Sunday, November 13, 2016

ထရမ့် ဘာလို့ နိုင်သလဲ

Tint Swe

By ဒီဗွီဘီ 11 November 2016
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရင့်သီးကြမ်းတမ်းပြီး လက်လွတ်စပယ် ပြောတတ်တဲ့ သူ၊ အသက်လည်းကြီးတဲ့သူ၊ ထင်မထားသူ ဘာလို့ နိုင်သလဲ။ ဒေါ်နယ်ထရမ့်ကို ‘စီအင်အင်’၊ ‘ဘီဘီစီ’၊ ‘အယ်လ်ဂျာဇီးရာ’ လို ကမ္ဘာ့ထိပ်တန်း မီဒီယာတွေကအစ မျှော်လင့်မထားခဲ့ကြပါ။ ဒါပေမယ့် တရားဝင်မဲပေးခွင့် ရှိသူတွေက တရားသဖြင့် ရွေးပေးလိုက်တာကို ဟယ်လာရီကိုယ်တိုင် ညတွင်းချင်း ဝန်ခံပြီး ဒေါ်နယ်ထရမ့်ကို ချီးကျူးစကားပြောပြီးပါပြီ။ ပြိုင်ဘက်နှစ်ဦးလုံးကနေ ဒီမိုကရေစီသံစဉ်နဲ့အညီ နယူးယောက်ဟိုတယ်တွေကနေ ပြောကြပါတယ်။

အဆုံးအဖြတ်

Tin Nyunt

တိုက်ပွဲက အလွန်ပြင်းထန်နေချိန်ဖြစ်သည်။ တစ်ဘက် ရန်သူတွေကလည်း အင်အား များသည်ထက် များလာ သည်။ ဂျပန်တပ်မှူးကြီးကလည်း မိမိစစ်သားများကို ဆက်လက်တိုက်ပွဲဝင်ခိုင်းရမည်ကို ချင့်ချိန်နေမိသည်။
စစ်သားများ ချီတက်လာရာ လမ်းကြောင်းပေါ်တွင် ဂျပန် နတ်ဘုရားကျောင်းတစ်ကျောင်းရှိသည်။ ဘုရား ကျောင်းရှေ့သို့ စစ်သားများ ရောက်ချိန်တွင် တပ်မှူးကြီးက အားလုံးကို ရပ်ခိုင်းလိုက်ပြီး
“ရဲဘော်တို့ ဒီတိုက်ပွဲဟာ ငါ့အတွက် ဆုံးဖြတ်ရခက်လှတယ်။ တိုက်သင့်သလား၊ ရှောင်သွားသင့်သလား၊ ငါ့အဆုံးအဖြတ်ဆိုတာထက် တန်ခိုးရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ မင်းတို့ သဘောတူကြသလား”
စစ်သားအားလုံးက ဝမ်းသာအားရ
“သဘောတူပါတယ်” ဟုအော်လိုက်ကြသည်။

သစ်ထူးလွင် (12-11)

သစ်ထူးလွင်



Thursday, November 3, 2016

ရာဇတောဝါ

Tin Nyunt

ကမ္ဘာဦးတုန်းက လူတွေကို လူတွေကို ပြန်အုပ်ချုပ်ဖို့ မဟာသမ္မတမင်းကို တင်မြှောက်ကြသတဲ့ဗျ။ ကျမ်းဂန်တွေမှာတော့ မဟာသမ္မတမင်းကို ရသေ့မုနိ အစရှိတဲ့ သူတော်ကောင်းတွေနဲ့ တိုင်ပင်ပြီး အုပ်ချုပ်ဖို့ တင်မြှောက်ခဲ့ကြတာပဲ။
ဟိုးတုန်းကတည်းက အထူးထူးသော ဓမ္မသတ်တွေကို ကူးရေးထားပြီး အဲဒီ ဓမ္မသတ်တွေအတိုင်း အုပ်ချုပ်ကြ သတဲ့။ ဓမ္မသတ်တွေအတိုင်း အဂတိတရားလေးပါးမလိုက်ပဲ စီရင်ဖို့ မဟာသမ္မတမင်းကလည်း ကတိခံရတယ်။
လူတွေက သူတို့ထဲက လူတစ်ယောက်ကို သမ္မတမင်းတင်မြှောက်တော့ တောင်းဆိုတာ လေးချက်ပဲရှိတယ်။
(၁) ငါတို့ကို တရားအတိုင်း ဆုံးဖြတ် အုပ်ချုပ်ပေးပါ
(၂) ငါတို့ကောင်းရောင်း ကောင်းဝယ် စိတ်ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ဖို့ စောင့်ရှောက်ပါ
(၃) ငါတို့ အကျိုးစီးပွားများ ဖြစ်ထွန်းစေဖို့ ကူညီပါ

သစ်ထူးလွင် (2-10)

သစ်ထူးလွင်



Related Posts Plugin for WordPress, Blogger...