Thursday, October 27, 2016

သစ်ထူးလွင် (26-10)

သစ်ထူးလွင်



Saturday, October 22, 2016

တကယ်ကြုံနေရတာပါ။

Okka Kyi Winn

ကျွန်တော်တို့ခြေရင်းအိမ်က သူတို့အိမ်ခေါင်မိုးကို ကျွန်တော်တို့အိမ်ဘက်တစ်ပေခွဲလောက်ကျော်ပြီး ချထားတယ်။
ရေတံလျှောက်လည်း မခံထားဘူး။
သူတို့အိမ်ဆောက်ထားတာကလည်း လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကတည်းကပါ။
မိုးရွာလို့ရေဆင်းတဲ့အခါ အဲဒီအမိုးကရေတွေက ကျွန်တော်တို့အိမ်ဘက်ကိုထိုးကျတယ်။
ကျွန်တော်တို့ဘက်ကလည်း အုတ်နံရံဆိုတော့ ထွေထွေထူးထူးပြဿနာမရှိပါဘူး။
အေးအေးဆေးဆေးပါပဲ။

အဲ ပြီးခဲ့တဲ့နှစ်နှစ်နွေရာသီလောက်က တအားပူလို့ဆိုပြီး ကျွန်တော်တို့အိမ်နံရံတွေကိုဖြိုပြီး ပြတင်းပေါက်သုံးပေါက်ဖောက်လိုက်တယ်။

"'ဒုံးကျည်နဲ့ လောင်ချာ ယူခဲ့ပါမောင်ရယ်"

Min Myat Maung ·

သူများတွေ အိပ်တဲ့အချိန် ည ၁၀ နာရီခွဲကျော်တဲ့အထိ လော်စပီကာကြီး ဖွင့်နေတဲ့ ဓမ္မာရုံထဲဝင်ပြီး ပလပ်ကြိုးဖြုတ်လိုက်တဲ့ နယ်သာလန်နိုင်ငံသားအကြောင်း ရေးခဲ့တယ်။ ကျနော့အရင်ပို့စ်အောက်မှာ ဝင်ရေးကြတဲ့ ကွန်မန့်တွေ ဖတ်ကြည့်လိုက်မှ ပလပ်ကျွတ်နေတဲ့ မြန်မာတွေ အတော်များမှန်းသိရတယ်။ လော်ကြီးကျယ်ကျယ်ဖွင့်မှ သာသနာတော် ပြန့်ပွားမယ်လို့ ယုံကြည်စွာ လော်စပီကာကိုးကွယ်သူတွေ ရှိနေတာ အံ့အားသင့်စရာ တွေ့ရပါတယ်။
ဆော်ဒီမှာ ၊ တူရကီမှာ၊ အီရတ်မှာ၊ မူစလင်နိုင်ငံတွေမှာ ဒါမျိုး သွားလုပ်ကြည့်ပါလား၊

ကပ်ပါးနာ

Aung Cho

လူမမာရဲ့
အနာရောဂါက
ဆရာတွေစုံ
အချိန်တွေကုန်ပြီး
တော်ရုံနဲ့မပျောက်တော့
ကုမယ့်ဆရာတွေကိုကြောက်
အသက်တွေလည်းထောက်ခဲ့ပြီလေ ။

Wednesday, October 5, 2016

မြန်မာ တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး ဆိုတာ ဘာတွေလဲ

Khant Naing

မြန်မာတိုင်းရင်းသားလူမျိုးအဓိက ကတော့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။
( ကချင် )မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိပါတယ်။
(၁) ကချင် Kachin(၂) တရုမ်းTaron Taron(၃) ဒလောင် Dalaung(၄) ဂျိန်းဖော Jinghpaw(၅) ဂေါ်ရီ Guari(၆) ခခူ Hkahku(၇) ဒူးလန်း Duleng(၈) မရူ (လော်ဝေါ်) Maru (Lawgore)(9) ရ၀မ် Rawang(၁၀) လရှီ (လချိတ်) Lashi (La Chit)(၁၁) အဇီး Atsi(၁၂) လီဆူး Lisu

မြန်မာပြညိဟိုင်းဝေး

Nyi Nyi Tun 

နေပြည်တော်အမြန်လမ်းဆိုတာကြီးကို နိုင်ငံပိုင်ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး ဖောက်လုပ်ပေးခဲ့တယ်။
ဘယ်လောက်တောင် စောက်သုံးမကျတဲ့ကောင်လည်းဆိုတာ ဒီစာလေးဖတ်ကြည့်လိုက်ရင် သိသွားမယ်။
တရုတ်ပြည်မှာ လမ်းဖောက်တာ အစိုးရကတပြားတချပ်မှအကုန်အကျမခံဘူး။ပုဂ္ဂလိကကို အကုန်အပ်လိုက်ပြီး လမ်းကြေးကောက်ပြီးပိုက်ဆံပြန်ရှာစေတယ်။မြန်မာပြည်မှာတော့ ခွေးသူခိုးတွေက နိုင်ငံပိုင်ပိုက်ဆံတွေနဲ့ အမြန်လမ်းကြီးကိုဖောက်ခိုင်းတယ်။ GEတို့ဆောက်လုပ်ရေးတို့နဲ့ပေါင်းပြီး ပုဂ္ဂလိကကုမ္ပဏီတွေ ပက်ပက်စက်စက် ခိုးပွဲကြီးဆင်နွှဲကြကာ ကျိကျိတက်ချမ်းသာသွားကြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၀)

သစ်ထူးလွင်



Tuesday, October 4, 2016

အရပ်သားဘဝ စိတ်နာအောင်လုပ်ကြသူတွေ

Tin Nyunt

ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကတော့ သမ္မတရုံး အပါအဝင် အခြားဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ အငြိမ်းစား တပ်မတော်အရာရှိပေါင်း (၅၄၁ ဦး) ရှိတယ်လို့ ပြော လိုက်ပြီဗျ။ ပြောချင်လို့ပြောတာ မဟုတ်ပါဘူး။ လွှတ်တော်မှာ မေးလို့ပြောရတာပါ။
အရပ်ဘက် အဖွဲ့အစည်းတွေထဲကို တပ်အဖွဲ့အစည်းထဲက လူပေါင်း ၅၄၁ ဦး ဝင်ပြီးတော့ နေရာယူလိုက်တော့ ဘာဖြစ်သွားသလဲ။
ရှင်းနေတာပဲဗျာ။ အရပ်ဘက်က ပညာရှင် ၅၄၁ ဦး နေရာပျောက်သွားရတော့တာပေါ့။ ငါတပ်က လာတာပဲ ဆိုပြီး အမြင့်ဆုံးကုလားထိုင်တွေပေါ် တက်ထိုင်လိုက်တော့ အရပ်ဘက်မှာ နှစ်ပေါင်းများစွာ ခေါင်းဖြူအောင် လုပ်နေရသူတွေဟာ အဲဒီ ကုလားထိုင်တွေနဲ့ ပိုပြီး အလှမ်းဝေးကုန်ကြရပါတယ်။
အလှမ်းဝေးတယ်ဆိုတာ ရိုးရိုးဝေးတာ မဟုတ်ဘူး။ စိတ်ပျက်လက်ပျက်ဝေးတာ။ ဌာနဆိုင်ရာအထဲမှာ အဲဒီလို ရောက်လာတဲ့ ရေမျောကမ်းတင်တွေကို ပေါင်းပြီး စားနိုင်တဲ့ကောင်တွေက ထပ်ဆင့်ရာထူးတွေတိုး။ တပ်ကလာလို့ ဘာပညာမှမတတ်၊ လုပ်ငန်းလည်းမတတ်၊ အတွေ့အကြုံလည်းမရှိလို့ မလေးစားဘဲ ဂရုမစိုက် နေသူတွေကတော့ ချောင်ထိုးခံရ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၀)

သစ်ထူးလွင်



Sunday, October 2, 2016

“ ဥသြတွန်တဲ့ လရာသီ ”

Min Ko Naing

သမီးနဲ့သား..
ဒီတစ်ပတ်တော့ စကားတွေ အတူပြောပြီး မငြင်းနိုင်
တော့ဘူး။ စာရေးပြီး ပြောပြတာပဲ တတ်နိုင် တော့မယ်။
အဝေးကြီး ရောက်နေလို့ပါ။ ဘယ်ရောက်နေလဲဆိုတာ
နောက်ပြီးမှ ပြောပြမယ်။ ဒီရောက်ရောက်ချင်း သမီး
နဲ့သားကို သတိရစရာတွေ့တာပဲ။ ဘာလဲဆိုတော့
သမီးနဲ့သားတို့ စိတ်ဝင်စားတဲ့ အကြောင်းပေါ့။ ကိုယ်
သိထားတာ အမြဲမှန်တယ်လို့ ထင်နေရာက နောက်ထပ်
အမျိုးမျိုးလည်း ရှိသေးတယ်ဆိုတာ သိရင် အမြဲအံ့သြတယ်၊
ပြီးတော့ သဘောကျတယ် မဟုတ်လား။

အားပြိုင်မှုလား အာရုံပြောင်းမှုလား

Nyan Zaw Htun

(၁)
ဒီရက်ပိုင်းမှာသတင်းတွေ
ဆက်တိုက်ဆက်တိုက် ထူးခြားလာတယ်..
ဒီသတင်းတွေကိုဖတ်ကြည့်ပြီး.
အားပြိုင်မှုတွေကို
သတိပြုမိလာပါတယ်..
လက်လှမ်းမီသလောက်ပြောရရင်
ပင်လုံညီလာခံမတိုင်ခင်ကစပြီး..
အတိုက်အခံတွေဟာ..
အစိုးရရဲ့ပင်လုံညီလာခံကို ဝေဘန်ကြတယ်..

တကယ်လို့ ခင်ဗျား အသက်ရှင်ခဲ့ရင်

Soe Naing

စစ်အကျဉ်းသားထားရာစခန်းဆီ အပို့မခံရခင်က Roddick ဟာ အင်္ဂလန်စစ်တပ်က ယာဉ်မောင်းတစ်ဦးဖြစ်တယ်။ နာဇီတွေက သူ့ကိုဖမ်းမိချိန် ယာဉ်မောင်းသမားလိုလို့ သူ့ကိုထရပ်ကားမောင်းဖို့ စေခိုင်းခဲ့တယ်။ အစာငတ်ပြီး သေသွားတဲ့အကျဉ်းကျစစ်သား၊ အသတ်ခံရတဲ့ အင်္ဂလန်စစ်သားတွေကို Roddick က နေ့တိုင်း ထရပ်ကားနဲ့တင်ပြီး မြှုပ်နှံဖို့ သယ်ပို့ပေးရတယ်။ တကယ်တော့ စစ်အကျဉ်းသားတွေထဲမှာ ကားမောင်းတတ်သူတွေ မနည်းပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ နာဇီရဲ့လက်ကိုင်တုတ်မဖြစ်ချင်ခဲ့ကြဘူး။
Roddick တစ်ယောက်ပဲ ဒီအလုပ်ကို ကျေကျေနပ်နပ်လုပ်ကိုင်ခဲ့တဲ့အပြင် တခြားအကျဉ်းသားတွေကိုလည်း ကန်ကျောက်လိုက်၊ ဆဲဆိုလိုက်နဲ့ သူအပေါ်စီးဆက်ဆံခဲ့တယ်။ ပိုဒေါသထွက်စရာကောင်းတာက Roddick ဟာ အသက်မသေသေးတဲ့ အကျဉ်းသားတွေကိုလည်း မြှုပ်နှံဖို့ ကားပေါ်ပစ်တင်တာကိုပါပဲ။ ဒါကြောင့် အကျဉ်းကျစစ်သားတွေက သူ့ကို မုန်းကြတယ်။ သူ့ကို "နိုင်ငံရောင်းစားတဲ့သူခိုး"၊ "နောက်လိုက်ခွေး"လို့ ဆဲဆိုကြတယ်။
Related Posts Plugin for WordPress, Blogger...