Sunday, January 31, 2016

ဝက်ဝံစစ်သားကြီး (သို့မဟုတ်) Voytek

မှတ်စုကြမ်း
 
 [၁၉၄၂ ခုနှစ်၊ အီရန်နိုင်ငံ ၊ ဒုတိယကမ္ဘာစစ်အတွင်း]
၁၉၄၂ ခုနှစ် အီရန်နိုင်ငံ စစ်မြေပြင်မှာ
ပိုလန်စစ်သားတွေက ဝက်ဝံပေါက်စလေး တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပိုလန် တပ်မဟာ အမှတ် (၂) မှ အမြှောက်တပ်ခွဲ အမှတ် (၂၂) မှာတာဝန်ကျတဲ့စစ်သားတွေပါပဲ။
ခိုကိုးရာမဲ့ဖြစ်နေတဲ့ ဝက်ဝံပေါက်စလေးကို စစ်သားတွေကမွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။
ထိုဝက်ဝံလေးကို ပိုလန်ဘာသာ စကားနဲ့ Wojtek လို့အမည် ပေးလိုက်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Saturday, January 30, 2016

စစ်ဆရာဝန်တွေ .. အရပ်ဘက် ပြောင်းတဲ့ ကိစ္စ

 
အခုရက်ပိုင်း စစ်ဆရာဝန်တွေ .. အရပ်ဘက် ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး .. ရဲမိုး တို့အဖွဲ့တွေ .. တော်တော်လေး အသံ ထွက်နေ ကြတယ် ..
......
ကျွန်တော် သူငယ်ချင်းထဲမှာ စစ် ဆရာဝန် တွေလည်း ရှိသလို .. အရပ်သား ဆရာဝန်တွေလည်း ရှိကြတော့ .. မည်သူကိုမှ ဘက် မလိုက်ဘဲ .. အမှန်တရားကို အခြေခံပြီး .. နည်းနည်းပြောပရစေ ...

တယ်လီပသီ ( ဝါ ) အီးအက်စ်ပီ

မှတ်စုကြမ်း

တမလွန်ဘဝအကြောင်းကို စူးစမ်းလေ့လာတဲ့ အခါမှာ သုတေသီဆရာတွေရဲ့ အချက်အလက်တွေကို မဖေါ်ပြမီ တယ်လီပသီအကြောင်းကိုတော့ ရေးသားရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ တွေ့ရှိချက်တွေကို စဉ်းစားတဲ့အခါမှာ မျက်ကွယ်ပြုထားလို့ မရတဲ့ အချက်ဖြစ်နေလို့ပါပဲ ။ တယ်လီပသီဆိုတာ လူတစ်ဦးကနေ တစ်ဦးကို စိတ်ကူးဆက်ခြင်း သို့မဟုတ် လူတစ်ဦး သိနေတာကို အခြားသူတစ်ဦးက နား မျက်စိ စတာတွေကိုမသုံးပဲ အလိုလို သိနေခြင်းဖြစ်တယ် ။ အဲ့ဒီ့ စိတ်စွမ်းအင်ကို အခုခေတ်မှာ စိတ်ဝိညာဉ် သုတေသီတွေက အီးအက်စ်ပီ လို့ ခေါ်တယ် ။ ပရဝိညာဉ်လို့ ဆိုဟန်တူပါတယ် ။ ဒါပေမယ့် ပရဝိညာဉ်ဆိုပေမယ့် အတ္တဝိညာဉ်လိုမဟုတ်ပဲ စိတ်စွမ်းအင်တစ်မျိုးတာ ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်


Thursday, January 28, 2016

ကျူး ကောင်

 နေတာကမြို့ထဲ
အစားက ကဲ
ဆွဲရသမျှ လက်နိုက်
အချိုလည်းအလွန်ကြိုက်တော့
မိသားစုလိုက်အမှိုက်ထုပ်ထဲရောက်
စားသောက်နေထိုင်
ဧည့်စာရင်းတိုင်စရာမလို
အမှိုက်ထုတ်ထဲမှာတော့…ကျွန်တော်တို့ဗိုလ်ပေါ့ ။

ဘယ်သူသမ္မတလဲဆိုတာ ဆောရီးပါ

Tin Nyunt

ဒီနေ့မြို့ထဲရောက်တယ်။ ပန်းဆိုးတန်းမှာ ရှားပါးစာအုပ်တစ်အုပ်ရလာတယ်။ လဖက်ရည်ဆိုင်မှာ ရလာတဲ့ စာအုပ်ကို မြည်းနေတုန်း ကျောလာပုတ်သူတစ်ယောက်ကို ကြည့်လိုက်တော့ ကြံ့ဖွံ့အမတ်ပြုတ်ဖြစ်နေတယ်။ သူက စပ်ဖြီးဖြီးနဲ့
“သမ္မတဘယ်သူဖြစ်မလဲ” လို့ စပ်စုလာတယ်။

ကျွန်တော်အမှန်အတိုင်းပြောရရင် ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ စိတ်ကို မဝင်စားတာ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ အကောင်းဆုံး ရွေးချယ်ခဲ့ပြီးပြီ။ တာဝန်ကျေစွာ မဲပေးခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်မှုနဲ့ လွှဲအပ်ခဲ့ပြီးပြီဗျ။
ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိမ့်မယ်။ သူရွေးချယ်ပေးလိုက်တာကို ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို သူ့ဆီကို လွှဲအပ်ထားလိုက်ကြတယ်မဟုတ်လား။

သုံးခုလုံး ပါသွားပြီ...

Thidar Min
·
မြန်မာပြည်ခါးလယ်ကို စလွယ်သိုင်းဖြတ်ပိုင်းထားတဲ့ ရေနံပိုက်လိုင်းကြီးကနေ တရုတ်ကို ရေနံစိမ်းပို့လို့ရမယ့် မဒဲ ရေနက်ဆိပ်ကမ်းကို အကြိုဖွင့်လိုက်ပါပြီ။
တစ်နေ့ နှစ်ထောင်လောက်တယ်ပြောတဲ့ ဥာဏ်ထွန်းကတော့ စွမ်းအင်ကရှယ်ယာပါတဲ့အကြောင်း မီးလောင် ရေနံဖိတ်စတဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေ ကျွန်တော်တို့ရေကြောင်းဆရာပြောတဲ့ လူလုပ်ကပ်ဘေးပေါ့ဗျာ…

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)

သစ်ထူးလွင်



Sunday, January 24, 2016

စည်းမျဉ်းအရ အသံတိတ်ထားတာ အလံလိပ်မသွားဘူး တလူလူ

Than Htike

စည်းမျဉ်းအရ
အသံတိတ်ထားတာ
အလံလိပ်မသွားဘူး တလူလူ
ကမ္ဘာဦးည
အရင်ဆုံးဖြာကျမယ့်လရောင်ကိုစောင့်သလို

အကျောယူထားတဲ့မသမာမှူကို
ဒုန်းဖြတ်ကျော်မယ့် သိန္နောမြင်းခွါလို

မပြောသင့်သေးလို့ မပြောသေးတာ

Zaw Myint Aye


(၁)
NLD ကမနေ့က..ကြေငြာချက်ထုတ်ပါတယ်..
အဲဒီကြေငြာချက်အရ..အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့
အခြေအနေတွေ အသွင်ကူးပြောင်းတာနဲ့ပတ်သက်တဲ့ မူဝါဒတွေကို..
ဒေါ်စုတစ်ယောက်ထဲကပဲပြောရေးဆိုခွင့်ရှိတော့မှာဖြစ်ပါတယ်..
ဒီကြေငြာချက်ကိုဖတ်ပြီး..
တစ်ချို့က...အာဏာရှင်စနစ် ပုံစံကိုသွားနေသလိုမျိုး..
ပွင့်လင်းမြင်သာမှုမရှိသလိုမျိုး..နည်းအမျိုးမျိုးနဲ့ဝေဘန်နေကြပါတယ်..

အံ့သြလွန်ပြီးသေတာပါ

ဦးမြင့် ခိုင် စိတ်ပညာ


ယမမင်းဆီကို ငရဲသားတယောက် ရောက်လာတယ် ဒါနဲ့  ယမမင်းက မေးတယ်
မောင်မင်း ဘာ့ကြောင့် သေတာလည်း
ငရဲသားက ဖြေတယ်
ကွန်တော်မျိုး အံ့သြလွန်ပြီး သေတာပါ
ဘာကို အံ့သြလွန်တာလဲ
ကျွန်တော့အဖိုးက ဟိုတုန်းက
မြန်မာနိုင်ငံအကြောင်းကို ပြောပြလို့ ပါ။

ကောလာဟလသတင်းများနဲ့ နိုင်ငံရေးချိန်ခွင်လျှာ

U Ravika

ကောလာဟလသတင်းအရ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဦးဝင်းမြင့်ရဲ့ ဒုဥက္ကဋ္ဌအတွက် USDP က ကချင်တစ်ယောက်နဲ့ မန်းဝင်းခိုင်သန်းရဲ့ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်တစ်ယောက်ကို ခန့်အပ်မယ်လို့ ခပ်ကြီးကြီးသတင်းဌာနတစ်ခုကို NLD စီအီးစီဦးညာဏ်ဝင်း ပြောပြခဲ့တယ်။ ဒါကို ဦးဝင်းထိန်က ငြင်းပါတယ်။ အတည်မပြုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က တစ်မတ်သားကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ခဲ့ပါပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁)

သစ်ထူးလွင်


Friday, January 22, 2016

တရားခံ မမိရင် ငါတို့လုပ်တာ၊ အစိုးရလုပ်တာတဲ့

Nyein Chan Aung

ဖင်လန်နိုင်ငံမှာ ပျင်းစရာမရှိ၊ အားနေရင် စာဖတ်မလား၊ ဌာနဆိုင်ရာတွေကို သွားပြီး သိချင်တာ မေးမလား၊ မေးခွင့်ရှိသည်၊ မေးနိုင်သည်။ အလုပ်များသော ဌာနများတွင်တော့ အချိန်ယူရသည့် အခက်အခဲ ရှိနိုင်ပါသည်။
-
ဒီနေ့ ညနေ ခဏအားတော့ ရဲစခန်းကို သွားလိုက်သည်။ ရာဇ၀တ်မှု့တွေမှာ တရားခံ မမိရင် ဖင်လန်နိုင်ငံမှာ ရဲဝန်ထမ်းအနေနဲ့ ရဲဌာနအနေနဲ့ အစိုးရအနေနဲ့ ဘယ်လို သဘောထားပါသလဲ ဟု မေးရာ။

Thursday, January 21, 2016

ဒီနေ့ ဗိုလ်ချုပ်မြ မွေးနေ့ အမှတ်တရ ၀တ်ပြုဆုတောင်းပွဲတက်ရင်း ပြန်လည်ကြားယောင် သတိတယ မှတ်သားထားမိတဲ့စကားတချို့ 

Kyaw Kyaw Nyein Chan


၁။ ငါတို့ တော်လှန်ရေးလုပ်နေတာဟာ ကရင်တမျိုးသားထဲ လွတ်လပ်ဖို့ မဟုတ်ဘူး ....
တပြည်လုံးမှာရှိတဲ့ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံအားလုံးလွတ်လပ်ဖို့ ...။
၂။ လက်နက်ကိုင်တော်လှန်ရေးလုပ်တယ်ဆိုတာ အဖိနှိပ်ခံတွေအတွက် ညာလက်နဲ့ တိုက်ပွဲဝင်တာပဲ ...။ တပြည်လုံးငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးတယ်ဆိုတာဟာ ဘယ်လက်နဲ့ တိုက်ပွဲဝင်တာပဲ ..။ တပြည်လုံးလွတ်မြောက်ဖို့ဆိုတာ ဘယ်နဲ့ညာ ဟန်ချက်ညီညီ တိုက်ဖို့ လိုတယ် ...။

အစေခံဘ၀မှ သမ္မတဖြစ်လာသူ

ရေးမိရေးရာလေးများ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အနီးရှိ တောရွာလေးတစ်ရွာတွင် Garfield ကို ၁၇၉၉ ခုနှစ် တွင် ဖွားမြင်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် Eliza ဆိုသူ သူ၏သူငယ်ချင်းနှင့် လက်ထပ် ထိမ်းမြားခဲ့ပါသည်။ ဂါဖီးတို့ ဇနီးမောင်နှံသည် သစ်ခုတ်ခြင်းလုပ်ငန်းဖြင့် ပင်ပန်းဆင်းရဲစွာ အသက်မွေး ၀မ်းကြောင်းရသည်။ သူတို့၏ တဲအိမ်ငယ်လေးထဲတွင် မိသားစုပျော်ပျော်ပါးပါးနေထိုင်ခဲ့ကြပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့လေသည်။ တိုင်းပြည်မတည်ငြိမ်မှုကြောင်း Orange မြို့အနီးသို့ ပြောင်းရွှေ့နေထိုင်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁)

သစ်ထူးလွင်


Wednesday, January 20, 2016

ဘ၀တွေတိုးတက်ဖို့ မြန်မာတွေ ဘာတွေပြင်ရမလဲ

နည်းစနစ်ကျကျအတွေးအခေါ်

 (၁) သူများအချိန်ကို မဖြုန်းမိဖို့

မေးတာကိုဘဲ တိကျစွာဖြေဖို့ လုပ်ငန်းခွင်၊ လူမှုဝန်းကျင်နဲ့ အခြားသောနေရာများစွာမှာ လိုနေပါတယ်။ ဥပမာ- သင်ဟာ ရာထူးတစ်ခုအတွက် လူတွေ့အင်တာဗျူးလုပ်စဉ်မှာ မေးမြန်းသူက
သင့်ဘ၀မှာ အအောင်မြင်ဆုံးစွမ်းဆောင်နိုင်မှုတစ်ခုပြောပြပါလို့ ဆိုလာရင် မြန်မာတွေ အများစု ယောင်ဝါးဝါးဖြေကြပါလိမ့်မယ်။

ဦးနုသာရှိသေးရင်

Tin Nyunt

အစဉ်အလာကြီးတဲ့ GTI ကျောင်းကြီးကို အာဏာရှင်တွေ လက်ထဲက တစ်စိတ်တစ်ပိုင်း ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီဆိုတာကတော့ မင်္ဂလာသတင်းပဲဗျ။ GTI ကို ပြဿနာ နေရာတစ်နေရာလို့ သတ်မှတ်ပြီး စစ်အစိုးရ အစဉ်အဆက် မျက်မုန်းကျိုးခဲ့တာပေါ့ဗျာ။ ကျောင်းကို အချုပ်ခန်းအဖြစ် အသုံးပြုပြီး ကျောင်းသားတွေ ဖမ်းထည့်၊ စစ်ဆေးခဲ့တာတွေကလည်း မေ့နိုင်စရာ ကိစ္စမှ မဟုတ်တာ။ သမိုင်းတစ်ပတ်လည်ချိန်လို့ ဆိုရတော့ မှာပေါ့။
GTI ကျောင်းကို အစိုးရ စက်မှုလက်မှုသိပ္ပံ ဆိုပြီးတော့ ၁၈၉၅ ခုနှစ်လောက်ကတည်းက ဖွင့်ခဲ့တာပါ။ အင်ဂျင်နီယာ အတတ်သင်ကျောင်းအနေနဲ့ နယ်ချဲ့အင်္ဂလိပ်တွေခေတ်ကတည်းက မြန်မာနိုင်ငံသားတွေ အတွက် ထူထောင်ပေးခဲ့တဲ့ အစဉ်အလာရှိသော ကျောင်းတော်ကြီးလို့ ဆိုရမှာပေါ့။
၁၉၉၆ ခုနှစ်မှာ ပညာရေးဝန်ကြီးလက်အောက်ကနေ သိပ္ပံနှင့်နည်းပညာဝန်ကြီးလက်အောက် ရောက်သွား တယ်။ ၁၉၉၈ ခုနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက် ရောက်သွားပြန်ရော။

စာရေးဆရာမောင်သော်က၏ သရော်စာ

Oo Hla Oo

တရံရောအခါက...
တပ်က အရာရှိတော်တော်များများ
အမှူ့တွဲတစ်ခု အရင်းပြုပြီးပြုတ်ကြပါလေရော ...
အဲဒီအထဲမှာ ... ဗိုလ်ကြီးတစ်ယောက်လဲ
ပါလာသဗျ ... ဗိုလ်များ ပြုတ်ပြီဆို အပြင်မှာ
ဘာမှ လုပ်စားတတ်တာမှ မဟုတ်ဘဲဗျ ...
ဟုတ်ဘူးလား ... တနေ့တနေ့
အိမ်မှာချည်းဘဲ ...
ထိုင်နေတော့တာကိုး ...

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁)

သစ်ထူးလွင်


Sunday, January 17, 2016

ဒီမိုကရေစီ ၊ လစ်ဖရယ်ဝါဒ နှင့် မျိုးချစ်စိတ်


 
အမေကျော် ဒွေးတော်လွမ်းပါလို့ ငိုမ၀ တဲ့ ဒီမို သတင်းသမား ၊ ရောမသားများ
စာရေးသူ အထင် လူငယ် အများအဖြင့် ၊ အထူးသဖြင့် စာတတ်သူ လူငယ်တွေ အကြားမှာ ဒီမိုကရေစီ နဲ့ လစ်ဖရယ်ဝါဒ (Liberalism) တို့ကို ရောထွေး နေတယ်လို့ထင်မိတယ်။
ဒီမိုကရေစီ ဆိုရာမှာလည်း ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy) ကို ပြောတာပါ။
ဒီလို ထင်ရှားအောင်ပြောရချင်း က ကွန်မြူနစ်တွေ ယုံကြည်တဲ့ ပါဝင်မှု ဒီမိုကရေစီ Participatory Democracy နဲ့ ကွဲပြားအောင်လို့ပါ။
ကိုယ်စားပြု ဒီမိုကရေစီ မှာ မှ ပြည်သူတွေက လူတဦး ၊ မဲတပြား စနစ် နဲ့ မိမိတို့ကို ကိုယ်စားပြုမဲ့ (ကိုယ်စလယ်) ကို (၄) နှစ်တကြိမ် (သို့) ၅ နှစ်တကြိမ် ၊ လွပ်လပ်စွာ ရွေးချယ်ခွင့် ရှိရပါမယ်။
တချို့ စနစ်တွေမှာ မိမိပြည်နယ် ကို ကိုယ်စားပြုမဲ့ ကိုယ်စလယ် တွေကိုလည်း ရွေးချယ် ခွင့်ရရှိကြပါတယ်။
နောက်ဆုံးတော့ မိမိတို့ ရပ်ကွက် ၊ ပြည်နယ် ၊ တိုင်းပြည် ကို ကိုယ်စားပြုမဲ့ ၊ ခေါင်းဆောင်တွေကို ရွေးချယ် ခွင့်ရှိကြပြီး မကြေနပ်ပါက ပြန်ခေါ်ခွင့် ပါရရှိကြပါတယ်။

☆ အမေ့လျော့ခံ စစ်သေနာပတိချုပ်တစ်ဦး ☆

 
 
 
 
 
 
သာမန် တောင်သူ လယ်သမားလေးဘဝမှ မြန်မာနိုင်ငံတပ်မတော်တွင် စစ်သေနာပတိချုပ်အထိဖြစ်လာခဲ့သော ကရင်လူငယ် လေး တစ်ယောက်အကြောင်းကို လူသိနည်းလှသည်။ သူ့ကို ၁၉၀၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မွေးဖွားခဲ့သည်။ သူအခါလည်သား အရွယ်တွင် မိခင်ဖြစ်သူကွယ်လွန်သွားသဖြင့် အဒေါ်၏လက်တွင် ကြီးပြင်းလာခဲ့ရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁)

သစ်ထူးလွင်


Wednesday, January 13, 2016

လုပ်ထုံးလုပ်နည်း အရှုပ်တော်ပုံ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 မြန်မာနိုင်ငံ၏ ၀န်ကြီးဌာနဖောင်းပွမှုကို လျှော့ချမည်ဟု ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ပြောလာခဲ့သည်။ အမှန်တကယ်လည်း ဖြစ်သင့်သည့်ကိစ္စတခုဖြစ်ပြီး ယင်းကဲ့သို့ လျှော့ချရင်း ဗဟိုဦးစီး ချုပ်ကိုင်မှု ဗျူရိုကရေစီယန္တရား ကြိုးနီစနစ်ကိုပါ တခါတည်း အမြစ်ဖြတ်သင့်သည်။ ယင်းကြိုးနစ်စနစ်သည် ခေတ်ကာလကြာမြင့်စွာအုပ်ချုပ်လာခြင်း၏ အကျိုးဆက်အဖြစ် ယနေ့နိုင်ငံဝန်ထမ်း အများစုမှာ အထက်က ညွှန်ကြားချက်မလာမချင်း ဘာမျှမလုပ်တတ် မကိုင်တတ်ဖြစ်နေတော့သည်။

ဘယ်သူအာဏာရူးသလဲ

Tin Nyunt


ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်အုပ်စုနဲ့ နှိုင်းစရာ အကြောင်းတောင်မရှိဘူး။ သူ့ကို ကျွန်တော် သဘောကျတာ သူ့အဖေလို ရိုးသားလို့ပဲ။ ၂၀၁၂ ခုနှစ်လောက် တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား သတင်းထောက်တစ်ဦးကမေးတယ်။
“၂၀၁၅ မှာ သမ္မတ မဖြစ်ချင်ဘူးလား” တဲ့။
ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးလေးပဲဖြေလိုက်တယ်။
“ဖြစ်ချင်တယ်” တဲ့။ “ဖြစ်မှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာပေါ့” လို့ဖြေလိုက်တာ။ အဲဒါ မုသားမပါ။ လိမ်ညာမှုမရှိ။ ရိုးသားစွာ ဖြေလိုက်တာပဲဗျ။
နောက်သတင်းထောက် တစ်ယောက်ကလည်း မေးလိုက်သေးတယ်။
“ခင်ဗျား အာဏာ လိုချင်သလား” တဲ့။ ဒေါ်အောင်ဆန်းစုကြည်က “လိုချင်တယ်” လို့ပဲ ရိုးရိုးလေး ပြောလိုက် တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၁)

သစ်ထူးလွင်


Monday, January 11, 2016

RFA က သတင်းဌာနလား အဖျင်းဌာနလား မေးခွန်းထုတ်ရတော့မယ်၊

Ko Oo

အခုတလော ဦးဝင်းထိန်အင်တာဗျူးကိစ္စကို လူတွေတော်တော်
ဝေဖန်နေကြတာကိုတွေ့လို့ အဖြစ်အပျက်ကိုပြန်လေ့လာကြည့်တယ်၊
ဒီနေရာမှာတွေ့မိတာကတော့ မီဒီယာသမားဆိုသူတွေ သူတို့ကျင့်ဝတ်တွေ
လိုက်နာလား မလိုက်တာလားဆိုတာကို ကျနော်တို့ပြည်သူတွေ
သိနားလည်အောင်လေ့လာရတော့မယ်လို့ ထင်ပါတယ်၊
သို့မဟုတ်ရင် နာမယ်သေမယ် နိုင်ငံရေးသေနိုင်တယ်၊

ကျနော်တွေ့ရှိချက်ကတော့ အပြန်အလှန်စကားနေပုံကို
ထောက်ရှူ့ရင်အင်တာဗျူးနဲ့မတူပဲ တယ်လီဖုံးလိုင်းပေါ်မှာ
အပြန်အလှန်ငြင်းခုံစကားပြောနေသလိုဖြစ်နေသလိုပဲ၊
သတင်းထောက်အနေနဲ့ကျနော်အင်တာဗူးလုပ်ချင်ပါတယ်
အသံဖမ်းခွင့်ပေးပါလို့တောင်းခံပြီးလုပ်မလုပ်သိပ်မရှင်းပါ၊

အာဏာရှင်တွေလျှို့ဝှက်ထားသော ဗိုလ်နေဝင်း၏နောက်ဆုံးနေ့များ

မြန်မာ့သတင်းထူးသတင်းဦးများ

တကယ်တော့ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။
ဒေါသအလွန်ကြီးတဲ့ ဦးနေဝင်းဟာ သေခါနီးမှာ သူသိပ်ချစ်ခဲ့တဲ့ မြေးတွေကို တွေ့ခွင့်မရတော့ပဲ ၊ လုံလောက်တဲ့ ဆေးကုသမှု့ကို မရရှိတော့ပဲ ဗုံးဗုံးလဲဘဝမှာ တုံးလုံးလဲအဖြစ်နဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ရင်ဆိုင်ရင်း မျက်ရည်နဲ့မျက်ခွက်နာကြီးချက် တောက်ခေါက်သံတွေနဲ့ အတူ နှစ်လုံးသွေးတွေပွင့်ကျပြီး အသေဆိုးနဲ့ သေသွားခဲ့ရတာ ဖြစ်ပါတယ် ။

သီပေါဘုရင်၏မြစ်တော် ဒေါ်ဒေဝီသန့်စင် ။ ။



ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ကားမှတ်တိုင်သို့ (၃)ကားဟု အလွယ်ခေါ်သည့် မထသ အမှတ်(၃)ဟိုင်းလတ်လိုင်းကား ထိုးဆိုက်လိုက်သည်နှင့် ယောဂီလုံချည်ဝတ်အမျိုးသမီးကြီးတစ်ဦး ကားလက်ကိုင်တန်းကို ကျွမ်းကျွမ်းကျင်ကျင်ဆွဲကိုင်အားပြုကာ ကားပေါ်သို့ တက်လာသည်။
ဘေးတန်းထိုင်ခုံအစွန်ဆုံးတွင် နေရာယူလိုက်ပြီးနောက် ယာဉ်နောက်လိုက်ထံသို့ လက်ပွေ့အိတ်ထဲမှ ယာဉ်စီးခကျသင့်ငွေကို ကမ်း ပေးလိုက်သည်။ ထိုင်ခုံတွင်ထိုင်ရင်း လက်တစ်ဖက်က အပေါ်မှသံတန်းကို အားကိုးတကြီးကိုင်ထားရသေးသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁)

သစ်ထူးလွင်


Friday, January 8, 2016

မဆူညံလျှင်မြန်မာမဟုတ် သရ၀ဏ်(ပြည်)

Tharawon Pyay

ကျွန်တော်သည် လက်ဘက်ရည်သောက်မည်ဟု လမ်းထိပ်မှထွက်လာပြီး မြောက်ဥက္ကလာ သုနန္ဒာလမ်းအတိုင်းလျှောက်လာခဲ.ရာ တစ်ရပ်ကွက်လုံးသည်လမ်းထိပ်တိုင်းတွင် အသံချဲ.စက်များနှင်. အပြိုင်အဆိုင် သီချင်းများဖွင်.နေကြပေသည် ။ လမ်းတစ်လမ်းတွင်တောင်ဘက်ခြမ်းမြောက်ဘက်ခြမ်းဟူ၍ရှိရာ တောင်ဘက်ခြမ်းက အသံချဲ.စက်နှင်.ဆောင်းဘောက်များ ဆယ်လုံးဆယ်.ငါးလုံးခန်. ၊ မြောက်ဘက်ခြမ်းက ဆောင်းဘောက်များ ဆယ်.ငါးလုံးခန်. တစ်ဖွဲ.နှင်.တစ်ဖွဲ. ဆယ်.ငါးပေလောက်သာခွာ၍ အသံချဲ.စက်စစ်ပွဲကြီးဆင်နွှဲနေကြရာ (၇)လမ်းမှ (၁၅)လမ်းအထိ လမ်းတိုင်းလမ်းတိုင်းမှ သီချင်းများသည် ဆူညံပွက်၍ပေါင်းစည်းကာ နားစည်အတွင်းသို.ရောယှက်လုံးထွေး တစ်ပြိုင်နက်ထဲနားကွဲမတတ် ၀င်ရောက်လာကြသည်မှာအောက်ပါ အတိုင်းဖြစ်၏ ။

လုနဲ့ဝတို့ပေါင်းကြံ ဗြောင်းဆန်နေပေါ့

Tin Nyunt

မြန်မာ အမျိုးသမီး ဝန်ထမ်းတစ်ယောက်ကို တရုတ်ဝမ်ပေါင် ကုမ္ပဏီက အပြစ်ပေးတဲ့ ဖြစ်ရပ်ကတော့ အတော်လေး ခံပြင်းစရာ ကောင်းတယ်ဗျာ။
မြန်မာဝမ်ပေါင်လို့ အမည်ခံထားတဲ့ တရုတ်ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီက ဌာနမှူးဆိုသူက ဝန်ထမ်း မကြည်ကြည်မြင့်ကို သုံးရက်တိတိ တစ်ရက် ကို ၈ နာရီတိတိ အများသူငါရှေ့မှာ မတ်တပ်ရပ်နေဖို့ အပြစ်ပေးခဲ့ ကြောင်း သိရပါတယ်။ ခုဆိုရင် မကြည်ကြည်မြင့်တစ်ယောက် စိတ်ရောကိုယ်ပါ ဝေဒနာခံစားနေရပြီပေါ့။
ဝန်ထမ်းတွေက မတရားတဲ့ အပြစ်ပေးမှု ဖြစ်လို့ သက်ဆိုင်ရာကို တင်ပြကြတယ်။ ကုမ္ပဏီ တာဝန်ရှိသူတွေက ဖြေရှင်းမပေးတဲ့အတွက် တရားရုံးကို ဆက်တိုင်ရတယ်။ အဲဒီဒေသက မြန်မာတွေဟာ တရုတ်ကုမ္ပဏီရဲ့ မတရား ဖိနှိပ်မှုတွေကို ခံနေကြရတယ်လို့လည်း သိရတယ်။ တစ်လောကပဲ တရုတ်ဝန်ထမ်းတွေက ကျကျနန ခုံတွေ စားပွဲတွေနဲ့ ထမင်းထိုင်စားနေကြချိန်မှာ မြန်မာအလုပ်သမားတွေကတော့ ကြမ်းပြင်ပေါ်ထိုင်ပြီး ဖြစ်သလို စားသောက်နေကြရတာကိုတွေ့လိုက်ရသေးတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁)

သစ်ထူးလွင်


Thursday, January 7, 2016

“ကြက်ဥအရောင် တိမ်တောင်သဖွယ်”


ကိုယ်တို့တိုင်းပြည်နဲ့ ဟိုဘက်က ယိုးဒယားနဲ့ တစုံတရာ ခိုးလိုးခုလု ဖြစ်ရပြီဆိုရင် ခေါင်းထဲမှာ အရင်ဆုံး ပြေးသတိရမိတာက သမိုင်းနောက်ခံ အတွေးအမြင်စာတွေ အရေးကောင်းတဲ့ ဒေါက်တာမတင်ဝင်းကြီးပါပဲ။ ဖေ့စ်ဘုတ်မပေါ်ခင် ရဲမိုးတို့ ရောင်နီဦးတို့ ဘယ်ဆီနေမှန်း မသိခင်ကတည်းက သူလည်းပဲ လုပ်သားကြေးမုံထဲကနေ အမြောက်တွေပစ်ပါပစ်ပါ စာမျိုးတွေ အခန်းဆက်နဲ့ကို ရေးခဲ့တာ မဟုတ်လား။ မှတ်မှတ်ရရဆို “ကျွန် မဖြစ်ပေမယ့် ကျွန်စစ်တယ်” ဆိုတဲ့ တစ်ပုဒ်တည်းနဲ့တင် သူ့ကို ဟိုဘက်က အသည်းနာနွန်းနွန်းနို့ ပြည်ဝင်ခွင့်ဗီဇာတောင် ပိတ်ပလိုက်တယ် လို့ ကြားဖူးတာပဲ။ ဟုတ်တယ် မဟုတ်ဘူးကတော့ မြေကိုင်ကျမ်းကိုင် မငြင်းလိုပါဘူး။ ကိုယ်ပြောချင်တာက အခုလိုအခြေအနေမျိုးမှာ သူ့ဆီက ဘယ်လိုအတွေးအမြင်များ ရှိလေမလဲ လို့ အောင့်မေ့သတိရမိတာပါ။ သူ့စာတွေ မဖတ်ရတာလည်း တော်တော်ကြာသွားသလို ရှိတာမို့ နေလို့ထိုင်လို့ ကောင်းပါစ၊ ကျန်းမာတော်မူပါစလို့ လေလှိုင်းကြားက ခွန်းဆင့်ပါရဲ့အဆွေ လုပ်ချင်တဲ့ သဘောပါ။ ဟိုတုန်းကတော့ သူ့စာတွေ နေ့စဉ်ရက်ဆက်တောင် အခန်းဆက်ကြီးနဲ့ ဖတ်လာတာ မဟုတ်လား။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁)

သစ်ထူးလွင်


Monday, January 4, 2016

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို အရင်ကရေးခဲ့ဖူးသူ ရှိမရှိတော့ မသိပါ။ လောလောဆယ် ကျနော်တော့ ကျနော်ဖတ်ရသမျှ ရေးပေးချင်ပါသည်။ ဒါမှသာလျှင် မသိသေးသူများနှင့် လက်လှမ်း မမှီသေးသူများ လေ့လာဆည်းပူး နိုင်မည်ဟု ယုံကြည်မိသောကြောင့် ကိုယ်သိထားသမျှ ရေးသားပေးလိုပါသည်။ အားလုံး နားလည်ရလွယ်ကူအောင် ကျနော်အပိုင်း လေးပိုင်း ခွဲခြားတင်ပြပါမည်။

ပထမဆုံးအပိုင်းတွင် အမေရိကန်နိုင်ငံ ဖြစ်ပေါ်လာပုံ အခြေခံသမိုင်း အနည်းငယ်ကို သိထားသင့်သည်။ ထိုကြောင့် အနည်းငယ်တင်ပြပါမည်။ သို့မှသာ အဆင့်ဆင့်ကို ချိတ်ဆက်မိကာ နားလည် သဘောပေါက်လွယ်ပေမည်။

ပြည်သူ့ဘဏ္ဍာ ရထိုက်ပါစေ...



 
ရွေးကောက်ပွဲပြီးကာလ မြန်မာ့နိုင်ငံရေးရပ်ဝန်းထဲက ထွက်ပေါ်လာတဲ့ သတင်းစကားတိုင်းက အများပြည်သူအတွက် စိတ်ဝင်စားစရာတွေချည်း ဖြစ်နေပါတယ်။ အဲဒီသတင်းစကားတွေထဲက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းထွက်ပေါ်ခဲ့တဲ့ နိုင်ငံရေးပင်စင်ကိစ္စဟာလည်း အများပြည်သူကြား စိတ်ဝင်တစားရှိခဲ့ရုံမက ပြစ်တင်ဝေဖန်မှုများစွာနဲ့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁)

သစ်ထူးလွင်


Sunday, January 3, 2016

ဗိုလ်ချုပ် စွန့်ပြီး မစားသွားတော့

၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၀ နေ့က ရွှေတိဂုံဘုရား အနောက်မုခ်မှာ ဖဆပလကနေ ကွန်မြူနစ်တွေကို ထုတ်တဲ့ အကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ရှင်းလင်းပွဲလုပ်ပါတယ်။ အဲဒီပွဲမှာ ဗိုလ်ချုပ်က ဒီလိုပြောသဗျ ..
“ကျုပ်ကတော့ ခင်းဗျားတို့ကို မလိမ်ဘူး။ ရှေးကလည်း မလိမ်ခဲ့ဖူး၊ အခုလည်း မလိမ်ဘူး၊ သူများ သားပျိုသမီးပျို တွေလည်း မဖျက်ဆီးဘူး။ ရွှေ ငွေ စိန် ကျောက်တွေ ရအောင်လည်း ကျုပ်မလုပ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရှာဖို့ မလုပ်ဘူး။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုလည်း ရန်သူလက် ဘယ်တော့မှ မအပ်ဘူး။ ကျုပ်ဘယ်လိုလူလဲ မိန်းမရေးမှာ ရှုပ်သလား။ တခြား လုပ်ဖော်ကိုင်ဖက်တွေကို ချောက်တွန်းခဲ့သလား။ ဒီကိစ္စတွေကို လူထုရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံဖို့ အသင့်ရှိတယ်” လို့ ရဲရဲတောက် စိန်ခေါ်ပြောသွားခဲ့တာ။
ကဲ .. ခုပဲ မကြာမီ အာဏာလွှဲပြောင်းပေးရမယ့် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ တက်လာတဲ့သူတွေ၊ တပ်မတော်ကနေ ဘောင်းဘီချွတ်ပြီး နိုင်ငံရေးလောကထဲ ခုန်ဆင်းလာတဲ့သူတွေ၊ သက်တော်လွန် အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်အောင်ဆန်းလို ပြတ်ပြတ်သားသား လူထုကို တိုင်တည်ရဲသလား။

တစ်နေ့ ပြန်လာကြမယ်လို့ဘဲ မထင်ကြနဲ့ဗျာ။


တရုပ်မယားဖြစ်ရမဲ့ မြန်မာအမျိုးသမီးတွေ ငွေရမယ်၊ တစ်နေ့ ပြန်လာကြမယ်လို့ဘဲ မထင်ကြနဲ့ဗျာ။
အခုသတင်းမှာဘဲ တရုပ်နဲ့လက်ထပ်သွားတဲ့ ဗီယက်နမ်အမျိုးသမီး(၁၀၀) ပျောက်နေတယ်ဆိုပါတယ်။
တရုပ်နဲ့ အိန္ဒိယတို့ဟာ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ မျက်စေ့၊ အဆုပ်စတဲ့ လူသားခန္ဓာကိုယ်တွေကို လူဆိုးဂိုဏ်းတွေက နည်းမျိုးစုံနဲ့ တရားမဝင် (Human Organ Trafficking) ရယူပြီး အစားထိုး ကုသနေတဲ့လုပ်ငန်းကြောင့် ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ ကြာလှပါပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...