Friday, February 5, 2016

ကျားနှင့်ဥပုသ်။ ။

မင်းဒင်
အစာမစားတာ တစ်ပတ်လောက်ရှိလာတော့ အမျိုးသမီးကြီးကစိတ်ပူပြီး
မြွေကြီးကို တိရိစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပါတယ်။
ထိုအမျိုးသမီးကြီးရဲ့ပြောပြချက်ကိုနားထောင်ပြီးနောက်
တိရိစ္ဆာန်ဆရာဝန်က အမနဲ့သူညဘယ်အတူတူ အိပ်လား၊ အိပ်တဲ့အခါ အစ်မတကိုယ်လုံးကို သူ့ခန္ဓာကိုယ်နဲ့ပတ်ပြီးအိပ်လားလို့မေးတယ်။
အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်း “ဟုတ်ပါတယ်။ ညတိုင်းအဲ့လိုပဲအိပ်တယ်။
သူတစ်ခုခုကိုတောင်းဆိုချင်နေတာလို့ ကျွန်မထင်တာပဲ ဒါပေမဲ့လည်း သူတောင်းဆိုတာကဘာမှန်းမသိတော့ ကျွန်မလည်း မလုပ်ပေးနိုင်ဘူးလေ။ အဲ့အတွက်ကြောင့်အရမ်းစိတ်မကောင်းဖြစ်ရတယ် လို့ ပြန်ပြောတယ်။
ဒါနဲ့ ဆရာဝန်က အစ်မကြီးမြွေက နေမကောင်းတာမဟုတ်ပါဘူး။
အစ်မကြီးကိုစားဖို့ ရည်ရွယ်နေတာပါ။ အစ်မကြီး ခန္ဓာကိုယ်တစ်ခုလုံးကို
သူပတ်လိုက်တိုင်း အစ်မကြီးကိုယ်လုံးအလေးချိန်ဘယ်လောက်ရှိမလဲ၊ အစ်မကြီးကို မြိုဖို့၊ မြိုပြီးရင် အစာချေဖို့ အတွက် သူ့ဝမ်းဗိုက်ကိုရှင်းနေတာ၊ အစာမစားတော့တာကလည်း အစ်မကြီးကိုစားဖို့ ကြိုတင်ပြင်ဆင်နေတာလို့ ပြန်ပြောခဲ့ပါတယ်။
.....
ဟုတ်ကဲ့။ ရင်ကြားစေ့တာ၊မေတ္တာတရားထားတာ
မင်္ဂလာတရားနဲ့အညီမို့အလွန်ကောင်းပါတယ်။ဒါပေမဲ့....။
၅၉(စ)ကိုဆိုင်းငံပေးမယ်။
မုန့်ဟင်းခါးဆိုင်ဖွင့်တော့မယ်။
နဂါးမောက်သီးစိုက်တော့မယ်။
ပါတီခေါင်းဆောင်ပဲပြန်လုပ်တော့မယ်။
ဘုန်းကြီးဝတ်တော့မယ်။
မေမြို့မှာပဲအေးအေးဆေးဆေးသွားနေတော့မယ်။
ဆိုတဲ့အပြောတွေကိုတော့နားမယောင်လိုက်ကြပါနဲ့။
တပ်မတော်ဟာလွှတ်တော်ကိုဘယ်တော့မှ
နှုတ်ဆက်ထွက်ခွာမည်မဟုတ်..တဲ့ခင်ဗျ။
လူလူချင်းကျွန်ပြုတဲ့စနစ်ကိုတသက်လုံးကျင့်သုံးခဲ့တဲ့
ကျားငစဉ်းလဲတွေဟာဘယ်တော့မှဥပုသ်မစောင့်ဘူး။
ငြိမ်နေတာအလျှော့ပေးနေတာဟာ၊
စားဖို့ကြံနေတာလို့ပဲ၊ကျုပ်ယူဆတယ်။
သတ်ဖို့ကြံနေတဲ့ကောင်ရဲ့ဇစ်မြစ်ကိုကြည့်ကြပေတော့။
ထိထိရောက်ရောက်အရေးယူဖို့၊
အားလုံးကတွန်းအားပေးဖို့၊ဖိအားပေးဖို့
ဆော်သြလိုက်ပါတယ်။ ။
ကိုးကား။ သထုံနယ်စားလေး၏ပို့စ်၊
ဓာတ်ပုံ။ ။ အင်တာနက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...