Sunday, April 3, 2016

ဒီမိုကရေစီနဲ့ကိန္တွရာချောင်းခြားရပါလိမ့်ဦးမယ်

Ko Oo

လူတွေ...လူတွေ အရမ်းကိုအပျော်လွန်နေတာတွေ့ရတော့
မဟုတ်သေးပါဘူးလို့စဉ်းစားမိတယ်၊
နည်းနည်းတော့ဘရိတ်အုပ်ကြပါဦး၊

အခုလောလောဆယ်က အပေါ်ရံပြောင်းလဲမှု
superficial change မျှသာရှိပါသေးတယ်၊
လာမဲ့အနာဂတ်မှာ တဖြေးဖြေးမြင်လာရမဲ့
အကျပ်အတည်း အတားအဆီးတွေကတော့
ဒီအစိုးရသစ်သက်တန်းအတွင်းမှာတောင်ဖြေရှင်းလို့
ပြီးနိုင်မယ်မထင်ဘူး၊

အခုကျနော်တို့သတိထားရမှာက တိုင်းရင်းသားတွေရဲ့
မျှော်လင့်ချက်တွေပါပဲ၊ သူတို့ကကျနော်တို့လိုသိပ်မပျော်
နိုင်သေးဘူးဆိုတာကို မြင်ကြ သတိထားသိထားကြရပါလိမ့်မယ်၊
နိုင်ငံတစ်ခုတိုးတက်ရေးအတွက်ဆိုရင် ငြိမ်းချမ်းရေးသည်
ပထမဖြစ်ရပါလိမ့်မယ်၊ ငြိမ်းချမ်းရေးမရှိပဲ စီးပွါးရေး
တိုးတက်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ၊
သမင်မွေးရင်းကျားစားရင်းဆိုသလို ပြည်တွင်းစစ်ရဲ့
အဖိုးအခတွေအတွက် ပြည့်သူတွေခါးစည်းခံနေရဦးမှာဖြစ်တယ်၊
ဒါကြောင့် အပေါ်ရံပြောင်းလဲမှုဆိုတာ လက်တွေ့မှာ
အလုပ်မဖြစ်ဘူး၊ ဂျပန်တွေပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး
လို့ဖြစ်လိမ့်မယ်၊
မြန်မာအကြောင်းမြန်မာအသိဆုံးဆိုသလိုပြောရဦးမယ်၊
နိုင်ငံရေးကိုခပ်တိမ်တိမ်လေးတွေးပြီးလုပ်နေကြသူတွေ
အများကြီးပါ၊ ဒီမိုကရေစီအစိုးရဖြစ်ရင်..ပြီးပြီဆိုတဲ့
လူစားတွေအရမ်းများတယ်၊
ဒီလိုလူစားတွေဟာနှံစားပိုးတွေနဲ့တူတယ်၊
သီးပွင့်လာမဲ့အသီးအပွင့်တွေကို
ဖျက်ဆီးစေနိုင်တာမို့ အလွန်ကိုသတိထားရပါမယ်၊
သူတို့လိုလူမျိုးတွေကို ဒီမိုဘက်တော်သားဆိုပြီးအပစား
ပေးလို့မရဘူး၊ ဒီလိုလူမျိုးတွေ နိုင်ငံရေးလောကမှာ
နေရာဝင်ဆန့်လာလေလေပြသနာပိုကြီးလေလေပဲ
ဆိုတာ အလွန်သတိရှိကြရပါမယ်၊
အမယ်အိုကြီးနားမှာ သူတို့ထန်းလျှက်ခဲကိုပရွတ်စိတ်
အုံသလို သူတို့အုံလာကြလိမ့်မယ်၊
အမှန်တကယ်ဆိုရင်
ဒီနေ့ဆိုတာ ဒီမိုကရေစီမာရသွန်ခရီးတာလွတ်ကာစ
ပဲရှိသေးတယ်၊ ပန်းဝင်ပြီးအနိုင်ရသူတစ်ယောက်လို့
အပျော်လွန်နေရင်တော့ ကျနော်တို့
ဒီမိုကရေစီနဲ့ကိန္တွရာချောင်းခြားရပါလိမ့်ဦးမယ်လို့
သတိပေးလိုက်ပါရစေခင်ဗျာ၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...