Monday, January 11, 2016

RFA က သတင်းဌာနလား အဖျင်းဌာနလား မေးခွန်းထုတ်ရတော့မယ်၊

Ko Oo

အခုတလော ဦးဝင်းထိန်အင်တာဗျူးကိစ္စကို လူတွေတော်တော်
ဝေဖန်နေကြတာကိုတွေ့လို့ အဖြစ်အပျက်ကိုပြန်လေ့လာကြည့်တယ်၊
ဒီနေရာမှာတွေ့မိတာကတော့ မီဒီယာသမားဆိုသူတွေ သူတို့ကျင့်ဝတ်တွေ
လိုက်နာလား မလိုက်တာလားဆိုတာကို ကျနော်တို့ပြည်သူတွေ
သိနားလည်အောင်လေ့လာရတော့မယ်လို့ ထင်ပါတယ်၊
သို့မဟုတ်ရင် နာမယ်သေမယ် နိုင်ငံရေးသေနိုင်တယ်၊

ကျနော်တွေ့ရှိချက်ကတော့ အပြန်အလှန်စကားနေပုံကို
ထောက်ရှူ့ရင်အင်တာဗျူးနဲ့မတူပဲ တယ်လီဖုံးလိုင်းပေါ်မှာ
အပြန်အလှန်ငြင်းခုံစကားပြောနေသလိုဖြစ်နေသလိုပဲ၊
သတင်းထောက်အနေနဲ့ကျနော်အင်တာဗူးလုပ်ချင်ပါတယ်
အသံဖမ်းခွင့်ပေးပါလို့တောင်းခံပြီးလုပ်မလုပ်သိပ်မရှင်းပါ၊

ကျနော်၏အတွေ့အကြုံအရသတင်းဌါနတစ်ခုက သတင်းဆောင်းပါး
ဝေဖန်ချက်တစ်ခုကို လူတစ်ဦးတစ်ယောက်ဆီမှာရယူလိုလျှင်
အရင်ဦးဆုံး subject အကြောင်းအရာကို တင်ပြပြီး အင်တာဗျူးလုပ်ရန်
ဆန္ဒရှိမရှိကိုအရင်ဦးဆုံးမေးရပါတယ်၊ စိတ်ဝင်စားမှုမရှိဘူးဆိုရင်
သတင်းသမားအနေနဲ့အတင်းအကြပ်မေးပိုင်ခွင့်မရှိပါ၊ အသံသွင်း
ယူတော့မယ်ဆိုရင်လည်း ကျနော်တို့အသံစပြီးဖမ်း(record)လုပ်ပါတော့မယ်
ဆိုတာကိုလည်းသတိပေးရပါတယ်၊
ဒါသတင်းထောက်တို့ရဲ့လိုက်နာရမဲ့ကျင့်ဝတ်တစ်ခုပါ၊
တကယ်လို့ ပြောဆိုရမဲ့အကြောင်းအရာကိုဆွေးနွေး
နေတုန်း အသိမပေးပဲအသံဖမ်းထားပြီးမှ ကံယကံရှင်ကို
အသိမပေးပဲအသံကိုလွင့်ထုတ်လိုက်မယ်ဆိုရင်
ဒါဟာကျင့်သတင်းကျင့်ဝတ်ဖေါက်ဖျက်တာဖြစ်တယ်၊
ကဲနှစ်ဘက်သဘောတူပြီးအပြန်အလှန်ပြောဆိုအသံသွင်းပြီးရင်တောင်
သတင်းမေးသူက ကျေနပ်အားရမှုရှိရဲ့လား ပြင်ဆငိဖြည့်စွက်ချင်တာများ
ရှိသလားဆိုတာမေးလေ့ရှိပါတယ်၊ ဘာမှမရှိတော့ဘူးဆိုရင် ကျနော်တို့
ဒီအတိုင်းပဲအသံလွင့်လိုက်တော်မယ်လို့ ပြောလိုက်ရမှာက
သတင်းသမားကောင်းတို့ရဲ့ကျင့်ဝတ်ဖြစ်တယ်၊
အသံသွင်းထားတာရှည်နေလို့တစ်ချို့နေရာတွေမှာဖြတ်တော်ကပြစ်ချင်
ဆိုရင် ကံယရှင်ကိုအသိပေးပြီးမှလုပ်ရပါတယ်၊ တစ်ခါတစ်ရံ
ကံယကံရှင်ကသူပြောထားတဲ့အဓိပါယ်လွဲသွားနိုင်တာမို့မဖြတ်တောက်ပါနဲ့လို့
ပြောရင်ဖြတ်လို့မရပါဘူး၊ ဖြစ်ခဲပါတယ်၊ ဒါပေမဲ့အတွေ့အကြုံအရ
တစ်ချို့သတင်းထောက်တွေဟာ သူပြောသလိုမလုပ်ရလို့ မေးပြီးသားကို
မလွင့်ပဲထားတာကြုံဖူးသူတွေသိပါလိမ့်မယ်၊
အမေရိကားမှာ 60 minutes ဆိုတာအင်မတန်လူသိများတဲ့ အင်တာဗျူးတစ်ခုပါ၊
နာမယ်ကျော်တွေကိုဒီအင်တာဗျူးမှာတွေ့ရတယ်၊ သတင်းဌါနကအပြန်အလှန်မေးမြန်းပြီးရင်
ကံယကံရှင်ကသဘောတူလက်မှတ်ရေးထိုးပြီးမှလွင့်ရတယ်၊
သို့မဟုတ် တစ်ခုခုမှားလို့ပြသနာတက်ရင် သတင်းဌါနအတွက်
အများကြီးနာမယ်ပျက်ရကိန်းရှိတယ်၊
အခုRFAသတင်းထောက်က တင်လိုက်တဲ့သတင်းဟာ အဖျင်းလားဆိုတာ
သေချာကြည့်မှမြင်နိုင်တယ်၊ အခုလူတွေဟာ သာမန်လေးပဲကြည့်ပြီး
ဦးဝင်းထိန်မောက်မာလှချည်လားဆိုပြီးဒေါသထွက်နေတာတွေ့ရတယ်၊
တကယ်လို့ဒါဟာ သတင်းအဆင့်အတန်းမဟုတ်ဘူး အဖျင်းအဆင့်အတန်း
ဆိုရင် RFA သတင်းဌါနအတွက်အတော်ထိခိုက်ရပါလိမ့်မယ်၊
မြန်ာပိုင်းတာဝန်ခံအနေနဲ့တာဝန်ယူဖြေရှင်းရလိမ့်မယ်၊
တကယ်ဆိုရင်သတင်းသမားတွေမှာလည်း လူသတ်လက်နက်တွေရှိတယ်
ဆိုတာလူတွေမသိကြဘူး၊ ရီကော်ဒါရယ် ကင်မရာရယ် ကလောင်တံတွေကို
သုံးပြီး လူတွေရဲ့ဂုဏ်သိက္ခာကိုကျဆင်းအောင်လုပ်ခဲ့တဲ့အစဉ်အလာတွေ
ကမ္ဘာပေါ်မှာ အများကြီးရှိခဲ့လို့သတင်းထောက်တွေ
လိုက်နာရမဲ့ကျင့်ဝတ်တွေထွက်ပေါ်လာတာဖြစ်တယ်၊
အခုဖြစ်ရပ်မှာ သတင်းထောက်က ကျင့်ဝတ်ကိုလ်နာခြင်းရှိမရှိဆိုတာ
သက်ဆိုင်တဲ့ကံယကံရှင်နှစ်ဦးကအသိဆုံးဖြစ်ပါတယ်၊
(၁)ဥိးဝင်းထိန်က emotion စိတ်ခံစားချက်နဲ့ပြောလိုက်တာရယ်
နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အရည်မထူလို့ပြောလိုက်တာကို
ပါတီရဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့ယူဆရင် ပါတီကသူစည်းမျဉ်း
စည်းကမ်းအရအရေးယူမယ်လို့ယုံကြည်ပါတယ်၊
ဒါပေမဲ့သတင်းသမားတစ်ယောက်အနေနဲ့ သတင်းလားအဖျင်းလားမသိပဲ
ငါချလိုက်မကွဲ့ဆိုတဲ့စိတ်နဲ့ လူတစ်ယောက်ရဲ့နိုင်ငံရေးကိုသတ်ချင်စိတ်
နဲ့လုပ်လိုက်တာဆိုရင် ဒီကိစ္စဟာ ပိုပြီးဆိုးဝါးတယ်လို့ကျနော်မြင်မိပါတယ်၊
အခုတော့ RFA ရေ..ခင်ဗျားတို့သတင်းထောက်တွေက
အဖျင်းကို သတင်းအဖြစ်တင်တာကို လက်ခံရင်တော့
ခင်ဗျားတို့သတင်းဌါနလည်း အဖျင်းသတင်းဌါနဖြစ်တော့မယ်နော်..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...