Tuesday, February 9, 2016

နောက်ဆုံးစာ

Koko Chit

ကျမ အန်ကယ်လ်မိုက်ကယ် တို့နဲ့နေချိန်က အကြောင်းတွေအများကြီးရေးခဲ့ပါတယ် ။
အမေ့အကြောင်းကိုနိုင်ငံတိုင်းလူတိုင်းကသိကြပါတယ် စာတွေကဗျာတွေဖွဲ့ကြပါတယ် ။
နောက်ကွယ်က စွန့် လွှတ်အနစ်နာခံခဲ့ရတဲ့သားအဖတွေအကြောင်းတော့သိပ်မပြောကြပါဘူး။
ကျမ စရေးထဲက အမေ့မိသားစုအကြောင်းကို လူထုသိစေချင်တဲ့ရည်ရွယ်ချက်တခုပါပဲ။
တချို့ အမေ့ကို ချစ်တယ် အန်ကယ်လ်ကို လက်မခံကြပါဘူး။


တချို့ကျမရေးတဲ့အန်ကယ်လ်စိတ်ဓာတ် စိတ်နေသဘောထားတွေဖတ်ပြီး
ပြောင်းလဲလာတယ်လို့ ပြောပြဘူးပါတယ်။
အန်ကယ်လ်မိုက်ကယ်က ဒေါက်တာဘွဲ့ရ ပါမောက္ခ တဦးဆိုပေမဲ့ ဟိတ်ဟန်မရှိပါဘူး
မာန်မာနမရှိပါဘူး
ရိုးရိုးအေးအေးနေတဲ့သူတဦးပါပဲ
သမီးမရှိတဲ့အန်ကယ်လ်က ကင်းမ်ထက်တနှစ်ကျော်ကြီးတဲ့ကျမ ကို သမီးအရင်းလေးတယောက်လိုသိပ်ချစ်ပါတယ်
တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ စီးကရက်ခဲပြီး ကွန်ပြူတာတလုံးနဲ့ အလုပ်ရှုပ်နေတတ်ပေမဲ့
သတင်းကို မပြတ်နားထောင်တတ်ပါတယ်
မနက်အိပ်ယာထချိန် သတင်းစာတွေနဲ့ မျက်နှာအပ်နေတတ်သလို ဘေးကကလပ်စစ်ကယ် မြူးစစ်သံကတော့ မနက်တိုင်းကြားရမြင်ရတဲ့မြင်ကွင်းပါပဲ
ကျန်တဲ့အချိန် ဧည့်ခန်းနဲ့တွဲလျက်အလုပ်ခန်းမှာကွန်ပြူတာတလုံးနဲ့အလုပ်ရှုပ်တတ်ပါတယ်
ကျမသူငယ်ချင်း ကျမ နဲ့ကင်းမ် တို့ကျောင်းသွားချိန် တစ်ယောက်ထဲ အလုပ်လုပ်နေတတ်သလို တခါတလေ. ၁၄ လက်မပဲရှိတဲ့ အဖြူအမည်းတီဗီလေးရှေ့မှာ ထိုင်နေတတ်တာ တွေ့ရတတ်ပါတယ်
ကျမနဲ့ကင်းမ် ပြန်လာမှ အိမ်က ဆူညံတတ်သလို အန်ကယ်လ်ပါ အငြိမ်မနေရတဲ့ကစားနည်းတွေပါ ကျမတို့ ကစားခဲ့ကြတယ်
အင်းယားကန်ဘေးမှာ ဝါးကာ ဓနိမိုးတဲ့အိမ်ကလေးတလုံးဆောက်ပေးမလားလို့ ကျမတို့ကိုမေးဘူးတယ်
သူတဲအိမ်လေးမှာ နေချင်ခဲ့တယ်
ဗုဒ္ဓဟူးညနေတိုင်းသတင်းက မြန်မာပြည်အကြောင်းပါတိုင်း ခြံတခါးလေးကိုင်ပြီးစကားပြောနေတဲ့မေစု ပုံရိပ်ကို အမြဲစောင့်ကြည့်တယ်
မြန်မာပြည်ကိုလာချင်လွန်းလို့ ခနခန ဗီဇာတောင်းခဲ့ပေမဲ့လဲမရရှာဘူး ဖုန်းဆက်ခွင့်လေးတရက်ရပြန်တော့လဲ ဖုန်းလိုင်းဖျက် ခံရတာလဲကြုံရတယ်
ကိုယ်ပိုင်ကားကိုအိမ်ရှေ့ထိုးထားပြီး ဘတ်စကားပဲ တိုးစီးတတ်တာလဲ ပကာသန မမက်တာတွေ့ရတာပါပဲ
ဇနီးမယားနဲ့အကြာကြီးခွဲနေတဲ့ ခင်ပွန်းတယောက်အနေနဲ့ သစ္စာ ရှိတာတွေ့ရလိမ့်မယ်
နေ့တိုင်း " စု " ကလေဆိုတဲ့အကြောင်းကိုတရက်နှစ်နာရီလောက် မပြောပဲ နေ့တနေ့ပြောင်းမသွားတတ်ပါဘူး
အဝတ်အစားလဲသုံးလေးစုံထက် အပိုမရှိပါဘူး
ခပ်မှိုငိးမှုင်းမီးခိုးရောင်ကုတ်အင်္ကျီ ကတော့ အပြင်ထွက်တိုင်းဝတ်လေ့ဝတ်ထ ဝတ်စုံ ဆိုရင်မမှားပါဘူး
သူများတွေလို KTV နိုက်ကလပ် သွားတာလဲမရှိပါဘူး
သူ့ကျောင်းမှာစာသင်ချိန် သွားသင်ပြီး တပါတ်နှစ်ခါ အိမ်မှာပဲပါဠိ သင်သူကလေးတွေလာကြသင်ကြပါတယ်
သူ့ရဲ့အလုပ်တွေနဲ့အတူ မိသားစုတကွဲတပြားပူပင်ရမှု( ဇနီးကိုပူရ သားကြီး အဲလက်စ်ကိုပူရ အတူနေသားငယ်ကင်းမ်အတွက်ပူရ အတူနေတဲ့ကျမနဲ့ကျမ သူငယ်ချင်းအတွက်ပူရ ) တဲ့အပြင် ၈၈ ကျောင်းသားတွေ အတွက်လဲအမြဲပူပင်နေတတ်ပါတယ်
သူတို့ရတဲ့လစာလေး ကို ချိုးခြံသုံးပြီး မြန်မာပြည်သူပြည်သားတွေကိုလဲအမြဲပံပိုးခဲ့ပါတယ်
ကျမရဲ့ ဘယ်တော့မှ မေ့ဖျောက်မရတဲ့မြင်ကွင်းတခုက ပြန်မဲ့ကျမတိုကို့လေယာဉ်ကွင်းလိုက်ပို့ချိန် ကျမတို့ကသာ လေယာဉ်ကွင်းထဲဝင်သွားပေမဲ့ ရပ်မြဲရပ်ပြီး သူ့မျက်စေ့ရှေ့က ပျောက်တဲ့အထိ ရပ်ကြည့်နေတဲ့ပုံရိပ်က ဘယ်လိုမှ ဖျောက်ပြစ်မရခဲ့ပါဘူး နောက်ဆုံး အန်ကယ်လ်ပြန်အောင်အကွယ်လေးတခုမှာ ခနပုန်းနေလိုက်ရပါတော့တယ်
တကယ်တော့ အကွယ်ကနေ တရွေ့ရွေ့ထွက်သွားတဲ့အန်ကယ်လ်ကျောပြင်ကို ကျမ နောက်ဆုံးမြင်လိုက်ရခြင်းပါပဲ ။
အိမ်က ဆည်းလည်းလေး ပျောက်သွားလို့ငါတို့ သားအဖ မနေတတ်အောင်ပျင်းသွားပြီ အဲဒီအိမ်ကြီးမှာမနေချင်တော့ဘူးလို့ စာလေးတစ်စောင်ကလဲ ကျမ ကို မျက်ရည်ကျစေခဲ့ပြန်တယ်
အမြဲပဲ နောက်မဆုတ်ဖို့ မေစုကို အားပေးပြီး စွန့်လွှတ်ပေးခဲ့တဲ့ အန်ကယ်လ်ကို ဒီလိုအချိန်မှာ ကျမ အရမ်းမြင်စေချင်ပါတယ်
ကျိုးစားမှုတခုအတွက် ရလဒ်ကောင်းကိုပဲ တမိသားစုလုံးမျှော်လင့်မှာပါ
သူတို့ဘာမှ မမက်မောပါဘူး
( ပြည့်တဲ့အိုး ဘောင်ဘင်မခတ် )
စပြီး facebook သုံးထဲက မိသားစုတစ်စုလုံးရဲ့စိတ်နေသဘောထားမြင့်မြတ်တာကို အတူနေခဲ့လို့အမှန်ချပြပြီး တဖက်တလမ်းအထောက်အကူပြုမယ်လို့ယုံကြည်ချက်နဲ့ရေးတာပါ
အခုအချိန်မလိုအပ်တော့ပါဘူးလို့ထင်လို့ နောက်ဆုံးတင်ပေးလိုက်ခြင်းပါ
မှတ်ချက် - မိုက်ရိုင်းတဲ့ comment များမမန့်ပါနဲ့ သူတို့အကျိုးတခုမှ ရှာ မသွားပါဘူး
မျိုးချစ်များအမျိုးချစ်နည်းမှန်ကြပါစေ
အက်စတာဥမ္မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...