိုတော့ စကားဝိုင်းကို အမည်ရွေးဖို့ ကျနော့်ကို တာဝန်ပေးကြတယ်။ သိပ်အများကြီး မစဉ်းလိုက်ရပါဘူး … ဆရာချောနွယ် ရောက်လာတယ်။
ဂျင်းဘောင်းဘီ အိတ်ထဲကို လက်နှိုက်လို့၊ လေလေးချွန်လို့ …
သူပြောတယ် …

လူတွေဟာ ဒီပင်လယ်ကို ကျယ်ပြန့်အောင် နက်ရှိုင်းလှပအောင် မစီးဆင်းတတ်ကြဘူး …
ဝမ်းနည်းမှုနဲ့သာ ကျန်းမာခဲ့ရ … ရွှေအသက်ရှူသံတွေ တုံးလုံးပက်ခေါက်လဲကျ … ၀တ်မှုန်ကူးကြ … သွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့ … အထူးဝတ်မှုန်ကူးကြ …

မျက်ဖြူဆိုက်လေ သူတို့ကြိုက်လေ



ဒီနေ့သံလျှင်မှာ ရဲနှစ်ယောက်ကို ဓားနဲ့ထိုးသတ်သွားတဲ့ မြင်ကွင်းကို FB ပေါ်မှာတွေ့လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ မိသားစုတွေ ဘယ်လောက် ဝမ်းနည်းကြရလိမ့်မလဲ။ ကိုယ်ချင်းစာမိသလို ရဲတွေရဲ့ ဘဝတောင်မလုံခြုံတော့တာ ပြည်သူတွေရဲ့ဘဝ ပိုပြီးဝေးသွားပြီပေါ့။
တစ်ဆက်တည်းမှာပဲ တရားခံကို လူအုပ်ကြီးနဲ့ ဝိုင်းဖမ်းရတာကိုလည်း တွေ့ရပြန်တယ်။ သေဆုံးသွားတဲ့ ရဲနှစ် ယောက်က တရားခံကို သွားဖမ်းတော့ ရဲဆိုရင်ကြောက်လိမ့်မယ်ထင်ပြီး သာမန်လောက်နဲ့ သွားဖမ်းပုံရပါတယ်။ ဟိုကဓားနဲ့ပြန်ထိုးတော့ ကိုယ်ကျိုးနည်းသွားရတော့တာပေါ့။
ဘာကိုသွားသတိထားမိသလဲဆိုရင် လူဆိုးကို သွားဖမ်းတဲ့ ရဲအရေအတွက်က အတော်လေး နည်းနေသလိုပဲဗျ။ ကျွန်တော့် အထင်ပြောတာပါ။ ရဲတွေ ဘယ်မှာ များနေသလဲဆိုတော့ သပိတ်မှောက်ကျောင်းသား တွေကို ဖမ်းဆီး ထားပြီး ထောင်မကျ ကျအောင်ရုံးထုတ်တဲ့နေရာမှာ အလွန်များနေတာတွေ့ရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၉)

သစ်ထူးလွင်


Thursday, September 3, 2015

စိမ်းမြပုံပြင် သရ၀ဏ်(ပြည်)

Ko Nyi
August 31, 2014 at 6:09pm ·

စိမ်းမြ
သစ်ရွက်တို.ကြွေနေဆဲ
ငါ.မျက်ရည်စိုနေတုန်းပေါ.
တချို.တွေနေနိုင်လွန်းတယ် ။
ရဲရင်.
ကျောက်ခက်တို.ပြိုနေဆဲ
ငါ.အတွက်အဖြေရှာနေတုန်း
တချို.တွေနေနိုင်လွန်းတယ် ။

"သမိုင်းလိမ်နှင့် သမိုင်းအမှား"

Naing Soe
 
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် နောက်ပိုင်း
မွေးသူများ အားလုံးသည် သမိုင်းမှား၊ သမိုင်း
လိမ်များနှင့် ဖွားဘက်တော်များ ဖြစ်ခဲ့ကြလေသည်။

သမိုင်း အမှားတွေကြောင့် ပြည်သူလူထု၏
အသိများလည်း နှစ်ပေါင်းများစွာ မှားခဲ့ကြရပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၉)

သစ်ထူးလွင်


Tuesday, September 1, 2015

ဆရာဝန်ကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတဲ့ သမီးထော်


သမီးတော်တွေ သမီးတော်တွေလို့ ဆောင်းပါးတွေ ရေးနေပေမဲ့ တကယ်ခွက်ခွက်လန်အောင် ဆိုးတဲ့သမီးတော်က နှစ်ပါးပဲရှိတာပါ။ ခွက်ခွက်လန်အောင် ဆိုးတယ်ဆိုတာက အောက်လက်ငယ်သားတွေ ကို နှိပ်စက်လွန်းလို့ပါ။ ဈေးဝယ်ကြမ်းတဲ့ နေရာမှာတော့ အားလုံးက လက်ညီပါပေတယ်။ သမီးတော်တွေ ဆိုးသမျှဒဏ်ကို ခါးစည်းခံရတာကလဲ မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၈)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...