Tuesday, August 9, 2016

* ဗျူဟာမြောက် လှုပ်ကွက် *

Daw Aung San Suu Kyi

ဆွေမျိုးပေါက်ဖော်ကြီးတို့..
ကျုပ်တို့ ခေါင်းဆောင် ခင်ဗျားတို့ နိုင်ငံဆီ လာတော့မယ်၊ ဘယ်လောက်အထိ လိုက်လျောဖို့ ဆုံးဖြတ်ထားကြပြီလဲ၊ မမျှတတဲ့ အခွင့်အရေးတွေ၊အပေါ်စီးအနေအထားတွေ နဲ့တော့ ဆက်ဆံလို့ မရဘူး ဆိုတာ နားလည်ထားကြပါ၊
ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီက ချမှတ်တဲ့ အရေးယူမှု့တွေကို ခင်ဗျားတို့ရဲ့ ဗီတိုအာဏာသုံး ပါယ်ချကာကွယ်ပေးမှု့နဲ့ ရှင်သန်ခဲ့ရတဲ့ ပုဂ္ဂိုလ် ၊ အစိုးရ မဟုတ်တော့ဘူး၊
ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ခင်ဗျားတို့ကို မိန့်ခွန်းခြွေမဲ့ အမျိုးသမီးကြီး ဆိုတာ သိထားကြပါ။


ဒီအမျိုးသမီးကြီးရဲ့ တိုက်ကွက် ကာကွက် ထောက်ကွက် ရှောင်ကွက်တွေကို ခင်ဗျားတို့ လိုက်မမှီနိုင်ပါဘူး၊ လက်ရှိ ဗျူဟာအခင်းအကျင်းက စစ်တုရင်ကစားကွက်နဲ့ ပြောရလျှင် (chess ) ချက်စ်ကွက်..
ဒီတော့ သူမ ဆွေးနွေးတောင်းဆိုချက်တွေကို လက်ခံရုံကလွဲပြီး အခြားမရှိဘူး၊အကယ်၍သာ လက်မခံ ငြင်းပယ်ခဲ့မယ်ဆိုလျှင်တော့ ...
(၁) ခင်ဗျားတို့ ရဲ့ ဘင်္ဂလားအော် ထွက်ပေါက်လမ်းကြောင်း ကျဉ်းမြှောင်းသွားမယ်၊
(၂) အိန္ဒိယနိုင်ငံဖက်ကို ဖောက်လုပ်မဲ့ ပိုးလမ်းမကြီး စီမံကိန်းက မြန်မာနိုင်ငံကို ဖြတ်ဖောက်ရမယ်ဆိုတာလဲ မမေ့ပါနဲ့ ၊
(၃) နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ ပေါက်ဖော်တို့ရဲ့ စီးပွားရေး ကုမ္ပဏီ အများအပြား ကျုပ်တို့နိုင်ငံထဲမှာလေ၊
(၄) စစ်အင်အားနဲ့တော့ ဖိအားပေးဖို့ စိတ်မကူးနဲ့ ပါဝါရှင် ရုရှားနိုင်ငံကို စစ်ရေးမဟာမိတ် ဖွဲ့ပြီးပြီ၊
(၅) မြစ်ဆုံနဲ့ ပါတ်သက်လို့လား ...
မလောပါနဲ့ ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့ထားတယ်၊ ဒီကော်မရှင်က လေ့လာ စိစစ် သုံးသပ်ချက် ထွက်လာမှ ဆက်လက်ဆွေးနွေးရမှာ၊ ရင်းနှီး မြုပ်နှံမှု့အတွက် လျော်ကြေး တောင်းဖို့နေနေသာသာ ခင်ဗျားတို့က တရားခံတောင် ဖြစ်သွားနိုင်တယ်၊
စီမံကိန်းဧရိယာအတွင်းက သတ္ထုရောမြေတွေ၊ အဖိုးတန် သစ်နဲ့ သစ်တောထွက် ပစ္စည်းတွေကို ခင်ဗျားတို့ နိုင်ငံထဲ သယ်ထားကြပြီးပြီ၊ ဒီလို သယ်ယူဖို့ တရားဝင် စာချုပ်ထဲ မပါလျှင်တော့ ခင်ဗျားတို့ ခိုးတာဘဲ ၊ အကယ်၍ စာချုပ်စာတန်းမှာပါပြီးဖြစ်လျှင်လည်း ခိုးရောင်း ခိုးဝယ် ဖြစ်မှာဘဲဗျ၊ မြန်မာပြည်ထဲမှာ စီမံကိန်းလုပ်တာလေ၊ စီမံကိန်း ဧရိယာအတွင်းက ပစ္စည်းတွေကို ဘာဖြစ်လို့ ပေါက်ဖော်ကြီးတို့နိုင်ငံထဲ သယ်သွားရမလဲ၊
(၆) ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်အောင်မြင်ရေးအတွက် ကူညီ ပံ့ပိုးပေးပါမယ် ဆိုတာလောက်နဲ့တော့ အခွင့်အရေးတွေ မတရား တောင်းဆိုလို့ ရမှာမဟုတ်ဘူး၊
ဒီတော့ ကျုပ်တို့ခေါင်းဆောင် ပါတီခေါင်းဆောင် ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အတိုင်းသာ ဝမ်းသာအားရ လက်ခံလိုက်ကြပါလို့ အကျိုးမြှော် နှိုးဆော်အပ်ပါတယ် ဆွေမျိုး ပေါက်ဖော်ကြီးတို့ ....
မှတ်ချက် /- တစ်ဖက်စောင်းနင်းဆက်ဆံလို့ကတော့ အခြားတစ်ဖက်မှာ အင်အားကြီးနိုင်ငံ အိန္ဒိယ အပါအဝင် ဂျပန်၊ အမေရိကန်တို့က လာပါလာပါ တစာစာ ဖိတ်ခေါ်နေတယ်ဗျ ၊ ဒါပါဘဲ ။
( စိုးဝင်း )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...