Thursday, December 31, 2015

#‎ပုခက်လွှဲသောခင်ကြည့်လက်‬



ခင်ကြည်လေ
မောင်စစ်သားကြီးကိုဆုံးရှုံးခံရပြီးထဲက
ဘာမဆို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားတာရှင့်
ခင်ကြည့်မှာ ခင်တွယ်စရာဆိုလို့ သားနဲ့သမီးရယ်
မောင်ခေါင်းချသွားတဲ့ ဗမာပြည်ရယ်ပဲရှိတာပါ

ဒီနေ့ အကြိုက်ဆုံး Post

Myo Thet Swe

" တောက်... ကွာ "
" ဘကြီး.. ဘာဖြစ်နေတာတုန်းဗျ၊ တက်တွေဘာတွေခေါက်လို့ပါလား "
" လွှတ်တော်အမတ်ပြုတ်တွေ ပင်စင်တောင်းတယ်ဆိုတဲ့ကိစ္စပေါ့ကွာ "
" အဲဒါ ဘာဖြစ်လို့တုန်းဗျ၊ ပေးသင့်တယ်မဟုတ်ဘူးလား "
" ဟ.. သောက်သုံးမကျလို့ အိမ်ပေါ်ကနှင်ချပါတယ်ဆိုမှ အမွေတောင်းချင်လို့ရမလားကွ "
" သူတို့လည်း ငါးနှစ်တောင် တာဝန်ကြီးတွေ လုပ်ထားခဲ့ကြတာပဲဗျာ၊ ဆုကြေးအနေနဲ့တော့ ပေးသင့်ပါတယ်

သစ်ထူးလွင်သတင်းစုစည်းမှု (၃၀-၁၂)

သစ်ထူးလွင်


Friday, December 25, 2015

‪#‎ABSDF‬ အတွင်းရေးများဖွင့်ချခြင်း

 ''၁၉၈၈ နိုဝင်ဘာလ ၅ရက်နေ့တွင် အေဘီအက်စ်ဒီအက်ဖ်ကို ဖွဲ့စည်းခဲ့စဉ်က မိမိကိုယ်ကျိုးမပါဘဲ တိုင်းပြည်အတွက် မိမိအသက်ကိုပင် ပေးဆပ်ဖို့ရန်ကတိပြုခဲ့သော ကျောင်းသားခေါင်းဆောင်များသည် ၁၉၉၁ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိလာသောအခါ ဒီမိုကရေစီတော်လှန်ရေးအပေါ် သစ္စာရှိရေးထက် မိမိနေရာရရေးကိုသာ စောင်းပေးသည့်သူများ ဖြစ်လာခဲ့သည်မှာ ပျက်စီးခြင်းကို ဦးတည်စေခဲ့သည်။ "

သမ္မတတာဝန်လွှဲပြောင်းရေးကို သမ္မတအိမ်တော်၌ ကျင်းပရန် ဆွေးနွေး

Nainglin AungFollow

မကြာခင် လွှဲပြောင်းပေးအပ်မည့် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေးကို လက်ရှိသမ္မတအိမ်တော်၌ ကျင်းပရန် အစိုးရအဖွဲ့နှင့်အန်အယ်လ်ဒီအသွင်ကူးပြောင်းရေးအဖွဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲတွင် ဆွေးနွေး ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က Friday Times သို့ပြောကြားသည်။

ကျွန်ုပ်တို့ အဘယ့်ကြောင့် ပျော့ညံ့ခဲ့ကြသနည်း

အနုရက္ခိတ
Byဗညားလှိုင်ဦး
On Thu, 2015-12-24 06:30Issue No.No.957 Thursday, December 24, 2015
မကြာမီမှာ ၂၀၁၅ ဆို တဲ့ နှစ်ဟောင်းကို ထားရစ်ခဲ့ပြီး ၂၀၁၆ ဆိုတဲ့နှစ်သစ်ထဲကို ကူးပြောင်းဝင် ရောက်တော့မှာ ဖြစ်ပါတယ်။ နှစ် သစ်ကိုရောက်ရှိတိုင်း ကမ္ဘာပေါ် မှာရှိတဲ့ လူသားအားလုံးဟာ အ သက်တစ်နှစ်ပိုကြီးလာကြသလို အတွေ့အကြုံ၊ အတွေးအခေါ် တွေလည်း ပိုမိုရင့်ကျက်လာကြ မှာ ဖြစ်ပါတယ်။

သေဒဏ်မတရားစီရင်မှုနှင့်ပတ်သက်ပြီး ၈၈ ပွင့်လင်းသဘောထားထုတ်ပြန်


အစိုးရ ဘာလုပ်သင့်သလဲ

BrainWave ဉာဏ်လှိုင်း

ဒီနေ့ ထိုင်းတရားရုံးကနေ လိပ်က္ဈန်း လူသတ်မှု နဲ့ ပါတ်သက်ပြီး စွပ်စွဲထားတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး ဖြစ်တဲ့ ဇော်လင်း နဲ့ ဝေဖြိုး တို့ကို သေဒဏ် စီရင်ချက် ချလိုက်ကြတယ်။
အမှနိတကယ် အပြစ်ကျူးလွန်မှု ရှိမရှိ ဆိုတာ.ဘယ်သူမှ အတိအကျ မပြောနိုင်ခဲ့တဲ့ အမှုမျိုး ရောက်သွားခဲ့ရပါတယ်။ ဒါဟာလည်း ထိုင်း ရဲ တပ်ဖွဲ့နဲ့ တရားရုံးစနစ်ရဲ့ အမှုကို အလွဲလွဲ အချောချော ကနဦးကတည်းက ကိုင်တွယ်ခဲ့လို့ ဖြစ်ပါတယ်။

လူငယ်တွေ ၂၀၁၅အလွန် ပြင်ဆင်ထားဖို့


ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး အခု အစိုးရသစ်ရယ်လို့တောင် မဖွဲ့ရသေးတဲ့အချိန်မှာကိုပဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးထပ်ဝင်လာဖို့ တာစူနေကြတာကို တွေ့ရမှာပါ။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဒီထက် ပိုဝင်ဆံ့လာဖို့ ရှိနေပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေ များလာတော့မဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုတွေက ကပ်ပါလာတော့မှာပါ။
ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

Thursday, December 17, 2015

နိုင်သူကအမှိုက်ကောက် ၊ ရှုံးသူကတိုက်ဆောက် ၊ ပြည်သူမှာဗိုက်မှောက် သရ၀ဏ်(ပြည်)

Tharawon Pyay


အင်္ဂလိပ်ဘာသာစကားတွင် Winner Takes All (နိုင်တဲ.လူအကုန်ယူသည် ) ဟူသောစကားပုံရှိသည် ။ မြန်မာနိုင်ငံမှာတော. နိုင်တဲ.သူအကုန်မယူနိုင် ။ ရွေးကောက်ပွဲတွင် အနိုင်ရသူများ၏  ပထမ ဆုံးဆောင်ရွက်ကြမည်.လုပ်ငန်းစဉ်သည် အမှိုက်ကောက်ဖို.ဟူသော စကားကိုကြားရတော. အားလုံး အံ.သြသွားကြသည် ။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ ခဲ.ကြသော  အောက်မြန်မာပြည်မှ လွှတ်တော်ကိုယ်စားလှယ်များကို အမှိုက်ကောက်ကြရမည်ဟု ညွှန်ကြားချက်ပေးလိုက်သောအခါ ပြည်သူလူထုဘက်မှဝေဖန်သံများသောသောညံသွားလေသည် ။

အဆီကိုစား အသားကိုယူ အရိုးတောင်မကျန်တဲ့ဘဝ

Tin Nyunt

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်နှစ်ဆက်အောက် ကျရောက်ခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပထမ စစ်အာဏာရှင်ခေတ် ဖြစ်တဲ့ တော်လှန်ရေးကောင်စီခေတ်မှာ နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တွေကို “ဆိုရှယ်လစ်ခေတ်” ထူထောင်သယောင်နဲ့ အားလုံး ဖျက်ဆီးပြီး ဆိုရှယ်လစ်လူ့ဘောင်ထူထောင် လိုက်ကြပါတယ်။ ပြီးတော့မှ ဗိုလ်နေဝင်းတို့က ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်းကပဲ လုပ်ခိုင်းခဲ့ သယောင် ပြည်သူတွေကို မျက်စိလည်အောင် ပြောခဲ့ကြတယ်။
ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုပြီး ဗိုလ်နေဝင်းနဲ့ အပေါင်းအပါတွေ လုပ်လိုက်တဲ့အထဲမှာ “ပြည်သူပိုင်သိမ်းခြင်း” ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ခေတ်ပေါင်းများစွာ နောက်ပြန်ဆုတ် သွားစေတဲ့ အချက်ပဲ။

သင်္ကမနဗေဒ ရဲ့ သွားရာလမ်း (၃)

Nyo Tun·


သင်္ကမနဗေဒ (ဝါ) ဒီမိုကရေစီ အကူးအပြောင်းဗေဒ မှာ ပညာရပ်ရဲ့ အတွေးအခေါ်ဆိုင်ရာ အခြေံမူဘောင် မှာကိုက ချွတ်ချော်မှားယွင်းနေတဲ့ အချက်ငါးချက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ပထမတချက်ကတော့ ကိုယ့်ဟာကိုယ် ‘ဒီမိုကရေစီ’ တံဆိပ်ကပ်ပြီး ဘာမဆိုကို ဒီမိုကရေစီ ဖြစ်စဉ် ဆိုပြီး လုံးချတဲ့ ကိစ္စ ဖြစ်တယ်။ ဒုတိယတချက်ကတော့ တခြားမဟုတ်ပါဘူး၊ ကျနော် မကြာခဏ သတိပေးခဲ့တဲ့၊ ‘၂၀၈၄’ မှာလည်း ဖော်ပြခဲ့တဲ့ sequencing အယူအဆပါ။ သမိုင်းဆိုတာ မဟာ့မဟာ အဆင့်ကြီးတွေ တဆင့်ပြီး တဆင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်တယ်ပေါ့။ ကမ္ဘာလောကကြီး တခုလုံးရဲ့ ဘာမဆိုဟာ သမိုင်းကြီးရဲ့ နောက်ဆုံးအဆင့်ကို ရောက်ကို ရောက်ရမှာပဲပေါ့။
သည် ဒုတိယအယူအဆ က ဘယ်လိုပြောလဲဆို ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်တွေဟာ အဆင့်လိုက် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး အရာရာဟာ ရှင်းလင်းလို့သာ လာသွားမှာ ဖြစ်တယ်။

ဦးတေဇ အကြောင်းတစေ့တစောင်း (အားဝင်းအဗွိုင်း ရေးသည်)

လူ ပျို ကြီး to 8888 NEW GENERATIONS

တေဇ (ဦးတေဇ)သည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။ ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

Sunday, December 13, 2015

ဒင် ထရပ်အင်အန်ကယ် နှင့်အုတ်ကျင်းအလွန်ညတစ်ည (မင်းဒင်)

မင်း ဒင်


(တစ်)
(၂၀၁၅)နိုဝင်ဘာရွေးကောက်ပွဲအပြီးသတ်ရလာဒ်များထွက်ပေါ်လာချိန်မှစ၍၊
ယူကြုံးမရအပူလုံးကြွကာ၊စားမဝင်အိပ်မပျော်ရှိခဲ့သောကျွန်ုပ်သည်
၊တောင်ကြံမြောက်ကြံပူပန်ရင်း၊အိပ်၍မပျော်သောညများကိုဖြတ်ကျော်နေ
ရသည်မှာ၊ကြီးစွာသောဒုက္ခဆင်းရဲခြင်းပေတည်း။
လွန်ခဲ့သောဆယ်ရက်ခန့်၊တစ်ခုသောညတွင်မူ၊စက်လည်းပျော်ပါနိုင်သော
ကျွန်ုပ်သည်အိပ်ခန်းပြူတင်းဝဆီမှနေ၍ ထက်ကောင်းကင်တွင်
ထိန်ထိန်သာလျက်ရှိသည့်ဖိုးလမင်းကြီးကိုငေးမျှော်ကြည့်နေစဉ်၊

ဥပဒေချိုးဖောက်သော ကျောင်းသားနှင့် တောင်သူလယ်သမားများကို ထိရောက်စွာအရေးယူရန် တပ်မတော်သားကိုယ်စားလှယ် တိုက်တွန်း

 

7 day Daily| မန္တလေးသတင်း
မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၅-၁၆ တွင် မှုခင်းဖြစ်ပွားခဲ့မှု အခြေအနေအရ တရားဥပဒေ စိုးမိုးမှုအားနည်းနေသေးပြီး လူစုလူဝေး ပြုလုပ် ကာဥပဒေကိုချိုးဖောက်သည့် ကျောင်းသား များ နှင့် တောင်သူလယ်သမားများ ကိုလည်း ထိရောက်စွာ အရေးယူရန်လိုအပ်နေကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးကျော်နိုင် ကပြောသည်။

အသံတွေကြားလာရပြီ

Tin Nyunt

ကမ္ဘာပေါ်မှာ ဥပဒေပညာတတ်ရန် ဉာဏ်ရည်အမြင့်မားဆုံးလိုအပ်ပေမယ့် မြန်မာနိုင်ငံမှာ ကတော့ ဉာဏ်ရည် အမြင့်မားဆုံးမလိုဘူးဆိုတဲ့ ဆန့်ကျင်ဘက် အတွေးအမြင်တွေဖြစ်နေ တယ်ဆိုတဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ် တော် တရားစီရင်ရေးကော်မတီက အစီရင်ခံစာ ထုတ်ပြန်လိုက်တယ်လို့ သိလိုက်ရပါသဗျာ။
ထူးထွေသည့် အံ့ရာသော် တိုင်းပြည်ပါပဲ။ တရားစီရင်ရေးကို စစ်ဗိုလ်တွေ အာဏာသိမ်းပြီး ဆိုရှယ်လစ်နိုင်ငံ ထူထောင်ကတည်းက လမ်းဘေးကလူတွေကို တရားသူကြီးခန့်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကို ပြက်ရယ်စရာ လုပ်ခဲ့တာကနေ ပြန်ပြီးတော့ အစကောက်ကြ ရအောင်လားဗျာ။

Monday, December 7, 2015

" သူခိုးဖမ်းပွဲ၊ ဆရာအောင်သင်းရဲ့ စိန်ခေါ်မှုနဲ့ သမ္မတရဲ့ သေတ္တာနှစ်လုံး " မောင်သာချို

Mgchan Khayan Pyar

(တစ်)
တစ်ခါက စာပေဟောပြောပွဲ စင်မြင့်ကြီးတစ်ခုပေါ်တွင် နာမည်ကျော်
စာရေးဆရာကြီး တောင်တွင်းက ဆရာအောင်သင်းတစ်ယောက်
မည်သည့်စိတ်ကူးတွေများ ပေါ်ပေါက်သွားခဲ့လေသည်မသိ၊ ထိုစဉ်က
တန်ခိုးအာဏာကြီးမားသူ ပုဂ္ဂိုလ်ကြီးတချို့၏ နာမည်များကို ထုတ်ပြော
ကာ စိန်ခေါ်မှုများကို ပြင်းပြင်းထန်ထန်ကိုပင်လျှင် လုပ်ပါလေသည်။

အမြန် ဖြေရှင်းရတော့မည့် စီးပွားရေး အခက်အခဲများ

 ကာချုပ်နဲ့ သမ္မတတို့နဲ့ ပြီးခဲ့တဲ့တွေ့ဆုံပွဲမှာ အာဏာကို ရက် ၉၀ အတွင်း လွှဲပေးမယ်လို့ဆိုကြောင်း ဦးတင်ဦးက RFA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားပြီး တာဝန်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး လွှဲပေးရင် အကောင်းဆုံးလို့ ဆိုပါတယ်။ အခုလက်ရှိ လွှတ်တော်နဲ့ အစိုးရမှာ ဘာမှ ထိထိရောက်ရောက် ဥပဒေတွေလည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိသော်လည်း တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြသနာက အလိုက်ကမ်းဆိုးမသိဘဲ ရွာတော့မယ့်မိုးလို တိမ်ဆိုင်တိမ်ရိပ်များပမာ တရိပ်ရိပ် တက်လာနေပါပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁၂)

သစ်ထူးလွင်


Sunday, December 6, 2015

Attitude-Pollution Nation (စိတ်ထား ညစ်ညမ်းမှု့သင့် နိုင်ငံတော်)

 

နိုင်ငံတစ်ခု တွင် အရေးကြီးဆုံး လိုအပ်ချက် က
ဘယ်အရာဖြစ်နိုင်မလဲ ?။
ကျွန်တော့်အမြင် သက်သက်က တော့
Human Resource ဆိုတဲ့ လူ့အရင်းအမြစ် လို့ပဲထင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ အရင်က သယံဇာတတွေ ပေါ်တဲ့ နိုင်ငံပါ ။ ဒါပေမဲ့ အခုချိန်မှာ အားလုံးသိတဲ့ အတိုင်းပါပဲ ။

နေရာမှားနေသူများ

Tin Nyunt

ခုတစ်လော ဆိုရှယ်လစ်ခေတ် အာဏာရှင် ဦးနေဝင်းက သမ္မတအထက်မှာ ပါတီဥက္ကဋ္ဌကြီးနေရာယူထားလို့ သမ္မတ ထက်ပိုပြီး ကြီးမြတ်တယ်ဆိုတဲ့ ဖွတတစကားတွေကို မဲရှုံးပြီး ၁၀ သိန်း ဆုံးရလို့ ကြိတ်မနိုင်ခဲမရ၊ ခဲလေသမျှ သဲရေကျဖြစ်ရသူတွေရဲ့အသံ ကျယ်လောင်လောင် ဖြစ်လာတာတွေ ကြားရသဗျ။
ဆိုရှယ်လစ်ခေတ်က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းကို သမ္မတကြီး ဦးစန်းယုက လာကြိုရတာကို ဗာရာဏသီချဲ့ပြီး ပြောနေကြတာပါ။ အဲဒီအသံ ဦးနေဝင်းခေတ်နဲ့ ဦးနေဝင်း မွေးစားသားတွေခေတ်က အသံတစ်သံမှ မထွက်၊ မပြောရဲဘဲ ခုမှ အဲဒါကိုကြည့် အာဏာရှင်ခေတ် ပြန်ရောက်လာတော့မယ်လို့ ခြိမ်းခြောက်နေကြတာ။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်မှာ ရှိနေမယ်ဆိုတဲ့စကားက ပါးပါးလေးပစ်သွင်းလိုက်တာ။ အဲဒါကို သမ္မတအထက်မှာရှိနေရင် အာဏာရှင်ပေါ့လို့ တိမ်တိမ်လေးတွေးလိုက်တာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ခွမ်ခွမ်လက် … ခွက်ခွက်လန် ရှုံးသွားတဲ့သူတွေ။ ဘာတဲ့ သေခါနီးတစ်ယောက်က “ရွေးကောက်ခံ အာဏာရှင် စနစ်” ဆိုပြီးတော့တောင် ထကြောင်လိုက်သေးတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၁၂)

သစ်ထူးလွင်


Saturday, December 5, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၂)

သစ်ထူးလွင်


Thursday, December 3, 2015

ဒရိုင်ဘာရွေးပွဲ

Tin Nyunt

မှတ်တိုင်မှာ ကားတစ်စီး ရပ်ထားသဗျ။ ကားအသစ် အကောင်းစား။ လူတွေလည်း အစုံအညီရောက်နေပြီ။ ကားထွက်ချိန်လည်း ဖြစ်နေပြီ။ ဘယ်မှာလဲ ဒရိုင်ဘာ ..
“ဒရိုင်ဘာ … ဒရိုင်ဘာ … ဘယ်မှာလဲ … ဒရိုင်ဘာ”
လူတွေ ဆူပွက်နေတယ်။ အချိန်လင့် .. နေမြင့်နေပြီကော။
“ဟာ … နောက်ကျနေပြီ။ အချိန်မီ မရောက်ရင် ဒုက္ခပဲ”
လူတွေက တွတ်ထိုးပြီးညည်းနေကြတယ်။ ဒရိုင်ဘာပျောက်နေချိန်မှာ အော်သူအော် … ဆဲသူဆဲ … ဒုက္ခပဲလို့ ဒိုင်ခံပြော နေသူတွေလည်းရှိကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက်က ရှေ့ထွက်လာပြီး
“ကျွန်မ .. ကားမောင်းတတ်တယ် .. ကျွန်မ မောင်းသွားမယ်။ ရှင်တို့အထဲမှာ မောင်းတတ်သူရှိသလား။ ရှိရင် ထွက်လာပါ။ ကျွန်မတို့ ကားကို မောင်းသွားကြမယ်။ ဒရိုင်ဘာမရှိလို့ ကားကို ဒီအတိုင်းရပ်ထားရမယ်ဆိုတာ ကတော့ မဖြစ်သင့်ဘူး”

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၂)

သစ်ထူးလွင်


Wednesday, December 2, 2015

အချောင်သမား ( မင်းဒင်)


လွန်ခဲ့သောအနှစ်လေးဆယ်ကျော်အချိန်၊အညာအရပ်မှရန်ကုန်မြို့ကြီးဆီသို့
အရောက်တွင်၊တောင်တန်းငယ်တခုစာမျှကြီးမားသောဧရာမအမှိုက်ပုံကြီးကို
ကျွန်တော်မြင်သော်၊ဘုရားတမိသည်အထိ၊အံ့သြတုန်လှုပ်သွားခဲ့ရဖူးလေသည်။
ထိုအမှိုက်ပုံကြီးသည်အလုံမြို့နယ်တွင်ရှိခဲ့ဖူး၏။ကျွန်တော်စီးနင်းလိုက်ပါ
လာသည့်ဘတ်စ်ကားသည်ထိုအမှိုက်ပုံကြီး၏ဘေးမှဖြတ်သန်းမောင်းနှင် သွားသည့်အခါတိုင်း၊ဆိုးဝါးသောအနံ့အသက်ကြီးသည်ခရီးတာအတော်ရှည်မျှ လိုက်ပါနံစော်နေတတ်သည်ကိုလည်းယခုတိုင်အမှတ်ရနေဆဲဖြစ်သည်။

အများ အကြိုက်ကို ပါးရိုက်လိုက်ခြင်း

Soe Win
 
 ခပ်စပ်စပ် ပြောစရာလေးတွေ ရှိလို့ ကမ္ဘာကျော် ရုရှားကဗျာဆရာကြီး မာယာကော့စကီးရဲ့ခေါင်းစဉ် တပ်လိုက်ရတာပါ။ မောင်ကမ္ဘာတို့ တိုင်းပြည်ရဲ့ ‘သမိုင်းတွင် ရွေးကောက်ပွဲကြီး’ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးပါပြီ။ ပြည်သူတွေ မျှော်လင့်ခြင်းကြီးစွာ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ ပါတီကြီးက အနိုင်ရသွားတာ ကမ္ဘာသိပါ။ အဲသမှာ အများအကြိုက်ကို ပါးရိုက်ခံရတဲ့ ကိစ္စကြီး ပေါ်လာတာပါပဲ။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ အသည်းကျော် အမေစု၊ မစု၊ အန်တီစု၊ ဒေါ်စု စသဖြင့် ချစ်ခင် အားကိုးခြင်း ခံရတဲ့ ‘လေဒီကြီး’ ဟာ ခြေ/ဥ ပုဒ်မ-၅၉(စ)အရ သမ္မတဖြစ်ခွင့် မရှိတာက စတာပါပဲ။

(((လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံ အရှုံးခံ၍ မီးပေးနေရသည့် အကြောင်းရင်း)))

Thein Win

(၁) မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော် ဖြင့် တည်ဆောက်မည်ဖြစ်ရာ ဘဏ်အတိုးနှုန်းမှာ ၄ဒသမ၅ ရာခိုင်နှုန်းရှိပြီး အိန္ဒိယ နိုင်ငံမှ ၁ဒသမ၅ရာခိုင်နှုန်း၊ ကမ္ဘာ့ ဘဏ်/အာရှဖွံ့ဖြိုးရေးဘဏ်/ဂျပန်နိုင်ငံတို့မှ ၁ရာခိုင်နှုန်းမှ၂ရာခိုင်နှုန်း အတွင်း သာရှိသည့် အတိုးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဘဏ်တိုးနှုန်း ၃ရာခိုင်နှုန်း ခန့်ပိုများနေသည်။

သူ့လူကိုယ့်ဘက်သား သရ၀ဏ်(ပြည်)

Tharawon Pyay


၂၀၁၆ နှစ်ဆန်းပိုင်းတွင်တက်လာမည်. အစိုးရအတွက် စိမ်ခေါ်မှုများစွာ ၊ အခက်အခဲများစွာကစောင်.ကြိုနေသည် ။ ထိုအခက်အခဲများထဲမှတခုမှာ အစိုးရယန္တယားအတွင်း ယခင်အစိုးရမှ ထည်.သွင်.မြှုပ်နှံသွားသည်. ပဉ္စမံတပ်သားများဖြစ်သည် ။ ထိုပဉ္စမံတပ်သားများသည် အသွင်အမျိုးမျိုးဖြင်. နေရာယူထားပြီးဖြစ်သည် ။ အစိုးရအဖွဲ.အတွင်း ပထမဆုံး ခြေကုပ်ယူသွားပြီးသော ရာထူးနေရာများမှာ ရွေးကောက်ပွဲမတိုင်ခင် ခုနစ်လခန်.ကမှအချိန်ကိုက်ခန်.အပ်ခဲ.သည် အမြဲတန်းအတွင်းဝန် ( Permanent Secretary ) ဟူသောရာထူးဖြစ်သည် ။ ထိုရာထူးသည် ဒုဝန်ကြီး၏အောက်တစ်ဆင်. ၊ ညွှန်ကြားရေးမှူးချုပ်၏အထက် ဖြစ်သည် ။ ညွှန်ကြားရေးမှူးချုပ်၏ရာထူးမှာ တစ်လလျှင် ကျပ်ငါးသိန်းရပြီး ၊ အမြဲတန်းအတွင်းဝန်၏လစာမှာတလလျှင်ကျပ်ခုနစ်သိန်းဖြစ်သည် ။ ထိုအမြဲတမ်းအတွင်းဝန်ရာထူးသည် အင်္ဂလိပ်ခေတ် နှင်. ဦးနု၏ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တွင်ပါ ကျင်.သုံးခဲ.သောရာထူးဖြစ်ပြီး ၁၉၆၂ ခုနှစ် ဦးနေ၀င်းဦးဆောင်၍ တပ်မတော်မှအာဏာသိမ်းအပြီးတွင် ဖျက်သိမ်းခဲ.သောရာထူးဖြစ်သည် ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၁၂)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...