Wednesday, March 9, 2016

ရွက္စိတ္တုိ႔ ေန၀င္ခ်ိန္ေရာက္ၿပီလား

Min Kyaw Thu HtayFollow
By သန္းႏိုင္ဦး 

ျမန္မာေတြရဲ႕ လူမႈေရး အ၀န္းအ၀ိုင္းက အရွက္ ၊ အေၾကာက္တရားကို ကိုယ္က်င့္သိကၡာသဖြယ္ တန္ဖိုးထား ေလးစားၾကတယ္ ။ ရပ္ထဲ ရြာထဲမွာ အသက္နဲ႔ လူလုပ္တာ မဟုတ္ဘူး ၊ အရွက္နဲ႔ လူလုပ္တာ ဆိုၿပီး အရွက္ ၊ အေၾကာက္တရားကို ေရွ႕တန္းတင္သူေတြ ရွိတယ္ ။ ကြၽန္ေတာ္တို႔ လူ႔အဖဲြ႕စည္းက မဟုတ္မမွန္တာ ႀကံစည္ ေျပာဆုိ လုပ္ကိုင္ရမွာ ရွက္ေၾကာက္တဲ့ သူေတြအျဖစ္ ကာလရွည္ၾကာ ရပ္တည္ခဲ့ၾကသူေတြ ျဖစ္တယ္။ ဒါေပမဲ့ ဒီေန႔ေခတ္လို ကာမဂုဏ္ အာ႐ုံ ခံစားစရာေတြ မ်ားလြန္းေနခ်ိန္မွာ ရွက္စိတ္ေတြ နင္းေျခ ခံလုိက္ရၿပီလား ၊
သတင္းေခတ္ရဲ႕ နည္းပညာ လႈိင္းလုံးေတြ တ၀ုန္း၀ုန္း ႐ုိက္ခတ္မႈ ေအာက္မွာ အရင္က တန္ဖိုးထားခဲ့ၾကတဲ့ အရွက္ ၊ အေၾကာက္တရားေတြ ဆက္ရွိ ေနဦးမွာလား ဆိုတာ သံသယျဖစ္စရာ ပါပဲ ။
ႏုိင္ငံပုိင္ အေဆာက္အအုံ ၊ စက္႐ုံ ၊ အလုပ္႐ုံနဲ႔ အေရာင္းဆုိင္ေတြ ထုခဲြ ေရာင္းခ်ရာမွာ ကာလ ေပါက္ေစ်းထက္ ေလ်ာ့နည္းတဲ့ ေငြေၾကးနဲ႔ လက္သင့္ရာ စားေတာ္ေခၚၿပီး ေရာင္းခ်တဲ့ ျဖစ္စဥ္ေတြ ရွိခဲ့တယ္ ။ အခု က်င္းပေနတဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္မွာ ေမးတဲ့ ေမးခြန္းေတြနဲ႔ ပတ္သက္ၿပီး လက္ရွိ တာ၀န္ယူထားၾက တဲ့ ၀န္ႀကီးေတြ က တာ၀န္ခံၿပီး လာမေျဖၾကဘူး ။ သူတို႔က အရင္(ပထမအႀကိမ္) လႊတ္ေတာ္ကိုသာ တာ၀န္ခံသတဲ့ ။ တုိင္းရဲတပ္ဖဲြ႕မွဴး တာ၀န္ယူထား သူကို လက္ေအာက္ ၀န္ထမ္း ရဲအရာရွိငယ္ တခ်ဳိ႕က ေနရာေကာင္း ရဖို႔အတြက္ က်ပ္သိန္းဆယ္ခ်ီ လာဘ္လာဘ ေပးခဲ့ရေၾကာင္း ကိုယ္တုိင္ ေပးခဲ့ၾကတဲ့ အရာရွိငယ္ရဲ႕ ဇနီးေတြက သတင္းရွင္းလင္းပဲြေတြ လုပ္လာၾကတယ္ ။ ပထမ အႀကိမ္ အမ်ဳိးသားလႊတ္ေတာ္ ဥကၠ႒ ဦးခင္ေအာင္ျမင့္ က ႏုိင္ငံပိုင္ စီမံကိန္းႀကီးေတြမွာ ဆီးသီး ဗန္းေမွာက္တဲ့ ျဖစ္စဥ္ေတြ ရွိခဲ့တယ္ လုိ႔ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာဆိုခဲ့ဖူးတယ္ ။ ဒါေတြက ရွက္တတ္ရင္ေတာ့ ရွက္စရာပါပဲ ။ အခု ေနာက္ဆုံး မႏၲေလးၿမိဳ႕ က်ဳံးနံေဘး အကြက္ အကြင္းေကာင္း တဲ့ စိတၱရမဟီ တုိက္ခန္းေတြ ၀ယ္ယူခြင့္ ေလွ်ာက္ထားမႈမွာ တာ၀န္ ထမ္းေဆာင္ဆဲ ၀န္ႀကီးတခ်ဳိ႕ရဲ႕ ေလွ်ာက္လႊာေတြကို လူမႈကြန္ရက္မွာ ေတြ႕ေနရတယ္ ။ ဒီျဖစ္စဥ္ေတြ က ကြၽန္ေတာ္တို႔ လူ႔အဖဲြ႕အစည္း ရဲ႕ ရွက္စိတ္ ေန၀င္ခ်ိန္ ေရာက္ေနၿပီ ဆုိတာ မီးေမာင္းထုိးျပေနတာပါ ။
အိႏိၵယ သမၼတႀကီး မစၥတာ ကလမ္ သမၼတရာထူး က အနားယူလို႔ အိမ္ေတာ္က ထြက္လာခ်ိန္မွာ စာအုပ္ေသတၱာေလး ေပြ႕ပိုက္ၿပီး ရယ္ကာ ေမာကာ ဆင္းလာခဲ့တယ္ ။ ႐ုိးသားလြန္းတဲ့ သမၼတႀကီး အျဖစ္ ကမၻာ့အလယ္မွာ မ်က္ႏွာပြင့္ခဲ့တယ္ ။ အဲဒီလို ႏုိင္ငံ့ အႀကီးအကဲမ်ဳိး ကြၽန္ေတာ္တို႔ဆီမွာလည္း တစ္ေခတ္ တစ္ခါက ေပၚေပါက္ခဲ့ဖူးတယ္ ။ ျပည္သူ႔ဆႏၵမဲနဲ႔ တက္လာတဲ့ ဖဆပလ ၀န္ႀကီးခ်ဳပ္ ဦးႏု က ‘‘ က်ဳပ္၀န္ႀကီးခ်ဳပ္ဘ၀ နဲ႔ တုိင္းျပည္အုပ္ခ်ဳပ္လုိ႔ မူလ ပိုင္ဆုိင္မႈထက္ တစ္က်ပ္ပိုေနရင္ သူခုိးလုိ႔ စြပ္စဲြပါ ’’ ဟု ဆုိၿပီး ရဲရဲႀကီး တာ၀န္ခံ ေျပာခဲ့တယ္ ။ အဲဒီလို တာ၀န္ခံၿပီး ရဲရဲေတာက္ ကတိ စကားေျပာ တဲ့ ႏုိင္ငံ့အႀကီးအကဲ ဒီေန႔ေခတ္မွာ ရွိႏုိင္ပါ့မလား ။ ႏုိင္ငံေတာ္ သမၼတႀကီး ကိုယ္တုိင္ သန္႔ရွင္းေသာ အစုိးရ ၊ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္မႈ လို႔ တြင္တြင္ ေျပာေနေပမယ့္ ဌာနဆုိင္ရာ ၀န္ထမ္းအခ်ဳိ႕ က ေရမေလာင္းရင္ ဘယ္ကိစၥကိုမွ ေရွာေရွာ ရွဴ႐ွဴ လုပ္မေပးခ်င္ၾကဘူး ။
တကယ္ေတာ့ ကိုယ့္ရပိုင္ခြင့္ထက္ ပိုၿပီး လုိခ်င္တာက အေခ်ာင္သမား စိတ္ဓာတ္ပါ ။ ကိုယ့္မွာ ထုိက္သင့္တဲ့ ပုိင္ဆုိင္မႈထက္ ပိုလွ်ံေနသည့္တုိင္ ရႏုိင္သေလာက္ သဲ့ယူမယ္ ဆုိတဲ့ စိတ္ထားကလည္း ခပ္ညံ့ညံ့ စိတ္ထားသာ ျဖစ္တယ္ ။ ရပိုင္ခြင့္ရွိသည့္တုိင္ မလုိအပ္ရင္ မယူဘူးဆုိတဲ့ လူႀကီး လူေကာင္း စိတ္ဓာတ္ရွိသူေတြ မ်ားလာဖို႔ လုိပါတယ္ ။ မၾကာမီ ရက္ပုိင္းအတြင္း တက္လာမယ့္ အစိုးရသစ္ အေနနဲ႔လည္း တုိင္းျပည္ဆီ က ရဖုိ႔လည္း ျပည္သူ ျပည္သားေတြ အေပၚ ဘယ္လို အလုပ္အေကြၽး ျပဳမလဲသာ စဥ္းစားၾက ေစလိုပါတယ္ ။ ျပည္သူကို ၀န္ေဆာင္မႈ ေကာင္းေကာင္း မေပးရင္ ျပည္သူရဲ႕ ဒဏ္ခတ္ျခင္းကို ခံၾကရမွာပါပဲ ။ တုိင္းျပည္ ျပန္လည္ ထူေထာင္ေရး အတြက္ အားလုံး အားခဲၿပီး ကုန္း႐ုန္း လုပ္ၾကရေတာ့မယ့္ အခ်ိန္မွာ ရွက္ရမယ့္ ကိစၥေတြ က ထပ္ကာ ထပ္ကာ ေပၚေနတယ္ ။ နယ္ပယ္ အသီးသီးမွာ အနစ္နာခံတယ္ ဆုိတဲ့ ေ၀ါဟာရ မၾကားရတာ ၾကာၿပီ ။ ရမယ္ဆိုရင္ ဘနဖူး သုိက္တူးဖို႔ ၀န္မေလးသူေတြ ေနထုိင္တဲ့ လူ႔အဖဲြ႕အစည္း ဘယ္ေတာ့မွ ဂုဏ္သိကၡာ ရွိရွိ ရပ္တည္ႏုိင္မွာ မဟုတ္ဘူး ။
စီမံပိုင္ခြင့္ရွိသူ တခ်ဳိ႕က ေလာဘေဇာ တုိက္ၿပီး အရွက္ ၊ အေၾကာက္ မရွိ ရသေလာက္ သဲ့ယူေနတာေတြ ရွက္စရာ သိပ္ေကာင္းတယ္။ သတင္းစာဆရာႀကီး လူထုစိန္၀င္း က ၁၉၉၇ မတ္လထုတ္ "သင့္ဘ၀" မဂၢဇင္းမွာ "ရွက္စိတ္" ဆိုၿပီး မ်က္ႏွာဖုံး ေဆာင္းပါး တစ္ပုဒ္ အခုလို ေရးၿပီး သတိေပးခဲ့တယ္။ ‘‘ ဟီရိၾသတၱပၸ ဆိုတဲ့ ရွက္ျခင္း တရားေၾကာင့္ လူေတြဟာ ယဥ္ေက်းတဲ့ သတၱ၀ါ လုိ႔ အေခၚခံလာရတာပါ ။ တိရစၧာန္ေတြ မွာေတာ့ ဟီရိၾသတၱပၸ ဆိုတာ နားမလည္ပါဘူး ။ ကိုယ္ဆာေလာင္တဲ့အခါ ၊ စားခ်င္စိတ္ ေပၚလာတဲ့အခါ ကိုယ့္ေရွ႕မွာ ေပၚလာတဲ့ ၊ ကိုုယ့္ထက္ အားနည္းတဲ့ သတၱ၀ါေလးေတြ ဖမ္းယူ စားေသာက္ပစ္တာပါပဲ ။ အားနည္းသူကို အႏုိင္က်င့္တာဟာ ရွက္စရာပါလား လို႔ တိရစၧာန္ေတြ က စဥ္းစားရေကာင္းမွန္း မသိဘူး ။ အဲဒီလုိပဲ သူ႔ထက္အားႀကီး တဲ့ တိရစၧာန္ေတြ႕ရင္ အၿမီးကို တန္းၿပီး ထြက္ေျပးတာပါပဲ ။ ရန္သူကို ေက်ာေပးၿပီး ေျပးတာဟာ ရွက္စရာပါလား လို႔ တိရစၧာန္ေတြ က မစဥ္းစားပါဘူး ။ သူ႔အတြက္ အေရးႀကီးဆုံးက သူ႔အသက္ရွင္ေရးသာ ျဖစ္ပါတယ္ ။ အဲဒါေၾကာင့္ အရွက္ဆိုတဲ့ အရာေလး တစ္ခုက လူနဲ႔ တိရစၧာန္ေတြကို စည္းျခားေပးတဲ့ အရာေတြထဲက အေရးႀကီးတဲ့ အရာတစ္ခုလို႔ ဆုိခ်င္ပါတယ္။ ႏုိင္ရာစား ဆုိတာ ေတာတြင္းဥပေဒသ တစ္ခုသာ ျဖစ္တယ္ ၊ တိရစၧာန္တို႔ရဲ႕ စ႐ုိက္ ျဖစ္တယ္လို႔ သိလာၾကၿပီး ေရွာင္ၾကဥ္လာၾကတာနဲ႔ အမွ် လူသားဟာ ပိုပိုၿပီး ယဥ္ေက်းလာတာပါ ’’
ရွက္စရာေကာင္းတဲ့ ကိစၥရပ္ လုပ္ေနသည့္တုိင္ ရွက္ရေကာင္းမွန္း မသိေလာက္ေအာင္ အမုိက္ေမွာင္ ဖုံးလႊမ္းေနရင္ အဲဒီ လူ႔အအဖဲြ႕အစည္း က စိုးရိမ္ေရမွတ္ ေရာက္ေနပါၿပီ ။ လူမႈေရးသိပၸံ ဆရာအီရစ္ဖရြမ္း က သိမ္ငယ္စိတ္ ရွိသူဟာ အျပင္ ပုံသဏၭာန္အားျဖင့္ အရွက္ႀကီးသေယာင္ ထင္ရေပမယ့္ တကယ္တမ္း အရွက္မဲ့ အျပဳအမူေတြ ျပဳလုပ္တတ္ပါတယ္ ။ လူမ်ဳိးတစ္မ်ဳိးဟာ ကိုယ့္ဘာသာ ကိုယ္ သိမ္ငယ္ စိတ္၀င္လာရင္ ေရွ႕အနာဂတ္ဟာ သိပ္စိုးရိမ္ဖို႔ ေကာင္းပါသတဲ့ ။ လူ႔အဖဲြ႕အစည္း တခ်ဳိ႕က်ဆုံး အားနည္း ကြယ္ေပ်ာက္ သြားရတာဟာ ကိုယ့္ကိုယ္ ကုိယ္ မယုံမၾကည္ ျဖစ္လာတာ ေၾကာင့္ပါ။ ငါတုိ႔ဟာ ညံ့တယ္ ၊ ဖ်င္းတယ္ ၊ ပ်င္းတယ္ ၊ ယုတ္ညံ့တယ္ ၊ ေအာက္တန္းက်တယ္ စသျဖင့္ ထင္ျမင္လာတယ္။ အဲဒီလို ထင္ျမင္လာတဲ့ အခါ ကိုယ့္ကိုယ္ ကိုယ္ တန္ဖိုးမထားေတာ့ဘဲ ေအာက္တန္းက်တဲ့ လုပ္ရပ္မ်ဳိးေတြလည္း မရွက္မေၾကာက္ လုပ္လာတာေတြ အထိ ရွိလာတတ္တယ္ လုိ႔ လူမႈေရး သိပၸံ ဆရာ အီရစ္ဖရြမ္း က ေထာက္ျပပါတယ္။ ။

7day
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ရှက်စိတ်တို့ နေ၀င်ချိန်ရောက်ပြီလား
■■■■■■■■■■■■■■■■■■■■
By ▪ သန်းနိုင်ဦး
Sat, 2016-03-05 12:05
မြန်မာတွေရဲ့ လူမှုရေး အ၀န်းအ၀ိုင်းက အရှက် ၊ အကြောက်တရားကို ကိုယ်ကျင့်သိက္ခာသဖွယ် တန်ဖိုးထား လေးစားကြတယ် ။ ရပ်ထဲ ရွာထဲမှာ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး ၊ အရှက်နဲ့ လူလုပ်တာ ဆိုပြီး အရှက် ၊ အကြောက်တရားကို ရှေ့တန်းတင်သူတွေ ရှိတယ် ။ ကျွန်တော်တို့ လူ့အဖွဲ့စည်းက မဟုတ်မမှန်တာ ကြံစည် ပြောဆို လုပ်ကိုင်ရမှာ ရှက်ကြောက်တဲ့ သူတွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ကြသူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို ကာမဂုဏ် အာရုံ ခံစားစရာတွေ များလွန်းနေချိန်မှာ ရှက်စိတ်တွေ နင်းခြေ ခံလိုက်ရပြီလား ၊ သတင်းခေတ်ရဲ့ နည်းပညာ လှိုင်းလုံးတွေ တ၀ုန်း၀ုန်း ရိုက်ခတ်မှု အောက်မှာ အရင်က တန်ဖိုးထားခဲ့ကြတဲ့ အရှက် ၊ အကြောက်တရားတွေ ဆက်ရှိ နေဦးမှာလား ဆိုတာ သံသယဖြစ်စရာ ပါပဲ ။
နိုင်ငံပိုင် အဆောက်အအုံ ၊ စက်ရုံ ၊ အလုပ်ရုံနဲ့ အရောင်းဆိုင်တွေ ထုခွဲ ရောင်းချရာမှာ ကာလ ပေါက်ဈေးထက် လျော့နည်းတဲ့ ငွေကြေးနဲ့ လက်သင့်ရာ စားတော်ခေါ်ပြီး ရောင်းချတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ် ။ အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်မှာ မေးတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ တာ၀န်ယူထားကြ တဲ့ ၀န်ကြီးတွေ က တာ၀န်ခံပြီး လာမဖြေကြဘူး ။ သူတို့က အရင်(ပထမအကြိမ်) လွှတ်တော်ကိုသာ တာ၀န်ခံသတဲ့ ။ တိုင်းရဲတပ်ဖွဲ့မှူး တာ၀န်ယူထား သူကို လက်အောက် ၀န်ထမ်း ရဲအရာရှိငယ် တချို့က နေရာကောင်း ရဖို့အတွက် ကျပ်သိန်းဆယ်ချီ လာဘ်လာဘ ပေးခဲ့ရကြောင်း ကိုယ်တိုင် ပေးခဲ့ကြတဲ့ အရာရှိငယ်ရဲ့ ဇနီးတွေက သတင်းရှင်းလင်းပွဲတွေ လုပ်လာကြတယ် ။ ပထမ အကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က နိုင်ငံပိုင် စီမံကိန်းကြီးတွေမှာ ဆီးသီး ဗန်းမှောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ် လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ဖူးတယ် ။ ဒါတွေက ရှက်တတ်ရင်တော့ ရှက်စရာပါပဲ ။ အခု နောက်ဆုံး မန္တလေးမြို့ ကျုံးနံဘေး အကွက် အကွင်းကောင်း တဲ့ စိတ္တရမဟီ တိုက်ခန်းတွေ ၀ယ်ယူခွင့် လျှောက်ထားမှုမှာ တာ၀န် ထမ်းဆောင်ဆဲ ၀န်ကြီးတချို့ရဲ့ လျှောက်လွှာတွေကို လူမှုကွန်ရက်မှာ တွေ့နေရတယ် ။ ဒီဖြစ်စဉ်တွေ က ကျွန်တော်တို့ လူ့အဖွဲ့အစည်း ရဲ့ ရှက်စိတ် နေ၀င်ချိန် ရောက်နေပြီ ဆိုတာ မီးမောင်းထိုးပြနေတာပါ ။
အိနိ္ဒယ သမ္မတကြီး မစ္စတာ ကလမ် သမ္မတရာထူး က အနားယူလို့ အိမ်တော်က ထွက်လာချိန်မှာ စာအုပ်သေတ္တာလေး ပွေ့ပိုက်ပြီး ရယ်ကာ မောကာ ဆင်းလာခဲ့တယ် ။ ရိုးသားလွန်းတဲ့ သမ္မတကြီး အဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်ခဲ့တယ် ။ အဲဒီလို နိုင်ငံ့ အကြီးအကဲမျိုး ကျွန်တော်တို့ဆီမှာလည်း တစ်ခေတ် တစ်ခါက ပေါ်ပေါက်ခဲ့ဖူးတယ် ။ ပြည်သူ့ဆန္ဒမဲနဲ့ တက်လာတဲ့ ဖဆပလ ၀န်ကြီးချုပ် ဦးနု က ‘‘ ကျုပ်၀န်ကြီးချုပ်ဘ၀ နဲ့ တိုင်းပြည်အုပ်ချုပ်လို့ မူလ ပိုင်ဆိုင်မှုထက် တစ်ကျပ်ပိုနေရင် သူခိုးလို့ စွပ်စွဲပါ ’’ ဟု ဆိုပြီး ရဲရဲကြီး တာ၀န်ခံ ပြောခဲ့တယ် ။ အဲဒီလို တာ၀န်ခံပြီး ရဲရဲတောက် ကတိ စကားပြော တဲ့ နိုင်ငံ့အကြီးအကဲ ဒီနေ့ခေတ်မှာ ရှိနိုင်ပါ့မလား ။ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် သန့်ရှင်းသော အစိုးရ ၊ ကောင်းမွန်သော အုပ်ချုပ်မှု လို့ တွင်တွင် ပြောနေပေမယ့် ဌာနဆိုင်ရာ ၀န်ထမ်းအချို့ က ရေမလောင်းရင် ဘယ်ကိစ္စကိုမှ ရှောရှော ရှူရှူ လုပ်မပေးချင်ကြဘူး ။
တကယ်တော့ ကိုယ့်ရပိုင်ခွင့်ထက် ပိုပြီး လိုချင်တာက အချောင်သမား စိတ်ဓာတ်ပါ ။ ကိုယ့်မှာ ထိုက်သင့်တဲ့ ပိုင်ဆိုင်မှုထက် ပိုလျှံနေသည့်တိုင် ရနိုင်သလောက် သဲ့ယူမယ် ဆိုတဲ့ စိတ်ထားကလည်း ခပ်ညံ့ညံ့ စိတ်ထားသာ ဖြစ်တယ် ။ ရပိုင်ခွင့်ရှိသည့်တိုင် မလိုအပ်ရင် မယူဘူးဆိုတဲ့ လူကြီး လူကောင်း စိတ်ဓာတ်ရှိသူတွေ များလာဖို့ လိုပါတယ် ။ မကြာမီ ရက်ပိုင်းအတွင်း တက်လာမယ့် အစိုးရသစ် အနေနဲ့လည်း တိုင်းပြည်ဆီ က ရဖို့လည်း ပြည်သူ ပြည်သားတွေ အပေါ် ဘယ်လို အလုပ်အကျွေး ပြုမလဲသာ စဉ်းစားကြ စေလိုပါတယ် ။ ပြည်သူကို ၀န်ဆောင်မှု ကောင်းကောင်း မပေးရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကို ခံကြရမှာပါပဲ ။ တိုင်းပြည် ပြန်လည် ထူထောင်ရေး အတွက် အားလုံး အားခဲပြီး ကုန်းရုန်း လုပ်ကြရတော့မယ့် အချိန်မှာ ရှက်ရမယ့် ကိစ္စတွေ က ထပ်ကာ ထပ်ကာ ပေါ်နေတယ် ။ နယ်ပယ် အသီးသီးမှာ အနစ်နာခံတယ် ဆိုတဲ့ ေဝါဟာရ မကြားရတာ ကြာပြီ ။ ရမယ်ဆိုရင် ဘနဖူး သိုက်တူးဖို့ ၀န်မလေးသူတွေ နေထိုင်တဲ့ လူ့အဖွဲ့အစည်း ဘယ်တော့မှ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်မှာ မဟုတ်ဘူး ။
စီမံပိုင်ခွင့်ရှိသူ တချို့က လောဘဇော တိုက်ပြီး အရှက် ၊ အကြောက် မရှိ ရသလောက် သဲ့ယူနေတာတွေ ရှက်စရာ သိပ်ကောင်းတယ်။ သတင်းစာဆရာကြီး လူထုစိန်၀င်း က ၁၉၉၇ မတ်လထုတ် "သင့်ဘ၀" မဂ္ဂဇင်းမှာ "ရှက်စိတ်" ဆိုပြီး မျက်နှာဖုံး ဆောင်းပါး တစ်ပုဒ် အခုလို ရေးပြီး သတိပေးခဲ့တယ်။ ‘‘ ဟီရိသြတ္တပ္ပ ဆိုတဲ့ ရှက်ခြင်း တရားကြောင့် လူတွေဟာ ယဉ်ကျေးတဲ့ သတ္တဝါ လို့ အခေါ်ခံလာရတာပါ ။ တိရစ္ဆာန်တွေ မှာတော့ ဟီရိသြတ္တပ္ပ ဆိုတာ နားမလည်ပါဘူး ။ ကိုယ်ဆာလောင်တဲ့အခါ ၊ စားချင်စိတ် ပေါ်လာတဲ့အခါ ကိုယ့်ရှေ့မှာ ပေါ်လာတဲ့ ၊ ကိုယ့်ထက် အားနည်းတဲ့ သတ္တဝါလေးတွေ ဖမ်းယူ စားသောက်ပစ်တာပါပဲ ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလား လို့ တိရစ္ဆာန်တွေ က စဉ်းစားရကောင်းမှန်း မသိဘူး ။ အဲဒီလိုပဲ သူ့ထက်အားကြီး တဲ့ တိရစ္ဆာန်တွေ့ရင် အမြီးကို တန်းပြီး ထွက်ပြေးတာပါပဲ ။ ရန်သူကို ကျောပေးပြီး ပြေးတာဟာ ရှက်စရာပါလား လို့ တိရစ္ဆာန်တွေ က မစဉ်းစားပါဘူး ။ သူ့အတွက် အရေးကြီးဆုံးက သူ့အသက်ရှင်ရေးသာ ဖြစ်ပါတယ် ။ အဲဒါကြောင့် အရှက်ဆိုတဲ့ အရာလေး တစ်ခုက လူနဲ့ တိရစ္ဆာန်တွေကို စည်းခြားပေးတဲ့ အရာတွေထဲက အရေးကြီးတဲ့ အရာတစ်ခုလို့ ဆိုချင်ပါတယ်။ နိုင်ရာစား ဆိုတာ တောတွင်းဥပဒေသ တစ်ခုသာ ဖြစ်တယ် ၊ တိရစ္ဆာန်တို့ရဲ့ စရိုက် ဖြစ်တယ်လို့ သိလာကြပြီး ရှောင်ကြဉ်လာကြတာနဲ့ အမျှ လူသားဟာ ပိုပိုပြီး ယဉ်ကျေးလာတာပါ ’’
ရှက်စရာကောင်းတဲ့ ကိစ္စရပ် လုပ်နေသည့်တိုင် ရှက်ရကောင်းမှန်း မသိလောက်အောင် အမိုက်မှောင် ဖုံးလွှမ်းနေရင် အဲဒီ လူ့အအဖွဲ့အစည်း က စိုးရိမ်ရေမှတ် ရောက်နေပါပြီ ။ လူမှုရေးသိပ္ပံ ဆရာအီရစ်ဖရွမ်း က သိမ်ငယ်စိတ် ရှိသူဟာ အပြင် ပုံသဏ္ဌာန်အားဖြင့် အရှက်ကြီးသယောင် ထင်ရပေမယ့် တကယ်တမ်း အရှက်မဲ့ အပြုအမူတွေ ပြုလုပ်တတ်ပါတယ် ။ လူမျိုးတစ်မျိုးဟာ ကိုယ့်ဘာသာ ကိုယ် သိမ်ငယ် စိတ်၀င်လာရင် ရှေ့အနာဂတ်ဟာ သိပ်စိုးရိမ်ဖို့ ကောင်းပါသတဲ့ ။ လူ့အဖွဲ့အစည်း တချို့ကျဆုံး အားနည်း ကွယ်ပျောက် သွားရတာဟာ ကိုယ့်ကိုယ် ကိုယ် မယုံမကြည် ဖြစ်လာတာ ကြောင့်ပါ။ ငါတို့ဟာ ညံ့တယ် ၊ ဖျင်းတယ် ၊ ပျင်းတယ် ၊ ယုတ်ညံ့တယ် ၊ အောက်တန်းကျတယ် စသဖြင့် ထင်မြင်လာတယ်။ အဲဒီလို ထင်မြင်လာတဲ့ အခါ ကိုယ့်ကိုယ် ကိုယ် တန်ဖိုးမထားတော့ဘဲ အောက်တန်းကျတဲ့ လုပ်ရပ်မျိုးတွေလည်း မရှက်မကြောက် လုပ်လာတာတွေ အထိ ရှိလာတတ်တယ် လို့ လူမှုရေး သိပ္ပံ ဆရာ အီရစ်ဖရွမ်း က ထောက်ပြပါတယ်။ ။

7day

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...