Saturday, October 31, 2015

“ ယုံကြည်မှုအကြောင်း ”


မိန်းမပျိုတဦးဟာ လူခြေရှင်းစ ညအချိန်မှာ တယောက်တည်း
အငှားယာဉ်စီးလာပါတယ်။ မဲမှောင်ပြီး လူပြတ်တဲ့ နေရာတွေ
ရောက်တဲ့အခါ လွန်ခဲ့တဲ့ရက်တွေက မသမာသူ အငှားယာဉ်
မောင်းသမားတွေရဲ့ လုပ်ရပ်အချို့ကို ကြားသိရပြီး ငါမှားပြီ
လားလို့လဲ တွေးမိပါတယ်။ ကားသမားကို အကဲခတ်ကြည့်
တော့လဲ ဦးထုပ်ငိုက်ငိုက်နဲ့ တစုံတရာကို သဲသဲမဲမဲ ကြံစည်
နေသလိုလို ။

ဘာပြောင်းရမှန်းမသိသောသူများသို့

Tin Nyunt

“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲနှင့် နောက်ထပ်ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်ပဲ ရှိတော့ဟု သမ္မတ ဦးသိန်းစိန် ပြောကြား”
“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲနှင့် နောက်ထပ် ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်သာ ရှိတော့ဟု သမ္မတ ဦးသိန်းစိန်က ငပုတောမြို့နယ် ဥသျှစ်ကွင်း ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း သိရသည်”
“သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောသို့ သွားရောက်ခဲ့ပြီး ဥသျှစ်ကွင်း ကျေးရွာသို့ ရောက်ရှိချိန်တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါ သည်”
အထက်က စကားတွေက သမ္မတဦးသိန်းစိန်ရဲ့ စကားကောက်နုတ်ချက်တွေ။ Eleven Media Group က Facebook ပေါ်တင်လိုက်တာ ဖတ်လိုက်ရပြီး ကွန်မြူနစ်တစ္ဆေ အခြောက်ခံနေရတဲ့ စစ်အစိုးရဟာ ခုထိ မရှိတော့တဲ့ ကွန်မြူနစ်နဲ့ ပြည်သူကို ဖြဲချောက်နေတုန်းပါလားဆိုပြီး အံ့အားသင့်သွားမိသဗျာ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၀)

သစ်ထူးလွင်


Friday, October 30, 2015

Achilles heel

BrainWave ဉာဏ်လှိုင်း's photo.

Achilles heel ဆိုတာကတော့ အခု အင်္ဂလိပ်စာ အသုံးအနှုံးမှာ တွင်ကျယ်စွာ သုံးနေခဲ့တဲ့ အီဒီယမ် တခု ဖြစ်ပါတယ်။ ခေါမ ဒဏ္ဏာရီ ထဲက ဆင်းသက်လာပါတယ်။
နတ်ဘုရားတွေက အာချီလီ ဆိုတဲ့ ကလေးကို နတ်ရေကန်ထဲ ခြေနှစ်ချောင်းက ကိုင်ပြီး စိမ်ကာ ဘယ်လို ရန်သူကမှ သူ့ အပေါ် အောင်မြင်မှု မရအောင် စီရင်ထားခဲ့ပါတယ်။
ခက်တာက ခြေထောက် နှစ်ချောင်းက ကိုင်ပြီး ရေထဲကို အနှစ်ခံလိုက်ရတဲ့ အာချီလီရဲ့ ခြေထောက်က ရေမထိခဲ့ပါဘူး။

ရေကျော်ပွဲဈေးတန်းမှ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန်

Thein Than Win-Happiness

ရေကျော်ပွဲဈေးတွင် ဘိုးတော်
တစ်ပွေ ဗေဒင်ဟော နေတာကို
ဘေးက လူငယ် အုပ်စု ၄,၅ယောက် က လှောင်သလိုလို ပြောင်သလို စောက်ခွက် ပြောင်နေကျသည်။
အဲ့ဒါ နဲ့ ဘိုးတော်လဲ ကြာလာတော့ ပေါက်လာပြီး "ဟေ့ရောင်တွေ မင်းတို့ ငါ့ကို ဘာထင်နေလဲ ..ငါကျိန်စာတိုက် အင်းခွက်ရေးလိုက်ရင် မင်းတို့  ဘဝတွေ ဘာဖြစ် သွားမယ် ထင်လဲ!"
အဲ့ဒါကို လူငယ်အုက်စု က မကြောက်တဲ့အပြင် ပိုပြီး ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောနေသည်။

ပြည်သူကို တရားခံမလုပ်ပါနဲ့ သမ္မတကြီးရာ

Tin Nyunt

ဒီမနက် လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ဒီနေ့ထုတ်သတင်းစာကိုကိုင်ပြီး
“သမ္မတကြီးလည်း သနားပါတယ်။ ဘာပြောင်းရမှန်းမသိဘူး။ သူ့နားကလူတွေ မပြောပြဘူးလား မသိဘူး” လို့ စကားစလိုက်တယ်။
မနေ့က သမ္မတကြီး ငပုတောကို သမ္မတခရီးလိုလို၊ ပါတီစည်းရုံးရေးယောင်ယောင်၊ မဲဆွယ်သလိုတစ်နည်း ခရီးထွက်စဉ်က ပြောသွားတဲ့ စကားဟာ အကြောင်းမဲ့ ပြောသွားတာ မဟုတ်ပါဘူးဗျာ။
ဘာကြောင့်လည်းဆိုတော့ သမ္မတက ဘာမှစဉ်းစားစရာ၊ တွေးစရာမှမလိုတာ။ အနားမှာ ပြည်သူ့အခွန်တော်စား အကြံပေးများကို ခေါ်ထားတာ အလကားမဟုတ်ပါဘူး။ ပညာရှင်ကြီးတွေ အကွက်ရွှေ့လိုက်တဲ့အတိုင်း သမ္မတက လိုက်ကပြီး သူ့ကိုယ်သူ ချောက်ထဲခုန်ချလိုက်တာ လည်း ဖြစ်နိုင်တာပဲ။
ကွန်မြူနစ်ဆိုတာ စစ်တပ်ရဲ့ သည်းခြေစာဗျ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အင်ဒိုနီးရှားမှာ ကွန်မြူနစ်တွေ စစ်ဗိုလ်ချုပ်ကြီးတွေကို သတ်တယ်ဆိုပြီး ဆူဟာတိုက တိုင်းပြည်အာဏာသိမ်း၊ အမေရိကန်ကို မျက်နှာချို သွေးခဲ့တာ။ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရ အစဉ်အဆက် ကွန်မြူနစ်အမြစ်ဖြတ်ချေမှုန်းရေးဆိုပြီး လုပ်ခဲ့ကြ တာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၀)

သစ်ထူးလွင်


Thursday, October 29, 2015

လမင်း မရှိတော့တဲ့ အခါ



လ မင်း ဟာ ကမ္ဘာမြေ က နေ နစ်စဉ် အဝေးကို ရွေ့ လျားမှု ရှိနေတယ်လို့  အာကသ ပညာရှင်တွေက လေ့လာ တွေ့ရှိနေကြပါတယ်။ လမင်း ကြီးမရှိတော့ရင် ကမ္ဘာဟာ ဘာဖြစ်လာနိင်သလဲ ။ ချစ် သူဟာ ကိုယ်ဘ၀ အတွက် လ မင်း ပဲ ။ လမင်း မရှိရင် ကိုယ်ဘ၀ ဟာ ဘာဖြစ်နိင်သလဲ။ ကိုယ်ဘ၀ ဟာ ချာ လပတ် ရမ်းသွားနိင်တယ်။ ဒီလိုပဲ ကမ္ဘာကြီးမှာ လမင်း ကြီးမရှိတော့ရင် ကမ္ဘာကြီးဟာ ချာလပတ် ရမ်းသွားနိင်တယ်လို့  သိပံပညာရှင်တွေက တွက်ချက်တွေ့ရှိခဲ့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၀)

သစ်ထူးလွင်


Tuesday, October 27, 2015

အဖိုးတန်ဆုံးရတနာ

Moethee Zun


ကမ္ဘောကြီးမှာ ရွှေထက် တန် ဖိုးရှိတဲ့ သယံဇတ သယံဇတ ၁၀ မျိုးရှိတယ်။ ဒီထဲမှာ နံပတ် တစ် အဖိုးတန်ဆုံး ကျောက်က မြန်မာ ပြည်က ထွက်နေပါတယ်။ မြန်မာ အမည်မရှိသေးပါ။ ဘူမိအမည်
Painite လို့ ခေါ်ပါတယ်။ ကျနော်က Burma Heart မြန်မာ့ အသည်းနှလုံးလို့ နာမည်ပေးခြင်ပါတယ်။ ဒီကျောက်ရှိမှန်း မြန်မာလူမျိုးတိုင်း တောင်မသိကြသေးပါ။ ဒီကျောက်က ပတ္တမြားနဲ့တူတယ်။
ပတ္တမြားမဟုတ်ပါ။ ပတ္တမြားထက် တန်ဖိုးကြီး ပြီး အဖိုးပင် ဖြတ်လို့ မရသေးကြောင်းသိရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၀)

သစ်ထူးလွင်


Monday, October 26, 2015

သူ လို လူ


ဂန့်ဂေါ မြို့ နယ် အတွင်းရှိ ဈေးတွင် အမျိုးသမီး (၂) ဦး အချီ အချ ပြောနေကြစဉ်....
ဟဲ့ ကောင်မ ဦး လှဆွေကြီး နင်တို့ ရွာ ရောက်ပြီလား
ဘယ်က ဦးလှဆွေလည်းဟဲ့ မထိတ်သာ မလန့်သာ
ဟိုလေ ဖေ့ဘုတ်မှာ နာမည်ကြီး နေတဲ့ ဘူးလက်လှဆွေလေ။ ညည်းက ဒါတောင် မသိတော့ဘူးလား
သြော် .သိပြီ။ ဟို ဗိုလ်ချူ ပ် ၀င်စားတဲ့လူ မဟုတ်လား။ မလာသေးပါဘူးတော်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၀)

သစ်ထူးလွင်


Sunday, October 25, 2015

မြန်မာ့သမိုင်းတွင် အကြီးမားဆုံး သယံဇာတဓားပြမှုတစ်ခု

Kyaw Swar Myint

==================================================
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ဟောင်းနှင့် ခရီုနီတို့၏ ဖားကန့်
ကျောက်စိမ်းတွင်းများ မြန်မာ့သမိုင်းတွင် အကြီးမားဆုံး သယံဇာတဓားပြမှု
အဖြစ် အမည်တပ်ခံရ ။
-----------------------------------------------------------------------------

အစီရင်ခံစာ


သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၀)

သစ်ထူးလွင်


Saturday, October 24, 2015

KAIZEN (သို့) စစ်ပြာပုံအောက်ကဂျပန်ကို.ကမ္ဘာ့ထိပ်တန်းနိုင်ငံရောက်စေခဲ့တဲ့စံနစ်

သုတကြယ်စင်

လွန်ခဲ့တဲ့အနှစ်၂၀လောက်က.KAIZENဆိုတဲ့.စာအုပ်ကလေးကိုဖတ်ခဲ့ဖူးတယ်။.ခိုင်ဇန်လို့အသံထွက်မှာပါ။.စာအုပ်ထဲမှာ.KAIZENဆိုတာဘာလဲဘယ်လိုပေါ်ပေါက်လာသလဲဘယ်လိုအသုံးချသလဲဆိုတာရေးပြထားတာလေးတွေ.စိတ်ဝင်စားစရာကောင်းလို့.မျှဝေပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုံးက.အမေရိကန်နိုင်ငံက.ဂျပန်နိုင်ငံကို.အနုမြုဗုံးကြဲချခဲ့တာ.အားလံုးသိကြမှာပါ၊.-၁၉၄၅ခုနှစ်ဩဂုတ်လ၆ရက်နေ့မှာ.ဟီရိုရှီးမားမြို့ကိုပထမဆုံးအနုမြူဗုံးချခဲ့ပြီး.နောက်၃ရက်အကြာမှာနာဂါဆာကီမြို့ကို.ဒုတိယအနုမြူဗုံးထပ်ချလို့လူတွေသိန်းချီပြီးအသက်သေဆုံးခဲ့ကြရတယ်။.အဲဒါကြောင့်ဂျပန်အစိုးရဟာ.-၁၉၄၅ခုနှစ်စက်တင်ဘာ၂ရက်နေ့မှာ.အမေရိကန်နဲ့မဟာမိတ်တပ်တွေထံမှာ.လက်နက်ချအညံ့ခံလိုက်ကြပါတယ်။.မရှေးမနှောင်းမှာပဲ-၆နှစ်ကြာခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးဟာပြီးဆုံးသွားတယ်။

တရုတ်-မြန်မာ ကျောက်စိမ်းမှောင်ခိုကုန်သွယ်မှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုအပါအ၀င် စစ်ဗိုလ်ချုပ်ဟောင်းကြီးများက လွှမ်းမိုးချုပ်ကိုင်ထားကြောင်း Global Witness အစီရင်ခံစာက ဖွင့်ချ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်သော ကျောက်စိမ်းလုပ်ငန်းများ၏ နောက်ကွယ်မှာ ယခင်စစ် အစိုးရဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုပိုင်ကုမ္ပဏီများအပါအ၀င် စစ်အစိုးရနှင့်နီးစပ်သော စီးပွား ရေးလုပ်ငန်းရှင်များပါ ပါဝင်ပတ်သက်နေကြောင်း ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများ နောက်ကွယ်ရှိ စီးပွား ရေးလုပ်ငန်းများနှင့် ဆက်သွယ်နေမှုများကို ဖော်ထုတ်လျက်ရှိသော Global Witness မှ အောက်တိုဘာ ၂၃ ရက်တွင် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

ဘာကြောင့် သူတို့  ချမ်းသာကြသလဲ ဘာကြောင့် ငါဒို့  ဆင်းရဲ ကြသလဲ

Moethee Zun

ကမ္ဘာကြီးမှာ နိင်ငံပေါင်း ၁၉၆ နိင်ငံရှိတယ်။ ဒီထဲက၂၅ နိင်ငံ က ကျိကျိတက် အချမ်းသာဆုံးနိင်ငံတွေ။ ဒီထဲက နိင်ငံ ၂၀ က ဆင်းရဲ နုံချာ လွန်းရှာတဲ့နိင်ငံတွေ။ ဒီဆင်းရဲ နုံချာလွန်းတဲ့ နိင်ငံထဲမှာ မြန်မာနိင်ငံဟာရှေ့ ဆုံးက ပါနေတယ်။

အချမ်းသာ ဆုံးနိင်ငံများ
အမေရိကန် ပြည်ထောင်စု၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ကနေဒါ၊ဖင်လန်၊ ပြင်သစ် ၊ ဂျာမဏီ၊ ဗြိတိန်၊ ဂျပန်၊နယ်သာလန်၊ လူဇင်ဘတ်၊ တောင်ကိုရီးယား ၊ စင်္ကပူ၊ ဟောင်ကောင် ၊ တိုင်ဝမ် ၊သြ စတီးယား၊ သြစတေးလျား၊ အိုင်ယာလန်၊ အိုက်စလန်၊ စပိန် ၊ အီတလီ တို့ ဖြစ်တယ်။

့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဂျာနယ် နိုဝင်ဘာလ ထုတ် ဒီမိုကရေစီ နှင့် ပရော်ဖက်ရှင်နယ်လစ်ဇင် ( professionalism ) အတွက် အမှာ -


အမှာ
သိပ်မကြာသေးခင်ကာလက ဆရာဝန်တွေကနေ စတင်ပြီး ယခုအခါ ရှေ့နေ ၊ကျောင်းဆရာဆရာမ ၊ လျှပ်စစ်ဝန်ကြီးဌာနက အင်္ဂျီနီယာတွေဟာ ယခင်စစ်အစိုးရဘက်က စစ်တပ်အရာရှိတွေ သူတို့ရဲ့ ဌာနတွေမှာ ၀င်ရောက် ချုပ်ကိုင်ဖို့ ဆက်လက်ကြိုးနေတာကို ဖဲကြိုးတွေ ၀တ်ဆင်ပြီး အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ သင်္ကေတအခြေခံ အကြမ်း မဖက်ဆန့်ကျင်မှု ( symbolic non-violent ) မျိုးလို့ဆိုရပါမယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၀)

သစ်ထူးလွင်


Friday, October 23, 2015

ဒီမိုလား ဒစ်တေတာလား

Tin Nyunt

ဗိုလ်ချုပ်စောမောင် စစ်အစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံတော်ကောင်စီက ၁၆.၉.၈၈ ရက်စွဲပါ ကြေညာချက် အမှတ် (၁၄/၈၈) နဲ့ ဝန်ထမ်းတွေကို ဘယ်နိုင်ငံပါတီ အဖွဲ့အစည်းကိုမှ မဝင်ရဘူးဆိုတဲ့ တားမြစ်ခဲ့တယ်။ ဝန်ထမ်းတွေကို
၁။ မည်သည့်ပါတီနိုင်ငံရေးကိုမျှ မလုပ်ရ၊ ပါတီနိုင်ငံရေး လှုပ်ရှားမှုအတွက် ငွေကြေးနဲ့ အခြားနည်း ထောက်ပံ့ ကူညီခြင်း မပြုလုပ်ရ
၂။ ပါတီနိုင်ငံရေး အဖွဲ့အစည်းများမှာ မပါဝင်ရ
၃။ မိမိအား မှီခိုနေသူများ၊ မိမိက အုပ်ထိန်း စောင့်ရှောက်ထားသူများဟာလည်း နိုင်ငံတော်အစိုးရအား ဆန့်ကျင် လှုပ်ရှား မှန်သမျှမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပါဝင်ဖို့ တားမြစ်ရမယ်
၎။ နိုင်ငံတော် အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ ဖွဲ့စည်းထားခြင်း မဟုတ်တဲ့ ဝန်ထမ်းဆိုင်ရာ အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့မှာ မပါဝင်ရ ဆိုပြီးတော့ ပြဋ္ဌာန်းထားခဲ့တာတွေ ရှိခဲ့တယ်။

ဘာကြောင့်အကြမ်းဖက်ကြသလဲ?

Ayya Bago

 ■`အကြမ်းဖက်ခြင်း' ကိုမူအားဖြင့် စိတ်ပညာသီအိုရီသုံးခုကအထောက်အကူပြုရတာတွေ့ရပါတယ်။
စိတ်ရိုင်း (id) ၊ကောင်းတဲ့စိတ် (ego) နဲ့စာရိတ္တပိုင်းဆိုင်ရာကွပ်ကဲမှု(super ego)တို့ဖြစ်ပါတယ်။
idကိုegoနဲ့super egoကမထိန်းနိုင်ရင်`အကြမ်းဖက်မှု'(aggression)ပေါ်ထွက်လာပါတယ်။
ဒါကို(emotional disorder) စိတ်လှုပ်ရှားမှုဆိုင်ရာ ဖောက်ပြန်သွားပြီလို့ယူဆကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၀)

သစ်ထူးလွင်


Thursday, October 22, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၀)

သစ်ထူးလွင်


Wednesday, October 21, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၀)

သစ်ထူးလွင်


Tuesday, October 20, 2015

ရဲရဲတောက် ဆရာတော်တစ်ပါးနှင့်တွေ့ဆုံခြင်း

Tin Nyunt


ပဲခူးရောက်တုန်း ၈၈ တုန်းက ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်းပျိုများသမဂ္ဂဥက္ကဋ္ဌ ဆရာတော်ကို ဝင်ရောက်ဖူးခဲ့ပါ တယ်။ စာချတော့မယ့်အချိန်ကိုပေးပြီး နာရီဝက်လောက် စကားပြောခွင့်ရခဲ့ပါတယ်။
“ဆရာတော် မဘသ ထဲပါတယ်ဆိုတာ တပည့်တော်တော့ နားမလည်ဘူး”
“တကာကြီး အဓမ္မတွေ အားကောင်းသွားရင်၊ ဓမ္မပျောက်လိမ့်မယ်။ အဓမ္မသမားတွေကို စိုးမိုးပြီး လုပ်ချင်ရာ လုပ်ဖို့ ပြင်ဆင်နေကြတာ။ ဦးဇင်းတို့က ဘေးထွက်နေလိုက်ရင် သူတို့လုပ်နေတာတွေအမှန်၊ သူတို့ပြောနေတာ တွေ အမှန်လို့ ယူဆသွားနိုင်စရာ အကြောင်းရှိတယ်။ အဖွဲ့အစည်းထဲမှာ ရှိမနေရင် သူတို့ဘာတွေ ကြံစည်နေ တယ်တိုတာ မသိနိုင်ဘူး။ အဓမ္မတွေ ပြောနေတာတွေကို မသိနားမလည်တဲ့သူတွေက အမှန်တွေလို့ ယူဆသွား နိုင်တယ်။ အဓမ္မသမားတွေ ဒီလာပြီးပြောချင်တာတွေ ပြောနေတာ ဦးဇင်း ပထမဆုံး ကန့်ကွက်တာပဲ။ ပြီးတော့ သူတို့ လုပ်ရပ်တွေကိုလည်း ဦးဇင်းမထောက်ခံဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁၀)

သစ်ထူးလွင်


Monday, October 19, 2015

“အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”


မယုံနိုင်စရာ ထူးဆန်းလွန်းလို့ နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားသွားတဲ့ မှုခင်းကြီး တစ်ခု ၂၀၁၃ ခုနှစ်တုန်းက အမေရိကားမှာ ပေါ်ပေါက်လာခဲ့တယ်။ တရားခံကို ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်အပြင် နောက်ထပ် နှစ် ၁,၀၀၀ ပေါင်းလိုက်သေးတယ်ဆိုတော့ ဘယ်လောက် အပြစ်ကြီးတဲ့ အမှုလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။

ငတာပြောသောပုံပြင် (၅)

Tin Nyunt

“ဒီမှာလည်းရှိ ဟိုမှာလည်း ရှိတဲ့သူဆိုတာ ဘာများလဲ ပြောစမ်းပါ”
“မင်းကြီး သင့်နိုင်ငံတွင် သူဌေး သူကြွယ်ပေါများပါ၏လော”
“ပေါများပါသည်”
“ငွေကြေးချမ်းသာသူများသည် အလှူရေစက် လက်နှင့်မကွာ ရှိကြပါ၏လော”
“ငါ့နိုင်ငံအနှံ့ ထမင်းရေချောင်းစီး မောင်းတီးပြီးလှူနေသော အလှူများ မပြတ်ရှိသည်”
“မင်းကြီး ယင်းသူဌေး သူကြွယ်များသည် ဤလောကတွင် စည်းစိမ် ဥစ္စာများလည်း ကြွယ်ဝသည်။ ကာမဂုဏ် အာရုံအပြည့်၊ လောကီစည်းစိမ်ကိုလည်း ခံစားနိုင်ကြသည်။ သူတို့သည် ချမ်းသာရုံမက ဒါန သီလ ကောင်းမှု တို့ကို ထပ်ဆင့် လွန်ကဲလိုက်သည့်အခါတွင် နောင်ဘဝအတွက် ပြင်ဆင်ပြီးသားဖြစ်သွားသည်။ ငွေကြေး ချမ်းသာသူတိုင်း ယခုရှိသော်လည်း နောင်မရှိနိုင်။ ယခုဘဝရှိအောင်လုပ် သလို၊ နောင်ဘဝအတွက် ကောင်းစေရန် ရည်စူးပြီး လုပ်ဆောင်နိုင်မှသာ ဒီမှာလည်းရှိပြီး ဟိုမှာလည်း ရှိနိုင်ပါလိမ့်မည်”

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁၀)

သစ်ထူးလွင်


Sunday, October 18, 2015

"ဥပဒေတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း"

U Tun Kyi

ကိုဖြူ ။ ။ “ဥပဒေစကား” တွေကို သာမန်ပြည်သူတွေ ဖတ်ကြည်လို့နားမလည်ဘူးဆရာ၊ ဘယ်လိုလုပ်ရမလဲ။
ယူတီကေ ။ ။ ဘာသာစကား (LANGUAGE) တွေမှာ၊ အရပ်သုံးစကားဟာ၊ ဘာသာရေးဆိုင်ရာစကား ဥပဒေရေးရာ စကား (LEGAL LANGUAGE) တွေနဲ့ မတူဘူးဗျ။ ဥပဒေဆိုင်ရာဘာသာစကားမှာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ပုံစံ၊ အရေးအသား အသုံးအနှုန်းတွေ ကို သိပ်မပြင်ကြဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၁၀)

သစ်ထူးလွင်


Saturday, October 17, 2015

ဗိုလ်ချူ ပ်အောင်ဆန်း၏ နောက်ဆုံးနေ့ နံနက်စာ

 နံနက်ပိုင်းက..
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၊ ၁၉ ရက်၊ စနေနေ့ ---------
နံနက်ပိုင်း အတွင်းဝန်ရုံးတွင် အထူးအစည်းအဝေးသို့သွားရန် ပြင်ဆင်လျက် ရှိနေသလို ဇနီး ဒေါ်ခင်ကြည်သည်လည်း သူ့ခင်ပွန်းကို နံနက်စာ ကျွေးမွေးရန်အတွက် မီးဖိုဆောင်ထဲ၌ အလုပ်များလျက်ရှိသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၀)

သစ်ထူးလွင်


Thursday, October 15, 2015

NCA လက်မှတ်ထိုးခြင်းနှင့် ပါတ်သက်၍ ဒေါင်းစစ်သည်၏ အမြင်သဘောထား

Fighting peacock ဒေါင်းစစ်သည်

၁) တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (NCA) အား တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့မှ လက်မှတ်ရေးထိုးလိမ့်မည်။ ထိုသို့ လက်မှတ်ရေးထိုးခြင်းနှင့် ပါတ်သက်၍ ကျနော်တို့ဒေါင်းစစ်သည်၏ အမြင်သဘောထားကို ထုတ်ပြန်လိုက်သည်။

၂) NCA လက်မှတ်ရေးထိုးခြင်းသည် တနိုင်ငံလုံးတွင် တည်ရှိနေသော တော်လှန်ရေး အင်အားစုများ ပါဝင်ခြင်း မရှိသည့်အတွက် တနိုင်ငံလုံး သဘော မဆောင်သော်လည်း စာချုပ်တွင် ရေးသားထားသည့် အချက်အလက်များအပေါ် တော်လှန်ရေး အင်အားစုများမှ သဘောတူညီခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
 
၃) NCA အား NCA အနေဖြင့် လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံး သဘော မဆောင်သည့်အတွက် အနှစ်သာရအားဖြစ့် NCA သဘော မဆောင်။ သို့သော် ထို NCA စာချုပ်တွင် သဘောတူထားသည့် အချက်အလက်များအား သဘောတူ လက်မှတ်ရေးထိုးသဖြင့် သဏ္ဍာန်အရ NCA စာချုပ်အား လက်မှတ်ထိုးခြင်း သာလျင်ဖြစ်သည်။

နိုင်ငံရေး အင်စတီကျူးရှင်းများ ဖွံ့ဖြိုးမှုဖြစ်စဉ်



နိုင်ငံရေးသိပ္ပံပညာရှင် ဖရန့်စစ်ဖူကူယားမားက အခု ၂၁ ရာစု ဒုတိယဆယ်စုနှစ်အစ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေးအခင်းအကျင်းကို မတူခြားနားတဲ့ မြင်ကွင်း ၃ ခုနဲ့ ချပြပါတယ်။
ပထမ၊ ၂၀၁၁ အာရပ်နွေဦးက ပေါ်ထွက်လာတဲ့ လစ်ဗျားနိုင်ငံ။ နေတိုးတပ်ဖွဲ့ရဲ့ စစ်ရေးအကူအညီနဲ့ တိုင်းပြည် အရပ်ရပ်ရှိ စစ်သွေးကြွတွေက အာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချခဲ့တယ်။ ဒီမိုကရေစီနိုင်ငံသစ်ဆီ သွားဖို့ အခြေခံဥပဒေ ရေးဆွဲတယ်။

ကျွန်တော်ကြားသလို ပြောပါရစေ

Tin Nyunt

သတင်းတွေ ကြားနေရတယ်ဗျာ။ ဟုတ်မဟုတ်တော့ မသိဘူး။ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်တဲ့ အထိမ်း အမှတ်နဲ့ နိုင်ငံတော် သမ္မတကြီးက ဖမ်းဆီးခံထားရတဲ့ သူတွေကို လွှတ်ပေးဦးမတဲ့။
ဒီသတင်းကအကြားပါ။ ဟုတ်မဟုတ် မသိပါဘူး။
သမ္မတကြီးခင်ဗျား
ငြိမ်းချမ်းရေးအတွက် သမ္မတကြီး အလေးထားတယ်ဆိုရင် လက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေး ပြေလည်ရေး သက်သက် လုပ်နေရုံနဲ့ ပြည်သူတွေရဲ့ နှလုံး စိတ်ဝမ်း မငြိမ်းချမ်းနိုင်ပါဘူးခင်ဗျာ။
အမျိုးသားပညာရေးဥပဒေအတွက် ထောင်မကျ ကျအောင်ချဖို့ ဖမ်းဆီးစစ်ဆေးနေတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် သားသမီးတွေကိုလည်း အပြစ်မရှိကြောင်း ကြေညာပြီး လုံးဝ ကွင်းလုံးကျွတ်လွှတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါ တယ်။

Wednesday, October 14, 2015

တရားမျှတမှုရှာပုံတော်

 
ယခုအခါ နိုင်ငံရေးဒဿနနယ်ပယ်နဲ့ ဥပဒေနယ်ပယ်တို့မှာ တရားမျှတမှု (justice) အယူအဆ အကြောင်း ဆွေးနွေးပို့ချမှုနဲ့ လေ့လာလိုက်စားမှုတွေ ပိုများလာပါတယ်။ လူ့အဖွဲ့အစည်းအတွင်း လူတဦးနဲ့ တဦး ဘယ်လို ဆက်ဆံနေထိုင်မလဲ၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘယ်လိုဖြစ်သင့်သလဲ၊ ဘယ်လိုထူထောင်မလဲ၊ ဥပဒေတွေက ဘယ်လိုဟာ ဖြစ်သင့်သလဲဆိုတာတွေကို လက်ရှိ ၂၁ ရာစုခေတ်သစ် စိန်ခေါ်မှု အခြေအနေတွေအောက်မှာ ပြန်လည်ရှာဖွေ ဆန်းစစ်လာကြပါတယ်။
ဒါတွေကို သွားဖို့ဆိုရင် အရင်ဆုံး ‘တရားမျှတမှု’ ရဲ့ အဓိပ္ပာယ်ကို ရှာကြည့်ရပါမယ်။ လက်ရှိ တရားမျှတမှုအကြောင်း ပို့ချတဲ့ ပြဋ္ဌာန်းစာအုပ် အတော်တော်များများမှာ ရှေးခေတ် နိုင်ငံရေး အတွေးအခေါ်နဲ့ ခေတ်သစ် နိုင်ငံရေးအတွေးအခေါ်ဆိုပြီး ခွဲခြားပြောလေ့ ရှိပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၀)

သစ်ထူးလွင်


Tuesday, October 13, 2015

အမေရိကန်သမ္မတ (အစိုးရ) များ ခံယူကျင့်သုံးကြသော အဂ္ဂမဟာဗျူဟာ (၅) မျိုး

Aung Phyo
 (၁)Containment = ထိန်းချုပ်ဟန့်တား၊ တားဆီးခြင်း၊
(၂) Integration =ပေါင်းရုံးစုစည်း၊ တစ်စုတစ်ဝေးတည်းဖော်ဆောင်ခြင်း၊
(၃)Regime Change=အစိုးရအပြောင်းအလဲဖြစ်စေခြင်း၊
(၄)Bargaining=ဈေးဆစ်ကစား၊ အပေးအယူလုပ်ခြင်း၊

ဝါကျွတ်မှာ လက်ထပ်မယ်ဆို ဒီလို မိန်းမမျိုးတွေတော့ ရှောင်ကြဗျို့...

Zaw Min Latt

၁။ MPTနဲ့တူတဲ့မိန်းမ
ထုံထုံထိုင်းထိုင်းနဲ့ ပြန်မပြော နားမထောင်တတ်တဲ့ မိန်းမမျိုး၊ အထူအပါး နားမလည်တဲ့ ဒုံးဝေးတဲ့မိန်းမမျိုးပါ၊ တခြား အိမ်သူသက်ထားတွေရဲ့အိမ်ထောင်ရေးမှာ ကြိုးစားလုပ်ကိုင်ကြပုံတွေကို မြင်နေ တွေ့နေလည်း အတုယူရကောင်းမှန်းမသိ၊ အလုပ်လုပ်တဲ့နေရာဆိုလည်း အင်မတန် ပျင်းရိပြီး လေးတိလေးကန်နိုင်ပါတယ်၊ တီဗီကြည့်နေချိန်များဆို ခေါ်မကြား အော်မကြားပါပဲ၊ အိပ်ပြီးဟေ့ဆို နေဖင်ထိုးတဲ့အထိ ကြာတတ်ပါတယ်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၁၀)

သစ်ထူးလွင်


Monday, October 12, 2015

ဆရာဦးကျော်ဝင်းရဲ့ လွှတ်တော်မှာ ဟောပြောချက်

Htoon Aung Kyaw
 
ပွင့်ပွင့်လင်းလင်းပြောရရင် ယခု အမျိုးသားပညာရေး ဥပဒေထွက်တယ်။ ဘဝင်ကျတာတွေလည်း အများကြီးပါ။ သို့သော် အဲဒီမှာ အမျိုးသားပညာရေး ရည်မှန်းချက် ပြောတော့ ခုနှစ်ချက်လား ကိုးချက်လား မသိဘူး တွေ့တယ်။ အဲဒီ ကိုးချက်လုံးမှာ behaviour changes ကို ဦးတည်တယ်။ capacity building ဦးတည်တာ အတော်ကောင်းပါတယ်။ ဒါပေမယ့် to discover ကို ချိန်ရွယ်တဲ့အချက်တော့ ကျွန်တော်ဖြင့် သိပ်မတွေ့မိဘူး။ ဒါလည်း ကြုံလို့ပြောတာပါ။ နော် ဒါကို အပြစ်တင် ဝေဖန်တဲ့သဘော မပြောပါဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၁၀)

သစ်ထူးလွင်


Sunday, October 11, 2015

တက္ကသိုလ်ကျောင်းသားများ စစ်ယူနီဖောင်းဝတ်ကြမှာလား

Tin Nyunt

သတင်းတစ်ပုဒ်ဗျာ နည်းနည်းတော့ စပ်ဖျင်းဖျင်းဖြစ်လို့ပါ။ တက္ကသိုလ်တွေမှာ စစ်ပညာသင်တာကို ရေးကြီး ခွင်ကျယ် လုပ်နေတဲ့သတင်း။ ကျွန်တော်တို့ ကျောင်းသားဘဝတွေတုန်းက တက္ကသိုလ်အရံတပ်ရင်းဆိုတာ ရှိခဲ့တာပေါ့။ ဘယ်ကျောင်းသားကိုမှ အတင်းအဓမ္မဝင်ခိုင်းတာ မဟုတ်ဘူးဗျ။ ဝင်ချင်ဝင်၊ မဝင်ချင်နေ၊ မက်လုံးပေးပြီး ဘယ်လောက်ဆွယ်ဆွယ် ကျောင်းသားတိုင်း အဲဒီတပ်ထဲကို မဝင်တာတော့ သေချာသဗျ။
စစ်ပညာဆိုတာ တတ်စေချင်တဲ့စိတ် တကယ်စေတနာ သဘောရိုးရှိခဲ့ရင် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရမယ်လို့ ဥပဒေနဲ့ ပြဋ္ဌာန်းလိုက်ပေါ့ဗျာ။ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးအတွက်ယောင်ယောင်၊ ကျောင်းသားတွေကို နားလည်အောင်လိုလို ပုံမှားရိုက်ပြီး ယူနီဖောင်းဝတ် စစ်ပညာလာသင်ကြဆိုတာမျိုး ကတော့ လက်မခံနိုင်ဘူးဗျ။ တက္ကသိုလ်အဆင့်ရောက်လာတဲ့ ကျောင်းသားတိုင်းမှာ ခံယူချက်တွေ၊ ခံစားချက် တွေတူကြတာ မဟုတ်ဘူး။ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိရမယ်။ တိုင်းပြည်အတွက် လိုအပ်ရင် ဘယ်ကျောင်းသားမှ လက်နှေးမှာ မဟုတ်ဘူးဗျ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၀)

သစ်ထူးလွင်


Friday, October 9, 2015

အပုပ်စုပ် ကျောက်ဖရုံ

Tin Nyunt

ဥက္ကဋ္ဌတစ်ယောက် ရူးပြီနဲ့တူတယ် ဈေးထဲကို ကျောက်ဖရုံးသီးတစ်လုံး ငတာ့ကို အဝယ်လွှတ်လိုက်တယ်။ ကျွန်တော်က ဥက္ကဋ္ဌကို
“ဘာဖြစ်လို့လည်းဗျ။ ကျောက်ဖရုံသီး ဘာလုပ်မလို့လဲ” လို့မေးလိုက်တော့
“အဘတွေအတွက်လေဗျာ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အိမ်ရှေ့တွေမှာ ကျောက်ဖရုံ သီးကို ဝါးလုံးနဲ့တိုင်ထောင်ထားရမယ်ဆိုလို့”
“ဘာအဓိပ္ပာယ်လဲ ဥက္ကဋ္ဌရဲ့”
“တိတိပပလည်း ပြောတတ်ပါဘူးဗျာ။ အထက်ကညွှန်ကြားချက်ပဲ။ အတိုက်အခံတွေ ကြောက်ဖြုံသွားအောင် ကျောက်ဖရုံ တိုင်တူခိုင်းတာလို့ ပြောတာပဲ”
ငတာကို ခိုင်းရတာလည်း ခပ်လန့်လန့်။ ဒီကောင်က တစ်ခုတော့ရှိတယ်။ မလုပ်ချင် လုံးဝမလုပ်ဘူး။ လုပ်မယ် ဆိုပြီး ခေါင်းငြိမ့်သွားလို့ကတော့ အသေအလဲ လုပ်လာတတ်တဲ့ကောင်ဆိုတော့ စောင့်ကြည့်ရတော့မှာ။

“ဖက်ဒရယ်ပြည်ထောင်စု”နှင့် အနီး အဝေး ( ဇင်လင်း )


ဒီနှစ်အတွင်းမှာ နိုင်ငံရေးပါတီတွေဆီကအကျယ်လောင်ဆုံး ထွက်ပေါ်လာနေတဲ့ အသံက တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြန်လည်သုံးသပ်ပြင်ဆင်ရေး ဖြစ်ပါတယ်။ တိုင်းရင်းသားအင်အားစုတွေ ဆီကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံကတိက၀တ် ဖေါ်ဆောင်ရေးဆိုတဲ့ အသံတွေ ဆက်တိုက်ကြားနေရပါတယ်။ တိုင်းရင်းသားတို့ရဲ့အသံ သို့မဟုတ် လိုလားတောင်းဆိုချက်တွေထဲမှာ အမျိုးသားတန်းတူညီမျှရေး၊ တိုင်းရင်းသားနယ်မြေတွေကိုယ်တိုင် အုပ်ချုပ်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အစရှိသဖြင့် လိုလားတောင်းဆိုနေကြပါတယ်။တကယ်တော့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးပဲ ဖြစ်ပါ တယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး ဥပဒေ အကာကွယ်တန်းတူရရှိရေးဆိုတဲ့ သဘောပါပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁၀)

သစ်ထူးလွင်


Thursday, October 8, 2015

နိုင်ငံ့ကိုယ်ခံစွမ်းအား

 လူတယောက် အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ဖို့ရာ ကိုယ်ခံစွမ်းအား လိုပါတယ်။ ကိုယ်ခံစွမ်းကောင်းနေရင် ပြင်ပရောဂါတွေ အလွယ်တကူမဝင်နိုင်တာ လူတိုင်းသိပါတယ်။ ကိုယ်ခံစွမ်းအား ကောင်းနေအောင်လဲ အထောက်အပံ့တွေ လိုပါတယ်။ သာမန် ကိုယ်လက်လေ့ကျင့်ခန်းနဲ့တင် မလုံလောက်ပါ။

မမေ့သင့်လှပေ

BrainWave ဉာဏ်လှိုင်း

နိုင်ငံဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာ ခံနိုင်သူများ၊ ဘ၀ကိုစတေးနိုင်သူများ ပေါများသည်နှင့်အမျှ ထိုနိုင်ငံ ထိုလူမျိုးသည် ကမ္ဘာ၌ ထိပ်တန်းနိုင်ငံ၊ ထိတ်တန်းလူမျိုးဖြစ်မည်မှာ သေချာ၏၊
ဤနေရာ၌ ထိတ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှု၌ ထိပ်တန်းကို ဆိုလိုသည်မဟုတ် အတတ်ပညာ ပြည့်စုံမှု၌လည်း ထိပ်တန်းကို ဆိုလိုသည်မဟုတ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၀)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...