Thursday, February 25, 2016

သဘောကျမိသော စတေးဒတ်


Thiha Thwe

 အမှန်တကယ်တော့
၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ ပြဿနာမဟုတ်ပါဘူး .. ။
လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် ရင်ဆိုင်နေရတဲ့ ပြဿနာပါ .။
ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ မဖြစ် နိုင်အောင် အတားအဆီးဖြစ်စေတဲ့ ၅၉(စ) ကို အခြေခံ ဥပဒေ ထဲကိုထည့်ရေး ခဲသူဟာ ဗိုလ်ချုပ်မင်းအောင်လှိုင် မဟုတ်ခဲ့ပါဘူး ။
ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနဲ့
ကံမကောင်းအကြောင်းမလှစွာပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ငြင်းပါယ်တားဆီးခဲ့သူအဖြစ် သမိုင်းမှာတွင်ကျန်ရစ်မယ့်သူတယောက်ဖြစ်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
တကယ်တော့ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပြဿနာတစ်ခုမဟုတ်ပါဘူး။

အကြောင်းကတော့
သူမ အနေနဲ့ .. ကျွန်မကို သမ္မတ တစ်ယောက်အနေ နဲ့ အလေးပြုမလား ၊
ဒါမှမဟုတ် ကျွန်မက ထိုင်ဆိုထိုင် ထဆိုထ မယ့် လူတစ်ယောက်ကို သမ္မတ အဖြစ်အလေးပြုမှာလား .. ဆိုတဲ့
မေးခွန်းကိုမေးပြီး လုံလောက်တဲ့ အချိန်ပေးထားတာပါ။
အဖြေက ဘယ်တခုပဲဖြစ်ဖြစ် ဖြေတဲ့သူရဲ့ တစ် ဘဝစာသမိုင်းပဲဖြစ်သွားပါလိမ့်မယ် .. ။
တကယ်တော့ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပြဿနာတစ်ခုမဟုတ်ပါဘူး။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...