Friday, July 15, 2016

ယမ်းဘီလူးကိုယ်တော်သို့..။

မင်း ဒင်

အရိပ်သုံးပါးနားမလည်ချေသူငယ်ကျားစာဖြစ်သတဲ့ကိုယ်တော်..။
ဘိဝံသဆိုတိုင်းလည်းသိပ်မြောက်ကြွမြောက်ကြွလုပ်မနေပါနဲ့။
ဂဏန်းပေါင်းစက်မလိုပဲ၊ကိန်းဂဏန်းတွေကို၊စက္ကန့်ပိုင်းအတွင်း
ပေါင်းနှုတ်မြောက်စားပြနိုင်တဲ့၊လေးငါးနှစ်ကလေးဥာဏ်ကြီးရှင်
ပါရမီရှင်တွေကမ္ဘာပေါ်မှာအများကြီးရှိပါတယ်။

ဘယ်စာအုပ်မဆိုတကြိမ်ဖတ်ရုံနဲ့အာဂုံဆောင်နိုင်တဲ့သူတွေလည်း
ကမ္ဘာပေါ်မှာဒုနဲ့ဒေးပါ။

ဘုန်းကြီးဆိုတာကိုယ့်ဖာသာဘုန်းကြီးတယ်ထင်ရုံနဲ့
တကယ့်ဘုန်းကြီးအစစ်မဖြစ်ပါဘူး။
ဝိနည်းနဲ့အညီနေထိုင်ကျင့်ကြံမှ၊သံသရာလွတ်ကြောင်းတရားကို
ဟောပြောသင်ပြဆုံးမနိုင်ပါမှ၊သူတော်ကောင်းတွေဆည်းကပ်
ကြည်ညိုပါမှ၊ ဘုန်းကြီးအစစ်ဖြစ်တာပါ။
နိုင်ငံကိုချစ်တယ်။လူမျိုးကိုချစ်တယ်။ဘာသာတရားကိုချစ်တယ်။
ပရဟိတအလုပ်တွေအလုပ်တွေလုပ်နေတယ်လို့လည်း
အသံကောင်းမဟစ်ပါလေနဲ့။
အဲဒီအလုပ်မျိုးတွေကိုတကယ်လုပ်နေတဲ့သူတော်ကောင်းတွေဟာ
လူသိမှာတောင်အင်မတန်ကြောက်ကြပါတယ်။ရိုးရိုးကုပ်ကုပ်
နေထိုင်ရင်း၊လောကအကျိုးအများအကျိုးဆောင်ရွက်နေကြတာပါ။
တောင်ပြောမြောက်ပြောလုပ်တာလူတွေအိပ်ရေးပျက်ပါတယ်။
သိပ်နာမည်ကြီးချင်ရင်ဇာတ်ထဲလိုက်။
လက်ကိုင်တုတ်လုပ်ချင်ရင်၊လူထွက်ပြီးအဲဒီပါတီထဲဝင်။
ငွေလိုချင်ရင်ဘဏ်ဓားပြတိုက်ပေတော့။
မုန်းလို့ဟုတ်ဘူးနော်။
အောက်မှာ(မဟန)ဆရာတော်ကြီးကိုယ်တိုင်မိန့်တဲ့၊
သတင်းကိုသေချာဖတ်ကြည့်။
ကိုယ်တော်နဲ့ကိုယ်တော့်နောက်လိုက်တွေအတွက်
ကျုပ်ရင်လေးလွန်းလို့။
အချုပ်တို့ထောင်တို့ဆိုတာ ပျော်ပွဲစားထွက်တဲ့နေရာမဟုတ်ဘူး။
ထောင်ထဲရောက်ရင်ဘယ်စပွန်ဆာမှနောက်ကမလိုက်ဘူး။
နေ့စားခလည်းမရဘူး။
ကဲ..၊ဒါပါပဲကိုယ်တော်။
ကိုယ်တော့်တပည့်တွေကိုဆဲခိုင်းလို့ရပါပြီ။
....................
သာသနာတော် သန့် ရှင်းတည်တံ့ပြန့်ပွားရေးဆောင် ရွက်ရာတွင်
သံဃာတော်များချည်းဆောင်ရွက်ရုံဖြင့်ပြီးပြည့် စုံမှု
ရှိနိုင်မည်မဟုတ်ကြောင်းနိုင်ငံတော်သံဃမဟာနာယက
(မဟန)ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံ
(အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)
ကမိန့်ကြား သည်။
ဇူလိုင် ၁၃ ရက်က ရန်ကုန် မြို့ ကမ္ဘာအေးကုန်းမြေ
ဝိဇယမင်္ဂ လာဓမ္မသဘင်တွင် ကျင်းပသော မဟန၏
ဧကဒသမအစည်းအဝေး ၌ ဆရာတော်က အထက်ပါတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
-
‘သာသနာတော်သည် မင်း ကိုမှီ၍ တည်ရ၏’ဟု
ရှေးရှေး သော မဟာထေရ်မြတ်ကြီးများ၏ အဆိုအမိန့်ရှိသည့်အတိုင်း နိုင်ငံတော်
အစိုးရမင်းတို့၏ အမှီရရှိမှ ပြီးပြည့်စုံအောင်
ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တကုမာရာဘိဝံသ က မိန့်ကြားသည်။
ဘုရား၊ သာသနာရေးရာ၊ ၀ိနိစ္ဆယရေးရာ၊ ပညာရေးရာများ
ဆောင်ရွက်ရာတွင် လက်ရှိ ဒီမို ကရေစီစနစ်နှင့်လည်း
ကိုက်ညီ၍ ဗုဒ္ဓဘုရားရှင်၏ ဓမ္မ၀ိနယနှင့် လည်း
လုံးဝသွေဖည်မှုမရှိရလေအောင် ဆောင်ရွက်ရသကဲ့သို့
အ ရပ်ဘက်ဥပဒေများနှင့်လည်းချိန် ထိုး၍
ဆောင်ရွက်ရန်လိုကြောင်း ဆရာတော်က ဆက်လက်မိန့် ကြားသည်။
သတင်း။ ။ဆဲဗင်းဒေး
ရုပ်ပုံ။ ။အင်တာနက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...