Saturday, April 30, 2016

“ ရေ ကော်မတီ၊ မီး ကော်မတီ ”

Min Ko Naing

အထက် အညာဒေသ ရွာတစ်ရွာက အဖြစ်အပျက်
တခုပါ။အဲဒီ ဒေသဟာ လျှပ်စစ်မီးလည်း မရ၊ ရေလည်း
အင်မတန် ရှားပါတယ်။ မျက်ခမ်းစပ်ရောဂါ အပါအ၀င်
ရေအရင်းအမြစ် ချို့တဲ့မှုကြောင့် ရလာတဲ့ ဒုက္ခတွေကို
ကာလရှည် ခံစားခဲ့ရတာ ပါ။ ရေနဲ့ လျှပ်စစ်မီးဟာ ဒီ
ဒေသအတွက် အခြေခံ အကျဆုံး အရေးတကြီး လိုအပ်
ချက်ပါပဲ။

အမျိုးသား တန်းတူရေး ဗမာပြည်နယ် ဖွဲ့စည်းရေး သစ်ထွန်းအောင်

Mon Kaung Lay

"ဗမာပြည် လွတ်လပ်ရေး ရပြီဟု ဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များ ပြဿနာသာ ကျန်တော့ကြောင်း၊ တောင်တန်းနယ်များ မလွတ်လပ်သရွေ့ ဗမာပြည် လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည် တောင်တန်း လူမျိုးများကို ၎င်းတို့ ဘာသာ အုပ်ချုပ် စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်း တို့၏ ပြည်တွင်းရေးကို စွက်ဖက်မည် မဟုတ်ကြောင်း"
ဗိုလ်ချုပ်အောင်ဆန်း ပင်လုံ မိန့်ခွန်း ကောက်နုတ်ချက်မှ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၄)

သစ်ထူးလွင်


Friday, April 29, 2016

ငရဲမီးမကြောက်တော့သူများ

Lin Nway Eain

ဒီပန်းချီရဲ့မူလအတွေးပိုင်ရှင်က ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ပန်းချီဆရာ ကိုတင်အောင်မြင့်ပါ။ သူနဲ့ကျနော်က ၁၉၉၉ ခုနှစ်မှာမြင်းခြံထောင် ထဲဆုံခဲ့ပါတယ်။ အဲဒီကာလကမြင်းခြံထောင်ဟာ နိုင်ငံရေး အကျဉ်းသားတွေကို အရက်စက်ဆုံးဖိနှိပ် ထားတဲ့နေရာတခုပါ။ တခန်းနဲ့တခန်း ဆက်သွယ်လို့မရ။ စကားပြောခွင့် ဟင်းနဲ့စားစရာမျှဝေခွင့်တွေအားလုံးပိတ်ထားပါတယ်။ ခိုးဝှက်ပြီးမျှဝေတာ မိသွားရင်ပေးတဲ့ လူရော ယူတဲ့လူပါ တိုက်ခန်းကနေခေါ်ထုတ် သွားပြီး ဝိုင်းရိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ လစ်ဘရယ်ဝါဒ

Maung Tun Wai

ဒေါ်အောင်ဆန်းစုကြည် သည် လစ်ဘရယ် ၀ါဒ ကို လိုက်နာ ကျင့်သုံးသူ အဖြစ် ပြည်ပမှာ ထင်ရှားကျော်ကြားနေသူ ဖြစ်ပါတယ်။ ဒီနေရာမှာ လစ်ဘရယ် ၀ါဒ ဆိုတာ ဘာလဲ ဆိုတာ တိတိကျကျ သိထားမှသာ သူမရဲ့ မူဝါဒ တွေ ချမှတ် ကျင့်သုံးတဲ့နေရာမှာ ဘာ ဖြစ်လို့ လဲ ဆိုတာ တိတိကျကျ နားလည် နိုင်မှာ ဖြစ်ပါတယ်။
လစ်ဘရယ်ဝါဒကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ၂၀ ရာစု နှစ် အတွင်းမှာ ထင်ရှားလာတဲ့ ၀ါဒ တခု ဖြစ်ပြီး လွတ်လပ်မှု နဲ့ ညီမျှခြင်းကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)

သစ်ထူးလွင်


Sunday, April 24, 2016

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၄)

သစ်ထူးလွင်


Thursday, April 21, 2016

ခေါင်းဆောင်ကောင်း ဖြစ်မယ့်သူတွေ စာဖတ်တယ် ခင်မောင်ညို (ဘောဂဗေဒ)

Hsu Oo to KNOWLEDGE AND WISDOM TALKS(သုတပညာလေထန်ကုန်း)

ပြောမယ့်သာပြောရတယ်၊ ''စာဖတ်ကြပါ''ဆိုတဲ့ စကားကိုပြောရင်၊ ပြောတဲ့သူကပဲ၊ ခေတ်မမီတော့ သလိုလို၊ တစ်ခုရှိတာက၊ ''စာဖတ်ပါ''လို့ ပြောတဲ့သူတွေက၊ စာဖတ်တဲ့သူ မဟုတ်လို့လား၊ မပြောတတ်ဘူး။
တကယ်တော့ တစ်ကမ္ဘာလုံးမှာ စာဖတ်ကြတာလျော့လာနေတယ်။ ဒါပေမယ့်ဆက်ပြောလို့ မကောင်းတာက၊ စာဖတ်တဲ့ သူနည်းလာတာဟာ ခေါင်းဆောင်ကောင်းတွေ နည်းလာမယ့် အဓိပ္ပာယ် ထွက်နေလေတော့၊ ကြောက်စရာကောင်းတယ်။ စာဖတ်တဲ့ သူဟာ၊ ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်တယ်။

တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ....

Myanmar Daily Star

အမှတ် နဲ့ ခွဲတဲ့ စနစ် ဖျက်သိမ်း လိုက်ပါပြီ ။ ဒီနှစ် ၁၀တန်း
အောင်တဲ့ သူတွေ ကိုယ်ကြိုက်တဲ့ တက္ကသိုလ် တက်လို့ ရပါပြီ ။
လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့်
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ
ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍
ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၄)

သစ်ထူးလွင်


Saturday, April 16, 2016

ဦးနေ၀င်း ရှုပ်ခဲ့သမျှ

Shwe Eain Cii to Myanmar Breaking News

ရဲဘော်သုံးကျိပ် စတင်ဖွဲ့စည်းချိန်တွင် ကိုရှုမောင်ခမျာ မပါဝင်ခဲ့ပါ သခင်အောင်ဆန်းတို့ စစ်ပညာသင်ကြားရန် တရုတ်ပြည်သို့ တိတ်တဆိတ် ထွက်ခွါဘို့ ပြင်ဆင်နေချိန်တွင် အဖွဲ့ဝင်တဦး အပြင်းဖျား ပါတော့သည်။ ထို့ကြောင့် သဘောင်္ဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်သော မိတ်ဆွေအပေါင်းသင်း များထဲမှ အရပ်မြင့်မြင့် ဥပတိရုပ်ကောင်းသော ရှုမောင်အား မိမိတို့အဖွဲ့ဝင်တဦး နာမကျန်းဖြစ်ပြီး မလိုက်နိုင်တော့၍ လိုက်ပါရန် ကောက်ခါငင်ခါ ခေါ်ဆောင် သွားလိုက်ရာမှ ဆိုင်ကော်၍ချုံပေါ်တို့ ရှုမောင် ရောက်ရှိလာ ပါတော့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၄)

သစ်ထူးလွင်


Friday, April 15, 2016

၂၀၀၈ အကျဉ်းစံ (၁)(၂)(၃)

Mg Myo 

၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သူကလည်း သူ့အခြမ်းမှာနေ ကိုယ်ကလည်း ကို့အခြမ်းမှာနေ၊ စည်းမကျော်ရင်ဖြစ်တာပဲ၊ အဲဒီလိုလုပ်သွားရင် တိုင်းပြည်တိုးတက်မှာပဲ။ ဤအံ့သြဖွယ်စကားကို မတ် ၂၇ မနက်ပိုင်း ဘီဘီစီအသံလွှင့်အစီအစဉ်တွင် ပြန်ကြားရေးဝန်ကြီးဟောင်း၊ နအဖနှင့် DASSK တို့ကြားမှ ဆက်သွယ်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူ အောင်ကြည်နှင့် သမ္မတ၏အကြံပေးတစ်ဦးဖြစ်သူ ယခင် မန္တလေးမြို့တော်ဝန် စိန်ဝင်းအောင်တို့၏အပြောများအရ ကြားလိုက်ရသည်။

နိုင်ငံ့ဝန်ထမ်း လစာတိုးရေး လေးချက် အခြေခံ

စီးပွားရှင်

၁) နိုင်ငံဝန်ထမ်းများ လစာတိုး သမိုင်း
က၊ ၁၉၇၂ ခုနှစ်၊အောက်တိုဘာလ(၁)ရက်။
ထိုအချိန်က အောက်ခြေ ဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၁၀၀ ကျပ် ဖြစ်သည်။

ခ၊ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁)ရက်။
၁၉၇၂ခုနှစ်မှ ၁၇ နှစ်အကြာ တွင် အောက်ခြေ ဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၄၅၀ ကျပ်ဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၄)

သစ်ထူးလွင်


Thursday, April 14, 2016

မိအေးဇာတ်လမ်း*


မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေ ပြန်သုံးသပ်ရင်း သင်ခန်းစာယူမယ်ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းကပဲ အစချီပြောရမယ်ထင်တယ်။
ဘာကြောင့်လည်းဆိုတော့ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာလူထုရဲ့နိုင်ငံရေးခေါင်းဆောင်, စစ်ရေးခေါင်းဆောင် ,အမျိုးသားရေးခေါင်းဆောင်ဖြစ်သည့်အပြင် တစ်ခေတ်မှာ တစ်ယောက် ဆိုရလောက်အောင် ရှားရှားပါးပါး အမွန်အမြတ်ပေါ်ထွန်းလာခဲ့တဲ့''နေရှင်နယ် ဟီးရိုး*''တစ်ယောက်လည်းဖြစ်နေလို့ပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၄)

သစ်ထူးလွင်


Tuesday, April 12, 2016

မေ့လျော့ခံ ငုဝါ


မြန်မာနိုင်ငံသမိုင်းမှာ့ 

Zawwin HlaingFollow

မြန်မာနိုင်ငံသမိုင်းမှာ့ 
ကနောင်မင်းသားကြီး နဲ့
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခံရမှုဟာ
နိုင်ငံနဲ့ချီပြီး အစားထိုးမရနှိုင်တဲ့ ဆုံးရှုံးမှုကြီးများပဲ။

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး

The Mirror Daily

မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ သောင်ပြိုကမ်းပြိုဆန္ဒမဲတွေနဲ့ လူထုအစိုးရသစ် တက်လာပြီဖြစ်ပေမယ့် ပြည်ထောင်စုဝန်ကြီးဌာနအားလုံးကို တိုက်ရိုက်ကိုင်တွယ်ခွင့်တော့ မရှိသေးပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနဟာ တပ်မတော်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေထဲက တစ်ခုပါ။ ဒါဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်ကြောင့်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကိစ္စရပ်တွေကို ကိုင်တွယ်ရတဲ့ ဦးစီးဌာနပါ။ ဒါကြောင့် အနာဂတ်မှာ လူထုအစိုးရရဲ့ မူဝါဒတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေမတူတဲ့ ကွဲပြားတာမျိုးတွေရှိလာနိုင်ပါတယ်။ ဒီမတူကွဲပြားမှုကြောင့် ပဋိပက္ခအသွင်ဆောင်တဲ့ မြင်ကွင်းတွေကိုလည်းတွေ့လာရနိုင်ပါတယ်။ ဒီလို ပဋိပက္ခတွေကြုံတွေ့တဲ့အခါ ကိုယ့်ရပ်တည်ချက်ကို အသေဆုပ်ကိုင်ပြီး စိုးရိမ်တကြီးကိုင်တွယ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ မတူကွဲလွဲမှုတွေကို ဖြေရှင်းမညှိနှိုင်းနိုင်ခဲ့ရင်တောင်မှ အပြီးသတ်ရလဒ်အပေါ် တစ်နည်းနည်းနဲ့ ထိန်းညှိပေးနိုင်မယ့် နည်းလမ်းမျိုးကို ကြိုးပမ်းရှာဖွေသင့်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၄)

သစ်ထူးလွင်


Friday, April 8, 2016

မိခင်တစ်ဦးရဲ့ အမြော်အမြင်

Tin Nyunt

ခုတစ်လော သတင်းစာတွေရဲ့ မျက်နှာဖုံးကို ကြည့်လိုက်ရင် အလွန် ကျက်သရေ ရှိလှသဗျ။ နိုင်ငံတကာနဲ့ ဆက်သွယ်ရေးတွေမှာ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေကို တို့သမ္မတကြီးကလည်း မော်ကြည့်နေစရာ မလိုတာတွေ့ရတယ်။
ဒီမနက်လည်းကြည့်ဗျာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် ကြားက ဘယ်စကားပြန်တွေမှ မခံဘဲ တိုက်ရိုက်တန်းတူ ဆက်ဆံပြောဆို နေတဲ့ကြတာ တွေ့လိုက် ရတော့ အနှစ်နှစ်အလလက မြင်ချင်တွေ့ချင်တဲ့ဆန္ဒ ခုမှပြည့်လိုက်ရလို့ ကျေနပ်မိသဗျ။

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၄)

သစ်ထူးလွင်


Wednesday, April 6, 2016

တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်ကို လေးစားဖို့ လိုအပ်တယ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဧပြီ ၅ ပြည်သူ့လွှတ်တော်အစည်းအဝေးသည် စစ်တပ်ကိုယ်စားလှယ်များ
၏ လူထုဆန္ဒနှင့်သွေဖီသောမယဉ်ကျေးသော အပြုအမူများကို မဲဆန္ဒရှင်ပြည်သူများအားတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ရိုက်ထုတ်ဖော် ပြသပွဲဖြစ်ခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ်များသည်လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က၎င်းတို့အပေါ်လွှမ်းမိုးချုပ်ကိုင်လာမည်ကို ကြောက်ရွံ့မှုများ ရှိနေကြောင်းကိုထင်ထင်ရှားရှား ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၄)

သစ်ထူးလွင်


Tuesday, April 5, 2016

နိုင်ငံ့ဘဏ္ဍာ ကျပ် ငါးဘီလျံ ပျောက်သွားတဲ့ တင်ဒါ၊ တာဝန်ယူရမှာက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ၊ စိစစ်ပေးရမှာက ပြည်သူ့အစိုးရ

Ko SeinThan

နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပြည်သူတွေ တင်မြှောက်တဲ့ ပြည်သူ့အစိုးရသစ် ပေါ်ထွက်လာပြီးတဲ့နောက် သမိုင်းတွင်တဲ့နေ့သစ် တစ်နေ့အဖြစ် ဟစ်ကြွေးသံတွေ ညံခဲ့တာ မတ် ၃၀ ရက်ပါ။
သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုခဲ့ပြီး တဲ့နောက်မှာ သမိုင်းတွင်တဲ့ အချိန်ကာလ စခဲ့ပါပြီ။
ကတိသစ္စာပြုကြတဲ့အခါမှာ ပြည်သူကို သစ္စာစောင့်သိ ရိုသေမှာဖြစ်သလို တာဝန်ဝတ္တရားတွေကို လည်း ဖြောင့်မတ်မှန်ကန်စွာ အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့ကြတယ်။

အမေစုသို့

Linn Htet Nay to 2015 Demo Pa Yit

သို့
အမေစု
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီး
ကျွန်တော် အထက်မင်းလှမြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိငယ်တစ်ဦးဖြစ်ပါသည်။ မင်းလှတွင် တာဝန်ထမ်းဆောင်နေသည်မှာ ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
ကျွန်တော်တို့ ရဲများမှာလည်း စစ်အစိုးရ သက်တမ်း တလျှောက် တဖြည်းဖြည်းနဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ရဲအလုပ် ရဲလုပ်ခွင့်မရခဲ့ခြင်းကြောင့်သာ ဖြစ်ပါတယ် ။

အင်္ဂလိပ်မျက်နှာဖြူအစိုးရကို တော်လှန်ခဲ့တဲ့ လယ်သမားခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ‬

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၄)

သစ်ထူးလွင်


Monday, April 4, 2016

စည်းမဖောက်အတူ ခရီးပေါက်အောင် ကူ


မြစ်ဆုံကိစ္စ တရုတ်အမြင်

Zaw Win


30.03.2016 10:27
ဦးကျော်ဇံသာနှင့် Yun Sun: Fellow, Stimson Center အမေးအဖြေ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တရုတ်နိုင်ငံဟာ မြန်မာအစိုးရသစ် နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပေမယ့် မြန်မာနိုင်ငံရဲ့မိတ်ဆွေမဆန်တဲ့ လုပ်ရပ်တွေကြေင့် နယ်စပ်အင်အားစုတချို့ ကို ကြိုးကိုင်ကစားဖို့ လိုအပ်တယ်လို့ ယူဆချက်တချို့တရုတ်ဘက်မှာ ရှိနေပါတယ်။ အခက်ကြုံနေရချိန်မှာ အကူအညီပေးတာကို မထောက်ထားတဲ့အပြင် မြန်မာတို့ဘက်က တရုတ်စီမံကိန်းတွေကို ရပ်ဆိုင်းပြီး အနောက်နိုင်ငံတွေဆီ မျက်နှာမူသွားခဲ့တယ်ဆိုပြီး ပြောဆိုသူတချို့  ရှိတယ်လို့ တရုတ်ရေးရာ ကျွမ်းကျင်သူတဦးက ဆိုပါတယ်။

အဘနာမ- ဝေဒနာသည်


..
မန္တလေးတိုင်းဝန်ကြီးချုပ်ကို အရွယ်အရ တချို့က အဘလို့ခေါ်ကြတဲ့အခါ သူ့ကို အဘ လို့ မခေါ်ကြဘို့ သူ့အရပ်သူအရပ်သားတွေကို ပန်ကြားတဲ့အကြောင်းဖတ်ရပါတယ်။ အဲဒီ ဝေဒနာကို ကျွန်တော်နားလည်သလို ပြန်မျှဝေချင်ပါတယ်။ သက္ကရာဇ်၂၀၀၀ ခုနှစ်တ၀ိုက် ရွှေဘိုနရသိန်မှာ- ရွှေဘိုနယ်သားလူငယ်လေးများနဲ့ ဆုံရစဉ် က ပါ။ သူတို့က - ကျွန်တော့်ကို ဆရာကြီးလို့စခေါ်ခဲ့တဲ့အချိန်။ ကျွန်တော်လည်း အဲလိုဝေဒနာမျိုးကိုရခဲ့ဖူးပါတယ်။ . အဲဒီအချိန် ရွှေဘိုသားလေးတွေကတကယ်ကို ကံဆိုးမိုးမှောင်ကျလာကြသူတွေပေါ့ ။ သူတို့မြို့မှာ ရဲတပ်ဖွဲ့ဝင်တယောက်က အဝေးသင်တက္ကသိုလ်ကျောင်းသူတယောက်အပေါ်မဟားဒယားအဓမ္မအမှု-တခုဖြစ်ခဲ့တယ် ။ဒါကို အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ မခံမရပ်နိုင်လို့ ဆန္ဒပြကြ ရဲစခန်းကို ၀ိုင်းကြတဲ့အခါ ခယက က အဲဒါ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုဆိုပြီး ကျောင်းသားတွေကို အတင်းလိုက်ဖမ်းပါတယ်။ ရဲတွေက အဓိကကျတဲ့ နယ်ကျောင်းသားတွေကို တကယ်လိုက်ဖမ်းရမယ့် အစားမြို့ခံအရပ်သားလူငယ်အများအပြားကိုဖမ်း။ ထောင်ထဲထည့်ပြီး အတင်းရိုက်နှက် စစ်ကြောဝန်ခံခိုင်းတာ- အမှုစွဲ တင်တာ- လုပ်ကြပါရော။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၄)

သစ်ထူးလွင်


Sunday, April 3, 2016

ဒီမိုကရေစီနဲ့ကိန္တွရာချောင်းခြားရပါလိမ့်ဦးမယ်

Ko Oo

လူတွေ...လူတွေ အရမ်းကိုအပျော်လွန်နေတာတွေ့ရတော့
မဟုတ်သေးပါဘူးလို့စဉ်းစားမိတယ်၊
နည်းနည်းတော့ဘရိတ်အုပ်ကြပါဦး၊

အခုလောလောဆယ်က အပေါ်ရံပြောင်းလဲမှု
superficial change မျှသာရှိပါသေးတယ်၊
လာမဲ့အနာဂတ်မှာ တဖြေးဖြေးမြင်လာရမဲ့
အကျပ်အတည်း အတားအဆီးတွေကတော့
ဒီအစိုးရသစ်သက်တန်းအတွင်းမှာတောင်ဖြေရှင်းလို့
ပြီးနိုင်မယ်မထင်ဘူး၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၄)

သစ်ထူးလွင်


Saturday, April 2, 2016

သူတို့ သိပါစေ

ကိုထက်မိုးရေ……
ရှစ်ဆယ့်ရှစ် ရဲ့စိန်ခေါ်သံကို
ရှစ်ဆယ့်ငါး ကတဲက
ရွာသာကြီးသားသတ်ကွင်းထဲက
မြေအောက်တွင်းအဖွဲ့ရဲ့သတ်မှတ်ချက်
ယုံကြည်ဦးတိုက်ချက်နဲ့အတူ
ပွင့်ထွက်လာခဲ့ရတယ်နော် ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၄)

သစ်ထူးလွင်


ဒေါက်တာဘွဲ့လား ထားခဲ့ပါ

Tin Nyunt

ဒီမနက်ကတော့ မင်္ဂလာ နံနက်ခင်းပဲဗျ။ လမ်းလျှောက်ရာရပ်ကွက်တိုင်းလိုလိုမှာ သမ္မတအသစ် ဦးထင်ကျော်ကို ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး စတုဒီသာတွေ ကျွေးဖို့ပြင်ဆင်နေကြတာ အားရစရာ။ နှစ်ပေါင်းများစွာ စစ်ဖိနပ်အောက်မှာ ပိပြားခဲ့ရတဲ့ဘဝကနေ လွတ်မြောက်တဲ့နေ့ အထိမ်းအမှတ်ဟာ ဒီ့ထက်မက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲသင့်တာ။ နောက်နှစ်တော့ ဖြစ်လာလိမ့်မယ် ထင်တာပဲ။
ပြောချင်တာက “ဒေါက်တာဘွဲ့” အကြောင်း။ ကိုက်စရာ မရှိ ရှာကြံကိုက်ချင်တဲ့ ခွေးတွေကို တွေ့ဖူး ကြမှာပေါ့။ အရိုးမကိုက်ရရင် ဖိနပ်ကိုက်တယ်။ ဖိနပ်မကိုက်ရရင် နီးစပ်ရာ သစ်သားတွေကိုက်တယ်။ ဘာမှ ကိုက်စရာမရှိရင် ကိုယ့်အမြီးကိုယ်ပြန်ကိုက်နေတတ်တဲ့ ခွေးသဘာဝနဲ့ လူတွေ အများသား ခေတ်မှာ မပျက်စီးစေချင်ရင် ခွေးမကိုက်အောင် ထားရတော့မှာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၃)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...