Friday, November 27, 2015

သမ္မတရှာပုံတော် [သရ၀ဏ်(ပြည်)]

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံမှာ လူတော်တွေပေါသည်။ သို့သော် စနစ်ကိုက မရှုပ်မရှင်းစနစ်ဖြစ်နေသောကြောင့် သမ္မတရှာပုံ တော်ဖွင့်ရာတွင် ထိုမျှ ရှုပ်ထွေးနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူတယောက်သည်မည်မျှတော်သော် လည်း နံပါတ်(၁) တပ်မတော်မှထောက်ခံသူ၊ (၂) ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှထောက်ခံသူ၊ (၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ထောက်ခံသူတဦးဦးမဟုတ်ခဲ့လျှင် သမ္မတမဖြစ်နိုင်ပါ။

ယဉ်ကျေးမှုတော်လှန်ရေး (ဇာတ်သိမ်း)


ပြု ပြင်ပြောင်းလဲရေးစီမံကိန်းအရ ရွာတွေမှာရှိတဲ့မိသားစုတိုင်းကို သူ့မိသားစုအလိုက် ထွန်ယက်စိုက်ပျိုးနိုင်ဖို့ မြေအချို့ပေးလိုက်တယ်။ ထွက်ရှိလာတဲ့သီးနှံအပေါ်မှာ အစိုးရကို ဘယ်၍ ဘယ်မျှ ပေးရမယ် လို့စံသတ်မှတ်ပေးလိုက်တယ်။အဲ့ဒီသတ်မှတ်စံအတိုင်းပေးသွင်းပြီးတဲ့နောက် ကျန်သမျှအားလုံးဟာ လယ်သမားပိုင်ဖြစ်သွားပါတယ်။ မိမိပိုင်ပစ္စည်းကို မိမိသဘောအလျှောက် ရောင်း ချနိုင်ခွင့်ရှိတယ်။ အကျိုးအမြတ်ရှာနိုင်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၁)

သစ်ထူးလွင်


Thursday, November 26, 2015

နှဲကြီးကိုနင်းမိတော့မည့်သူများ (မင်းဒင်)

မင်း ဒင်

(တစ်)
ကျုပ်ကတော့ဒီလူတွေရဲ့အဖြစ်ကိုကြိုပြီးမြင်ယောင်နေသေးတယ်ဗျာ။
“အစားရချောင်မလားလို့ဇာတ်ထဲလိုက်မိပါတယ်၊နှဲကြီးကို
တက်နင်းမိလို့၊လျှော်လိုက်ရ”ဆိုတဲ့စကားပုံထဲကလိုပေါ့။
ဆိုလိုရင်းကတော့ဗျာ၊တခါတုန်းကအရပ်ထဲမှာ၊ဘာလူစွမ်းလူစမှမရှိ
၊ယောင်ကြောင်ကြောင်ငနဲတစ်ကောင်ဟာ၊နေရာလေးတစ်နေရာရပြီး
အစားရလည်းချောင်မလားလို့ဇာတ်အဖွဲ့ထဲကိုလိုက်သွားသတဲ့။

လော်စပီကာဥပဒေ ထိရောက်စိုးမိုးမှု ရှိစေရန် ပြည်သူအများ လိုလားလျက်ရှိဟု ဆို

Tun LynnFollow
၂၅..၁၁..၁၅

ဘာသာရေးအခမ်းအနားများ၌ အသံချဲ့စက်များ အသုံးပြုခြင်း၊ ဆူညံ ခြင်းများအပေါ် လူထု၏အလိုမကျမှုများ ထွက်ပေါ်လာလျှက်ရှိသည်။ ဘာသာရေး အခမ်းအနားများတွင် အသံချဲ့စက် အသုံးပြုခြင်းနှင့်ပတ်သက်၍ ပိုမို တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ရန် လူနေထူထပ်သော ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် နေထိုင်သူများက လိုလားလျက်ရှိသည်။

တချိန်က ဗိုလ်ချုပ်အစည်းအဝေးလာတက်တဲ့ VIDEO

တချိန်က ဗိုလ်ချုပ်အစည်းအဝေးလာတက်တဲ့ VIDEO ပါ ရှာတွေ့ ထားလို့ တင်လိုက်ပါတယ်.. Youtube က Ni Kong Hong ကပါ

Posted by Caesar Win on Wednesday, November 25, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၁)

သစ်ထူးလွင်


Wednesday, November 25, 2015

ယဉ်ကျေးမှုတော်လှန်ရေး


မော်စီတုံး၊ လင်ပြောင်နဲ့ကွန်မြူ နစ်စနစ်ကို ယုံကြည်သက်ဝင်လွန်းသော ကွန်မြူနစ်ဝါဒီတစ်စုဟာ ၁၉၆၆ခုနှစ်မှာ အလွန်ပြင်းထန်တဲ့စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒီစစ်ဆင်ရေးရဲ့ အမည်ကတော့ ယဉ်ကျေးမှု့ တော်လှန်ရေးလှုပ်ရှားမှု့ ပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု့ မှာ အလွန်ကြီးမားတဲ့ ရည်ရွယ်ချက်ပေါင်းများစွာပါဝင်နေပါတယ်။ သို့သော် အခြေခံအားဖြင့် ပဒေသရာဇ်ကျေးကျွန်ဘ၀က ရှေးဟောင်းအတွေးခေါ်တွေထဲကလွတ်မြောက်ဖို့ ကွန်မြူ နစ်ဝါဒနဲ့လုံးဝကိုက်ညီတဲ့ ကွန်မြူနစ်အရောင် လုံးဝလွှမ်းသွားစေမဲ့ ကြွေးကြော်သံတွေကိုပေးပြီး လှုံ့ဆော်ဖို့ပဲဖြစ်ပါတယ်။

ရုရှား စစ်ဆင်ရေး ထိန်းချုပ်ရေး စင်တာ

Yoyarlay

ရုရှားနိုင်ငံ မော်စကိုမြို့မှာ တည်ရှိတဲ့ ရုရှားစစ်တပ်ရဲက စစ်ဆင်ရေးထိန်းချုပ်မှု စင်တာ (War Room) မှာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင် ကိုယ်တိုင် စစ်ဆင်ရေးကို စောင့်ကြည့် ကွပ်ကဲ ပါတယ်။ စင်တာဟာ သုံးလွှာ ပါဝင်ပြီး ပူတင်ဟာ ပထမထပ်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကြီး၊ ရေ၊ လေ အသီးသီးက ဦးစီးချုပ်များနဲ့အတူ ထိုင်လို့ ညွန်ကြားပါတယ်။

ပြည်သူ့အမိန့်

Tin Nyunt

တွေ့မယ် … တွေ့မယ် … ခုတွေ့မယ် … နောင်တွေ့မယ် … တွေ့ချင်မှလည်းတွေ့မယ် ဆိုသလို ဖြစ်နေပြီဗျ။ အရပ်ထဲက ကားသမားစကား ငှားပြောရတော့မှာပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်မကို အာဏာမလွှဲပါနဲ့ တာဝန်သာလွှဲပါလို့ တရားဝင်တောင်းဆိုလိုက်ပြီဗျ။ ဒါဟာ အာဏာကို ဆုပ်ကိုင်ထားပြီး “ပေးဘူး” “ပြောင်းဘူး” လို့ပြောနေသူတွေအတွက် နောက်ထပ် ခေါင်းစားစရာ ကိစ္စတစ်ခုဖြစ်သွားတယ်။
ဟုတ်တာပေါ့ဗျာ … ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို တာဝန်ပေးထားပြီးပြီ လေ။ အဲဒီတာဝန် တရားဝင်ထမ်းဆောင်ခွင့်အတွက် လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့်တွေကို လွှဲအပ်ချိန် နီးလာပြီ။ ယုံကြည်စွာနဲ့ လွှဲအပ်ဖို့လိုလာပြီပေါ့။
ဒီကြားထဲမှာ အစိုးရဟောင်းနဲ့ အစိုးရသစ် အလွဲအပြောင်းအတွက် တွေ့ဆုံဆွေးနွေးကြ ရမယ့်ကိစ္စတွေကို ဘာကြောင့်များ နေ့ရွှေ့ညရွှေ့ လုပ်နေကြရသလဲဗျာ။

ေ၇ှာင်ကျဉ်သတိပြုနိုင်ကြပါစေကြောင်း

Maung Tun Wai
 
ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။
ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ထွက်ခွာခဲ့ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၁)

သစ်ထူးလွင်


Tuesday, November 24, 2015

တရုတ်တို့ကို အကြိမ်ကြိမ်အောင်နိုင်ခဲ့သည့် မြန်မာစစ်ဘုရင် ဆင်ဖြူရှင်မင်းတရား


(၁)
တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာထင်ရှားခဲ့ပါတယ်...
အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၁)

သစ်ထူးလွင်


Monday, November 23, 2015

ဗမာတွေကို ဘယ်သူသတ်နေလဲ

U Ravika w

ဒီပုံက မိုးညှင်းတိုက်ပွဲမှာ ကျသွားတဲ့ မြန်မာ့စစ်သည်တော်တွေပါ။ မိသားစုဝင်တွေက ယူကျုံးမရ ဖြစ်နေကြတာကိုလည်း ပုံထဲမှာ တွေ့မြင်ကြမှာပါ။ ဒီစစ်သည်တော်တွေကို ကချင်တို့ပစ်သတ်ခဲ့တာ မဟုတ်ဘဲ မြန်မာ့လေတပ်က ဗုံးမှားကျဲချခဲ့လို့ ကျဆုံးကုန်ရတယ်လို့ ဆိုပါတယ်။ အဲဒီဗုံးမှားကျဲခဲ့တဲ့ အရာရှိကို အရေးယူခဲ့ကြောင်း ပွင့်လင်းမြင်သာမှု မရှိသလို တိုင်းရင်းသားတွေကို နှစ်ပေါင်း(၆၀)ကျော် တိုက်လာခဲ့ပေမဲ့ လွှတ်တော်ထဲမှာ ဘယ်တုန်းကမှ ထဲထဲဝင်ဝင် မဆွေးနွေးခဲ့ပါ။ ဒါကို တရားတဲ့စစ်ပွဲလို့ ဘယ်လိုကင်ပွန်းတပ်ရမှာလဲ။

နီတိ ၊ ဥပဒေကရဏ နှင့် ဝိမုတ္တိဖြစ်စဉ် ကထာ (၃)

Nyo Tun


ဦးလှဆွေ နဲ့ NLD က ကိုသန်းစိုး (ဘောဂဗေဒ) ရဲ့ DvB debate အစီအစဉ် အတိုကလေး ကြည့်လိုက်ရတယ်ဗျ။ ဦးလှဆွေကြီးက သူ့ထုံးစံအတိုင်း ကိုသန်းစိုးကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အမူအရာနဲ့ ပခုံးပုတ်ဘာညာပေါ့နော် လုပ်ပြီး ပြောချလိုက်တာက ‘ခင်ဗျား USDP က ဝင်ပြိုင်ရင် ခင်ဗျားရူံးမှာ’ ။ သည်နေရာမှာ ဦးလှဆွေ အပါအဝင် တော်တော်များများ မစဉ်းစားမိကြတာက USDP(ပြည်ခိုင်ဖြိုး) အလဲအကွဲ ရူံးနိမ့်ရခြင်းဟာ ဘာက အဓိကအချက်လဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ကျနော်တို့ တော်တော်များများ ရိုးရိုးတန်းတန်းပဲ အောက်မေ့ထားတဲ့ ပထမဆုံး တချက်က ဒေါ်စု ရဲ့ ပြည်သူအပေါ် စည်းရုံးနိုင်မှု ခွန်အားကြောင့်လို့ ထင်စရာရှိမယ်။ ဒါပေမယ့်၊ ဆိုပါစို့ဗျာ၊ ကျနော်တို့ NLD မှာ ဒေါ်စုကို ဖယ်ထားပြီး အဘဦးတင်ဦးလောက်နဲ့ ပဲ ဝင်ပြိုင်မယ်၊ ဒါဆိုလည်း USDP ဟာ အခုလောက် ပုံပျက်ပန်းပျက် မရူံးသည့်တိုင်အောင် ကြိုးဝိုင်းထဲမှာ ဖူးဖူးယောင်အောင် ပတ်ချာလည် အထိုးခံရလို့ အမှတ်စဉ် ရေနေရအုံး မှာပဲ။ ပြည်သူလူထုဟာ ရွေးကောက်ပွဲ တခုမှာ မဲပေးဖို့ကို ဆုံးဖြတ်တဲ့အချက်ဟာ အဓိကဟာ ဘာလဲဆိုရင် ရိုးသားမှုတန်ဖိုးကို ကြည့်ပြီး မဲပေးခြင်း ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်မှာ ထမင်းထုပ်မသိုးတော့ပါ

Thant ZinFollow


မြန်မာ့တပ်မတော်မှာ စစ်ဗိုလ်ချုပ်ပေါင်းများစွာရှိတဲ့အနက် သတင်းစင်တဲ့ ဗိုလ်ချုပ်တွေက အနည်းစုဖြစ်ပါတယ်။ အဲဒီသတင်းစင် တဲ့ ဗိုလ်ချုပ်တွေထဲမှာ ထင်ရှားတာကတော့ ဗိုလ်ချုပ်ကတ်စိန်၊ ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်လွန်းမောင် တို့ပါပဲ။
ကျန်တာတော့ အားလုံးသိကြတဲ့အတိုင်း ငါမလုပ်၊ ငါ့သားသမီးလုပ်၊ ငါနဲ့မဆိုင်၊ ငါမပိုင် ဆိုပြီး ရူးချင်ယောင်ဆောင်နေကြတဲ့သူ တွေပဲများပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၁)

သစ်ထူးလွင်


Sunday, November 22, 2015

ကျွန်ုပ်ရွှေပင်ဆြာဒင်၏ ကျေးဇူးတင်ထိုက်သူများသို့ အမူမော်ကွန်း (မင်းဒင်)

မင်း ဒင်

(တစ်)
“ကိုယ့်ဆြာမို့မြှောက်ပင့်ပြောတာမဟုတ်ဘူးဆြာ။ဆြာ့စာတွေဟာ
လွှတ်ကောင်းတာဆြာရဲ့။ဖတ်လိုက်တာနဲ့ဇက်ပိုးကိုသုံးချက်လောက်ဖြတ်ရိုက်
လိုက်သလို၊စီးစီးပိုင်ပိုင်ရှိလှတာကလား”

“ဟုတ်တယ်ဆြာရဲ့။ကပ္ပလီပြောတာအမှန်ပဲ။ဆြာရေးတဲ့အနုအလှလေးတွေဆို
ကျွန်တော်တို့လိုလူငယ်လေးတွေအဖို့ရင်သိမ့်တုန်ဖြစ်ရလွန်းပါတယ်ဆြာ။
ဖတ်နေရင်းရင်ထဲမှာတလှပ်လှပ်၊လှုပ်ခတ်ရလွန်းလို့လူပျံတော်
ပတ္တမြားသွေးဆေးတောင်ဆောင်ထားရတဲ့အထိ”

လူအကျင့်နဲ့ ခွေးအကြံ

Tin Nyunt

ဗုဒ္ဓခေတ်က ပုဏ္ဏနဲ့ သေနိယဆိုတဲ့ လူနှစ်ယောက်ရှိတယ်။ အဲဒီခေတ်က လူတွေဟာ ကိုယ့်အကျင့်နဲ့ကိုယ် ကောင်းသလိုလုပ်ပြီး ဟုတ်လှပြီထင်နေကြတာ။
ပုဏ္ဏဆိုတဲ့လူက ခွေးလိုကျင့်၊ ခွေးလိုနေ၊ ခွေးလိုစားတယ်။
သေနိယဆိုတဲ့လူက နွားလိုကျင့်၊ နွားလိုနေ၊ နွားလိုစားတယ်။
ပုဏ္ဏက မြေကြီးပေါ်ပစ်ကျွေးတဲ့အစာပဲစားတယ်။ သေနိယက မြက်စားပြီးနေတယ်။
ခွေးကျင့်ခွေးကြံ ကြံတဲ့သူနဲ့ နွားကျင့်နွားကြံ ကြံတဲ့နှစ်ယောက်ဟာ ဗုဒ္ဓထံရောက်လာပြီး သူတို့လို အကျင့်မြတ် တွေနဲ့ နေတဲ့သူတွေ သေရင် ဘယ်ရောက်မလဲလို့ လာမေးတယ်။
ဗုဒ္ဓကမဖြေပါဘူး။ ဒါပေမဲ့ ခွေးကျင့်နဲ့ နွားကြံက မရမက သုံးကြိမ်တိတိမေးမှ ဗုဒ္ဓကလည်း အားနာနာနဲ့
“မှားတဲ့ အယူရှိသူတွေရဲ့ လားရာအရပ်ဟာ နှစ်နေရာပဲရှိတယ်။ အဲဒီနှစ်နေရာကတော့ ငရဲရောက်ရင်ရောက် မရောက်ရင် တိရစ္ဆာန်ဘဝပြန်ရောက်မှာပဲ” လို့ ပြောလိုက်တယ်။

“အရောင်တင် အိပ်မက်နှင့် အနာဂတ် နိုင်ငံတော်”


အတိတ်က စနစ်ဆိုးကြောင့် လူငယ်အများစုဟာ အိပ်မက်တွေ ရေရေရာရာ မရှိခဲ့ကြသလို အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်မရဘဲ အရောင်လွင့်ပျယ်ခဲ့ရတာ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီကနေ့ အပြောင်းအလဲကာလမှာတော့ လူငယ်တွေအနေနဲ့ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်အရောင်တင်ဖို့နဲ့ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် အပျက်စီးမခံဘဲ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၁)

သစ်ထူးလွင်


Wednesday, November 18, 2015

မစားရတဲ့အမဲ သဲနဲ့ပက်ပြီ

Tin Nyunt

ရွေးကောက်ပွဲမှာ အမတ်တစ်နေရာမှမရ၊ ပြည်သူက သောက်ဂရုပြုခြင်းလည်းမခံရ၊ အရှက်ဗြန်းဗြန်းကွဲခဲ့ရတဲ့ “အမျိုးသားကွန်ဂရက်ပါတီ” က ဥက္ကဋ္ဌတာဝန်ယူထားရတဲ့ “ကောင်းမြတ်ထွဋ်” ကလည်း မစားရတဲ့အမဲ သဲနဲ့ ပက်ပြီး သမ္မတကို အာဏာသိမ်းပါတော့လို့ ပြောလိုက်ပြီဗျ။
မြန်မာ့ ဒီမိုကရေစီအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အနိုင်ရချိန်မှာ ပြည်သူတွေ ဒဏ်ခတ်လို့ အရေးမလှတဲ့ ပါတီတွေဟာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်လာတာတွေ့ရပါတယ်။ ပြည်သူတွေက တခဲနက် ရွေးကောက်ပြီး NLD နဲ့ စိတ်တူကိုယ်တူဖြစ်နေချိန်မှာ ပြည်သူတွေကို စော်ကားတဲ့ နောက် ဒေဝဒတ် တစ်ယောက် ထပ်ပေါ်လာပြန်ပြီဗျ။
နိုဝင်ဘာ ၁၅ ရက်နေ့က သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ကောင်းမြတ်ထွဋ်က
“ယခုအခါ စာရင်းအင်းတက်လာသော ရွေးကောက်ပွဲ ရလဒ်များအရ အစိုးရတရပ်ဖွဲ့နိုင်ရန် အလားလာရှိနေ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲမတိုင်မီ နှင့် ရွေးကောက်ပွဲအပြီး ပြည်တွင်းနှင့် နိုင်ငံတကာသို့ သမ္မတအထက်တွင် ၄င်းက တည်ရှိနေမည့် နိုင်ငံကို ဦးဆောင်သွားမည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၁၁)

သစ်ထူးလွင်


Tuesday, November 17, 2015

အိပ်ရေးပျက်လို့ပါ။ ။

မင်း ဒင်

၁။ ဘာတွေလဲဗျာ။
ဆန္ဒမဲအစစ်တွေနဲ့အရွေးခံထားတဲ့၊
အနိုင်ရပါတီလွှတ်တော်ကိုယ်စားလှယ်တွေကို၊
အစိုးရအဖွဲ့တောင်မဖွဲ့ရသေးခင်မှာ၊

၂။ အတွေ့အကြုံမရှိဘူး၊
မသန်စွမ်းတွေပါတယ်၊

ခွချက်

ကို ကို မိုး to 8888 NEW GENERATIONS

သိပ်လှတဲ့ စကားကွက်
ဒေါ်အောင်ဆန်းစုကြည်ဟာ
Political Science ကို အရည်ကြိုသောက်ထားသူပီပီ
သူမရဲ့ Political Play ကို မထင်မှတ်ထားတဲ့
ထောင့်ချိုးကနေ တစ်ဖက် Player အား
အလစ်ငိုက်ဖမ်း တိုက်စစ်ဆင်လေ့ရှိတာကို
တွေ့ရတတ်တယ် ...

ဘောမချင်းအနုပညာ။ (Second Edition)

Chit Ko Ko to BUMi (Burmese Uncensored Memes-i)

မေး။ ဟုတ်ကဲ့ အကို။ ကျနော်တို့ရဲ့ အနုပညာသည်အင်တာဗြူးမှာလာရောက်ပါဝင်တဲ့အတွက်ကျေးဇူးပါ။ အကို့ရဲ့နာမည်နဲ့ အလုပ်အကိုင်လေး။
ဖြေ။နာမည်ကတော့မပြောပါရစေနဲ့။ အလုပ်ကိုင်ကတော့ ကျနော်ကက အဘတွေ ဘောမတယ်ခဗျ။ ပရောဖက်ရှင်နယ်ပေါ့ဗျာ။
မေး။ ဟင်ဒါဆို အကို့အလုပ်ကဘာခက်လို့တုန်း။ အဘတွေကောင်းတယ်ပြောရင်ပြီးနေတာပဲမဟုတ်လား။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၁)

သစ်ထူးလွင်


Monday, November 16, 2015

ဘာတွေဖြစ်ကုန်ကြပြီလဲ

U Hla Win Laythuyetaoo

''နတ်ကရာကျီးမော''ဆိုတဲ့ ကျွန်တော်တို့ မွန်တွေ သုံးလေ့ရှိတဲ့ စကားပုံက တခြားလူတွေအတွက်တော့ ဘယ်လောက်မှန်တယ် … မမှန်တယ် မသိပါဘူး။
ကျွန်တော့်အတွက်တော့ လုံးဝမှန်နေပါတယ်။
ရွေးကောက်ပွဲ ၀င်တဲ့လူမဟုတ်ဘဲ ရွေးကောက်ပွဲဝင်တဲ့လူတွေ… အမတ်လောင်းအတွက် မဲဆွယ်တဲ့လူတွေရဲ့ လုပ်ရပ်တွေကိုကြည့်ပြီးကိုယ်လုပ်ရမဲ့ အလုပ်တွေကို ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။

မောင်ကောင်းဆိုတာ ဘယ်သူလဲ ..

Zaw Win Naing

ပြီးခဲ့တဲ့ ရက်က မြန်မာ့ငွေကြေး (ပိုက်ဆံ စက္ကူ) တွေရဲ့ ဓါတ်ပုံတွေကို စုစည်းထားမိသလောက် တင်ပြပေးခဲ့ပါတယ်။ … (ကျွန်တော်ကတော့ သမိုင်းအမြင်က ရှာဖွေရေးသားတဲ့ မို့လို့ ဒီနေရာမှာ ငွေကြေးတန်ဖိုး၊ ဘောဂဗေဒ ချိန်ခွင်လျှာ၊ စီးပွားရေး အယုတ်အလျော့ ..ဒါတွေကို ရေးသားမှာ မဟုတ်ဘဲ တိမ်မြိုပ်နေတဲ့ သမိုင်းကိုသာ ဖွေရှာရေးထုတ်သွားမှာ ဖြစ်ပါတယ်။)

ဝန်ထမ်းတွေ ဖတ်ဖို့

Moe Ei


အစိုးရ ယန္တရားမှာ အီလစ်ခေါ်တဲ့ မူဝါဒချမှတ်ပေးတဲ့လူတွေရယ်၊ သူတို့ မူဝါဒကို အကောင်အထည်ဖေါ်ပေးတဲ့ လူတွေရယ် နှစ်ပိုင်း ရှိပါတယ်။ ရိုးရိုးလေးပြောရရင် အစိုးရအဖွဲ့နဲ့ ၀န်ထမ်းတွေပေါ့။
အစိုးရအဖွဲ့ဆိုတာ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီးတွေပေါ့။ ၀န်ထမ်းများသည် ညွှန်ချုပ်က အစပြု အောက်ဘက်ပိုင်းတွေပါ။ အစိုးရအဖွဲ့တစ်ခု ပြောင်းရင် သမ္မတက နော်မနိတ်လုပ် ခန့်ထားသော ၀န်ကြီး ဒုဝန်ကြီးတွေ အော်တိုပြုတ်ပါတယ်။ သို့သော် ၀န်ထမ်းကို ဖြုတ်လို့ မရပါဘူး။
ဝန်ထမ်းတွေဟာ ရာထူးနေရာအလိုက် တရားဝင်ခန့်အပ်ထားတာ ဖြစ်တဲ့အတွက် ရာထူးတည်မြဲခွင့်ရှိပါတယ်။ ရာထူးအနွယ်ကို လက်ခံပိုင်ခွင့် ရှိပါတယ်။ သူတို့ကို အစိုးရပြောင်းတိုင်း ဖြုတ်လို့ မရပါဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၁)

သစ်ထူးလွင်


Sunday, November 15, 2015

ကြိုးသုံးချောင်းတော.ကျန်နေမည် သရ၀ဏ် (ပြည်)

Tharawon Pyay


ကျွန်တော် ကျွန်မတို.သည် စစ်အာဏာရှင်တွေလက်အောက်မှာနေထိုင်ရခြင်းကို ဘယ်တုန်းကမျှ မနှစ်သက်ခဲ.ပါ ဆိုခြင်းကိုမြန်မာပြည်သူများသည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ.တွင် တကမ္ဘာလုံးသို.သတင်းစကားပါးခွင်.ရလိုက်ပြီဖြစ်သည် ။
ကျွန်တော်တို. အဟောင်းတွေကိုမလိုချင်ဘူး။ ကျွန်မတို. လူဟောင်းတွေကို စိတ်ကုန်နေပြီ ။
ကျွန်တော် ကျွန်မတို. ပြောင်းလဲမှုကိုလိုချင်ပြီ။ တိုင်းပြည်ဟာ လူသစ်စိတ်သစ်နဲ.ပြောင်းလဲချိန်တန်ပြီ ။
လူဟောင်းတွေနေရာဖယ်ပေးဖို.အချိန်တန်ပြီ ။

“အတွေးမမှားကြစေချင်ပါ …”

Hlyne Toe

အခုဆိုရင်ရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ …။ တိုင်းသူပြည်သားတွေလိုချင်တဲ့ အပြောင်းအလဲကို ဆန္ဒထုတ်ဖော်ပြသခြင်းနဲ့ တာဝန်ကျေခဲ့ကြပါပြီ …။ စစ်တပ်ကြောထောက် နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီလည်း ထင်သာမြင်သာရှုံးခဲ့ရပါပြီ …။
ဒီနေရာမှာ စစ်တပ်နဲ့တသားတည်းခွဲမရတဲ့ပါတီက ရှုံးနိမ့်မှုအတွက် အချို့အချို့သောစစ်ဗိုလ်၊ စစ်သားများ။ တပ်ထွက်များက စိုးရိမ်ပူပန်သောကပွားနေကြပါတယ် …။ Facebook ပေါ်မှာလဲ တိုင်းပြည်ကိုကာကွယ်နေတာ စစ်သား၊ ကိုယ်ကြိုးစွန့်နေတာစစ်သားဆိုတဲ့ အထင်အမြင်မျိုးသက်ရောက်စေတဲ့ အရေးအသားတွေ မြင်နေ၊ တွေ့နေရလို့ ဒီစာလေးရေးမိပါတယ် …။
တကယ်တော့ ပြည်ပကျူးကျော်စစ်ကို စစ်ဗိုလ်၊ စစ်သားတွေတိုက်နေရတာမဟုတ်ပါဘူး …။ ပြည်တွင်းစစ်ပါ …။ တကယ်တွေးကြည့်ရင် ညီနောင်အချင်းချင်းတိုက်နေ၊ သတ်နေရတာပါ …။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်ဒီလောက် သက်ဆိုးရှည်နေတာကိုက တိုင်းပြည်ကိုခေါင်းဆောင်ခဲ့တဲ့သူတွေနဲ့ သူပုန် (ဒီနေရာမှာ ကျနော်သူပုန်လို့ပဲ သုံးပါတယ် …။ သူပုန်ကြီးတော့ အစိုးရဆိုတဲ့ မြန်မာစကားရှိပါတယ်။ သူပုန်ဆိုရင် Political Row ပေးရမှာမှို့သောင်းကျန်းသူလို့ သုံးတာကို မကြိုက်လို့ပါ။)

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁၁)

သစ်ထူးလွင်


Saturday, November 14, 2015

သာကူးစစ်ဆင်ရေး

Tin Nyunt

ညက နိုင်ငံတော်ပိုင်သတင်းမီဒီယာ ရုပ်သံကနေ ဒေါ်အောင်းဆန်းစုကြည်ပုံကြီးကို ထင်ရှားအောင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီင်္အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ပြီဆိုတဲ့ သတင်းကို ထုတ်ပြန် ကြေညာသွားသဗျ။
ပြန်ဝန်တို့လည်း ခုမှပဲ စိတ်ချလက်ချ ဖားနိုင်တော့တယ်ဗျာ။ ဟုတ်ကဲ့ ခင်ဗျားတို့ နိုင်ငံတော်ပိုင် မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ရုပ်ပုံနဲ့စာတွေကို နှိပ်ကွပ်ပြီး ဆင်ဆာ လုပ်ထားခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာသွားပြီပေါ့။
နဝတ/ နအဖတွေခေတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး နှိပ်ကွပ်ပြီး မှိုချိုး မျှစ်ချိုးရေးခဲ့ကြတာလည်း ခင်ဗျားတို့ အစိုးရမီဒီယာတွေပဲဗျ။ အောင်တန်းကျ ပါတယ်ဆိုတဲ့သူတွေတောင် မသုံးလောက်တဲ့ ညစ်ပတ် စုတ်ပြတ်တဲ့ စကားလုံးတွေနဲ့ အမျိုးမျိုး နှိမ်ပြီးတော့ ခေါ်ခဲ့ သုံးခဲ့ကြတာ မှတ်မိသေးရဲ့လားတော့ မသိဘူး။
ကျွန်တော် အခုတောင် အဲဒီစကားလုံးတွေကို သုံးကြည့် ရေးကြည့်ဖို့ မဝံ့မရဲဖြစ်နေသေးတယ်။ အဲဒါတွေကို အစိုးရအဖွဲ့က ကလောင်စွမ်းထက်တဲ့ ဗိုလ်တွေနဲ့ အစိုးရအလိုတော်ရိ လက်ပေးသင်ထားတဲ့ အဖိုးကြီးတွေ ပေါင်းပြီး နေ့တိုင်း သတင်းစာတွေကနေ ကလိခဲ့၊ ရိခဲ့ဆိုတာ သမိုင်းတွေပါ။ အဲဒီသမိုင်းတွေ မပျောက်သေးဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၁)

သစ်ထူးလွင်


Friday, November 13, 2015

ပေးလို့ရတာလား၊ တိုက်ယူလို့ရတာလား

Tin Nyunt

ဒီနေ့ထုတ် သတင်းစာတစ်စောင်မှာ “ဘယ်သူတွေ ဘာပဲပြောပြော မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အလှပဆုံး၊ အတောက်ပဆုံး၊ မျှော်လင့် ချင်စရာအကောင်းဆုံး အနာဂတ်တစ်ခုကို ဦးသိန်းစိန်ရဲ့ခေတ်မှာ ဖန်တီးပေးနိုင်ခဲ့တယ်ဆိုရင် မှားမယ်မထင် ပါဘူး” လို့ရေးထားတာ ဖတ်လိုက်ရပါတယ်။
ဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ “မိဘပြည်သူများခင်ဗျား” ဆိုတဲ့ လေပြေထိုးနည်း လေးနဲ့ ဘုန်းတော်ဘွဲ့ကို ချီးကျူးရေးသားထားတဲ့ စာတစ်ပုဒ်ပါ။
၁၉၇၄ လောက်ကစပြီး ဒီမိုကရေစီ တတိယလှိုင်းဒဏ်ကို အာဏာရှင်တွေ အတော်လေးခံလိုက်ရတယ်။ ဆိုဗီယက် ယူနီယံဆိုတာကြီးကို ပြိုလဲစေခဲ့တာ အဲဒီ တတိယလှိုင်းပဲဗျ။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံကိုလည်း တတိယလှိုင်းဝင်ဆောင့်လိုက်တာ အာဏာရှင် ဦးနေဝင်း လွင့်ထွက်သွားတယ်။ ဒါပေမဲ့ နောက်ထပ် အာဏာရှင် ထပ်ရောက်လာလို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအရသာကို အပြည့်အဝ မခံစားနိုင်ခဲ့ပါဘူး။
ဟန်တင်တန်ဆိုတဲ့ ပုဂ္ဂိုလ်ပြောသွားတဲ့ စကားကိုပဲ ပြန်ထောက်ပြချင်ပါတယ်။
“ဒီမိုကရေစီဆိုတာ အကြောင်းတရားများကြောင့် ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ အကြောင်းတရားကို ဖြစ်အောင် ဖန်တီးသူများကြောင့် ပေါ်ပေါက်လာတာပါ” လို့ဆိုထားသဗျ။

ရှက်ပါတယ် စိုင်းရယ်

Tin Nyunt

လားရှိုးမှာ စိုင်းမောက်ခမ်းကိစ္စကတော့ ရွေးကောက်ပွဲသမိုင်းမှာ ရုပ်အဆိုးဆုံးဖြစ်ခဲ့သဗျ။ သူများကို အာဏာရချင်လွန်းသူလို့ လက်ညှိုးထိုးတဲ့သူတွေက အာဏာကို နောက်ဆုံးထွက်သက်အထိ လက်မလွှတ်ချင် တော့ အသည်းအသန် ကြိုးစားနေလိုက်တာ ရုပ်ပျက်ဆင်းပျက်ပါပဲ။
ကျွန်တော် ဒုသမ္မတရာထူးနဲ့ တာဝန်ထမ်းဆောင်သွားတဲ့ စိုင်းမောက်ခမ်းကို လေးစားပါတယ်။ အရပ်သားဖြစ်လို့ ရယ်၊ တိုင်းရင်းသားထဲက ဖြစ်လို့နေလို့ရယ်၊ ဒေါက်တာဆိုတဲ့ ဘွဲ့ရထားပြီး တိုင်းပြည်ကောင်းကျိုး လုပ်မယ့် သူလို့ ထင်ထားတာ သူ့သက်တမ်းတစ်လျှောက်လည်းအရုပ်၊ ခုလည်း သိက္ခာကျအောင် ကလဖန်အထိုးခံလိုက် ရတာ သူ့ကိုယ်စား ရင်နာမဆုံးဘူးဗျ။
ပိုဆိုးတာက လားရှိုးရပ်/ကျေးကော်မရှင်က မြို့နယ်ကော်မရှင်ကနေ သယ်လာတဲ့ မဲပုံးကို ဝန်ထမ်းတစ်ဦးက မိတ္တူဆိုင်ကို သယ်သွားပြီးဖွင့်ဖောက်လိုက်တာဟာ သဘောရိုးနဲ့ လုပ်တာပါလို့ ပြောလိုက်တာ ပိုဆိုးသွားတယ်။ ရွေးကော်က မဲပုံးကို တိုက်ရိုက်သယ်လာရမယ်၊ တစ်နေရာရာကို မဝင်ရဘူးလို့ ဥပဒေမှ ဖော်မပြထားတာ ကြောင့် ရိုးသားစွာ မဲပုံးကို မိတ္တူဆိုင်ယူသွားပြီး ခိုးဖောက်ခဲ့တာ ပြစ်မှုမမြောက်ဘူးလို့ တာဝန်ရှိသူ တစ်ဦးက ပြောသွားပါတယ်။

တခေတ်ဆန်းတော့မည့်အချိန်တွင်၊ အားလုံးတည်ငြိမ်ကြရန်လိုပါသည်။ (မင်းဒင်)


(၁)
လွန်ခဲ့သောသုံးရက်၊နိုဝင်ဘာလ(၈)ရက်နေ့က၊မြန်မာနိုင်ငံ၏
ဆရှ့အနာဂတ်ကိုအဆုံးအဖြတ်ပေးမည့်၊အထွေထွေရွေးကောက်ပွဲကြီး
တစ်ရပ်ကျင်းပခဲ့ရာ၊လူအများစိုးရိမ်နေကြသကဲ့သို့၊ကြီးမားသော
ပြသနာတစ်စုံတရာမပေါ်ပေါက်ပဲ၊အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၁၁)

သစ်ထူးလွင်


Thursday, November 12, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၂၁

 
သို့
တူမောင်ကြီးသိန်းစိန်
ဘကြီး ဂုဏ်ယူဝမ်းမြောက်စွာနဲ့ စာရေးလိုက်ပါတယ်
ငါ့တူကြီးက သဘောထားကြီးစွာနဲ့ ရလဒ်ကိုလက်ခံမယ်လို့ ကြားတော့ ဘကြီးအနေနဲ့ ဂုဏ်ယူလို့မဆုံးပါဘူးကွယ်။
ငါ့တူကြီး သမ္မတဖြစ်တာ ၅ နှစ်တည်း ဆိုပေမယ့် အတော်ကို ပြောင်းလဲနိုင်ခဲ့ပါပြီကွယ်
ငါ့တူကြီးအနေနဲ့ ကိုယ့်လူတွေကိုယ်မနိုင်လို့ ခေါင်းကြိမ်းရတဲ့အဖြစ်က လွတ်ပြီပေါ့ကွယ်
ခွေးရူးကောင်းစား တမွန်းတည့်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်ကွယ့်။

ကျားမွေးပြီး ဓားသွေးရအောင်

Tin Nyunt

ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာနဲ့ မဲတွေပေးခဲ့သဗျ။ ခုဆိုရင် NLD ပါတီ အနိုင်ရပြီး အစိုးရ အဖွဲ့ ဖွဲ့နိုင်မယ့် အနေအထားကို ရောက်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိသမ္မတထံကို တွေ့ဆုံဆွေးနွေးဖို့ သဝဏ်လွှာပေးပို့တယ်။ ထုံးစံအတိုင်းပေါ့ဗျာ။ သမ္မတကြီးက ခေတ္တစောင့်ပါဦးပေါ့။ ဒါပေမဲ့ သမ္မတကြီးက
“နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် ပြည်သူများ၏ အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန် များအတိုင်း အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည်” လို့ ဆိုလိုက်ပါတယ်။
မနိုင်လို့ ရှုံးရတဲ့အရှုံးကို ကောင်းစွာသဘောပေါက်ပြီး ကျေနပ်စွာ လွှဲပြောင်းပေးပါ့မယ်လို့ စစ်ထွက်တွေရဲ့ ပါးစပ်က ပြောသံကြားရတာ အရသာ ရှိလိုက်တာ။ တကယ် လွှဲပြောင်းပေးတယ် မပေးဘူးဆိုတာက တစ်ပိုင်း ပေါ့။ ၁၉၉၀ ပြည့်နှစ်တုန်းကလည်း ဒီလိုပဲအသံတွေထွက်လာပြီးတော့ နောက်မှ ပြေးလို့ကောင်း တုန်း ကြိုးကို ဆောင့်ဆွဲတာ ခံလိုက်ရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၁၁)

သစ်ထူးလွင်


Tuesday, November 10, 2015

''NLD အတွက် ဘာတေးလ် လင့်တနာ (Bertil Lintner) စိတ်ပူတာ ဘာလဲ''

 ဒီမနက် မဲရုံအပြင်ဘက်မှာ ကျနော် စကားပြောခဲ့ရတဲ့ ပြည်သူအများအပြားက သူတို့ အလိမ်ခံရတော့မယ်လို့ ယုံကြည်နေကြပါတယ်။ အာဏာပိုင်တွေကပေါ့။ အဓိက ပြဿနာကတော့ အစိုးရကို ဘယ်သူမှ မယုံဘူး။ ဒါကြောင့် တကယ်လို့ အစိုးရက မှန်ကန်တာ တစုံတခုလုပ်ရင်တောင် ပြည်သူတွေက မယုံကြဘူး။ အဲဒီနောက်ကွယ်မှာ မရိုးသားတဲ့ အစီအစဉ် တခုခုရှိရမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် သူတို့ (အစိုးရ) က လိမ်တော့မယ်လို့တော့ ကျနော် တကယ်မယုံ ကြည်ပါဘူး။

အနာဂတ်တစ်ခွင်လုံးနီ

Tin Nyunt

အရှုံးကို ကျေနပ်စွာ လက်ခံပါတယ်လို့ ပြောကုန်ကြပြီ။ ဟုတ်တာပေါ့ … ကျေကျေနပ်နပ်ကို လက်ခံရမှာပေါ့။ နှစ်ပေါင်း ၅၀ ကျော် ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်ပြီး ခင်ဗျားတို့ မိသားစု ကိုယ်ကျိုးတွေရှာခဲ့တာ တစ်သက်ထိုင်စားလို့မှ မကုန်တော့တာ။ ဒီပွဲဟာ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ခင်ဗျားတို့အတွက် လာဘ် လာဘတွေ ဆက်တိုးလာမှာနဲ့ ဆက်မတိုးလာမှာပဲကွာပါတယ်။ အိပ်ထဲက လျှော့သွားစရာ အကြောင်းမှ မရှိ တော့တာပဲ။
အရှုံးကို လက်ခံလိုက်ကြပါ။ နောက်ပိုင်း အရှုံးနောက်ကွယ်က ရလာနိုင်တဲ့ နောက်ဆက်တွဲတွေကိုလည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြပေါ့။
လာမယ့် ၅ နှစ်တာကာလမှာ နောက်တက်လာတဲ့ အစိုးရဟာ အဝေးကြီးကို မကြည့်နဲ့ဦး လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလမှာပဲ မတရားမှုတွေ လုပ်ခဲ့တဲ့ အစိုးရအပေါ်မှာ သင်ပုန်းချေမလား၊ မချေဘူးလားဆိုတာ မပြောနိုင် သေးဘူးဗျ။

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁၁)

သစ်ထူးလွင်


Monday, November 9, 2015

ကျွန်မဘ၀ရဲ့ သူရဲကောင်းသို့ လွမ်းချင်း

Saw Shun May

အဖေ…..
အဖေ့ ဘ၀တစ်ခုလုံးကို ရင်းပီး ကိုယ့်လူမျိုးတွေ အတွက်ကြိုးစားခဲ့သမျှ
အဖေ လိုချင်ခဲ့တဲ့အခြေအနေ အဖေ ဖြစ်ချင်ခဲ့တဲ့ အနေအထား တစ်ခု အဖေ လိုချင်ခဲ့တဲ့ အရမ်းတောင့်တမျှော်လင့်ခဲ့တဲ့ အရာတစ်ခု အောင်မြင်ဖို့ လက်တစ်ကမ်းအလိုကိုရောက်နေပါပီ.....
ဘွဲ့ ၅ ခုလောက်ရထားတဲ့ အဖေ… ကိုယ့်နိုင်ငံထဲမှာ ကောင်းကောင်းမွန်မွန် နေခဲ့လို့ရနိုင်ပါလျှက်
မျှော်လင့်ချက်၊ ယုံကြည်ချက် တစ်ခုတည်းနဲ့ တော်လှန်ရေးလုပ်ခဲ့တယ်…

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁၁)

သစ်ထူးလွင်


Sunday, November 8, 2015

ဗိုလ်ကြီးထွန်းအုံသို့တမ်းချင်း (မင်းဒင်)


(၁)
၁၉၉၂ခုနှစ်။အပူချိန်ပြင်းထန်သောနွေနေ့လည်တခုတွင်ဖြစ်၍ ပဲခူးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ရုံးအဆောက်အဦးအပေါ်ထပ်၏ဝဲဖက်အစွန်ဆုံးအခန်း
၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး၏၊ရုံးခန်းရှေ့
တွင်ဖြစ်လေသည်။

“ဗိုလ်ကြီးခင်ဗျာ။ကျွန်တော်တိုင်းမှူးနဲ့တွေ့ဖို့ချိန်းထားလို့ပါ”
“ဟုတ်ကဲ့။ကျွန်တော်ခင်ဗျားကိုသိနေပါတယ်။ခဏစောင့်ပါဗျာ။

ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဒေါင်းစစ်သည်၏ သဘောထားတင်ပြချက်

Fighting peacock ဒေါင်းစစ်သည် 

အဆင့် ၇ ဆင့် ထည့်သွင်းထားသော ဒီမိုကရေစီရေး လမ်းပြမြေပုံနှင့်ပါတ်သက်၍ သဘောထားတရပ် ရှိသည်။
အဆင့် ၄ မှာ ဆန့်ကျင်ဖို့ ….။ အဆင့် ၄ ကို ၂၀၀၈ ခုနှစ်တွင် ကြုံရသည်။
ပြည်သူ့ ဆန္ဒပြုပွဲ …. အဆင့် ၄ မှာ ဆန့်ကျင်ဖို့အတွက် လှုပ်ရှားမှုပြုလုပ်ရင်း ပြည်တွင်း၊ ပြည်ပ လူမျိုးစုံ စတင် စုစည်းနိုင်ခဲ့ကြသည်။
ပြည်သူ့စုစည်းမှုက အားကောင်းမောင်းသန်။ လူမျိုးစုံ ပြည်သူတို့၏စုစည်းခြင်း အားကောင်းမောင်းသန်ဖြစ်မှုများက တိုးပွားသထက် တိုးပွားလာသည်။
ဒီမှတဆင့် လူမျိုးစုံ ပြည်သူ့အင်အားစုစည်းရေးဆိုသည့် အယူအဆတရပ်ပေါ်ပေါက်လာသည်။ လူမျိုးစုံ ပြည်သူ့အင်အားစုစည်းရေးဆိုသည့် အယူအဆကို
ဒေါင်းစစ်သည်က အားပေးသည်။ နှစ်တချို့ကို ဖြတ်ပြီးသော ယခုအခါတွင် လူမျိုးစုံ ပြည်သူ့အင်အားစုစည်းမှုကို စတင်တွေ့ရှိနေရပြီဖြစ်သည်။
Related Posts Plugin for WordPress, Blogger...