Sunday, May 1, 2016

ငြိမ်းချမ်းရေးအတွက် အမေစုကို ကူညီမယ့် ဦးကိုကိုကြီး (အရပ်ဘက်ကိုယ်စားလှယ်)

Zarni Tike with Tike ZN.

ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အခြေခံကျတဲ့ ပြဿ နာအကြောင်းအရင်း တစ်ခုဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ယူပြီး ဆောင်ရွက် တဲ့အခါမှာ ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေမှာ ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက် သွားဖို့ရှိပါတယ်။
အဓိကက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက် တဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်လာတဲ့ကိစ္စတွေကို သူကနေ တစ်ဆင့် ဆောင်ရွက် သွားဖို့ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်အဖြစ် ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားပါတယ်။

ကျန်တာက ငြိမ်းချမ်းရေးစင်တာကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ ငြိမ်းချမ်းရေး ညီလာခံကျင်းပဖို့ ကိစ္စတွေကို ဆက်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။
ငြိမ်းချမ်းရေး ညီလာခံကျင်းပဖို့ ကျွန်တော်တို့ အချိန်ကာလ မသတ်မှတ် ရသေးပါဘူး။ အဲဒီအတွက် လိုအပ်တဲ့ ပြင်ဆင်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။
ဂျေအမ်စီရဲ့ သဘာဝက အထူးသဖြင့် စစ်ဘက်ဆိုင်ရာကိစ္စတွေကို ပိုပြီး အာရုံစိုက်ပါတယ်။ ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ဖြစ်တဲ့အတွက် နှစ်ဖက် တပ် တွေရဲ့ တည်နေရာတွေ ချိုးဖောက်မှုရှိမရှိကို စစ်ဆေးဖို့ဖြစ် ပါတယ်။ နိုင်ငံရေးဆွေး နွေးမှုအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ (ယူပီဒီဂျေစီ) ရှိပါတယ်။ ယူပီဒီဂျေစီက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်တဲ့အခါမှာ ဂျေအမ်စီက လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေ ပါဝင်လာ ဖို့ အတွက်ကို ကျွန်တော်တို့တတ်နိုင် တဲ့နည်းနဲ့ အစွမ်းကုန် ကြိုးစား သွားမယ်လို့ ကျွန်တော်တို့ အားလုံးက ဆန္ဒပြုပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အစိုးရတစ်ဖွဲ့တည်းရဲ့ လုပ်ငန်းစဉ် မဟုတ် ပါဘူး နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်ပါ။ ဆိုလိုတာက အစိုးရပြောင်းသွားလဲ ငြိမ်းချမ်းရေး အောင်မြင်ဖြစ်ထွန်း သည်အထိ ဆက်ပြီး သယ်ဆောင် သွား ရမှာ ဖြစ်ပါတယ်။ အရင် အစိုးရလက်ထက်က အစပျိုးနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ယခုအစိုးရက ဆက်လက် သယ် ဆောင်သွား ဖို့ ဖြစ်ပါတယ်။
(ဂျေအမ်စီ- ယူ)အဖွဲ့ဝင်၊ ဦးကိုကိုကြီး
အရပ်ဘက် ကိုယ်စားလှယ်
ZN.H

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...