Saturday, January 30, 2016

စစ်ဆရာဝန်တွေ .. အရပ်ဘက် ပြောင်းတဲ့ ကိစ္စ

 
အခုရက်ပိုင်း စစ်ဆရာဝန်တွေ .. အရပ်ဘက် ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး .. ရဲမိုး တို့အဖွဲ့တွေ .. တော်တော်လေး အသံ ထွက်နေ ကြတယ် ..
......
ကျွန်တော် သူငယ်ချင်းထဲမှာ စစ် ဆရာဝန် တွေလည်း ရှိသလို .. အရပ်သား ဆရာဝန်တွေလည်း ရှိကြတော့ .. မည်သူကိုမှ ဘက် မလိုက်ဘဲ .. အမှန်တရားကို အခြေခံပြီး .. နည်းနည်းပြောပရစေ ...

.......
ရဲမိုး တို့ ပြောနေကြတာက .. ဝေးသီခေါင်တဲ့ နေရာဒေသ တွေကို ဆရာဝန်တွေက .. မသွားချင်လို့ .. တပ်မတော်သား ဆရာဝန်တွေက .. အနစ်နာခံပြီး သွားရောက် .. တာဝန်ထမ်းဆောင် ပေးမှာပါတဲ့ ...
.....
အမှတ်တမဲ့ ဆိုရင်တော့ .. သူ ပြော တာလေးက လူပြိန်းကြိုက် .. ပေးဆပ် သလိုလို ဘာလိုလိုနဲ့ ...
.......
ဒါပေမယ့် သေချာစဉ်းစား ကြည့် မယ်ဆို .. လက်ရှိ စစ်တပ်က အရာရှိတချို့ နှင့် အဘ တော်တော် များများက .. Reason နှင့် Solution .. ကို သေချာ မကွဲကြတာ .. သတိထားမိတယ် ..
..........
ပြသနာတခုကို ..အကြောင်းပြချက်ပေါင်းစုံ .. ဆင်ခြေတွေနဲ့ ဖြေ ရှင်းမှာလား .. ဒါမှမဟုတ် အဖြေ တခုထွက်တဲ့အထိ .. အမှန်တရားကို အခြေခံပြီး .. ဖြေရှင်းမှာလား ..
...........
ရဲမိုး တို့ ပြောနေတာတွေကို .. ပြန်မငြင်းဘဲ သူတို့ ပြောတဲ့ အတိုင်း .. လိုက်စဉ်းစား ကြည့်တယ် ..
...........
ဝေးသီခေါင်တဲ့ ဒေသတွေကို .. အရပ် သား ဆရာဝန်တွေ ဘာ ကြောင့် .. မသွား ချင်ကြတာလည်း ..
.............
ရှင်းပါတယ် ပေးတဲ့ လစာနဲ့ .. ဘယ် လိုမှ ရပ်တည်လို့ မရတဲ့ အတွက် .. မသွားချင်ကြတာပါ ...
........
ဒီနေရာမှာ လူတိုင်း မသွားချင်ကြတာ မဟုတ်ပါဘူး .. ကိုယ်သဘောနဲ့ကိုယ် လူမသိ သူမသိ သွားနေကြတဲ့ ဌာနပေါင်းစုံက .. ၀န်ထမ်းတွေ အများကြီးရှိတာ .. မမေ့ပါနဲ့ ...
........
ချင်းပြည်မှာဆို .. တောင်ပေါ်ဒေသက ရွာတွေသွားဖို့ .. ဆိုက်ကယ် ကယ်ရီ ခက .. တစ်သိန်းခွဲ နှစ်သိန်း အထိ ပေးရပါတယ် ..
.....
ဆရာဝန် တယောက် လစာက .. ဘယ်လောက်ရပါလည်း ...
................
ထပ်စဉ်းစားသင့်တာက .. စစ်ဆေးက ဆရာဝန်တွေ ..ကျောင်းစတက်ထဲက .. နိုင်ငံတော် စရိတ်နဲ့ အဆောင်ခ ပေးစရာမလို၊ လကုန်ရင် ထိုက်သင့်တဲ့ .. လစာတခုရပြီး .. စာသင်ဖို့ သွားရင်တောင် .. ပိုက်ဆံ မပေးရတဲ့ . ဖယ်ရီကားလေးနဲ့ .. သွားလို့ ရတဲ့ အချိန်မှာ ...
.........
အရပ်ဖက် ဆရာဝန်တွေ .. ဘယ်လိုကျောင်းတက် ခဲ့ရလည်း ...
............
ငါတို့လည်း ပိုက်ဆံကုန်တာပါဘဲလို့ .. ခံမငြင်းပါနဲ့ ..
..................
ဆေးကျောင်းတက်နေတဲ့ ..ကျွန်တော့် ညီဝမ်းကွဲလေး တယောက်တောင် .. ဆယ်တန်းကျောင်းသားတွေကို .. ကျူရှင်ပြ ဂိုက်လုပ်တဲ့ ပိုက်ဆံနဲ့ .. ဆေးကျောင်း တက်ခဲ့ ရတာပါ ...
...............
ကျောင်းပြီးလို့ စစ်ဆရာဝန်တွေ .. အလွယ်တကူ ဆရာဝန်ဖြစ်သွားတဲ့ အချိန်မှာ .. အရပ်ဖက်က ဆရာဝန်တွေ .. ဆမ စောင့်အုန်း .. လုပ်ငန်းခွင်ဝင်ဖို့ စောင့်အုန်း .. နောက်ဆုံး အားလုံးရတော့ ..
.......
ဆရာဝန် လုပ်ဖို့ ဖေါင်ကြီးမှာ .. ဘယ်ညာ သွားလျှောက်ပြီး .. တိုင်ပတ်ကောင်းနေတဲ့ အချိန်မှာ .. စစ်ဆရာဝန်တွေက အထူးကု ဖြစ်ဖို့ တာဆူနေပြီ ...
.......
အထူးကုဖြစ်ဖို့ အတွက် .. ဆက် ကြိုးစားတဲ့ နေရာမှာ .. စစ်ဆရာဝန် နှင် အရပ်ဆရာဝန် .. ဘယ်သူ တွေက .. အထူးကု ဆရာဝန် ဖြစ်ဖို့ .. ပိုပြီး လွယ်ကူလည်း .. ဘာကြောင့် ဒီလိုဖြစ်ရတာလည်း ..ဒါဖြစ်သင့်တယ်လို့ ထင်လား ..
.............
နောက်ဆုံး စဉ်းစားကြည့်ဗျာ .. ခဲရာခဲစစ် ကြိုးစားလာပြီး .. ဆရာဝန်ဖြစ်လာ တဲ့အချိန်မှာ .. တာဝန်ကျတဲ့ နေရာဒေသတွေမှာ .. ကိုယ့်ဝန်ထမ်းတွေအဆင်ပြေအောင် .. ကိုယ့်ဌာနက မကူညီနိုင်တာ .. တိုင်းပြည်ဆင်းရဲ လို့ ဆိုတဲ့စကားနဲ့ .. လက်ခံ ပေးလို့ ရပါတယ် ....
................
ဒါပေမယ့် .. ဒီလောက်ဆင်းရဲတဲ့ တိုင်းပြည်မှာ .. တရားဝင်လာစာ နှစ်သိန်း၊ သုံးသိန်းနဲ့ .. သိန်း သောင်းနဲ့ချီ ချမ်းသာတဲ့ .. စစ်ဗိုလ် တွေ ရှိနေတာတော့ .. ရှေး ကုသိုလ်ပေါ့ဗျာ ......
................
ဘာဘဲဖြစ်ဖြစ် .. ကိုယ်ဝန်ထမ်းတွေ ဝေးသီခေါင်တဲ့ .. ဒေသတွေမှာ စားရေး သောက်ရေး ခက်ခဲပြီး .. လစာမလောက်မငှ ဖြစ်နေတာကို .. မကူညီ မစောင့် ရှောက်ပေးတဲ့ အပြင် ..
......
မင်းတို့ မသွားလို့ .. စစ်တပ်က ဆရာဝန်တွေ ခေါ်ရပါတယ်ဆိုတဲ့ စကားဟာ .. ဘယ်လောက် တာဝန် မဲ့ပြီး ... ရှက်ဖို့ကောင်းလည်းဗျာ ...
........
ဒီလို ပြောသင့် မပြောသင့် နည်း နည်း လောက် ပြန်စဉ်းစားကြည့်ပါ .. ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်
............
ဆေးကျောင်းပြီးလို့ ..ဆရာဝန်လုပ်ဖို့အတွက် .. ဆမ ရဖို့စောင့်နေကြတဲ့ .. ဆရာဝန် အငယ်တွေကိုလည်း .. အားနာပါအုန်းဗျာ ....
...............
တိုင်းပြည်တခုဆိုတာ ..စစ်တပ်တခုထဲနဲ့ တည်ဆောက်လို့ မရပါဘူး ..
..........
သူ့ ကျွှန်ဘ၀မှာ .. စစ်တပ်မရှိစဉ် အချိန်ထဲက .. သခင်အောင်ဆန်း လို့ ခေါ်တဲ့ .. ရန်ကုန်တက္ကသိုလ် ကျောင်းသားလေး ဦးဆောင်ပြီး .. နေမ၀င် အင်ပါယာ ထူထောင်တဲ့ နယ်ချဲ့ တွေကို တိုက်ထုတ်ခဲ့တာပါ ...
...............
အလုပ်တိုင်းမှာ သူ့အလုပ်နှင့်သူ .. တန်ဖိုးကိုယ်စီ ရှိသလို .. အန္တရယ် ကိုယ်စီ ရှိကြပါတယ် ......
.................
သေချာတာတော့ .. လယ်ကွင်း ထဲမှာ မြွေပွေး၊ မြွေဟောက် ဖမ်းပြီး .. တရုတ် ပြည် ပို့ ရောင်းစားနေတဲ့ .. မြွေဖမ်းသမားတွေရဲ့ .. အိမ်သူ သက်ထား .. ဇနီးမယားတွေ .. ငါယောက်ျား သွားတဲ့ လမ်းမှာ .. မြွေဆိုးတွေ အများကြီး ရှိပါစေ .. မြွေဟောက် အကောင်ကြီးကြီး နဲ့ တွေပါစေ .. မြေပွေးတွေ အများကြီးနှင့် ကြုံပါစေ လို့ .. ဆုတောင်းနေတဲ့ အချိန်မှာ .......
........................
ရှေတန်းထွက်နေရတဲ့ စစ်သား တွေအတွက် .. နောက်တန်းက ဇနီးမယားတွေက .. ဘယ်လို ဆုတောင်းမယ်ထင်လည်း .......
........................
ရှေတန်းထွက်နေရတဲ့ ..စစ်သားတွေကို စော်ကားတာ မဟုတ်ပါဘူး .. အလုပ် တိုင်းမှာ သူ့အလုပ်နဲ့သူ .. အန္တရယ် များတယ်ဆိုတာ သိစေချင်တာပါ ....
.........
ကိုယ်ကြိုက်လို့ .. ကိုယ်ဝါသနာပါလို့ ရွေးချယ် ထားပြီးမှ .. မတရား သဖြင့် ဘာကြောင့်များ သူများထက် .. ခေါင်း တလုံးသာ .. အရေးပါချင် နေရ တာလည်းဗျာ ...
.......................
ရှက်တတ် စေချင်လိုက်တာ ...........
...........
......................

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...