Thursday, April 14, 2016

မိအေးဇာတ်လမ်း*


မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေ ပြန်သုံးသပ်ရင်း သင်ခန်းစာယူမယ်ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းကပဲ အစချီပြောရမယ်ထင်တယ်။
ဘာကြောင့်လည်းဆိုတော့ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာလူထုရဲ့နိုင်ငံရေးခေါင်းဆောင်, စစ်ရေးခေါင်းဆောင် ,အမျိုးသားရေးခေါင်းဆောင်ဖြစ်သည့်အပြင် တစ်ခေတ်မှာ တစ်ယောက် ဆိုရလောက်အောင် ရှားရှားပါးပါး အမွန်အမြတ်ပေါ်ထွန်းလာခဲ့တဲ့''နေရှင်နယ် ဟီးရိုး*''တစ်ယောက်လည်းဖြစ်နေလို့ပါ။

ဗိုလ်ချုပ်က ဂန္ဓီ ,နေရူး,ဟိုချီမင်းတို့ထက် အသက်များစွာငယ်တယ်။ ဒါပေမယ့် မြန်မာနိင်ငံလွတ်လပ်ရေးကိုတော့ ၄င်းတို့ထက် ဆောလျင်စွာ အရယူပေးခဲ့နိင်သူလည်းဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးတွေ
စလုပ်ဖို့ မူဝါဒလမ်းစဉ်တွေရေးဆွဲနေတုန်း လုပ်ကြံခံလိုက်ရတာ…။မြန်မာ့နိင်ငံအတွက်
အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးအဖြစ် ယခုအချိန်ထိ မြောင်းထဲက ပြန်မတက်နိင်သေးတဲ့မြန်မာနိင်ငံ
အခြေအနေကို ကြည့်ရင် သိနိင်ပါတယ်။
ဗိုလ်ချုပ်လုပ်ကြံခံရတုန်းက အတွင်းဝန်ရုံးမှာ အင်္ဂလိပ်တွေ ရှိသေးတယ်။ဦးနုက အိမ်မှာ
ဘုရားရှိခိုးနေပြီးဘော်ဒီဂတ်တက္ကသိုလ်နေဝင်းက
လက်ဖက်ရည်ဆိုင်ရောက်နေခဲ့တယ်။
နောင်အခါ ဗိုလ်ချုပ်သေမှ ဗိုလ်ချုပ် လွမ်းချင်းတွေရေးသူလည်းဖြစ်တယ်။
ဘယ်နေရာမှာ မှားခဲ့ကြလည်း မသိ။ အစည်းဝေးခန်းမ တံခါးကို ဂျက်ကလေးတစ်ခုပဲထိုးထားခဲ့ရင်တောင် ရုတ်တရက်မဝင်ရောက်နိင်လို့သေနတ်တွေနဲ့
တံခါးမကြီးကို ပစ်ဝင်စေဦး အပြင်ကအသံတွေကြောင့်
ပြတင်းပေါက်က ခုန်ချခ်ျိန်ရဦးမယ်…။
ယခုတော့ မြန်မာနိင်ငံကို ထုဆစ်ပုံဖော်ကြမယ့် ခေါင်းဆောင်ကောင်းတွေ စက္ကန့်အတွင်း
အလွယ်တကူ ဆုံးရှုံးခဲ့ရတယ်။
လုပ်ကြံမယ် သတင်းတွေပျံ့လွင့်နေသည့်ကြားက လက်နက်တိုက်မှာအင်္ဂလိပ်က လက်နက်တွေ
ထုတ်ပေးခဲ့ပြီး ပစ်ခတ်သံတွေကြားထဲမှာ ရည်မှန်းချက်တွေပြည့်သွားခဲ့တာ…။
မစားရတဲ့အမဲ သဲနဲ့ပက် ဆိုရိုးစကားလို…
ဥာဏ်အမြော်မြင်ကြီးသော အတွေးအခေါ်ကမ္ဘာ့
ရှေ့ပြေးနေသော အင်္ဂလိပ်တို့က ဗိုလ်ချုပ်အောင်ဆန်းလို နေရှင်နယ်ဟီးရိုးကို အရှင်မထားခဲ့ပေ။
ခေါင်းဆောင်ကောင်းမဲ့သော
မြန်မာနိင်ငံကို လွတ်လပ်ရေးချပေးခဲ့သည်။
ထိုကတည်းက မြန်မာနိင်ငံ မြောင်းထဲ ခေါင်းစိုက်ထိုးကျခဲ့သည်မှာ ယခုချိန်ထိ
ပြန်လည် မဆည်ယူနိင်သေး…။
ဆိုဆုံးမနည်းသော မိခင် ဖခင်ကောင်း
မရှိတဲ့အိမ်မှာ သားသမီးများလည်း
စည်းကမ်းမဲ့သည့်အပြင် ပရမ်းပတာများမို့
အချင်းချင်း တိုက်ခိုက်ရန်လိုနေကြပြီး
မိသားစုဘဝ ပျော်ရွှင်သာယာဖို့ ဝေးလေစွ…။
ကိုယ့်အိမ်နီးနားချင်းတွေက တိုက်ဆောက် ကားစီးကုန်ပြီ။ကိုယ်တွေက တဲစုတ်အတွင်းမှာ
အချင်းချင်း သတ်ပုတ်ကောင်းတုန်း …။
ကိုယ့်အိမ်နီးနားချင်းကလေးတွေ နိင်ငံခြားမှာကျောင်းထားပြီး ကျန်းမာရေးအတွက် ကိုယ်ပိုင်ဆေးခန်းမှာကုသနေချိန် ။
ကိုယ်တွေကအသုံးလုံး သင်တန်းတောင် မတက်ဖူးသေး…။
ကျန်မာရေးကတော့ ဝေလာဝေး…
ဆရာမောင် ဆေးနီမှုန့်တောင် သောက်ရကောင်းမှန်း မသိတဲ့ အခြေအနေ…။
ဒါကြောင့်…
နိုင်ငံတစ်နိင်ငံမှာလည်း ခေါင်းဆောင်ကောင်းမရှိရင်
သေပြီသာမှတ်…။ခေါင်းဆောင်ကောင်း မရှိရင် မိဘကောင်း မရှိတဲ့အိမ်လိုပဲ ဦးကနင်း ပဲ့ကထောင် ဖြစ်နေပါလိမ့်မယ်။ထို အခြေနေမှာ ခိုင်မာတဲ့ စနစ်လည်း ရှိမှာမဟုတ်ဘူး။တရား ဥပဒေလည်း မစိုးမိုးနိင်ဘူး။ခွန်အားကြီးသူက ခွန်အားငယ်သူကိုအနိင်ကျင့်လိမ့်မယ်။
ငယ်သူကလည်း ခွန်အားကြီးသူကို နာကျင် မုန်းတီးနေလိမ့်မယ်။တစ်ယောက်နဲ့တစ်ယောက်
မတည့်မှတော့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမှာလဲ…။
အချင်းချင်း မစည်းလုံးသမျှ ပျော်ရွှင်စရာကောင်းတဲ့နိုင်ငံကို ဘယ်လိုခေါင်းဆောင်မျိုးမှ မတည်ဆောက်နိင်ဘူး။
မျက်ရည်တွေ အငြိုးအတေးတွေနဲ့ပဲ သောင်ထွန်းနေပြီး နောင်တတွေပဲ ပိုင်ဆိုင်နေဦးမှာ…။
ကျနော်တို့ ပထွေးပေါင်းစုံနဲ့နှစ်ပေါင်း များစွာ နေဖူးပါ ပြီ…။အဆိုးအကောင်းလည်း သိနေပြီပဲ…။
ယခုအချိန်ထိ မိဘအရင်းနဲ့မနေတတ်ဖူးဆိုရင် ကိုယ်အပြုမူ စရိုက်လက္ခဏာနဲ့ထိုက်တန်တဲ့ အစိုးရ တစ်ခု တက်လာပါလိမ့်မယ်။
အဲဒီအခြေနေ ပြန်ရောက်တဲ့အခါ
ပြေးထိုးမှ ပထွေး ဆိုးပါတယ် ထပ်ပြီးမအော်ပါနဲ့။
အတိတ်မှာလည်း ခေါင်းဆောင်ကောင်း တစ်ယောက်
ဆုံးရှုံးခဲ့ဖူးပြီ။ယခုတစ်ကြိမ် ခေါင်းဆောင်ကောင်း
တစ်ယောက်ကို မဆုံးရှုံးပါစေနဲ့။
ဒီတစ်ခါ ဆုံးရှုံးရင် နောက်ထပ်အနှစ် (၁၀၀)မက မိအေး ထပ်နာရမယ့်ကိန်းရှိပါတယ်။
သင့်ကြောင့် မြန်မာနိင်ငံ မြောင်းထဲပြန်မရောက်ပါစေနဲ့ဟုသာ…
ဆန္ဒမွန်ဖြင့် မှားရင်ခွင့်လွတ် ဒါပဲ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...