Wednesday, September 21, 2016

“ ပြေးလမ်းထက်မှာ ”

Min Ko Naing

တာယာပန်းတွေ ပွန်းမှာကြောက်ရင်
ပြိုင်ဘီးကောင်းမဖြစ်နိုင်သလိုပေါ့
.
တာဝေးပြေးစဉ်
ဘယ်ပါးပြင်မှ နံ့သာမတင်နိုင်ဖူးလေ


.
ဝဲ,ယာ တလျှောက်
လက်တွေမြှောက်ထားတဲ့ ပြေးလမ်းမှာ
မလွတ်တမ်းပုံရိပ်ဖမ်းကြမယ့်
နတ်မျက်စိတွေကြား
( ချစ်သူရေ )...
လှဖို့ထက်၊ မမှားဖို့ လိုတယ်မဟုတ်လား
.
လာလှည့်​..
တွဲလျက်မဖြုတ်
ကျန်တဖက်နဲ့ သုတ်ပါမယ်
(ဒါပေမယ့်)
နဖူးကချွေး
သုတ်ပေးမယ့် လက်မှာလည်း “ချွေး”နဲ့
.
ပြေးလမ်းထက်မှာ
ကံယုံလို့ ဆူးမနင်းခဲ့ပဲ
လူယုံလို့ ပါးလေးနမ်းတော့လည်း
နံ့သာဖြစ်ဖြစ် ချွေးသံဖြစ်စေ
မွှေးကျန်ရစ်နေမှာပဲ .....။ ။
.
- #မင်းကိုနိုင်
[ 18-Sept-2016 ]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...