Sunday, July 17, 2016

"အားတော့နာတယ် မစ္စတာလင်ကွန်း"

Khant Naing

‪#‎အောင်ဆန်း‬ vs လင်ကွန်း
အောင်ဆန်းနဲ့လင်ကွန်း ကောင်းကင်ဘုံ၌ဆုံကြရာဝယ်……
လင်ကွန်း ။ ။ဟေ့……အောင်ဆန်း ငါက အမေရိကန်ရဲ့ ၁၆ ယောက်မြောက် သမ္မတကွ။
အောင်ဆန်း ။ ။ကျုပ်ကလည်း မြန်မာပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ပါ။
လင်ကွန်း ။ ။ငါက အမေရိကန်ရဲ့ ဆိုးရွားလှတဲ့ တောင်မြောက် ပြည်တွင်းစစ်ကို နိုင်အောင်တိုက်ခဲ့တာကွ။
အောင်ဆန်း ။ ။ခင်ဗျားက ပြည်တွင်းစစ်ပဲ ရှင်းရတာပါ။ကျုပ်က အနောက်ဘုရင် နေမဝင်အင်ပါယာသခင် အင်္ဂလိပ်နဲ့ အရှေ့ဘုရင် နိပွန်ဂျပန်ကို တိုက်ထုတ်ပီး လွတ်လပ်ရေး ယူထားတာပါဗျ။

လင်ကွန်း ။ ။ငါက ခက်ခဲလှတဲ့ ရှေးရိုးစွဲ အဖြူ အမည်း ပြသနာကို ရင်ကြားစိ ခဲ့တာကော မင်းသိလား။
အောင်ဆန်း ။ ။ခင်ဗျားက အဖြူ အမည်း နှစ်ရောင်တည်း ရင်ကြားစိရတာပါဗျ။ကျုပ်က ပင်လုံမှာ တိုင်းရင်းသားပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ကြားစိခဲ့ရတာ ခင်ဗျားကြားဖူးမှာပါ။
လင်ကွန်း ။ ။ဒါနဲ့ ငါ့ရဲ့ Gettysburg စစ်ထွက်မိန့်ခွန်းက ကမ္ဘာကျော်ခဲ့တယ်နော။
အောင်ဆန်း ။ ။ခင်ဗျားရဲ့လေကြောရှည်တဲ့ Gettysburg
မိန့်ခွန်းမှာ ဘာပြောထားသလဲ ဘယ်သူမှ မသိဘူး။ကျုပ်ရဲ့ ရဲရင့် ပြတ်သားတဲ့ စစ်ထွက်မိန့်ခွန်းကို ကျုပ်တို့ တစ်တိုင်းပြည်လုံး ကလေးကစ အလွတ်ရတယ်ဗျ။
လင်ကွန်း ။ ။ငါက ငွေဝယ်ကျွန် စနစ်ကိုလည်း ဆန့်ကျင်တော်လှန်ခဲ့သေးသကွ။
အောင်ဆန်း ။ ။ကျုပ်ကလည်း ကိုလိုနီစနစ် ဖက်ဆစ်စနစ်တွေကို ဆန့်ကျင်တော်လှန်ခဲ့တာပါပဲ။
လင်ကွန်း ။ ။ငါက တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ အာဇာနည် သမ္မတကွ။
အောင်ဆန်း ။ ။ခင်ဗျားဟာ ခင်ဗျား ပြဇာတ်ကြည့်ရင်း အပစ်ခံရတာ ဆန်းသလားဗျ။ကျုပ်ကတိုင်းပြည်အတွက် အလုပ်လုပ်နေရင်း အသက်စတေး ပေးဆပ်ခဲ့တာပါဗျ။
ကုန်ကုန်ပြောမယ်ဗျာ ခင်ဗျားအဖိုးဘယ်သူလည်း ဘယ်သူမှမသိဘူး။ကျုပ်အဖိုးကို ကျုပ်တို့တစ်တိုင်းပြည်လုံးသိတယ်။ခင်ဗျားသားသမီးတွေ ဘယ်သူတွေလည်း ဘယ်သူမှမသိဘူး။ကျုပ်သမီးကို တစ်ကမ္ဘာလုံးက သိတယ်။
တိတ်တိတ်ခလေး နေစမ်းပါ။
ကမ္ဘာမြေချစ်သူ
Credit: original uploader

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...