Sunday, October 2, 2016

အားပြိုင်မှုလား အာရုံပြောင်းမှုလား

Nyan Zaw Htun

(၁)
ဒီရက်ပိုင်းမှာသတင်းတွေ
ဆက်တိုက်ဆက်တိုက် ထူးခြားလာတယ်..
ဒီသတင်းတွေကိုဖတ်ကြည့်ပြီး.
အားပြိုင်မှုတွေကို
သတိပြုမိလာပါတယ်..
လက်လှမ်းမီသလောက်ပြောရရင်
ပင်လုံညီလာခံမတိုင်ခင်ကစပြီး..
အတိုက်အခံတွေဟာ..
အစိုးရရဲ့ပင်လုံညီလာခံကို ဝေဘန်ကြတယ်..

ပင်လုံညီလာခံလဲကျင်းပပြီးသွားရော..
ပြည်နယ်တောင်းဆိုမှုတွေနဲ့ သဘောထား
ကွဲပြားမှုတွေဟာ အရင်အတုန်းက..
ငြိမ်းချမ်းရေးခေါင်းစဉ်မျိုးစုံပြခဲ့တဲ့..
အရင်အစိုးရ တစ်ဖြစ်လဲ..
အတိုက်အခံတွေဘက်ကို..
ပြန်မျှားဦးလှည့်သွားတယ်..
နောက်ပြီးတော့ ရခိုင်အရေးကိစ္စတွေမှာ
ကိုဖီအာနန်ကအကြံပေးဥက္ကဌအဖြစ်..
ပါဝင်လာတဲ့အတွက်..
အဲဒီဘက်ကိုမျှားဦးလှည့်ကြပြန်တယ်..
တစ်ပူမီဒီယာကြီးက အပီအပြင်..ကို
ငွေအကုန်ခံပြီး ဝေဘန်တိုက်ခိုက်တယ်..
ရခိုင်အချို့နားယောင်ကုန်တယ်..
ကိုဖီအာနန်လဲလာရော..
ဆူပွက်ကုန်ကြတယ်..
ဒီကြားထဲမှာ အမေစုဟာ..
နိုင်ငံတကာကိုသွားတယ်...
အာဆီယံထိပ်သီးအစည်းအဝေးမှာ..
ဂျပန်နဲ့ နိုင်ငံတကာရဲ့အထောက်အပံ့တွေ
အများကြီးရခဲ့တယ်..
နောက်ပြီး ဗြိတိန်နဲ့ အမေရိကန် သွားတယ်..
မြန်မာနိုင်ငံအတွက် တန်ဘိုးရှိတဲ့ စီးပွားရေးဆိုင်ရာ
အကူအညီတွေကို ယူဆောင်ခဲ့ပါတယ်..
ဒီလိုအခြေအနေမျိုးဖြစ်တဲ့အချိန်မှာ
ဒီလိုအခြေအနေကိုဖုံးလွှမ်းဖို့အတွက်
အတိုက်အခံတွေဟာ ကြိုးစားခဲ့ကြပါတယ်..
------------------
(၂)
ပထမအချက်ကတော့...
ဂျာနယ်တစ်စောင်က နေတက်လာတဲ့
မြန်မာနိုင်ငံမှာအရင်ကတည်ဆောက်ခဲ့တဲ့
လမ်းတွေ တံတားတွေကိုစစ်ဆေးတဲ့အချိန်မှာ
စာရင်းထက်ကို အများကြီးလျော့နေတယ်ဆိုတဲ့
သတင်းဖြစ်ပါတယ်..
ဒီသတင်းကို မှားတဲ့အကြောင်း ပြပြီး..
အတိုက်အခံအဖွဲ့တွေဟာ..
အကြီးအကျယ် ဝေဘန်ပါတော့တယ်..
ဒီမိုတွေထဲက ဒီသတင်းတင်တဲ့..
နာမည်ကြီးဖေ့စ်ဘုတ်User တွေိ
တရားစွဲမယ်ဆိုတဲ့ လေသံတွေပစ်လာပါတယ်..
နောက်တစ်ချက်ကတော့..
အမျိုးဘာသာအကြောင်းပြပြီး..
မွတ်စလင်တွေရဲ့အစ်နေ့မှာ..
နွားတွေကို ထိန်းသိမ်းတဲ့..
Campaign လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်..
ဒီအလုပ်တွေဟာ..
အနောက်နိုင်ငံတွေကို ခရီးထွက်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွေကို
ဖုံးလွှမ်းဖို့အတွက် ပြည်သူတွေကို..
မှိုင်းတိုက်တဲ့ သဘောတွေနဲ့..
လုပ်ခဲ့တာဖြစ်ပါတယ်...
ဘာသာရေးကိုင်းရှိုင်းသူတစ်ချို့
မြောပါကုန်ပါတယ်..
အာရုံတွေပြောင်းကုန်ပါတယ်..
သမိုင်းကိုပြန်ကြည့်ရင်တော့..
စစ်အာဏာရှင်လက်ထက်မှာတောင်..
ဒီလိုမျိုး အိဒ် နေ့တွေမှာ...
နွားကာကွယ်ရေးလှုပ်ရှားမှုတွေမရှိခဲ့တာကို
တွေ့ရမှာပါ..
အဖြေကရှင်းရှင်းလေးပါ..
-------------------------
(၃)
ဒုတိယထပ်ပြီးဖြစ်လာတာကတော့..
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးကပြောခဲ့တဲ့
အရင်အစိုးရရဲ့ လုပ်ဆောင်မှုတွေကြောင့်..
အကြွေးတွေလစဉ်ဆပ်နေရတဲ့ဆိုတဲ့
သတင်းဖြစ်ပါတယ်...
ဒီသတင်းဟာ ကိုဖီအာနန်သတင်းနဲ့..
အမေစုရဲ့ အနောက်နိုင်ငံခရီးစဉ်သတင်းတွေကြောင့်
လူတွေသိပ်မသိလိုက်ပေမဲ့..
အတိုက်အခံတွေအဖို့..
တီကောင်ဆားပက်သလို ထွန့်ထွန့်လူးကုန်ပါတယ်..
သတင်းထဲမှာပါတာကတော့..ရှင်းပါတယ်..
အစိုးရဟောင်းပြုလုပ်ခဲ့တဲ့
မအောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့်
လစဉ် လစဉ် ကျပ်သန်းပေါင်း ရာချီ အကြွေးဆပ်နေရတယ်လို့
စီမံကိန်း နှင့် ဘဏ္ဏာရေး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း
စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၆ ရက်နေ့ က
ပုသိမ်စက်မှုမြို့တော်စီမံကိန်း စတင်
အကောင်အထည်ဖေါ်တဲ့
အခမ်းအနားတွင် ပြောကြားခဲ့တာပါ..
ဒီသတင်းကိုလေ့လာမိသလောက်ပြောရရင်..
.ဦးအောင်သောင်းလက်ထက်က
သာပေါင်းစက္ကူစက်ရံကြီးကိုဆောက်ပြီး..
ပျော့ဖတ်သာထုတ်နိုင်ပြီး..
အလုပ်မဖြစ်တဲ့အကြောင်း....
ပြီးတော့ တရုတ်လုပ်ခရီးသယ်တင်လေယာဉ်
တွေကိုအကြွေးနဲ့ဝယ်ပြီး နည်းပညာအရ
အသုံးပြုဖို့စိတ်မချရတဲ့အတွက်ရပ်ထားရပြီး..
နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာပေးဆပ်
နေရတဲ့အကြောင်း....
ကျောက်ဆည်ဒေသဖွံ့ဖြိုးရေးအတွက်..
စက်ရုံတွေဆောက်ပြီးဝန်ထမ်းတွေခန့်ထားပေမဲ့
ဒီစက်ရုံတွေလည်ပတ်ဖို့..
တရုတ်လုပ်ဂက်စ်တာဘိုင်ကိုပါဝယ်ယူခဲ့ပြီး
လစဉ် ဒေါ်လာ ၂.၇ သန်းပေးဆပ်နေရတဲ့
အကြောင်းတွေနဲ့..
ဒီလိုဖြစ်နေတာတွေကြောင့်..
အစိုးရသစ်ဟာ...
အတတ်နိုင်ဆုံးရုန်းကန်နေရတဲ့အကြောင်း
ပြောသွားတာဖြစ်ပါတယ်..
ဒီသတင်းတက်လာတဲ့အချိန်မှာ..
လူအများစုအာရုံမစိုက်နိုင်ပေမဲ့..
ဒီသတင်းမှန်ကန်တဲ့အတွက်ကြောင့်မို့..
အတိုက်အခံတွေဟာ..
အနာပေါ်တုတ်ကျသလိုဖြစ်သွားခဲ့ပြီး..
ပထမ လမ်း၊တံတား နဲ့ပတ်သက်တဲ့
စာရင်းကွာမှုသတင်း လိုမျိုးသတင်းအမှား
တွေမဟုတ်တဲ့အတွက်...
အစိုးရသစ်ဝန်ကြီးကိုယ်တိုင်က
ပြောကြားတဲ့သတင်းမှန်ဖြစ်တဲ့အတွက်..
အတိုက်အခံတွေဟာ..
ဒီအတိုင်း ကြည့်နေခဲ့ရပါတယ်..
နောက်ပိုင်းမှာ..
တခြားကိစ္စတွေနဲ့ အာရုံပြောင်းဖို့..
ကြိုးစားခဲ့ပါတယ်..
ဒီသတင်းဟာ...
အစလေးတစ်ခုဖြစ်ပြီး..
တခြား ဇတ်လမ်းရှုပ်တွေနဲ့...
နစ်နာမှုတွေကို အစိုးရသစ်က..
ပြန်ဖေါ်ထုတ်နိုင်တယ်ဆိုတဲ့..
စိုးရိမ်ပူပန်မှုတွေဖြစ်နေမယ်ထင်ပါတယ်..
ဒါဟာဘယ်သူမှသတိမထားမိတဲ့
အချက်လေးတစ်ခုပါ..
---------------------
(၄)
ဒီလိုမျိုးထင်ရာစိုင်းခဲ့လို့ ဖြစ်လာတဲ့.
အနေအထားကို မျက်စေ့မှိတ်ငြင်းဆန်ပြီး
လွှမ်မိုးစေဖို့အတွက်...
အတိုက်အခံတွေဟာ..
ကိုဖီအာနန်ကိစ္စကို ဇောင်းပေးပြီး..
ဝါဒဖြန့်ခဲ့ကြပါတယ်..
နောက်ပိုင်းမှာ ပါတီ (၁၁) ပါတီစုပြီး..
ကန့်ကွက်တဲ့အနေအထားအထိဖြစ်လာပါတယ်..
အမေရိကန်ကိုရောက်နေတဲ့ ဒေါ်စုဟာ..
ဒီကိစ္စမှာ နိုင်ငံရေးရည်ရွယ်ချက်တွေ
ပါနေတယ်လို့ သတိပေးခဲ့ပါတယ်..
ဒီအချက်ကလဲ မှန်လွန်းတဲ့အချက်ပါပဲ..
ပြီးတော့..ဆက်တိုက်ဆိုသလို..
နယ်စပ်မှာ တိုက်ပွဲတွေဖြစ်လာပါတယ်..
ဘင်္ဂလီကိစ္စနဲ့ပတ်သက်ပြီး..
မျိုးနှစ်တွေ ပြန်လည်ထကြွလာကြသလို..
တိုက်ပွဲတွေနဲ့ပတ်သက်ပြီး
ဖွတ်တွေဆီကအသံပြန်ထွက်လာတယ်..
အကျယ်အကျယ်ဖြစ်အောင်..
အာရုံပြောင်းနေပုံပါပဲ..
------------------------
(၅)
ဒါတွေကို ခြုံငုံကြည့်လိုက်ရင်တော့..
သုံးသပ်မိတာက ရှင်းရှင်းလေးပါ..
အတိုက်အခံတွေဟာ..
အစိုးရသစ် လုပ်ဆောင်ချက်တွေကို..
နှောက်ယှက်တဲ့အနေအထားဖြစ်ပါတယ်..
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွကိုလည်း
မှေးမိန်သွားစေချင်တဲ့အနေအထားမျိုး
ပြသနေပါတယ်...
နောက်ဆုံး...
အစိုးရသစ်က သူတို့ရဲ့အရှုပ်ထုတ်တွေကို
ဖေါ်မှာကိုကအစ..စိတ်ပူနေတာပါ..
အဲဒါကြောင့် အရှိန်အဟုန်ပြင်းပြင်းနဲ့
တခြားကစားကွက်တွေကို..
ဆက်တိုက်ထုတ်သုံးနေတာဖြစ်ပါတယ်..
ဒါ့ကြောင့် အခုသတင်းတွေအပေါ်
မူတည်ပြီး အားလုံးစဉ်းစားသုံးသပ်နိုင်ကြရပါမယ်..
နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိပါဘူး
( Pa Yit)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...