Friday, March 25, 2016

လေ့လာ မိသမျှ

Khant Naing

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ (IMF) ရဲ့ ခန့်မှန်းချက်အရ ပြည်ပ သွင်းကုန် တွေကို ငွေပေးချေဘို့ သုံးလစာသာ နိုင်ငံခြား အရံငွေ ကျန်တော့တဲ့ တိုင်းပြည်အတွက် ဦးထင်ကျော် မနေ့က တင်သွင်းလိုက်တဲ့ ၀န်ကြီး ၁၈ ဦးနေရာ ရဲ့ အမည်စာရင်းမှာ တတ်သိပညာရှင်တွေ၊ အစိုးရ အရာရှိဟောင်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၆ ဦး၊ စစ် ဗိုလ်ချုပ်ဟောင်းကြီးများ၊ တိုင်းရင်းသား ပါတီ ၀င်များ နဲ့ ယခင် ကြံခိုင်ရေးမှ (၂) ဦး အစုံလင် ပါရှိလာတာ တွေ့ရပြီး လူထုရဲ့ သဘောထားကတော အတောလေး အားတက်သရော ထောက်ခံနေတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီ ဥက္ကဌ နေရာမှာ နေမယ်ဆိုတဲ့ တနင်္လာနေ့အထိ အခိုင်အမာ ထွက်ပေါ်နေတဲ့ သတင်းကို ထောက်မယ်ဆိုရင် ချီတုချတုံ ဖြစ်နေပုံရပါတယ်။ ဖွဲ့စည်းပုံအရ လက်ရှိ ပါတီ ဥက္ကဌ ရာထူးက ထွက်ပေးရမှာ ဖြစ်ပြီး ပါတီရေးရာတွေနဲ့ ဘယ်လိုမှ ပါတ်သက်လို့ မရတော့တဲ့ အတွက် ဖြစ်ပါတယ်။
ဒီအတွက် သူမရဲ့ ပါတီကို (၆) ဦးပါ အတွင်းရေးမှုးများ လက်ထဲ ထည့်ထားခဲ့မယ့် သဘောရှိနေပါတယ်။ သို့သော်လည်း အချို့က တိုင်းပြည်ကို အပြင်စည်းမှ ထိထိရောက်ရောက် အုပ်ချုပ်စေလိုကြကာ လက်ရှိ လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များကလည်း အတွေ့အကြုံ နည်းနေကြသေးတာမို့ ထိမ်းကျောင်းပေးစေချင်ပုံရပြီး သဘောထား အမျိုးမျိုး ထွက်ပေါ်နေပါတယ်။
အခု ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေး ၀န်ကြီး ရယူတာကလည်း သူမအနေနဲ့ ကာလုံ အဖွဲ့မှာ ပါမှကှို ဖြစ်မယ်လို့ ယူဆလိုက်တဲ့ သဘောကို တွေ့ရပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ဆက်လက် ဆွေးနွေးရမှာ ရှိနေတဲ့ အတွက်ကြောင့် တပ်မတော်နဲ့ တရားဝင် ထိတွေ့နေဘို့က လိုနေပါသေးတယ်။ အခု လက်ရှိ ၀န်ကြီး စာရင်းကို မနက်ဖန်မှာ လွှတ်တော်မှာ အတည်ပြုဘို့ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ညင်းမယ်ဆိုလည်း ရနိုင်ပါသေးတယ်။
လက်ရှိတပ်မတော်က လျာထားထားတဲ့ ၀န်ကြီး ၃ ဦး ဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကျော်ဆွေ နဲ့ ရဲအောင်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်ဆံ ရင်းနှင်းပြီးသားတွေ ဖြစ်တဲ့ အတွက် တပ်မတော်နဲ့ ဆက်ဆံရေး ပိုကောင်းလာစရာ ရှိနေပါတယ်။
ယခု လက်ရှိ NLD မှ ၀န်ကြီးအဖြစ် လျာထားသူ ၁၅ ဦးသာ ရှိတဲ့ အတွက် ၀န်ကြီးဌာန လေးနေရာကို ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ကိုင်တွယ်မယ့် သဘော ဖြစ်နေပြီး ဒုဝန်ကြီး ရာထူး လည်း မထားတောတဲ့ အတွက် တာဝန် များကို လိုအပ်လျင် လိုအပ်သလို နောက်ထပ် ထပ်မံ ခွဲဝေ သွားဘိုတော့ရှိနေပါတယ်။
လျပ်စစ် နဲ့ စွမ်းအင် ၀န်ကြီးဌာနတွေက နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ဌာန ဖြစ်တဲ့ အတွက် (၂၀၁၄-၁၅) စာရင်းအရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃.၂၂ ဘီလီယံ ရှိနေပြီး စုစုပေါင်း မြူပ်နှံမှုရဲ့ ၃၅% ရှိနေတဲ့ ကဏ္ကလည်း ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်လာမယ်ဆိုရင် ပြည်ပ ရင်းနှီးမြုပ်နှံသူတွေ စိတ်ချလက်ချ ဖြစ်လာကာ ပိုမို ၀င်ရောက်လာဘို့ ရှိနေတဲ့ အပြင် အရင် တဖက်စောင်းနင်း ဖြစ်နေတဲ့ စာချုပ်တွေကိုလည်း ကိုယ်တိုင် အသေးစိတ် ပြန်လည် သုံးသပ်နိုင်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်။
ဒီလိုကိစ္စတွေ ဥပဒေကြောင်းအရ တရားဝင် ဆောင်ရွက်နိုင်ဘို့ ဒီလိုအရေးပါတဲ့ ၀န်ကြီးဌာနတခုကို ကိုယ်တိုင် တာဝန်ယူလိုကတာ ဖြစ်ပါတယ်။ ပညာရေး ကိုလည်း ဇောက်ချ မြှင့်တင်သွားနိုင်ရေးကို မည်မျှ အရေးထားကြောင်းကို အဆိုပါ ၀န်ကြီးဌာန ကို တာဝန် ယူလိုက်ခြင်းက ပြသနေပြီး သမ္မတ ရုံး ၀န်ကြီး အဖြစ် ရှိနေခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ အဖွဲ့ရဲ့ ထိပ်မှာ မရှိပေမယ့် အလည်တည့်တည့်မှာ ရှိနေတယ်ဆိုတဲ့ သဘောဖြစ်ပြီး de facto prime minister ရာထူး ကို သွယ်ဝိုက် ထုတ်ဖေါ်လိုက်တာလည်း ဖြစ်ပါတယ်။
အရာရာကို ယခု အချိန်အထိ သိုသိုဝှက်ဝှက် အထူး ဆောင်ရွက်နေတာကို ကြည့်ရင် တကယ်ပင် 'နှိုင်းယှဉ်မရ သမိုင်းတွင်လှတဲ့' မုန့်ဟင်းခါး အဖွဲ့ရဲ့ အန္တာရယ်က မသေးလှဘူးဆိုတာ ပြသနေပါတယ်။ မုန်ဟင်းခါး အဖွဲ့ကလည်း မကြာမီက နယ်စပ်ရှိ တရုတ်လူမျိုးများကို ရာထူးက ဆင်းခါနီး ဘယ်လိုမှ အကျိုးမရှိ မုန်းဝန် ဗမာ လို့ အမည်ပေးကာ တရုတ် ၆ သောင်းကို မြန်မာနိုင်ငံသား အဖြစ် ပေးအပ်လိုက်ပြီး လူထုအကြား တရုတ် မုန်းတီးရေး ပြင်းထန်နေမှန်း သိသိနဲ့ တမင်ပြုလုပ်လိုက်တဲ့ လုပ်ရပ်လို့ ကောက်ချက် ချလို့ရပါတယ်။ သို့သော် လူထုကြီးက ၎င်းတို့ကို မမြင်ရဘို့ ၁၀ ရက်သာ လိုတော့တဲ့ အတွက် ထင်သလိုတော့ ဖြစ်မလာခဲ့ပဲ၊ တရုတ်-ဗမာ အရေး အခင်း အထိ ဖြစ်သွားအောင် ရည်ရွယ်ထားပုံများ ရသလား လို့ ယူဆရတဲ့ အန္တာရယ်ကိုလည်း ရှောင်ရှားနိုင်ခဲ့ပြန်ပါတယ်။
နောက်တချက် က အရင်က ပြစ်ပြစ်ခါခါ လုပ်ထားတဲ့ တရုတ် အစိုးရကိုလည်း မျက်စပြစ်ပြတဲ့ သဘောရှိနေပါတယ်။
မည်သို့ရည်ရွယ်ချက်နဲ့ ပဲ လှုပ်ရှားနေပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆုံးဖြတ်ချက်ကို ခြွင်းချက်မရှိ ယုံကြည် စိတ်ချတဲ့ လူထုကြီးကတော့ သူတို့ ဘ၀ တိုးတက် မြင့်မားအောင် ဖေါ်ဆောင်မယ့် အစိုးရ အဖွဲ့ ဖြစ်ပေါ်လာမှာကို သိန်းဆုကြီး ပေါက်သည့်အလား ၀မ်းသာအားရ ကြိုဆို မျှော်လင့်နေကြပါတယ်။
HSW
Via..kyaezin zoe

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...