Thursday, March 31, 2016

ပြန်/ဝန် ဦးရဲထွဋ် မမှားပါဘူး။ စိတ်ဆိုးနေတဲ့ ပြည်သူတွေသာ မှားနေတာ။

Myint Thu to 2015 Demo Pa Yit
·
. ဝန်ကြီးတွေ အိမ်ရာတွေက ဆင်းသွားပုံ သတင်းတွေကြားရပြီး ဗုဒ္ဓဘာသာ စာပေထဲက ဝတ္ထုတစ်ပုဒ်ကို သတိရတယ်။ ဗုဒ္ဓဘာသာ အမျိုးကောင်းသမီးလေး ဥတ္တရာ ဘာသာခြားနဲ့ အိမ်ထောင်ကျတော့ ယောက်ျားခွင့်ပြုချက်မရလို့ ဥပုသ်သီလကို မစောင့်ထိမ်းရဘူး ဖြစ်နေတယ်။ ရတနာသုံးပါးနဲ့ ဝေးပြီး ကြာကြာမနေနိုင်ရှာတော့ သီရိမာဆိုတဲ့ ပြည့်တန်ဆာမကို ငွေပေးငှား ရမ်းပြီး ယောက်ျားအနားမှာ ကိုယ်စားထားလို့ ဥပုသ်စောင့်ခွင့် ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတွေကို ဆွမ်းကပ်ခွင့်တောင်းတယ်။

နောက်ပြောင်ခြင်း သည်းခံပါ

Tin Nyunt

အမေရိကန် သမ္မတတွေက အိမ်ဖြူတော်ကနေ ဘဲကျိုးတွေအဖြစ် ထွက်ရတော့မယ့် အချိန်ရောက်ရင် နောက်ပြောင် ကျီစယ်မှုလေးတွေ လုပ်တတ်ကြတယ်ဗျ။ သူတို့ဓလေ့နဲ့ သူတို့ပေါ့လေ။ ကလင်တန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က လူတွေက နောက်တက်လာမယ့် သမ္မတအသစ် ဂျော့ ဒဗလျူ ဘုရှ်ရဲ့ အဖွဲ့က လူတွေ ဒုက္ခရောက်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တယ်လီဖုန်းကြိုးတွေကို နံရံဆက်သွယ်ပေါက်က ဖြုတ်ထားတာမျိုး၊ တယ်လီဖုန်းအဝင် အသံတွေမှာ ညစ်ညမ်းတဲ့ စကားတွေ ပြောခဲ့တာမျိုး၊ စားပွဲကို အပေါ်က အဝတ်နဲ့ အုပ်ပြီး ကော်သုတ်ခဲ့တာမျိုးတွေ လုပ်ကာ နောက်ပြောင်ခဲ့ကြတယ်။
နောက်တက်မယ့် သမ္မတအသစ်က Gorge W. Bush ဆိုတော့ သူ့အလယ်စာလုံးမှာပါတဲ့ W စာလုံးကို အစွဲပြုပြီး ကွန်ပျူတာ ကီးဘုတ်တွေက W စာလုံးမှန်သမျှ ဖြုတ်ယူသွားကြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)

သစ်ထူးလွင်


Sunday, March 27, 2016

အချိန်က ပြောမည့်ပုံပြင်

 ငါးမိခင်ကြီးကို ငါးသားပေါက်ကလေးများက၊ မကျေမနပ်
ဖြစ်နေကြသည်။ ။
ငါးကလေးများ။ ။ ကျွန်တော်တို့ဟာ ဘာလဲအမေ
ငါးမိခင်။ ။ ငါးမျိုးတွေပေါ့သားတို့ရယ်၊
ငါးကလေးများ။ ။ ဒါဆို ဟိုအကောင်လေးတွေကကော
မိခင်။ ။ သူတို့က ဖားမျိုးတွေကွဲ့၊

အီးဂါးဗားမန့်

Aung GyeeFollow
 
"ဦးလေးတို့က ဥာဏ်တုံးလွန်းတယ်"
"ဟင်! ဘာဖြစ်လို့လဲ"
"အဖွားကြီးတစ်ယောက်တည်း ဝန်ကြီးဌာန ၄ ခုစာ တာဝန်ယူတဲ့ကိစ္စလေဗျာ"
"အဲ့ဒါဘာဖြစ်လဲ?"
"ဘာဖြစ်ရမှာလဲဗျ အဲ့ဒါကို တော်တယ်တွေ ၊ အကွက်ရွှေ့တာမိုက်တယ်တွေ၊ တို့မေမေ သားတို့မေမေ တွေ လျှောက်ပြောပြီး မြှောက်ပေးနေတော့ ဟိုက မာန်တက်ပြီးလျှောက်လုပ်ရင် အမြန်ကိစ္စချောသွားမှာပေါ့ဗျ"

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၃)

သစ်ထူးလွင်


Saturday, March 26, 2016

ဂျပန်ကို အတုယူ၍ မြန်မာပြည်အပေါ် ဗိုလ်ကျလိုမှုကို ပြောင်းလဲရန် တရုတ် သတင်းစာမှ ၎င်းတို့အစိုးရကို တိုက်တွန်း

BrainWave ဉာဏ်လှိုင်း

(တရုတ်အစိုးရ အာဘော် Global Times သတင်းစာတွင် ယူနန်တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ တရုတ်ပါမောက္ခတစ်ဦး ရေးသာထားခြင်းကို ပြန်လည် တင်ပြသည်)
ဂျပန်ဝန်ကြီးချုပ် ရှင်တာရို အာဘေး ဒုတိအကြိမ် အာဏာ ပြန်ရလာပြီးနောက် မြန်မာကို ဂျပန်ရဲ့ သံတမန်ရေးရာ မူဝါဒမှာ တန်ဘိုးရှိတဲ့ နိုင်ငံတစ်ခုအဖြစ် လက်ခံပြီး အချိန်မဆွဲဘဲ နေပြည်တော်နဲ့ သံတမန် ဆက်ဆံရေးတွေ ပြန်လည် အကောင်အထည် ဖော်လာခဲ့တာ တွေ့ရပါတယ်။

“Superminister” ဒေါ်အောင်ဆန်းစုကြည် || ညီစောလွင် ||

Zaw Win

မကြာခင်က နိုင်ငံခြားသား အယ်ဒီတာ တစ်ယောက်နဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာနလေးခုကို ယူမယ့်ကိစ္စကို သူက ဟာသလုပ်တယ်။ ကျွန်တော်က “လေးခု မဟုတ်ဘူး။ ဆယ်ခုကို တစ်ယောက်တည်းက ယူလိုက်တာ” လို့ ပြန်ပြောလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ချင်သူတွေထဲမှာ နိုင်ငံခြားသား တချို့သာမက၊ မြန်မာတချို့လည်း ရှိတာကို တွေ့ရတယ်။

မသင်ဘဲတတ်နေသူများသို့

ဦးသိန်းညွန့်ရေ
ဒီနေ့ ဦးလေးရဲ့ အင်တာဗျူးကို သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရသဗျ။ ဘာတဲ့
“ကျွန်တော်တို့တုန်းက ပြည်သူထဲကလာပြီး ပြည်သူ့ခံစားချက်တွေကို အခြေခံပြီး လုပ်သွားတာပဲ။ ဘာ သင်တန်းမှ မရှိခဲ့ပါဘူး” ဆိုတဲ့စကားနဲ့
“ပထမအကြိမ် လွှတ်တော်မှာ တိုင်းပြည်မှာ လိုအပ်မယ်ထင်တဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေကို ကျွန်တော်တို့ တင်ခဲ့တယ်။ ဘယ်နိုင်ငံခြား အကူအညီမှ မပါဘူး” လို့ ပြောသွားတဲ့ စကားတွေကတော့ လက်ရှိ အနိုင်ရပါတီက လွှတ်တော်အတွက် လုပ်ဆောင်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက် တိုက်ခိုက်မှု စတင်နေသလိုပဲဗျ။
ဦးလေးပဲ ပြောထားတယ်လေ။ ရက်ပေါင်း ၁၀၀ အတွင်း တိုက်ခိုက်မှုတွေ မလုပ်သေးပါဘူးလို့။ ခုဆို ဦးလေး မအောင့်နိုင်တော့ဘူးမဟုတ်လား။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၃)

သစ်ထူးလွင်


Friday, March 25, 2016

လေ့လာ မိသမျှ

Khant Naing

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ (IMF) ရဲ့ ခန့်မှန်းချက်အရ ပြည်ပ သွင်းကုန် တွေကို ငွေပေးချေဘို့ သုံးလစာသာ နိုင်ငံခြား အရံငွေ ကျန်တော့တဲ့ တိုင်းပြည်အတွက် ဦးထင်ကျော် မနေ့က တင်သွင်းလိုက်တဲ့ ၀န်ကြီး ၁၈ ဦးနေရာ ရဲ့ အမည်စာရင်းမှာ တတ်သိပညာရှင်တွေ၊ အစိုးရ အရာရှိဟောင်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၆ ဦး၊ စစ် ဗိုလ်ချုပ်ဟောင်းကြီးများ၊ တိုင်းရင်းသား ပါတီ ၀င်များ နဲ့ ယခင် ကြံခိုင်ရေးမှ (၂) ဦး အစုံလင် ပါရှိလာတာ တွေ့ရပြီး လူထုရဲ့ သဘောထားကတော အတောလေး အားတက်သရော ထောက်ခံနေတာ တွေ့ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၃)

သစ်ထူးလွင်


Thursday, March 24, 2016

စကား (၄) ခွန်း

သိန်း မြင့်

တိုင်းပြည် တစ်ပြည်မှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ဘုရင်ကြီး တစ်ပါး အုပ်ချုပ်ပြီးတော့ ဘုရင်ကြီးမှာ သားတော် တစ်ပါးရှိ သတဲ့။ တစ်နေ့တော့ ဘုရင်ကြီး နာမကျန်း ဖြစ်ပြီး ရောဂါ အခြေအနေဆိုးရွားလာတဲ့ နောက်ဆုံးတော့ သားတော် မင်းသားငယ်ကို ခေါ်ပြီး မိန့်တယ်။
"အရှေ့ဖက်မှာ ကာကွယ်ထားတဲ့အခါ ကျန် ၃ ဖက်ကနေ ဖောက်ဝင်တတ်တယ်။ ဘက်မျှစွာ ကာကွယ် ရစ်ပါ။ အရပ် လေးမျက်နှာ မှာ ကာကွယ်ထားတဲ့အခါလည်း အတွင်းကနေ ဖောက်ထွက် တတ်တယ်။

အသင့် ပြင်ထားပါ သမ္မတကြီး

Yethuya Naing to Myanmar Breaking News

 ဒီနေ့ဟာ
သူရဲကောင်းတို့အရိုးတွေ
အိုးဝေလို့ ထတွန်တဲ့နေ့။
မင်းကိုနိုင်

သမ္မတလောင်းရွေးတဲ့နေ့က ကိုမင်းကိုနိုင်က ထိုသို့ရေးသား ဟစ်ကြွေးခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၃)

သစ်ထူးလွင်


Wednesday, March 23, 2016

ဒေါ်စုကိုပဲ တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့အကြောင်းပြချက် ၁၀ ခု

Yethuya Naing


ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့တင် ကျနော် သူ့ကို ကြည်ညိုတာ မဟုတ်ပါ။
အမေကြီး ဘာကြီးလဲ မဖားတတ်ပါ။ ပြီးတော့ ကျနော့်ညာဉ်ကိုက Reality ကိုပဲ ဦးစားပေးကြည့်တတ်တယ်။ တိုင်းပြည်ကောင်းမယ်ဆို ဘယ်သူ တက်တက်ပါ။ အဘက်ဘက်က ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီး မှ ဒေါ်စုသာလျှင် ကျနော်တို့ မြန်မာပြည်ရဲ့ အသင့်တော်ဆုံးသော တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ယူဆဆုံးဖြတ်ပါတယ်။ အဲဒီအတွက် အကြောင်းပြချက်က ၁၀ ခု ရှိပါတယ်။

ပြည်သူရဲ့ အဆုံးအဖြတ်

Tin Nyunt's photo.
ဒီနေ့သတင်းတွေထဲမှာ အကြိုက်ဆုံးကတော့ ကျူးဘားနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ စကားပဲဗျ။
“ကျူးဘားနိုင်ငံရဲ့ အနာဂတ်ကို ကျူးဘားပြည်သူတွေကသာ ဆုံးဖြတ်ရမယ်”
ဆိုတဲ့စကားကတော့ အလွန်မှန်တဲ့အတွက် ထောက်ခံပါတယ် ။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို အဲဒီနိုင်ငံက ပြည်သူဆိုတာတွေက အဆုံးအဖြတ်ပေးတာ အမှန်ဆုံးပေါ့။ ကျူးဘားနိုင်ငံလို နိုင်ငံငယ်လေးကို လက်နက်ကိုင်လူတစ်စုကပဲ ကွန်မြူနစ်လမ်းစဉ် အမည်ခံ စစ်အာဏာရှင် တွေအနေနဲ့ အုပ်ချုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။

လက်ဝဲ လက်ယာ ဆိုတာ ဘာလဲ။ (ကိုထိုက် ရေးသားသည်။)

မှတ်စုကြမ်း
 
တချို့က လက်ယာကို ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို တော်လှန်သူတွေလို့ ခေါ်ကြ ပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ လက်ယာကို လူချမ်းသာတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့ နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး (ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက ကွဲကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၃)

သစ်ထူးလွင်


Sunday, March 20, 2016

အောင်ကြီး စကားဝိုင်း

Aung GyeeFollow

"အခြေခံဥပဒေကို ပြင်မယ် ဖျက်မယ် ပြောခဲ့တာ ဦးလေးတို့ အမေစုပဲ မဟုတ်ဘူးလား?"
"ဟုတ်တယ်လေ"
"အခုရွေးကောက်ပွဲ နိုင်သွားတော့လည်း အဲ့ဒီအခြေခံဥပဒေနဲ့ပဲမဟုတ်ဘူးလား?"
"တခြားအခြေခံဥပဒေနဲ့ပြိုင်ရင်ရော မင်းတို့က လက်ခံမှာ မို့လို့လား?"
"အဲ"

"ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးရှည်"

Min Myat Maung

ဟိုးရှေးကတည်းက လူတွေ သတိထားမိတဲ့ ပဟေဠိတစ်ခုကို ၂၀၁၄ ခုနှစ်ကျမှ အဖြေသိလာခဲ့ပါတယ်။ ကြိုးကြာတွေ၊ ငန်းရိုင်းတွေ၊ ဝံပိုငှက်တွေ၊ တောဘဲတွေစတဲ့ ငှက်ကြီးမျိုးတွေ ခရီးမိုင်ရှည် ပျံတဲ့အခါ မြားဦးပုံစံဖွဲ့ပြီး ပျံကြတာ မြင်ပေမယ့် ဘာကြောင့်လဲ၊ ဘာအတွက်လဲ တိတိကျကျ မသိခဲ့ကြဘူး။
စွမ်းအင် သက်သာမယ်လို့ မှန်းဆချက် ရှိပြီး ပန်ကာဒလက် လေယာဉ်တွေ အဲဒီလို မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ ပျံသန်းတဲ့အခါ လောင်စာ ၃၀ ရာခိုင်နှုန်းအထိ သက်သာတာ တွေ့ရပါတယ်။ ဒါပေမယ့်၊ ငှက်တွေကျတော့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ သိပ္ပံနည်းကျ သက်သေမပြနိုင်ခဲ့ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၃)

သစ်ထူးလွင်


Friday, March 18, 2016

အခြေခံဥပဒေ ထဲမှာ ရှာဖွေလို့ကာ ဖြေကြည့်၊ ကိုယ့်ကိုကိုယ်ဖော် မသူတော် လူတသိုက်၏ ဥာဏ်စမ်းပဟေဠိများ

Nyo Tun

(နီတိ ဥပဒေကရဏ နှင့် ဝိမုတ္တိဖြစ်စဉ် ၁၄)
သည်ကနေ့ ကျနော်တို့ အနေနဲ့ ဦးထင်ကျော်ကို သမ္မတအဖြစ် တင်မြှောက်နိုင်လိမ့်ပေမယ့် စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ သီးသန့်လူနည်းစု လူတစုဟာ ဗမာလူ့ဘောင်၏ ကံကြမ္မာကို ၄င်းတို့ စိတ်လိုသလို ခြယ်လှယ်ပိုင်ခွင့် (ဝါ) စစ်အာဏာဆိုးကို လက်လွတ်လိမ့်မှာ မဟုတ်ဘူးဆိုတာ ပေါ်လွင်ပါတယ်။ သည်နေရာမှာ ၄င်းတို့၏ အဓိက နံပါတ်တစ်ပစ်မှတ်ဟာ ဗမာ့ မဟာအမျိုးသမီးကြီး ဖြစ်တဲ့အတွက် ၄င်းတို့ဟာ အခြေခံဥပဒေမှာ ‘သမ္မတ၏ အထက်မှာ မည်သူမှ မရှိရ’ ဆိုတဲ့ဟာကြီးကို ကိုင်စွဲကာ ဒေါ်စုကို တိုက်ခိုက်လာလိမ့်မယ်ဆိုတာ ကျိန်းသေပေါက်ကို ကျနော်တို့ ခန့်မှန်းလို့ ရပါတယ်။
ရှေ့ဘက်မှာ ဗမာပြည် အခြေခံဥပဒေ ဆိုတာဟာ တကယ်ကတော့ ဘဝင်ရူးနေသူ လူတစုက မိမိကိုယ်ကို လူ့ဘောင်တခုလုံး၏ အနှစ်ဆင်ခြေကို ဥာဏ်အလင်းပေါက် သိမြင်တယ်လို့ ဘဝင်လေဟပ် တွေးထင် ကာ ရေးဆွဲထားတာ ဖြစ်ကြောင်း အဓိက အညှာဖြစ်တဲ့ အချက်ကို ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံသားတို့ ပြင်သင့်သည့် အချက် ၃၇ ချက်


မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???
ကောင်းလိုက်တဲ့ မေးခွန်း။ ဒါကို ပညာရှင် တစ်ယောက်က ဒီလို ဖြေသွားပါတယ်။
--------------------
(၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ် ဘူး။
(၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။
(၃) မနာလိုစိတ် များတယ်။
(၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၃)

သစ်ထူးလွင်


Thursday, March 17, 2016

ကမ္ဘာကျော်မုဆိုးမ

Kyaw Thu Ya

* ငယ်ငယ်တုန်းကပေါ့ ...
* ကျွန်တော့်ရဲ့အဖေလေ ....
* ခိုးကြောင်ခိုးဝှက်နဲ့ သိမ်းထားတဲ့
* ဓာတ်ပုံလေးတစ်ပုံထုတ်ပြတယ် ...
* ဒါ ... ဗိုလ်ချုပ်အောင်ဆန်းသမီးတဲ့
* ငြိမ်းချမ်းရေးနိုဘယ်ဆုရထားတာတဲ့
* ကျွန်တော်မသိဘူး ...

အပြုံးတွေနဲ့ ဖုံးကွယ်ထားရတဲ့ သက်ရှိလောကဓံ frown emoticon


ကျွန်းတံခါးကိုဖွင့်ကာ ဝင်လိုက်သည်နှင့် ကျယ်ဝန်းသော ဧည့်ခန်းကို ခမ်းနားစွာ မြင်ရသည်။ ဧည့် ခန်းရှိဆိုဖာခုံများတွင် ဝင်ထိုင်မိသောအခါ မျက်နှာချင်းဆိုင် နံရံတွင် အ မျိုး သားကြီးတစ်ဦးနှင့် အမျိုးသမီးကြီးတို့၏ စုံတွဲဓာတ်ပုံများကို ပုံစံအမျိုးမျိုးနှင့် တွေ့ရ သည်။ အမျိုးသားကြီးမှာ တည်ကြည်ခန့်ညားသော အသွင်ဖြင့်၊ အမျိုးသမီးကတော့ မြန်မာဝတ်စုံနှင့် ပခုံးတွင်ပဝါကို လွှမ်းခြုံထားကာ ကျက်သရေရှိစွာပြုံးလျက်…ဘောင်သွင်းကာ လှလှပပချိတ်ဆွဲထားသော စုံတွဲပုံများနှင့်အတူ ပြုံးရွှင်နေသော မိ သားစု ဓာတ်ပုံကိုလည်းတွေ့ရသည်။

“အသည်းကြားက မဲတစ်ပြား”


အာဖရိက တောနက်ကြီးအလယ်က လူရိုင်းရွာကလေးတစ်ရွာမှာ လေယာဉ်ပေါ်က ကျလာတဲ့ ဘိလပ်ရည်ပုလင်း အဖုံးကလေးတစ်ခုကို ကောင်းကင်အထက်က နတ်ဒေဝတာများ ပေးသနားသည့် ရတနာတစ်ပါးအဖြစ် ကိုယ့်ရှိသမျှ စည်းစိမ် ပုံအောရင်းနှီးပြီး အလုအယက် ဝယ်ယူကြတဲ့ ရုပ်ရှင်ကားတစ်ကား မှတ်မိဦးမယ် ထင်ပါတယ်။ ကိုယ်တို့ဆီမယ် ကားပါမစ်တွေ၊ ဖုန်းငှားရမ်း အသုံးချခွင့်တွေကို သိန်းပေါင်းများစွာ ပေးဝယ်ခဲ့ကြတုန်းက “သြော် ငါတို့ဆီကလူတွေ ဘဝကလည်း အာဖရိကတောတွင်းသားတွေနဲ့ ဘာကွာလို့လဲ။” လို့ တွေးခဲ့ဖူးသေးတယ်။ ကိုယ်လို အထူးကုဆရာဝန်တစ်ယောက် အနေနဲ့ တစ်ယောက်ယောက်က “ဖုန်းလာနေတယ် ကိုင်လိုက်စမ်းပါ” လို့ ပြောလို့ ဘယ်ခလုပ်ကို ဘယ်လိုနှိပ်ပြီး ကိုင်ရမှန်းမသိတဲ့အချိန်မှာ လောက်ကိုင်က ဆေးရုံ အလုပ်သမားတွေက တရုတ်ကျေးဇူးကြောင့် ခါးကြားဟန်းဖုန်းကိုယ်စီနဲ့ တံမျက်စည်းလှဲနေပြီလေ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၃)

သစ်ထူးလွင်


Wednesday, March 16, 2016

“မရှိလည်းဖြစ်တယ်”


NLD ကတင်မြှောက်တဲ့ ဒုတိယသမ္မတလောင်းတွေက အုပ်ချုပ်ရေးအတွေ့အကြုံမရှိလို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်ပါ့မလားဆိုပြီး တော့ ပြစ်တင်ဝေဖန်ပြောဆိုနေကြ တာကို မြင်တွေ့ကြားသိနေရပါတယ်။ တချို့ကလည်း မသိလို့ နားမလည်လို့ ရိုးရိုးသားသား ပြော ဆိုကြတာပါ။ တချို့ကတော့ သိသိကြီးနဲ့ အ ပြစ်မရှိ အပြစ်ရှာပြီးတော့ ပြည်သူလူထုကို ထင်ယောင် ထင်မှားဖြစ်အောင် ၀ါဒဖြန့်ပြောဆို နေခြင်းသာ ဖြစ်ပါတယ်။

ကောင်းလိုက်တဲ့ ဆရာတော်စကား

Tin Myo Tun

 **** ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တစ်ယောက် ကို ဒု.သမ္မတတင်တာ မဖြစ်သင့်ဘူးဘုရား တဲ့။ ****
ဒါက ဒကာရဲ့အမြင်ပေါ့။ ကိုယ့်အသိဥာဏ်၊ ကိုယ့်ခံယူချက်အပေါ်မူတည်ပြီး အမြင်တွေကတော့ ကွဲပြားနေကြမှာပဲ။
ဒီမိုကရေစီနိုင်ငံဆိုတာ အာဏာရှင် အုပ်ချုပ်တာမဟုတ်ဘူး ဒကာရဲ့။ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတာ အာဏာရှင်ပဲရှိတယ်။ နှစ်ပေါင်း ၆၀လောက်မြန်မာပြည်ကို အုပ်ချုပ်ခဲ့တာ ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓ
ဘာသာနဲ့ တိုင်းသူပြည်သားတွေကို စနစ်တကျ ဖျက်ဆီးခဲ့တာ ဘယ်သူတွေဆိုတာ ပြောပြစရာမလိုပါဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၃)

သစ်ထူးလွင်


Sunday, March 13, 2016

လက်ဝဲတု (Fake Left)

Mg Ko

ကျွန်တော်တို့ ကျွန်မတို့ နေထိုင်တဲ့ ကနေ့ ကမ္ဘာကြီးမှာ လက်ဝဲအတုတွေက ကြိုတင်ကြံစည် ဖန်တီးထားတဲ့ သတင်းလို့ခေါ်လို့ရတဲ့ ကြေညာချက်တွေ ၊သုံးသပ်ချက်တွေ ၊ အစီရင်ခံစာတွေကို အရင်ကထက် ပိုပြီး တွေ့လာနေရတယ် ။
အတုဆိုတာ အစစ်မဟုတ် ဆိုတဲ့အတိုင်း လက်ဝဲအတုဆိုတာ လက်ဝဲစာပေ ၊ လက်ဝဲ သဘောတရား ထဲက ကိုယ်နဲ့မကိုက်ညီတာတွေကို ဖြုတ်ချ ၊ ကိုယ်နဲ့ကိုက်ညီတာတွေကို လည်း ကိုယ့်ပုံစံဖြစ်အောင် ပြုပြင်ပြီး လက်ဝဲဆိုတာ ဒါဘဲ လို့ လိမ်လည် ဝါဒဖြန့်နေတဲ့ မီဒီယာသတင်းတွေ ၊ အခမ်းအနားတွေ ၊ လှုပ်ရှားမှုတွေ ၊ ကြေညာချက်တွေ ၊ ကြွေးကြော်သံတွေ ၊ ဟောလီးဝုဒ် ရုပ်ရှင်တွေ နဲ့ အဲ့ဒါတွေကို ဖန်တီးသူ သူတို့ကိုယ်သူတို့ ဒီမိုကရက်တစ်ပါ ၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်ပါ အမည်ပေးပြီး လက်ဝဲစကားလုံး တွေ ညှပ်ညှပ်ပြောကြတဲ့ နီယိုလစ်ဘရယ် အရင်းရှင်ကြီးတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ် ။

59 (F) ၅၉ (စ) ကို နည်းနည်းလေးပြင်ချင်ခဲ့တာ ဘာလို့လဲ

Tint Swe

သတင်း = လွှတ်တော်နှစ်ရပ်ပေါင်းမှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ (၁၆၆) ဦး က တင်မြှောက်မယ့် ဒု-သမ္မတလောင်းအဖြစ် လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ရွေးချယ်လိုက်
ဦးမြင့်ဆွေက ၂၄-၅-၁၉၅၁ မှာမွေးခဲ့သူဖြစ်လို့ အခုဆိုရင် အသက် (၆၅) နှစ်ရှိပြီ။ DSA 15 ကနေ ၁၉၇၁ မှာ ဆင်းတယ်။ ၁၉၉၇ မှာ တပ်မ (၁၁) တပ်မမှူးဖြစ်လာတယ်။ ၂ဝဝ၁ မှာ အရှေ့တောင်တိုင်းကို ကွပ်ကွဲရတယ်။ ရာထူးတက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်ရောက်လာတယ်။ ရန်ကုန်တိုင်း (တဝတ) ဥက္ကဋ္ဌလည်းလုပ်ရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၃)

သစ်ထူးလွင်


Saturday, March 12, 2016

မလိမ့်တပတ်နဲ့  ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် နှစ်ကြိမ်မြောက် ပြန်မတင်ပါနဲ့ ။

Khant Naing

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက်က ကန့် ကွက်မဲ မရှိဘဲ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်တယ်ဆိုတော့ တော်တော်သိက္ခာတရား မဲ့လွန်းတာဘဲ။
ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေဟာ တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်မှု မရှိတော့တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့အပြင်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် လာဘ်စားမှုတွေ ရှိခဲ့သူ တစ်ဦးပါ။

ဒါ … အစပဲရှိသေးသဗျ


ကမ္ဘာ့ပညာရေးအဆင့်မှာ ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားပြီးရင် ဒုတိယနေရာမှာရှိပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး သတင်းဖြစ်နေတဲ့ NLD ကနေ သမ္မတလောင်းရာထူးအတွက် ဦးထင်ကျော်ကို တင်သွင်းလိုက်ကြောင်း ဆုံးဖြတ်ချက် သတင်းတွေ ထွက်ပေါ်လာပြီးချိန်မှာ ဂျပန်နိုင်ငံကလည်း လက်ဦးမှုယူတဲ့ အနေနဲ့ မြန်မာနိုင်ငံကို နည်းပညာအရ အထောက်အကူတွေပေးမယ်ဆိုပြီး ထုတ်ပြန်ကြေညာလိုက်ပြီဗျ။

ဘောမတွေ ဘာပြောကြဦးမလဲ ...

Zarni TikeFollow


ဟုတ်ကဲ့ . . . .
Oxford ဘဲ ထွက်ထွက် ဘုန်းကြီးကျောင်း က ဘဲထွက်ထွက်
ပြည်သူတွေ လျှာ(ရှာ) မထွက်ရင် ကျေနပ်ပြီ ။
ဘာ . . .အသားမဲလို့
အသားမဲမဲ ဖြူဖြူ . . .
ပြည်သူကို ကြည်ဖြူအောင်ထားနိုင်ရင် ကျေနပ်ပြီ ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၃)

သစ်ထူးလွင်


Friday, March 11, 2016

အလုပ်ကြမ်းသမားရုပ်နဲ့ သမ္မတလုပ်မယ့်သူ

Min Ko Ko

သမ္မတဖြစ်မယ့်သူရဲ့ ဥပဓိရုပ်ကိုလည်း ကြည့်ပါဦး။
မဲပြောင်နေတာပါပဲ။
ကဲ့ရဲ့မယ်ဆိုလည်း ကဲ့ရဲ့စရာပဲလေ ရုပ်ကိုက အဲဒီလိုပြောစရာဖြစ်နေတာကိုး။
ဒီလူကြီးက မဲပြောင်နေမှာပေါ့ အားနေ နေပူမရှောင် မိုးရွာမရှောင် သွားလာနေတာကိုး။
လုပ်ရတဲ့အလုပ်ကလည်း နေ့မအား ညမနား။ သွားလာရတာကလည်း ပင်ပင်ပန်းပန်း လှည်းတစ်တန် လှေတစ်တန်နဲ့ ခရီးကြမ်းတွေလျှောက်သွားနေတာကိုး။

ဒေါင်း က ကွက်

တောင်ပံဖြန့်
ခြောက်လှန့် ခိုင်းဖို့မဟုတ် ။
ခေါင်းကိုမော့
ကန်တော့ ခိုင်းဖို့မဟုတ် ။
ရင်ကိုမောက်
ဇွတ် ကြောက်ခိုင်းဖို့ မဟုတ် ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၃)

သစ်ထူးလွင်


Thursday, March 10, 2016

ဘာ လဲ ဟဲ့ေ ခြေ ထာ က်

Yamoun Nar

ABSDF ကျောင်းသားတပ်မတော်က ဆေးမှူး ၊ ရဲဘော် တင်မောင်ဦး ပေါ့။ သက်ရှိထင်ရှား ဆေးမှူးတာဝန်တွေကို ထမ်းဆောင်နေတုန်းပါ၊ ရန်ကုန်သား။ ရဲဘော်တွေ သူငယ်ချင်းတွေ ရွာသားတွေအတွက် အနစ်နာခံရမယ်ဆို ထိပ်ဆုံးက၊ သိပ်ပြီးစိတ်ရှည်လွန်းလို့ ခဏခဏ အဆူခံရတဲ့ သူ။ အခုလည်းကြည့်အုံး သူ့ပုံက ခြေထောက်တဖက် မရှိတော့တာ ဖိနပ်တဖက် သူများကို ခဏပေးငှားစီးလိုက်တဲ့ ပုံမျိုး။

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၃)

သစ်ထူးလွင်


Wednesday, March 9, 2016

ကမ္ဘာ့ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား နေရာ မည်သူဆက်ခံမည်နည်း

Oo Hla Oo

ကမ္ဘာ့ ပြဿနာ များကို ဖခင်ကြီး တစ်ဦး သဖွယ် ကိုင်တွယ် ဖြေရှင်း ပေးလေ့ ရှိသည့် ”နယ်လ်ဆင် မန်ဒဲလား”ကို မကြာခဏ ဆိုသလို ကမ္ဘာ့ သက်ကြီး နိုင်ငံရေး သမား တစ်ဦး အဖြစ် ဖော်ပြတတ်ကြသည်။ ကိုယ်ကျင့်တရား ဆိုင်ရာ သြဇာ ကြီးမားမှုက နယ်လ်ဆင်မန် ဒဲလားကို မဟတ္တမ ဂန္ဓီ ဖြစ်စေခဲ့၏။ ယခု သူ့နေရာကို မည်သူ ဆက်ခံ မည်နည်း။
လော့ကာဘီ၊ ဘာရွန်ဒီ၊ ဒီအာ ကွန်ဂို၊ လီဆိုသို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ပါလက်စတိုင်း၊ ကက်ရှ်မီးယား၊ စတက် ဖင်လော့ရင့်စ် လူသတ်မှု၊ HIV ပညာ ပေး လှုံ့ဆော်မှု၊ ကမ္ဘာ့ ဖလား ဘောလုံး ပွဲ စသည့် ကမ္ဘာ့ ကိစ္စများနှင့် ပတ်သက် ၍ နယ်လ်ဆင်မန်ဒဲလား က အမျိုးမျိုး အဖုံဖုံ ပြောဆို ကိုင်တွယ် ကူညီခဲ့သည်။

ရှက်စိတ်တို့ နေ၀င်ချိန်ရောက်ပြီလား

Min Kyaw Thu HtayFollow
By သန်းနိုင်ဦး 

မြန်မာတွေရဲ့ လူမှုရေး အ၀န်းအ၀ိုင်းက အရှက် ၊ အကြောက်တရားကို ကိုယ်ကျင့်သိက္ခာသဖွယ် တန်ဖိုးထား လေးစားကြတယ် ။ ရပ်ထဲ ရွာထဲမှာ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး ၊ အရှက်နဲ့ လူလုပ်တာ ဆိုပြီး အရှက် ၊ အကြောက်တရားကို ရှေ့တန်းတင်သူတွေ ရှိတယ် ။ ကျွန်တော်တို့ လူ့အဖွဲ့စည်းက မဟုတ်မမှန်တာ ကြံစည် ပြောဆို လုပ်ကိုင်ရမှာ ရှက်ကြောက်တဲ့ သူတွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ကြသူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို ကာမဂုဏ် အာရုံ ခံစားစရာတွေ များလွန်းနေချိန်မှာ ရှက်စိတ်တွေ နင်းခြေ ခံလိုက်ရပြီလား ၊

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၃)

သစ်ထူးလွင်


Monday, March 7, 2016

တရုတ်က မြန်မာအပေါ် လွှမ်းမိုးနေမှုကို ပြန်လည်ပြုပြင်သွားမည်

Yangon Media Group

မင်းညီ - ဘာသာပြန်ဆိုသည်
စစ်အစိုးရလက်ထက်တွင် အနောက်နိုင်ငံများက စီးပွား ရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မဟာမိတ်ပြု ဆက်ဆံခဲ့ရသည်။ ယင်း အခြေအနေတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲ၌ စီး ပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ခွင့်ရခဲ့ပါသည်။ သို့သော် မကြာခင် နိုင်ငံ့အာဏာ လွှဲပြောင်းရယူမည့် အင်န်အယ်လ် ဒီပါတီသည် ယခင်အစိုးရလုပ်ကိုင်ခဲ့သော စီမံကိန်းများကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ကြေညာထားရာ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်ပါသည်။

နောက်ထပ်သမိုင်း မရိုင်းစေချင်

Tin Nyunt

သမ္မတဘယ်သူဖြစ်မလဲ ကျွန်တော် စိတ်မဝင်စားပါဘူး။ သမ္မတ ဒေါ်အောင်ဆန်းစုကြည်ဆိုတာပဲ စိတ်ဝင်စား တယ်။ ဒါပေမဲ့ စစ်တပ်ကဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး။ အဲဒါကို အစိုးရအဖွဲ့ဟောင်းက လူညစ်တွေက ဟိုလိုလုပ်ပါလား … သည်လိုလုပ်ပါလား … မြောင်း ဖော်ကြတယ်။ တကယ်တော့ အဲဒီ မြောင်းအတိုင်း လိုက်စီးရင် တွေ့တယ်မဟုတ်လား သမ္မတဖြစ်ချင်တော့ ဥပဒေကို အမျိုးမျိုးလုပ်တယ်ဆိုပြီး ဝေဖန်နိုင်အောင် အကျင့်ယုတ်နေကြတာ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲလေ။ စစ်ရေးအမြင်ပဲရှိတဲ့သူတွေလို ခပ်တုံးတုံးမှ မဟုတ်တာ။ ဒါကြောင့် သမ္မတ ဘယ်သူဖြစ်သင့်တယ်ဆိုတာ၊ ဘယ်လို ဖြစ်သင့်တယ်ဆိုတာ အကောင်းဆုံး အဖြေထုတ်သွားမယ်လို့ ယုံကြည်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၃)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...