Thursday, March 10, 2016

ဘ ာ လဲ ဟဲ့ ေ ျခ ေ ထ ာ က်

Yamoun Nar

ABSDF ကျောင်းသားတပ်မတော်က ဆေးမှူး ၊ ရဲဘော် တင်မောင်ဦး ပေါ့။ သက်ရှိထင်ရှား ဆေးမှူးတာဝန်တွေကို ထမ်းဆောင်နေတုန်းပါ၊ ရန်ကုန်သား။ ရဲဘော်တွေ သူငယ်ချင်းတွေ ရွာသားတွေအတွက် အနစ်နာခံရမယ်ဆို ထိပ်ဆုံးက၊ သိပ်ပြီးစိတ်ရှည်လွန်းလို့ ခဏခဏ အဆူခံရတဲ့ သူ။ အခုလည်းကြည့်အုံး သူ့ပုံက ခြေထောက်တဖက် မရှိတော့တာ ဖိနပ်တဖက် သူများကို ခဏပေးငှားစီးလိုက်တဲ့ ပုံမျိုး။

DVB မှာ နိုင်ငံရေး ဟပ်ဟော့ပ် သီချင်းဆိုပြီး သရုပ်ဆောင်ခဲ့ဖူးတယ်။ ဘောလုံးကန်သိပ်ကောင်းတယ်။ ကရင်လူထုကြားမှာ ဆေးကုနေတဲ့အချိန်ကာလက သိပ်များတော့ ကရင်စကား ၂ မျိုး တတ်တယ်။ နေတာထိုင်တာ ကရင်တယောက်လိုပဲ၊ လှိုင်းဘွဲမြို့နယ်ထဲက ရွာတွေမှာ သူ့ကို ဖိုးခွား တော်ချင်တဲ အမိုးတွေ အောလပုံ။ သူ့ဘော်ဒါတွေက သူ့ကို ဖိုးစီ လို့ပဲ ခေါ်တယ်။
အခုကာလ အပစ်ရပ်စဲတဲ့အချိန်မဟုတ်ခင် ကရင်ပြည်နယ်မှာ တဂျမ်းဂျိမ်းချနေတဲ့ ကာလကတည်းက နယ်လှည့်ကျောပိုးအိတ် လုပ်သားဘဝနဲ့ ကရင်ပြည်သူတွေကို ဆေးလိုက်ကုပေးနေခဲ့တာကြာပေါ့၊ အစိုးရစစ်တပ်တွေ မတွေ့အောင် ရှောင်ဟယ်၊ ကွင်းဟယ်၊ ပြေးစရာရှိပြေး၊ မိရင်လည်း အသတ်ခံရအုံးမှာ။ အဲလို နေခဲ့၊ ပေခဲ့တယ်။
နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတခု မဲဆောက်ဆေးရုံကြီးမှာ လုပ်တော့ နယ်စပ်က ဆေးမှူးတယောက်အနနဲ့ သူလာတက်တယ်။ သူ့ပုံက ဆံပင်ကရှည်ရှည်၊ ကွမ်းကလည် လက်ကုန်ဝါးတယ်၊ ကရင်လွယ်အိတ်တလုံး ၊ ဂျိုင်းထောက်နဲ့ ဂျိုင်းထောက်ကလည်း ဘရိတ်ရှူးမပါတော့ ထိုင်းဆရာဝန်တွေ သူနာပြုတွေရှေ့မှာ တဘိုင်းဘိုင်းနဲ့ ချော်လဲနေရောပေါ့။ သူ့မေးကြည့်တယ် မင်းပုံကို ကြည့်ပြီး ထိုင်းတွေ စိတ်မညစ်ဘူးလားမေးတော့ အေးဆေးပဲတဲ့၊ စိတ်မညစ်တဲ့အပြင် ဂျိုင်းထောက်အသစ်ပါ ကမန်းကတန်းလုပ်ပြီး လက်ဆောင်ပေးလိုက်သေးတယ် တဲ့။
သွေးခဲတဲ့ရောဂါနဲ့ သူ့ရဲ့ ဘယ်ခြေထောက်တဖက် ဖြတ်လိုက်ရတယ်။ ခြေထောက်ဖြတ်ပြီးတဲ့ နေ့ကလည်း ငိုမဲ့မဲ့နဲ့ သူ့ကို လာကြည့်တဲ့ သူ့တပည့် ဆေးမှူးအသစ်ကလေးတွေကို ရယ်စရာတွေ ပြောပြီး ဧည့်ခံလိုက်သေးတယ်။
Written by Yamounnar
Photo by ကြ ခတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...